Saturday, 6 June 2026

အထူး

 မြန်မာနိုင်ငံ ပျောက်ကွယ်သွားနိုင်သလား။ (ဗဟိုအစိုးရ ပြိုကွဲခြင်းနဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ)


မင်္ဂလာပါ 

ဒီနေ့ ကျွန်တော်တို့ ဆွေးနွေးမယ့် အကြောင်းအရာက ကျွန်တော်တို့အားလုံး၊ မြန်မာနိုင်ငံသားတိုင်း မဖြစ်မနေ သိထားသင့်၊ စဉ်းစားသင့်တဲ့ အရာတစ်ခုဖြစ်လို့ ဒီနေ့ ဒီအကြောင်းကို ရွေးပြောဖြစ်တာပါ။


ဒီနေ့ ကျွန်တော် ဆွေးနွေးချင်တဲ့ အကြောင်းအရာကတော့ "ဗဟိုအစိုးရတစ်ရပ်ရဲ့ အာဏာစက်ဟာ တစ်နိုင်ငံလုံးကို မထိန်းချုပ်နိုင်တော့ဘူး၊ မလွှမ်းခြုံနိုင်တော့ဘူးဆိုရင် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ" ဆိုတဲ့ ကိစ္စပါ။ ဒီထက်ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောရရင် ပြည်ထောင်စုကြီး ပြိုကွဲပြီး တိုင်းရင်းသားတွေကြားမှာ စည်းလုံးညီညွတ်မှုသာ မရှိတော့ဘူးဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံဆိုတာ ကမ္ဘာ့မြေပုံပေါ်ကနေ အပြီးတိုင် ပျောက်ကွယ်သွားနိုင်သလား။ 


ဒေသအလိုက် လက်နက်ကိုင် အဖွဲ့အစည်းတွေက ကိုယ့်နယ်မြေနဲ့ကိုယ် အကန့်လိုက် ခွဲဝေအုပ်ချုပ်သွားကြမယ်ဆိုရင် ငြိမ်းချမ်းသွားမလား၊ ဒါမှမဟုတ် စစ်ပွဲတွေ၊ ပဋိပက္ခတွေ ပိုပြီး ဆိုးရွားလာနိုင်သလား။ နောက်ပြီးတော့ ဒီလို ပြင်းထန်တဲ့စစ်ပွဲတွေ ကြားမှာ မြေစာပင်ဖြစ်ရမယ့် ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ဘယ်လောက်ထိ ပျက်စီးဆုံးရှုံးရမလဲ ဆိုတာတွေကို ကျွန်တော်တို့ လက်တွေ့ကျကျ၊ အရှိကိုအရှိအတိုင်း ဆွေးနွေးကြည့်ကြရအောင်ပါ။


မိတ်ဆေ‌ွတို့ စဉ်းစားကြည့်ပါ... နိုင်ငံတစ်နိုင်ငံမှာ ဗဟိုအစိုးရဆိုတာ အိမ်တစ်လုံးရဲ့ ပင်မတိုင်ကြီးလိုပါပဲ။ အဲဒီ ဗဟိုအစိုးရရဲ့ အုပ်ချုပ်မှု ယန္တရားက တစ်နိုင်ငံလုံးကို မရောက်နိုင်တော့ဘူး၊ တရားဥပဒေ စိုးမိုးမှုက နေရာတိုင်းမှာ မရှိတော့ဘူးဆိုရင် အရင်ဆုံး ကြုံရမယ့် ပြဿနာက ဘာလဲသိလား။ "ဥပဒေမဲ့ လွှမ်းမိုးမှု" တွေ ဖြစ်လာတာပါပဲ။


စီးပွားရေးအရ ကြည့်မလား။ တစ်နိုင်ငံလုံး သုံးနေတဲ့ ငွေကြေးစနစ်၊ ဘဏ်စနစ်၊ ကုန်သွယ်ရေးစနစ်တွေ အကုန်လုံး ရပ်တန့်သွားနိုင်ပါတယ်။ ရန်ကုန်ကနေ မန္တလေးကို ကုန်ပို့မယ်ဆိုရင်တောင် လမ်းတလျှောက်မှာ ဘယ်သူက ဘယ်လို အခွန်ကောက်မယ်၊ ဘယ်အဖွဲ့က ဘာဥပဒေနဲ့ တားမယ်ဆိုတာ မသိနိုင်တော့ဘူး။ ဒါဟာ နိုင်ငံတစ်နိုင်ငံရဲ့ အသက်သွေးကြောကို ဖြတ်တောက်လိုက်သလိုပါပဲ။ စနစ်တကျ လည်ပတ်နေတဲ့ အရာအားလုံး ရပ်တန့်သွားပြီး မသေချာ မရေရာမှုတွေပဲ ကြီးစိုးလာမှာပဲ ဖြစ်ပါတယ်။


အခု နောက်တစ်ချက် သွားရအောင်။ တချို့က ထင်ကောင်းထင်လိမ့်မယ်။ "အေးလေ... ဗဟိုအစိုးရ မရှိလည်း ကိုယ့်ဒေသနဲ့ကိုယ် အင်အားစုတွေက ခွဲဝေပြီး အုပ်ချုပ်လိုက်ရင် ပြီးတာပဲပေါ့" လို့။ တကယ်တော့ အဲဒါက အင်မတန် အန္တရာယ်ကြီးတဲ့ အတွေးပါ။


သမိုင်းကို ပြန်ကြည့်ရင်၊ နိုင်ငံတကာကို ကြည့်ရင် ဒေသအလိုက် လက်နက်ကိုင် အဖွဲ့အစည်းတွေက နယ်မြေတွေကို အပိုင်းပိုင်းဖြတ်ပြီး အုပ်ချုပ်တဲ့အခါ ဘယ်တော့မှ ငြိမ်းချမ်းရေး မရပါဘူး။ ဘာဖြစ်လို့လဲ? "နယ်မြေလုပွဲ" တွေ စလာလို့ပါပဲ။

ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသလေးမှာ ကိုယ်အေးအေးဆေးဆေး နေမယ်ဆိုတာ သီအိုရီအရပဲ ကောင်းတာပါ။ လက်တွေ့မှာက သယံဇာတ ထွက်တဲ့နေရာ၊ ကုန်သွယ်ရေး လမ်းကြောင်းကျတဲ့ နေရာ၊ စိုက်ပျိုးရေး ကောင်းတဲ့ နေရာတွေကို လုကြပါတော့မယ်။ မနေ့ကအထိ ရန်သူကို အတူတူ တိုက်ခဲ့တဲ့ အဖွဲ့တွေက မနက်ဖြန်မှာ နယ်စပ်မျဉ်းလေး တစ်လက်မ ရွှေ့တာနဲ့တင် အချင်းချင်း သေနတ်ပြန်ပြောင်းလှည့်ပြီး တိုက်ကြတော့မှာပါ။


ဒါကို ကျွန်တော်တို့ နိုင်ငံရေး ဘာသာရပ်မှာ "Balkanization" (ဘော်လ်ကန်နိုက်ဇေးရှင်း) လို့ ခေါ်ပါတယ်။ နိုင်ငံကြီး တစ်ခု ပြိုကွဲသွားပြီး အချင်းချင်း ရန်သူတွေ ဖြစ်သွားတဲ့ အကွဲကွဲအပြားပြား နိုင်ငံငယ်လေးတွေ ဖြစ်သွားတာကို ပြောတာပါ။


ဒီလို အခြေအနေတွေ ဆက်ဖြစ်လာရင် အဆိုးဆုံး အဆင့်အနေနဲ့ ကျွန်တော်တို့ တွေးကြည့်ရအောင်။ ပြည်ထောင်စုကြီး ပြိုကွဲသွားမယ်၊ တိုင်းရင်းသားတွေကြားမှာ ယုံကြည်မှုတွေ၊ စည်းလုံးညီညွတ်မှုတွေ လုံးဝ မရှိတော့ဘူးဆိုရင် ဘာဖြစ်မလဲ။


ကျွန်တော်တို့ ဘိုးဘွားတွေ အသက်သွေးချွေး ပေးပြီး တည်ဆောက်ခဲ့တဲ့၊ ကမ္ဘာ့မြေပုံပေါ်မှာ ဂုဏ်ယူဝင့်ကြွားစွာ တည်ရှိနေတဲ့ "မြန်မာနိုင်ငံ" ဆိုတာ ပျောက်ကွယ်သွားနိုင်ပါတယ်။ တကယ်ပြောတာပါ။ မြေပုံပေါ်မှာ မြန်မာနိုင်ငံ ဆိုတာ မရှိတော့ဘဲ နယ်မြေ အပိုင်းအစလေးတွေပဲ ကျန်ခဲ့လိမ့်မယ်။

နိုင်ငံတစ်နိုင်ငံ ဆိုတာ မြေကြီးတွေ စုထားရုံနဲ့ ဖြစ်လာတာ မျိုး မဟုတ်ပါဘူး။ အဲဒီ မြေပေါ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ စိတ်ဝိညာဉ်၊ "ငါတို့ဟာ တနိူင်ငံတည်းသားတွေ" ဆိုတဲ့ စည်းလုံးမှုတွေ သံယောဇဉ်နဲ့တည်ဆောက်ထားတာပါ။ အဲဒီ စည်းလုံးမှုသံယောဇဉ် ကြိုးလေး ပြတ်သွားတာနဲ့ အိမ်နီးချင်း နိုင်ငံကြီးတွေရဲ့ ဩဇာလွှမ်းမိုးမှု အောက်ကို အလိုလို ရောက်သွားတော့မှာပါ။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် မရှိတော့ဘူး။ သူများ ခိုင်းတာလုပ်၊ သူများ ခြယ်လှယ်သမျှ ခံရတဲ့ ရုပ်သေးရုပ်လေးတွေ အဖြစ်နဲ့ သမိုင်းမှာ ဇာတ်သိမ်းသွားရနိုင်ပါတယ်။

 နိုင်ငံရေးသမားတွေ စကားပြောကြတယ်၊ ခေါင်းဆောင်တွေ သဘောထား ကွဲလွဲကြတယ်။ အဲဒီလို သဘောထား ကွဲလွဲမှုတွေကြောင့် စစ်ပွဲတွေ ဖြစ်လာတဲ့အခါ တကယ်တမ်း ထိခိုက်နစ်နာကြရတာက ဘယ်သူတွေလဲ။


ကျွန်တော်တို့ ပြည်သူတွေပါ။ အသက်တွေသေတာကရော ခင်ဗျားတို့၊ ကျွန်တော်တို့လို သာမန် ပြည်သူတွေပါ။ စစ်ပွဲတစ်ခု ဖြစ်ပြီဆိုတာနဲ့ တိုက်ပွဲမှာ သေကြေ ဒဏ်ရာရတာတွေ ရှိသလို၊ နောက်တန်းမှာလည်း မီးလောင်ပြင် ဖြစ်သွားတဲ့ ရွာတွေ၊ ဖြိုဖျက်ခံလိုက်ရတဲ့ အိမ်တွေ ဆိုတာ ရေတွက်လို့တောင် မရတော့ပါဘူး။

တစ်သက်လုံး စုဆောင်းလာခဲ့တဲ့ ပိုင်ဆိုင်မှုတွေဟာ တစ်ညတည်းနဲ့ ပြာကျသွားနိုင်တယ်။ ကိုယ့်ရဲ့ မိသားစုဝင်တွေ၊ ချစ်ရတဲ့သူတွေ မျက်စိရှေ့မှာတင် ထိခိုက်သေဆုံးသွားတာတွေကို ရင်ကွဲပက်လက် မြင်တွေ့ရနိုင်တယ်။ 

ဒါတွေကို မြေပြင်က ပြည်သူတွေအသိ‌ဆုံးပါ ။ 

ကလေးတွေဆိုရင် ကျောင်းမနေရတော့ဘူး၊ ပညာရေးဆိုတာ အိပ်မက်တစ်ခုလို ဖြစ်သွားမယ်။ လူငယ်တွေအတွက် အနာဂတ်ဆိုတာ ဘာမှန်းမသိတော့လောက်အောင် မှောင်မိုက်သွားမယ်။

စစ်ဘေးရှောင်စခန်းတွေမှာ နေရတဲ့ ဘဝတွေကို တွေးကြည့်ပါ။ ဒါတွေဟာ နိူဂ်ငံရေးသီအိုရီ မဟုတ်ပါဘူး။ သမိုင်းစာအုပ်ထဲက အကြောင်းအရာတွေ မဟုတ်ပါဘူး။ ဗဟိုအစိုးရ အားနည်းပြီး စစ်ပွဲတွေ များလာရင် ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ ခံစားရမယ့် တကယ့် လက်တွေ့ အမှန်တရားတွေပါ။ လက်နက်ကိုင် အဖွဲ့အစည်းတွေ လွန်ဆွဲကြတဲ့ ကြားမှာ ပြည်သူလူထုရဲ့ အသက်တွေ၊ သွေးတွေနဲ့ ပေးဆပ်ရတာပါ။


ဒီနေရာမှာ ကျွန်တော် တစ်ခု ပွင့်ပွင့်လင်းလင်း ထပ်ပြီး ထောက်ပြချင်သေးတယ်။ ခုနက ကျွန်တော် ပြောခဲ့သလိုပဲ နယ်စပ်မှာ ဘိန်းစိုက် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချတဲ့ ငွေမည်းတွေနဲ့ ကြီးထွားလာတဲ့ လူမျိုးစုတိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက်အဖွဲ့အစည်းတွေဟာ သာမန် ဆူပူသောင်းကျန်းသူ အဆင့် မဟုတ်တော့ပါဘူး။ သူတို့ဆီမှာ ခေတ်မီ လက်နက်တွေ ရှိလာတယ်၊ အင်အားတွေ ကြီးလာတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို တိုက်ရိုက် စိန်ခေါ်လာတာပါပဲ။

အဲဒီတော့ ကျွန်တော်တို့ ဘာလုပ်ရမလဲ။ ရိုးရိုးတန်းတန်း သမားရိုးကျ ဖြေရှင်းနေလို့၊ အချိန်ဆွဲနေလို့ လုံးဝ လုံးဝ မရတော့ပါဘူး။ နိုင်ငံတော်က နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံပြီး စနစ်တကျ တည်ဆောက်ထားတဲ့ တပ်မတော်ရဲ့ အဓိက စစ်အင်အားတွေကို အခုချိန်မှာ ထုတ်သုံးရမယ့် အချိန် ရောက်နေပါပြီ။


ကျွန်တော်တို့ဆီမှာ ရန်သူ့ထက် အများကြီး သာလွန်တဲ့ စစ်လက်နက် အထူးကွန်မန်တို စစ်သည်အင်အားတွေ ရှိပါတယ်။ တိုင်းပြည်ဖျက်နေတဲ့ သူပုန်စခန်းတွေကို တိတိကျကျနဲ့ အချိန်တိုအတွင်း ချေမှုန်းနိုင်ဖို့အတွက် တပ်မတော်ရဲ့ အားသာချက်ဖြစ်တဲ့ လေကြောင်းပစ်ကူ (Air Support) တွေကို ဒီထက်ပိုပြီး ထိထိရောက်ရောက် အသုံးပြုရပါမယ်။ ဝေဟင်ကနေ လေကြောင်းပစ်ကူ ပေးမယ်၊ မြေပြင်မှာဆိုရင်လည်း ရန်သူ့ရဲ့ ခံစစ်ကြောင်းတွေကို အလွယ်တကူ ထိုးဖောက်ချေမှုန်းနိုင်တဲ့ သံချပ်ကာ ယန္တရားတပ် (Armored Units) တွေကို အားပြုပြီး ရှေ့တန်းကနေ ထိုးစစ်ဆင်ရပါမယ်။


ဒါ့အပြင် ဒီလို ရှုပ်ထွေးတဲ့ မြေပြင်အနေအထားနဲ့ ပစ်မှတ်တွေအတွက် အထူးလေ့ကျင့်ထားတဲ့ တိုက်ခိုက်ရေး ကွန်မန်ဒိုတွေ (Special Forces)ကို သုံးပြီး ရန်သူ့ရဲ့ အမာခံ စခန်းတွေကို အမြစ်ပြတ် ရှင်းလင်းရမယ့် အချိန်ပါပဲ။


ဒါဟာ စစ်ကို လိုလားလို့ ပြောနေတဲ့ စကားမျိုး လုံးဝ မဟုတ်ပါဘူး မိတ်ဆွေတို့။ နိုင်ငံတစ်နိုင်ငံရဲ့ အသက်သွေးကြောကို ဖြတ်တောက်နေတဲ့ အန္တရာယ်ဆိုးကြီးကို ဖယ်ရှားဖို့အတွက်ဆိုရင် ပုံမှန် သာမားရိုးကျ စစ်ဆင်ရေးထက် ပိုပြီး ကြီးမားတဲ့၊ ပိုပြီး ပြင်းထန်တဲ့ အင်အားကို သုံးမှသာ ငြိမ်းချမ်းရေးက ရတော့မှာ ဖြစ်လို့ပါ။ မြေပြင်ကနေ သံချပ်ကာ ယန္တရားတွေက ထိုးဖောက်၊ ဝေဟင်ကနေ လေကြောင်းပစ်ကူတွေက အားဖြည့်၊ ပြီးတော့ အထူးစစ်ဆင်ရေး တပ်ဖွဲ့တွေက ပစ်မှတ်ကို တိတိကျကျ ချေမှုန်း... ဒီလို ပေါင်းစပ် စစ်ဆင်ရေး (Combined Arms Operations) မျိုးနဲ့ အင်တိုက်အားတိုက် နှိမ်နင်းမှသာ ကျနော်တို့ တိုင်းပြည်ဟာ အချိန်တိုအတွင်းမှာ ပြန်လည် တည်ငြိမ်လာမှာပါ။

ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့နဲ့ ပြည်ထောင်စုကြီး ပြိုကွဲမယ့် အန္တရာယ်ကနေ ကယ်တင်ဖို့အတွက် လေကြောင်း နဲ့ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့တွေကို ပေါင်းစပ်ပြီး အပြတ်အသတ် နှိမ်နင်းခြင်းဟာ အခု လက်ရှိ အခြေအနေမှာ မဖြစ်မနေ ဆောင်ရွက်ရမယ့်၊ အသုံးပြုရမယ့် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လာနေပြီလို့ ကျွန်တော်ကတော့ ထင်မြင်မိပါတယ်။


ဒါကြောင့် သူငယ်ချင်းတို့ရေ... ဒီလို အဆိုးဆုံး အခြေအနေတွေဖြစ်တဲ့ ပြည်ထောင်စုကြီး ပြိုကွဲသွားတာမျိုး၊ နိုင်ငံတော်ကြီး ရေစုန်မျောပြီး သမိုင်းမှာ အမည်ပျောက်သွားတာမျိုး မဖြစ်ရလေအောင် ကျွန်တော်တို့ ဘာလုပ်ရမလဲ။ ဘယ်သူတွေက ဒီရေချိန်ကို ပြန်ဆွဲတင်ပြီး အဓိက တာဝန်ယူ ဖြေရှင်းပေးရမလဲ။ ပွင့်ပွင့်လင်းလင်း၊ အရှိကို အရှိအတိုင်းပဲ ပြောကြစို့ဗျာ။ ဒီလို အကျပ်အတည်းတွေ၊ နိုင်ငံတော်ရဲ့ အသက်သွေးကြောကို ဖြတ်တောက်မယ့် အန္တရာယ်တွေ ဝိုင်းဝိုင်းလည်နေတဲ့ အချိန်မှာ တိုင်းပြည်ကို လက်တွေ့ကျကျ အကာအကွယ် ပေးနိုင်တာဟာ တပ်မတော်တစ်ခုပဲ ရှိပါတယ်။


ဒီလို အရေးကြီးလွန်းတဲ့ အချိန်ကာလမှာ တပ်မတော် အနေနဲ့ စစ်ရေးအရ ဒီထက်ပိုပြီး ကောင်းမွန်တဲ့၊ ထိရောက်ပြတ်သားတဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်လာအောင် မဖြစ်မနေ စွမ်းစွမ်းတမံ ဆောင်ရွက်ရမယ့် အချိန်ကို ဆိုက်ရောက်နေပါပြီ။ 

ခုခံကာကွယ်တဲ့ ခံစစ်သက်သက် မဟုတ်ဘဲ၊ တိုင်းပြည်ကို အမှန်တကယ် ခြိမ်းခြောက်နေတဲ့ အန္တရာယ်တွေကို အမြစ်ပြတ် ရှင်းလင်းနိုင်မယ့် စစ်ရေးဗျူဟာတွေ၊ အောင်ပွဲတွေနဲ့ နယ်မြေစိုးမိုးမှုတွေကို ကျွန်တော်တို့ ပြည်သူတွေ မျက်မြင်ကိုယ်တွေ့ မြင်တွေ့ဖို့ လိုအပ်နေပါပြီ။

 ဘာလို့လဲဆိုတော့ တပ်မတော်ရဲ့ စစ်ရေးစွမ်းရည်၊ ဖြတ်ထိုးဉာဏ်နဲ့ အောင်မြင်မှုဟာ ပြည်ထောင်စုကြီး မပြိုကွဲရေး၊ တိုင်းရင်းသားတွေ သွေးမကွဲရေးအတွက် အဓိက ကျောရိုး မဏ္ဍိုင်ကြီး ဖြစ်နေလို့ပါပဲ။ အင်အားနဲ့ ခြိမ်းခြောက်လာတဲ့ အဖျက်အမှောင့်တွေကို တိကျပြတ်သားတဲ့ စစ်ရေးစွမ်းရည်နဲ့ပဲ တုံ့ပြန်မှ ရတော့မယ့် အနေအထားပါ။


အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံရဲ့ အစွန်အဖျား နယ်စပ်ဒေသတွေကို မျက်စိထဲ မြင်ယောင်ကြည့်လိုက်ပါ။ နယ်စပ်ဒေသတွေ တည်ငြိမ်အေးချမ်းမှ၊ အဲဒီက ဒေသခံတွေ ဖွံ့ဖြိုးတိုးတက်မှ တစ်နိုင်ငံလုံးရဲ့ လုံခြုံရေးက စိတ်ချရမှာပါ။ ဒါပေမယ့် လက်တွေ့ မြေပြင်မှာရော... တချို့သော နယ်စပ်ဒေသတွေမှာ ဘာတွေ ဖြစ်နေလဲ။ နိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်ကြီးကို ဗန်းပြပြီး၊ တိုင်းရင်းသား အရေးဆိုတဲ့ စကားလုံးကို အကာအကွယ်ယူပြီး နောက်ကွယ်မှာ ကိုယ်ကျိုးရှာနေတဲ့ အဖွဲ့တွေ ရှိပါတယ်။ သူတို့ ဘာလုပ်နေလဲ ဆိုရင် ဘိန်းစိုက်ပျိုးတာတွေ၊ မူးယစ်ဆေးဝါး အမျိုးမျိုးကို စက်ရုံတွေတည်ပြီး ထုတ်လုပ် ရောင်းချတာတွေကို ဧရာမ စီးပွားရေး လုပ်ငန်းကြီး တစ်ခုလို၊ မာဖီးယား ဂိုဏ်းကြီးတွေလို လုပ်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်။


သူငယ်ချင်းတို့ သေသေချာချာ စဉ်းစားကြည့်ဗျာ။ ဒီထုတ်လုပ်လိုက်တဲ့ မူးယစ်ဆေးဝါးတွေဟာ ဘယ်ကို သွားနေလဲ။ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်ဖြစ်တဲ့ လူငယ်တွေရဲ့ သွေးကြောထဲကို ရောက်နေတာပါ။ တိုင်းပြည်ရဲ့ လူ့စွမ်းအား အရင်းအမြစ်၊ တိုင်းပြည်ရဲ့ အနာဂတ် သားကောင်းရတနာတွေကို အဆိပ်ခတ်ပြီး ဖျက်ဆီးနေတာပါ။ ပြီးတော့ အဲဒီ မူးယစ်ဆေးဝါး ရောင်းရတဲ့ ဒေါ်လာသန်းချီတဲ့ ငွေမည်းတွေနဲ့ ခေတ်မီ လက်နက်တွေ ဝယ်၊ လူသူအင်အားတွေ ဖြည့်ပြီး နိုင်ငံတော်ကို ပြန်ပုန်ကန်နေကြတာ ဖြစ်ပါတယ်။

ဒါဟာ သာမန် နိုင်ငံရေး သဘောထား ကွဲလွဲမှု လုံးဝ မဟုတ်တော့ဘူး။ တိုင်းပြည်ကို တမင်သက်သက် ဖျက်ဆီးနေတဲ့၊ မြန်မာနိုင်ငံ ဆိုတာကို မူးယစ်ရာဇာတွေ ကြီးစိုးတဲ့ နိုင်ငံပျက်ဆီးအောင် လုပ်နေတဲ့ အင်မတန် ရွံရှာစရာကောင်းတဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။


ဒါကြောင့် နယ်စပ်ဒေသတွေ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တည်ငြိမ်အေးချမ်းဖို့ကို အဓိက ဦးစားပေး လုပ်ဆောင်ရမယ့် နေရာမှာ၊ ဒီလို ဘိန်းစိုက်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတဲ့၊ တိုင်းပြည်ဖျက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းမှန်သမျှကို လုံးဝ ချုပ်ငြိမ်းသွားစေရေးဟာ နိုင်ငံတော် အစိုးရနဲ့ တပ်မတော်အတွက် နံပါတ်တစ် ဦးစားပေး အနေနဲ့ အရေးတကြီး ဆောင်ရွက်ရမယ့် သမိုင်းပေး တာဝန် တစ်ရပ် ဖြစ်ပါတယ်။

မူးယစ်ရာဇာတွေ၊ လက်နက်ကိုင် ဂိုဏ်းစတားတွေ လွှမ်းမိုးနေသရွေ့ အဲဒီဒေသမှာ ဘယ်တော့မှ ငြိမ်းချမ်းရေး မရနိုင်ဘူး။ ဥပဒေစိုးမိုးရေး ဆိုတာလည်း ရှိလာမှာ မဟုတ်ဘူး။ ဒေသခံတွေရဲ့ ဘဝကလည်း သေနတ်ပြ အနိုင်ကျင့်ခိုင်းစေခံရတဲ့ ကျွန်ဘဝကနေ ဘယ်တော့မှ လွတ်မြောက်လာမှာ မဟုတ်ပါဘူး။ ဒါတွေကို အမြစ်ပြတ် မရှင်းလင်းဘဲနဲ့ တိုင်းပြည် သာယာဝပြောဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုပါပဲ။


စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ဆိုတာ မူးယစ်ဆေးဝါး ငွေမည်းတွေနဲ့ တည်ဆောက်လို့ မရပါဘူး။ ဒီလို တိုင်းပြည်ရဲ့ အနာဂတ်ကို အဆိပ်ခတ်ပြီး ကိုယ်ကျိုးရှာနေတဲ့ လက်နက်ကိုင်တွေကို အမြစ်ပြတ် ချေမှုန်းနိုင်မှသာ ပြည်သူလူထု တစ်ရပ်လုံး လိုလားတောင့်တနေတဲ့ တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေ စိုးမိုးမှု ဆိုတာ အမှန်တကယ် ရောက်ရှိလာမှာပါ။ တပ်မတော် အနေနဲ့လည်း ဒီလို တိုင်းဖျက်ပြည်ဖျက် သူပုန်သူကန် အကြမ်းဖက် အဖွဲ့အစည်းတွေကို အမြစ်ပြတ် နှိမ်နင်းပြီး၊ အရေးယူ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးရေးကို ပြတ်ပြတ်သားသား ပြသဖို့ အချိန်တန်နေပါပြီ။ ပြည်သူအများစုကလည်း ဒီလို ပြတ်သားတဲ့ နှိမ်နင်းမှုတွေကို အပြည့်အဝ ထောက်ခံအားပေးဖို့ လိုအပ်ပါတယ်။


အချုပ်အားဖြင့် ပြောရရင်တော့ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကြီး မပြိုကွဲဖို့၊ နိုင်ငံတော်ကြီး မပျက်စီးဖို့ ဆိုတာဟာ တပ်မတော်ရဲ့ ခိုင်မာတဲ့ စွမ်းဆောင်ရည်၊ ပြတ်သားတဲ့ စစ်ရေး အောင်ပွဲတွေနဲ့ မူးယစ်ဆေးဝါးအခြေခံ လူမျိူးစု လက်နက်ကိုင်တွေကို အပြီးတိုင် အမြစ်ပြတ် သုပ်သင် ချေမှုန်းနိုင်မှု အပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဒါမှသာ ကျွန်တော်တို့ နိုင်ငံဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိပြီး အန္တရာယ် ကင်းကင်းနဲ့ ရှေ့ဆက် လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

ကဲ... ဒီနေ့ ကျွန်တော် တင်ဆက်ပေးခဲ့တဲ့ အကြောင်းအရာကတော့ ဒီလောက်ပါပဲ။ ခင်ဗျားတို့အနေနဲ့ရော ဒီအခြေအနေတွေ အပေါ် ဘယ်လို မြင်လဲ။ တိုင်းပြည်ရဲ့ လုံခြုံရေး၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ ပတ်သက်ပြီး ဘယ်လို သုံးသပ်မိလဲ ဆိုတာ Comment မှာ လွတ်လွတ်လပ်လပ် ရေးသား ဆွေးနွေးသွားပေးကြပါဦး။ အဆုံးထိ ကြည့်ပေးတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးအများကြီး တင်ပါတယ်။ အားလုံးပဲ ဘေးအန္တရာယ် ကင်းရှင်းကြပါစေ၊ နိုင်ငံတော်ကြီးလည်း အမြန်ဆုံး အေးချ

မ်းသာယာပါစေလို့ ဆုတောင်းပေးရင်း နှုတ်ဆက်လိုက်ပါတယ်။


No comments:

Post a Comment