စစ်ပွဲကြီးက ဖြစ်ပြီ။
သေတဲ့ သူတွေက သေ။
တချို့သော သူရဲကောင်းတွေ အချီးအနှီးသေသွားရတယ်။
တချို့ သူရဲဘောကြောင်သူတွေ ဆုတံဆိပ်တွေ ရလာတယ်။
ဆုတံဆိပ်ရတိုင်း သူရဲကောင်း မဟုတ်။ ဒါ စစ်ရဲ့ သဘောပဲ။ သူရဲကောင်းမှ၊ သူရဲဘောကြောင်သူမှ အသက်ရှင်ရမယ်လို့ ပြဌာန်းချက်မရှိဘူးေလ။
" စစ် သည်အသက်တွေ အများကြီး စတေးရသလောက် ပရမ်းပတာနိုင်လွန်းတဲ့ သဘာဝ ရှိတယ်။စစ်အတွင်းလူ့အသက်တွေသည် တန်ဖိုးမဲ့တတ်တဲ့ သဘာဝရှိတယ် " ။
စစ်ဆိုတာကြီးကို လူသားတိုင်း စိတ်ပျက်သင့်တယ်။
ဒါပေမယ့်လူ့သမိုင်းတစ်လျှောက်လုံးကို ပြန်ကြည့်လိုက်ရင် ရက်စက်ယုတ်မာမှုနဲ့ စစ်ပွဲတွေကို မြင်ရတယ် ။
စစ်အတွင်းမယ် ဘာမှ အရသာမရှိ။ အသက်တွေတောင် တန်ဖိုးမဲ့စွာ အလဟသ သေရေသးတာပဲ မဟုတ်လား။ အဓိပ္ပါယ် မရှိ လူအသက်တွေ အလဟသ သေကြရ ကြေကြရနဲ့ေပါ့။
ဒီလိုနဲ့ စစ်ကြီး ပြီးသွားပါပြီ။ သေသူတွေ ကြေသူတွေ ကြားမှာ အရင်က မုန်းခဲ့သူေရာ၊ ချစ်ခဲ့ကြသူတွေပါ ပါသွားကြတာတွေ မြင်ခဲ့တွေ့ခဲ့ရတယ်။
"အသက်ရှင်ေနတုန်းလေး အမုန်းမရှိဘဲ နေတာက အကောင်းဆုံး ဘဝရဲ့ ငြိမ်းချမ်းခြင်း" ပဲလို့ ခဏခဏ ကျနော်တွေးမိေနသေးတယ်။
#အဓိပတိကမ်မ
No comments:
Post a Comment