"အလင်းနဲ့အမှောင်ကို ခွဲခြားသိမြင်ခြင်း၊ သို့မဟုတ် တာဝန်သိလူငယ်များရဲ့ ဂုဏ်သိက္ခာ"
မိတ်ဆွေများအားလုံးပဲ မင်္ဂလာပါဗျ။
ဒီနေ့ ကျွန်တော့်ရဲ့ Channel ကနေ ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ လက်ရှိ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ အချိန်ကာလ၊ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေနဲ့ အတိုက်အဆိုင်ဆုံး၊ အနီးစပ်ဆုံး ဖြစ်နေတဲ့ ကိစ္စရပ်တစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။ ခေါင်းစဉ်တပ်ရမယ်ဆိုရင်တော့ "အလင်းနဲ့အမှောင်ကို ခွဲခြားသိမြင်ခြင်း၊ သို့မဟုတ် တာဝန်သိလူငယ်များရဲ့ ဂုဏ်သိက္ခာ" လို့ပဲ ဆိုရမှာပါ။
ဒီကနေ့ အချိန်အခါမှာ နိုင်ငံအနှံ့ စစ်ပွဲတွေ ပြင်းထန်နေတယ်ဆိုတာ ကျွန်တော်တို့ အားလုံးအသိပါပဲ။ ဒီလို ပြင်းထန်တဲ့ အခြေအနေကြီးထဲမှာ နိုင်ငံတော်ကို ကာကွယ်ဖို့၊ တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးနေတဲ့ အကြမ်းဖက်သူပုန်တွေကို ချေမှုန်းဖို့အတွက် မြန်မာ့တပ်မတော်ထဲကို ဝင်ရောက်ပြီး စစ်မှုထမ်းဆောင်နေကြတဲ့ လူငယ်တွေ အများကြီးရှိပါတယ်။ သူတို့ရဲ့ ရဲရင့်မှု၊ သူတို့ရဲ့ စွန့်လွှတ်စွန့်စားမှုတွေကို ဒီနေရာကနေ ကျွန်တော် အထူးပဲ ဂုဏ်ပြုချင်ပါတယ်။ သူတို့ဟာ ကိုယ့်အသက်ကို ပဓာနမထားဘဲ တိုင်းပြည်အတွက် ရှေ့တန်းကနေ ရပ်တည်ပေးနေကြတဲ့ တကယ့် နိုင်ငံ့သားကောင်းတွေပါ။
ဒါပေမယ့် မိတ်ဆွေတို့ သတိထားမိကြမှာပါ။ ဒီလို နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေတဲ့ လူငယ်တွေကို အင်တာနက်ပေါ်မှာဖြစ်ဖြစ်၊ အပြင်မှာဖြစ်ဖြစ် လှောင်ပြောင်နေကြတဲ့သူတွေ၊ အပြစ်ပြောနေကြတဲ့သူတွေ၊ အဆိုးမြင် ဝေဖန်နေကြတဲ့သူတွေ ရှိနေပါတယ်။ ကျွန်တော် ဒီနေ့ အဓိက ပြောချင်တာက အဲ့ဒီလို အပြစ်ပြောနေတဲ့ သူတွေကို အကြောင်းအကျိုး ခိုင်ခိုင်မာမာနဲ့ သေသေချာချာလေး ရှင်းပြချင်လို့ပါ။ စိတ်ခံစားမှုချည်းသက်သက် မဟုတ်ဘဲ အရှိတရားကို မျက်ဝါးထင်ထင် မြင်အောင် ကြည့်ကြရအောင်ဗျာ။
ပထမဆုံးအနေနဲ့ ကျွန်တော်တို့ လူ့သဘာဝကို နည်းနည်းလေး စဉ်းစားကြည့်ရအောင်။ တချို့က ပြောကြတယ်... "ဒီလူငယ်တွေ စစ်ထဲဝင်တာ ပျော်လို့မှ မဟုတ်တာ၊ အတင်းအကျပ်မို့လို့ သွားရတာ၊ သူတို့ ဘယ်ပျော်ပါ့မလဲ" ဆိုပြီး တွေးကြတယ်။ ပြောလည်း ပြောကြတယ်။
မိတ်ဆွေတို့... ကျွန်တော်တို့ ကိုယ့်ဘဝကို ပြန်ကြည့်လိုက်ပါ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းစတက်ရတဲ့ အချိန်တွေကို ပြန်စဉ်းစားကြည့်။ မနက်စောစောထ၊ ရေချိုး၊ ကျောင်းဝတ်စုံဝတ်ပြီး ကျောင်းသွားရမှာကို ဘယ်ကလေးက အစကတည်းက သဘောကျခဲ့လို့လဲ။ ငိုတဲ့သူကငို၊ ကန်ကျောက်တဲ့သူက ကန်ကျောက်နဲ့ ကျောင်းမသွားချင်ဘူးဆိုပြီး အမေတွေ အဖေတွေကို ပူဆာခဲ့ကြတာချည်းပါပဲ။ ဒါပေမယ့် တကယ်တမ်း ကျောင်းပေါက်ဝကို ရောက်သွားပြီး အတန်းထဲလည်း ဝင်လိုက်ရော... ဘာဖြစ်သွားလဲ။ သူငယ်ချင်းတွေနဲ့ တွေ့တယ်၊ ဆော့ကြတယ်၊ စာသင်ကြတယ်၊ မုန့်စားဆင်းချိန် အတူတူ ပြေးလွှားဆော့ကစားကြတယ်။ အဲ့ဒီမှာတင် ကျောင်းသွားရတာကို ပျော်သွားတာပါပဲ။ ကျောင်းမတက်ချင်ဘူးဆိုပေမယ့် ကျောင်းရောက်တော့လည်း ပျော်သွားကြတာ သဘာဝပါပဲ။
အလုပ်ခွင်ကို ကြည့်မလား။ အရွယ်ရောက်လာလို့ အလုပ်လုပ်ရပြီ။ တနင်္လာနေ့ မနက်တိုင်း အလုပ်သွားချင်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲ။ အိပ်ရာထဲကနေ မထချင်၊ ထချင်နဲ့ "ဟာ... အလုပ်သွားရဦးမယ်ကွာ၊အလုပ် မသွားချင်လိုက်တာ" ဆိုပြီး ညည်းတွားတတ်ကြတာ လူတိုင်းလိုလိုပါပဲ။ ဒါပေမယ့် တကယ်တမ်း ကိုယ့်ရဲ့ ရုံးကိုဖြစ်ဖြစ်၊ အလုပ်ခွင်ကိုဖြစ်ဖြစ် ရောက်သွားတဲ့အခါ... လုပ်စရာရှိတဲ့ အလုပ်တွေကို လုပ်ရင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားတွေပြော၊ ရယ်စရာရှိတာရယ်၊ ပြဿနာရှိရင် ဝိုင်းဖြေရှင်းကြနဲ့... တစ်နေကုန်သွားတာပါပဲဗျာ။ အလုပ်မဆင်းချင်ဘူးဆိုပေမယ့် လုပ်ငန်းခွင်ရောက်တော့လည်း ကိုယ့်တာဝန်၊ ကိုယ့်ဝန်းကျင်နဲ့ကိုယ် ပျော်သွားတာပါပဲ။
စစ်မှုထမ်းတယ်ဆိုတာလည်း ဒီသဘောတရားပါပဲဗျ။ အိမ်ကနေ စထွက်ရမယ့်အချိန်၊ ကိုယ့်ရဲ့ သက်တောင့်သက်သာရှိတဲ့ နေရာလေးကို စွန့်ခွာရမယ့်အချိန်မှာ စိုးရိမ်စိတ်တွေ၊ မသွားချင်တဲ့စိတ်တွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါက လူ့သဘာဝပါ။ ဒါပေမယ့် တကယ်တမ်း သင်တန်းကျောင်းကို ရောက်သွားတဲ့အခါ၊ တပ်ရင်းတပ်ဖွဲ့တွေကို ရောက်သွားတဲ့အခါ... အဲ့ဒီမှာ တစ်နိုင်ငံလုံးက လာကြတဲ့ ကိုယ်နဲ့ ရွယ်တူ လူငယ်တွေ အများကြီးရှိတယ်။ အတူတူ စားကြတယ်၊ အတူတူ အိပ်ကြတယ်၊ အတူတူ သင်တန်းဆင်းကြတယ်။ ချွေးထွက်များရင် သွေးထွက်နည်းတယ်ဆိုတဲ့ စကားလိုပဲ ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်ရေးကွင်းတွေထဲမှာ အတူတူ ရုန်းကန်ရင်းနဲ့ "ရဲဘော်ရဲဘက်" ဆိုတဲ့ ညီအစ်ကိုထက် ပိုမိုနက်ရှိုင်းတဲ့ သံယောဇဉ်တွေ ဖြစ်တည်လာကြတယ်။
သူတို့တွေဟာ နိုင်ငံတော်ကို ကာကွယ်နေတယ်ဆိုတဲ့ ဂုဏ်ယူစိတ်၊ ငါတို့တွေ သမိုင်းပေးတာဝန်ကို ထမ်းဆောင်နေတယ်ဆိုတဲ့ ခံယူချက်တွေနဲ့ အဲ့ဒီ စစ်မှုထမ်းဘဝကြီးထဲမှာ ပျော်မွေ့သွားကြတာပါပဲ။ မိတ်ဆွေတို့ အလုပ်ခွင်မှာ တစ်နေ့တာ ကုန်ဆုံးသွားသလိုပဲ၊ သူတို့တွေလည်း သူတို့ရဲ့ တာဝန်ဝတ္တရားတွေနဲ့ တစ်နေ့တာကို အဓိပ္ပါယ်ရှိရှိ ကုန်ဆုံးကြရင်း ပျော်ရွှင်နေကြတာ ဖြစ်ပါတယ်။ ဒါကို အပြင်ကနေ မြင်ရုံနဲ့၊ တဖက်သတ် သတင်းတွေ ဖတ်ရုံနဲ့ "သူတို့တော့ ဆင်းရဲဒုက္ခရောက်နေပြီ၊ စိတ်ဆင်းရဲနေမှာပဲ" လို့ ထင်နေတာဟာ အလွန်ကို သိမ်ဖျင်းတဲ့ ကောက်ချက်ချမှုပဲ ဖြစ်ပါတယ်။
ဒီထက် ပိုပြီး လေးနက်တဲ့ အကြောင်းအရာတစ်ခုကို ကျွန်တော် ဆက်ပြောချင်ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ငယ်ငယ်ကတည်းက ကြားဖူးခဲ့တဲ့ "ကျေးညီနောင်" ပုံပြင်လေး ရှိပါတယ်ဗျာ။ မှတ်မိကြဦးမယ် ထင်ပါတယ်။
မုန်တိုင်းဒဏ်ကြောင့် လွင့်စင်သွားတဲ့ ကျေးညီနောင် နှစ်ကောင်... တစ်ကောင်က သူခိုးဓားပြတွေ၊ လူဆိုးတွေရှိတဲ့ ရွာကို ကျသွားတယ်။ နောက်တစ်ကောင်ကတော့ ရသေ့သူတော်စင်တွေ၊ သီလရှိသူတွေ နေထိုင်တဲ့ ကျောင်းသင်္ခမ်းကို ကျသွားတယ်။
ခိုးသူဓားပြတွေဆီ ကျသွားတဲ့ ကျေးငှက်လေးဟာ နေ့စဉ်နဲ့အမျှ ကြားနေရတာက "သတ်ပါ၊ ဖြတ်ပါ၊ လုပါ၊ ယက်ပါ၊တော်လှန်ပါ " ဆိုတဲ့ စကားတွေပဲ။ အဲ့ဒီတော့ သူလည်း ဒီလို အကြမ်းဖက်တဲ့ စကားတွေကိုပဲ ပြောတတ်လာတယ်။ အဲ့ဒီပတ်ဝန်းကျင်၊ အဲ့ဒီအမှောင်ထုထဲမှာပဲ သူဟာ ပျော်မွေ့သွားတယ်။ သူလုပ်နေတာ အမှားမှန်း၊ သူရောက်နေတာ အမှောင်မှန်း သူမသိတော့ဘူး။ အဲ့ဒီ အမှောင်ထဲမှာပဲ သူ ပျော်သွားတာပါပဲ။
ရသေ့သူတော်စင်တွေဆီ ရောက်သွားတဲ့ ကျေးငှက်လေးကျတော့ "လာပါ၊ ထိုင်ပါ၊ တရားနာပါ၊ မေတ္တာထားပါ" ဆိုတဲ့ ယဉ်ကျေးတဲ့၊ ငြိမ်းချမ်းတဲ့ စကားတွေကိုပဲ နေ့စဉ် ကြားရတယ်။ ဒါကြောင့် သူလည်း ယဉ်ကျေးသိမ်မွေ့လာတယ်။ အလင်းရောင်ရှိတဲ့၊ တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်မှာ သူ ပျော်မွေ့သွားတယ်။ အလင်းထဲရောက်တဲ့ သူဟာလည်း အလင်းထဲမှာပဲ ပျော်သွားတာပါပဲ။
ဒီပုံပြင်လေးက ရိုးရှင်းပေမယ့် ဒီကနေ့ ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိ အခြေအနေကို အတိအကျ ထင်ဟပ်နေပါတယ်။
ဒီနေ့ခေတ်မှာ ဘယ်သူတွေက အလင်းထဲမှာလဲ၊ ဘယ်သူတွေက အမှောင်ထဲမှာလဲ ဆိုတာကို မိတ်ဆွေတို့ ရှင်းရှင်းလင်းလင်း သဘောပေါက်ဖို့ လိုအပ်ပါတယ်။
ဒီကနေ့ တောထဲကိုရောက်သွားပြီး၊ အကြမ်းဖက် လက်နက်ကိုင်လုပ်ရပ်တွေကို လုပ်နေကြတဲ့ သူပုန်တွေကို ကြည့်လိုက်ပါ။ သူတို့ရဲ့ လုပ်ရပ်တွေက ဘာတွေလဲ။ကျောင်းဆရာမတွေကို သတ်ဖြတ်တယ် ဘုန်းကြီးတွေကို သတ်ဖြတ်တယ် ၊ ကျန်းမာရေးဝန်ထမ်းတွေကို သတ်ဖြတ်တယ် ၊ စစ်တပ်ကို ထောက်ခံရင် သတ်ဖြတ်တယ် ။ စာသင်ကျောင်းတွေကို မီးရှို့တယ်၊ လမ်းတံတားတွေကို မိုင်းခွဲတယ်၊ သူတို့နဲ့ သဘောထားမတိုက်ဆိုင်တဲ့ အပြစ်မဲ့ ပြည်သူတွေကို ဒလန်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရက်ရက်စက်စက် သတ်ဖြတ်ကြတယ်။ ဒါတွေဟာ နိုင်ငံတော်ကို တော်လှန်ရေးလုပ်နေတာလား၊ နိုင်ငံတော်ကို ဖျက်ဆီးနေတာလား။ ရှင်းနေပါတယ်။ ဒါဟာ ဖျက်ဆီးနေတာပါ။ သူတို့တွေဟာ ဟို ကျေးညီနောင်ပုံပြင်ထဲက ခိုးသူဓားပြတွေဆီ ရောက်သွားတဲ့ ကျေးငှက်လိုပါပဲ။ အဖျက်အမှောင့် လုပ်ရပ်တွေ၊ အကြမ်းဖက်မှုတွေ၊ ဥပဒေမဲ့ လုပ်ရပ်တွေဆိုတဲ့ ဥပဒေပြင်ပက "အမှောင်ထု" ကြီးထဲကို ရောက်သွားကြပြီး၊ အဲ့ဒီ အမှောင်ထဲမှာပဲ မှားမှန်းမသိ ပျော်မွေ့နေကြတယ်။ သူတို့လုပ်ရပ်တွေကို သူတို့ "တော်လှန်ရေး" လို့ နာမည်တပ်ပြီး ဂုဏ်ယူနေကြပေမယ့် တကယ်တမ်းကျတော့ တိုင်းပြည်ကို အလုံးစုံ ပျက်သုဉ်းရေးဆီ တွန်းပို့နေတဲ့ အမှောင်ထဲက လူတွေပဲ ဖြစ်ပါတယ်။
သူတိုတတွေဟာ စစ်ပွဲတွေ တိုက်ပွဲတွေကို ဖန်တီးနေကြတဲ့ လူတွေပဲ ဖြစ်ပါတယ် ။
ကဲ... တဖက်မှာ နိုင်ငံတော်ကို ကာကွယ်ဖို့ တပ်မတော်ထဲ ဝင်ရောက်သွားတဲ့ လူငယ်တွေကို ကြည့်ရအောင်။ သူတို့တွေဟာ တည်ဆဲဥပဒေကို လေးစားလိုက်နာတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်တယ်။ ပြည်သူတွေ အေးချမ်းစွာ နေထိုင်နိုင်ဖို့အတွက် အသက်ေသွးေခွျးေတွကို ပေးဆပ်ပြီး အကြမ်းဖက်မှုေတွကို နှိမ်နင်းနေတယ်။
တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းဟာ စည်းကမ်းရှိတယ်၊ ဥပဒေရှိတယ်၊စနစ်တကျရှိတဲ့ အမိန့်ပေးစနစ် ရှိတယ်။ ရှင်းရှင်းပြောရရင် နိုင်ငံတော် ယန္တရား မပျက်ယွင်းအောင်၊ ပြည်ထောင်စုကြီး မပြိုကွဲအောင် ထိန်းသိမ်းပေးနေတဲ့ မွန်မြတ်တဲ့"အလင်းရောင်" ရပ်ဝန်း ဖြစ်ပါတယ်။ ဒီလူငယ်တွေဟာ ရသေ့သူတော်စင်တွေဆီ ရောက်သွားတဲ့ ကျေးငှက်လေးလိုပဲ တည်ငြိမ်မှု၊ စည်းကမ်းရှိမှု၊ တိုင်းပြည်ချစ်စိတ် ဆိုတဲ့ "အလင်းရောင်" ထဲကို ရောက်သွားကြတာပါ။ အလင်းထဲကို ရောက်သွားတဲ့ သူတို့တွေဟာလည်း နိုင်ငံတော်ကို ကာကွယ်ရတယ်ဆိုတဲ့ မြင့်မြတ်တဲ့ တာဝန်ကို ထမ်းဆောင်ရင်း အလင်းထဲမှာပဲ ပျော်မွေ့နေကြတာ ဖြစ်ပါတယ်။
မိတ်ဆွေတို့... ကျွန်တော်တို့ဟာ အမှန်တရားကို မျက်ကွယ်ပြုလို့ မရပါဘူး။ အပြင်ကနေ ကြည့်ပြီး ဝေဖန်နေကြတဲ့ သူတွေကို ကျွန်တော် မေးချင်ပါတယ်။ ခင်ဗျားတို့က ဘယ်ဘက်မှာ ရပ်တည်နေတာလဲ။ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ အမှောင်ထဲက လူတွေကို အားပေးနေတာလား။ ဒါမှမဟုတ် တိုင်းပြည်ကို ကာကွယ်နေတဲ့ အလင်းထဲက လူတွေကို အားပေးမှာလား။ ရှင်းရှင်းပြောရရင် တည်ဆောက်တဲ့ ဘက်မှာ ရပ်တည်ကြမှာလား ဖြိုဖျက်တဲ့ ဖျက်ဆီးရေးဘက်မှာ ရပ်တည်ကြမှာလား မေးချင်ပါတယ် ။
ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်အချုပ်အခြာအာဏာကို ကာကွယ်ဖို့ဆိုတာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ ဒီတာဝန်ကို ကေျကျေပွန်ပွန်နဲ့၊ ရဲရဲဝံ့ဝံ့နဲ့ ထမ်းဆောင်နေတဲ့ ပြည်သူ့စစ်မှူထမ်း လူငယ်တွေကို အပြစ်ပြောနေမယ် ဆိုရင်... အဲ့ဒီ အပြစ်ပြောနေတဲ့ သူတွေဟာ ကိုယ်တိုင်က အမှောင်ထဲကို ရောက်နေလို့၊ ဒါမှမဟုတ် အမှောင်ကို အားပေးချင်နေလို့ပဲ ဖြစ်ပါလိမ့်မယ်။
အလုပ်လုပ်နေတဲ့ သူကို အလုပ်မလုပ်တဲ့ သူက ဝေဖန်လို့ မရပါဘူး။ တိုင်းပြည်အတွက် ချွေးတွေ၊ သွေးတွေ ရင်းပြီး ရှေ့တန်းမှာ အသက်စွန့်နေကြတဲ့ သူတွေကို
အိမ်ထဲမှာ လုံလုံခြုံခြုံနေ၊ အင်တာနက်လေးသုံးပြီး လိုင်းပေါ်ကနေ ဝေဖန်နေတာဟာ ဘယ်လိုမှ သဘာဝမကျပါဘူး ၊
ကျောင်းမသွားချင်ပေမယ့် ကျောင်းရောက်ရင် ပျော်သွားသလို၊ အလုပ်မဆင်းချင်ပေမယ့် အလုပ်ရောက်ရင် အသားကျသွားသလိုပါပဲ။ ဒီလူငယ်တွေဟာလည်း အခုဆိုရင် တပ်မတော်ဆိုတဲ့ ကြီးမားတဲ့ မိသားစုကြီးထဲမှာ၊ နိုင်ငံတော်ကို ကာကွယ်တယ်ဆိုတဲ့ မွန်မြတ်တဲ့ လုပ်ငန်းခွင်ကြီးထဲမှာ သူတို့ရဲ့ တန်ဖိုးကို သူတို့ သိမြင်ပြီး အပြည့်အဝ ပျော်မွေ့နေကြပြီ ဆိုတာကို အပြစ်ပြောနေကြတဲ့ သူတွေ မြင်အောင် ကြည့်တတ်ဖို့ လိုပါတယ်။
သူတို့တွေဟာ ကျေးညီနောင်ထဲက အလင်းထဲရောက်သွားတဲ့ ကျေးငှက်လေးတွေလိုပါပဲ။ စည်းကမ်း၊ သေဝပ်မှု၊ နိုင်ငံချစ်စိတ် ဆိုတဲ့ အလင်းရောင်အောက်မှာ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် ခိုင်ခိုင်မာမာ ရပ်တည်နေကြပါပြီ။ ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့ လုပ်ပေးရမှာက သူတို့ကို အပြစ်ပြောဖို့ မဟုတ်ပါဘူး။ ဝေဖန်ဖို့ မဟုတ်ပါဘူး။ ပြည်သူ့စစ်မှူထမ်းေတွရဲ့ ရဲရင့်မှု၊ စွန့်လွှတ်မှု အနစ်နာခံမှုတွေကို အသိအမှတ်ပြုပြီး ကျေးဇူးတင်တတ်ဖို့၊ ဂုဏ်ပြုကြဖို့၊ နောက်တန်းကနေ ခိုင်ခိုင်မာမာ ရပ်တည်အားပေးဖို့ပဲ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင် လူငယ်တွေအနေနဲ့... အမှောင်ကို အမှောင်မှန်းသိဖို့၊ အလင်းကို အလင်းမှန်းသိဖို့ အလွန်အင်မတန် အရေးကြီးပါတယ်။ တိုင်းပြည်ဖျက်နေတဲ့ အကြမ်းဖက်သမားတွေရဲ့ လှည့်စားမှုတွေ ပြည်ပဩဇာခံ သတင်းဌာနတွေရဲ့ ဝါဒဖြန့်မှုတွေအောက်မှာ မျောပါမသွားကြဖို့ လိုအပ်ပါတယ် ။ နိုင်ငံတော်ကို ကာကွယ်နေတဲ့ တပ်မတော်နဲ့၊ တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေကို ယုံကြည်ပါ။ အားပေးပါ။ လေးစားပါ ။
ဒီကနေ့ အစီအစဉ်က ဒီလောက်ပါပဲဗျာ။ အကြောင်းအကျိုး၊ အဆိုးအကောင်း၊ အလင်းနဲ့ အမှောင်ကို ခွဲခြားသိမြင်ပြီး နိုင်ငံတော်အတွက် မှန်ကန်တဲ့ ဘက်ကနေ ရပ်တည်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ပါတယ်
။
အားလုံးကို ကျေးဇူးတင်ပါတယ်။


No comments:
Post a Comment