သမိုင်းကသက်သေပြနေတဲ့ ဒီမိုကရေစီလမ်းဆုံ (သို့မဟုတ်) လက်နက်ကိုင်တော်လှန်ရေးရဲ့ နောက်ဆက်တွဲ အမှန်တရား
မင်္ဂလာပါဗျာ။
ဒီနေ့ ကျွန်တော် ရွှေပြည်အေး တရားဟောမှာ မဟုတ်လို့ပါ။ ကျွန်တော်တို့နိုင်ငံမှာ ပြီးပြည့်စုံတဲ့၊ တကယ့်ကို ပီပြင်တဲ့ Democracy စနစ်ကြီး ချက်ချင်းကြီး ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် အစကတည်းက လုံးဝ မျှော်လင့်မထားခဲ့ပါဘူး။ အရှိတရားကို အရှိအတိုင်း ကြည့်တတ်ဖို့ လိုပါတယ်
၂၀၁၀ အလွန် နိုင်ငံရေးအကူးအပြောင်းကို ပြန်ကြည့်ရင် USDPပါတီ အနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရတယ်သာ ဆိုတာ၊ တကယ်တမ်း အစိုးရအဖွဲ့က ပါတီ သက်သက်ကိုပဲ အခြေခံတယ်လို့ ပြောလို့မရဘူး။ ဗျူရိုကရေစီ ယန္တရားဟောင်းကြီးနဲ့ စစ်တပ်ရဲ့ အရိပ်အောက်ကနေ မရုန်းထွက်နိုင်ခဲ့တာ အားလုံးအသိပဲ။ အဆိုးဆုံးက ဘာလဲဆိုတော့... အဲဒီအချိန်တုန်းက တကယ့်ကို တူတူတန်တန် ရင်ဆိုင်နိုင်တဲ့ အင်အားရှိတဲ့ အတိုက်အခံပါတီ မရှိခဲ့တာပါပဲ။
ဒါပေမယ့်ဗျာ... ကောင်းကွက် တစ်ခုတော့ ရှိခဲ့တယ်။ အဲဒါက ဘာလဲဆိုတော့ စစ်တပ်ကနေ 'တစ်သွေး၊ တစ်သံ၊ တစ်မိန့်' နဲ့ နှစ်ပေါင်းများစွာ စိတ်ကြိုက်အုပ်ချုပ်လာရာကနေ "လွှတ်တော်" ဆိုတဲ့ အဆောက်အအုံကြီး၊ လွှတ်တော် ဆိုတဲ့ စင်မြင့်ကြီး ရှိလာတာပါပဲ။
အစိုးရက လိုက်နာသည်ဖြစ်စေ၊ မလိုက်နာသည်ဖြစ်စေ... အဲဒီလွှတ်တော်ထဲကနေ လူထုရဲ့ အသံ၊ ပြည်သူတွေရဲ့ နာကျင်မှုကို အနည်းနဲ့အများတော့ တရားဝင် ပြောခွင့်ရလာတယ်။ အဲဒီလို လွှတ်တော်ထဲကနေ တရားဝင် ပြောကြတာ ဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ဒါကို မကြားချင်ယောင်ဆောင်ချင်ဆောင်မယ်၊ လုံးဝ ပိတ်ပင်တားဆီးလို့တော့ မရခဲ့ဘူး။
.. အဲဒီလို လွှတ်တော် လမ်းကြောင်း၊ နိုင်ငံရေး လမ်းကြောင်း ကနေပဲ ပြည်သူ့အသံနဲ့ ပြည်သူ့လွတ်လပ်ခွင့်တွေကို တစ်စစ ချဲ့ယူသွားရမှာပါ။ နိုင်ငံရေးဆိုတာ ပါးစပ်က ပြောသလောက် မလွယ်ဘူးဗျ။ အခွင့်အရေးဆိုတာ တစ်ပြိုင်နက်တည်း အကုန်ရတာမျိုး မဟုတ်ဘဲ နည်းလမ်းတကျ ဖဲ့ယူရတာမျိုး ဖြစ်ပါတယ်။
ကျွန်တော် အာဏာရှင်စနစ်ကို လုံးဝ (လုံးဝ) မကြိုက်ခဲ့ပါဘူး။
ဒါပေမယ့်... အာဏာရှင်ကို မကြိုက်ဘူးဆိုတိုင်း လက်နက်ကိုင် တော်လှန်ပုန်ကန်သူပုန် လမ်းစဉ် ကိုထောက်ခံတာမျိုးလည်း မဟုတ်ပါဘူး ။ လက်နက်ကိုင်တော်လှန်ေရးလမ်းစဉ်နဲ့ သွ းားမှ Democracy စနစ်ကို ရောက်မယ်လို့ မိတ်ဆွေတို့ ထင်နေရင်တော့... ကျွန်တော်အနေနဲ့ လုံးဝ (လုံးဝ) မယုံကြည်ဘူးလို့ပဲ ပြတ်ပြတ်သားသား ပြောပါရစေ။
အတိတ်သမိုင်းေတွကို ကြည့်ပါ။ လက်နက်ကိုင် လမ်းစဉ်ကို သုံးပြီးတော့ အာဏာရှင်စနစ်ကနေ Democracy စနစ်ကို အောင်အောင်မြင်မြင် ကူးပြောင်းနိုင်ခဲ့တဲ့ နိုင်ငံရေး ဖြစ်စဉ်ဆိုတာ ဒီကမ္ဘာပေါ်မှာ လက်တစ်ဖက် မပြည့်ဘူး။ အရမ်းကို နည်းလွန်းပါတယ်။
ကျွန်တော်တို့ အဝေးကြီး ကြည့်စရာ မလိုဘူး။ ။ အများစုက အာဏာရှင်ကို တော်လှန်ပါတယ်ဆိုတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ တော်လှန်ရေး ခေါင်းဆောင်တွေဟာ ကိုယ်တိုင် တော်လှန်ရေးလည်း အောင်မြင်ပြီး အာဏာလည်း ရရော...အာဏာရှင်ထက် ပိုဆိုး၊ ပိုပြီး အရုပ်ဆိုးတဲ့ အာဏာရှင်လက်သစ်တွေ ဖြစ်လာကြတာ ချည်းပါပဲ။အာဏာရှင်လက်သစ်တွေပဲ ထွက်ပေါ်လာတတ်တာပါ ။ ဒါဟာ ကျွန်တော် စိတ်ထင်တိုင်း စိတ်ကူးယဉ်ပြီး ပုတ်ခတ်နေတာ မဟုတ်ဘူးနော်။
ကျွန်တော် အခု ပြောလိုက်တာကို မယုံကြည်ဘူး၊ လက်မခံဘူး ဆိုရင်... ကွန်မန့်မှာ ခံစားချက်တွေနဲ့ လာမဆဲပါနဲ့။ အချိန်ကုန်ပါတယ်။ ကျွန်တော့်ဆီကို "သမိုင်းအချက်အလက်" ခိုင်ခိုင်မာမာနဲ့ လာငြင်းဖို့ေပြာချင်ပါတယ်။
ပထမဆုံး ဥပမာ - ပြင်သစ်တော်လှန်ရေး (French Revolution) ကို ကြည့်မလား။ ၁၇၈၉ မှာ ဘုရင်စနစ် အာဏာရှင်ကို ပြည်သူတွေက လက်နက်စွဲကိုင် တော်လှန်ခဲ့ကြတယ်။ အုပ်ချုပ်သူ ဘုရင်ကို ခေါင်းဖြတ်သတ်ခဲ့ကြတယ်။ ပြီးတော့ ဘာဖြစ်လဲ? တော်လှန်ရေး ခေါင်းဆောင် ရောဘတ် စပီးယား (Robespierre) အာဏာရလာတော့ "အကြောက်တရားနဲ့ အုပ်ချုပ်တဲ့ကာလ (Reign of Terror)" ဆိုပြီး တော်လှန်ရေးကို သဘောမတူတဲ့ ပြည်သူ သောင်းနဲ့ချီပြီး ခေါင်းဖြတ်စင်ပေါ် တင်ပြီး သတ်ခဲ့ပြန်ရော။ နောက်ဆုံး ဘယ်လောက်အထိ ဆိုးသွားလဲဆိုရင် နပိုလီယံ ဆိုတဲ့ စစ်အာဏာရှင် လက်အောက်ကို ပြန်ကျရောက်သွားတာပဲ။ ဒါ လက်နက်ကိုင် တော်လှန်ရေးရဲ့ သံသရာပဲ။
နောက်ထပ် အာဖရိကက ဥပမာတစ်ခု ပေးမယ်။ ဇင်ဘာဘွေ (Zimbabwe) နိုင်ငံကို ကြည့်ပါ။ ရောဘတ် မူဂါဘီ (Robert Mugabe) ဆိုတာ ဇင်ဘာဘွေ ပြည်သူေတွ လွတ်မြောက်ရေးအတွက်၊ အာဏာရှင်စနစ်ကို ဖြုတ်ချဖို့အတွက် တောထဲဝင်ပြီး လက်နက်ကိုင် တော်လှန်ခဲ့တဲ့ တော်လှန်ရေးသူရဲကောင်းကြီးဗျ။ ပြည်သူတွေကလည်း တခဲနက် အားကိုးခဲ့ကြတယ်။ ဒါပေမယ့် သူ တော်လှန်ရေးအောင်လို့ အာဏာရလာတဲ့အခါမှာ ဘာဖြစ်သွားလဲ? ကမ္ဘာမှာ အဆိုးဆုံး၊ သက်တမ်းအရှည်ဆုံး သွေးစွန်းတဲ့ အာဏာရှင်ကြီး ဖြစ်သွားပြီး နိုင်ငံကို မွဲပြာကျအောင် လုပ်သွားခဲ့တယ်။
ကျနော်တို့ အာရှတိုက်ထဲက ကမ္ဘောဒီးယား ကို ကြည့်မလား။ ပိုပေါ့နဲ့ ခမာနီ (Khmer Rouge) အဖွဲ့ဟာ အာဏာရှင် လွန်နောလ် (Lon Nol) ကို ဖြုတ်ချဖို့ တောထဲကနေ လက်နက်ကိုင် ပုန်ကန်တော်လှန်ခဲ့တာပဲ။ "ပြည်သူ့အတွက်" ဆိုတဲ့ ကြွေးကြော်သံနဲ့ တက်လာတာ။ ဒါပေမယ့် ပိုေပါ့ (Pol Pot) နဲ့ ခမာနီတွေ အာဏာရလာတဲ့အခါ ကိုယ့်ပြည်သူကိုယ် ပြန်သတ်တာ လူဦးရေ သန်းချီ သေဆုံးခဲ့ရတယ်။ တကယ်ပညာ့တတ် လူတန်းစားတွေ ငွေးကြေးချမ်းသာကြွယ်ဝသူတွေ ရပ်ကျိုးရွာကျိုး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့လူတွေကို ရွေးပြီး သတ်ခဲ့ကြတာနော် ဘယ်လောက်ရက်စက်လိုက်သလဲ စဉ်းစားသာကြည့်ပါ ။
ဒါတွေဟာ ကျွန်တော် လုပ်ကြံပြောနေတာ မဟုတ်ဘူး။ ကမ္ဘာ့သမိုင်းက အထင်အရှား သက်သေပြနေတာ။ လက်နက်ကိုင်ပြီး အာဏာလုတဲ့ ဘယ်တော်လှန်ရေးမဆို အာဏာရလာတဲ့အခါ သေနတ်ပြောင်းဝဟာ ပြည်သူ့ဘက်ကို ပြန်လှည့်လာတတ်စမြဲပဲ။အာဏာမရသေးတာတောင် ပြည်သူ့အပေါ် အနိူင်ကျင့်ဗိုလ်ကျနေတာတွေတောင် အများကြီးပါပဲ ။ ဘာလို့လဲဆိုတော့ သေနတ်ကိုင်ထားတဲ့သူဟာ စားပွဲဝိုင်းပေါ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲထက် သေနတ်မိုးပြီး အမိန့်ပေးရတာကို ပိုပြီးလုပ်တာမို့လို့ပါပဲ။
"ဒါဆို အာဏာရှင်ကို ဒီအတိုင်း ငြိမ်ခံနေရမှာလား" လို့။ မေးစရာရှိလာပါလိမ့်မယ် ကျွန်တော်အဓိက ပြောတာက နိုင်ငံရေးနည်းလမ်း၊ အကြမ်းမဖက်တဲ့ လမ်းစဉ်နဲ့ သွားရမယ်လို့ ပြောချင်တာ။
ကမ္ဘာပေါ်မှာ ဒီမိုကရေစီ အောင်အောင်မြင်မြင် ကူးပြောင်းနိုင်ခဲ့တဲ့ နိုင်ငံတွေကို ပြန်လေ့လာကြည့်ပါ။
တောင်အာဖရိက (South Africa): နယ်လ်ဆင် မင်ဒဲလား (Nelson Mandela) ဟာ လူဖြူအစိုးရရဲ့ ဖိနှိပ်မှုကို ခံခဲ့ရပေမယ့် နောက်ဆုံးမှာ လက်နက်ကိုင်ပြီး အကုန်သတ်ပစ်တဲ့ လမ်းစဉ်ကို မရွေးဘဲ၊ အကြမ်းမဖက်တဲ့ လမ်းစဉ်နဲ့နိုင်ငံရေး စားပွဲဝိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေပဲ တောင်အာဖရိကကို ဒီမိုကရေစီနိုင်ငံ ဖြစ်အောင် တည်ဆောက်သွားခဲ့တယ်။
ပိုလန် (Poland):ကွန်မြူနစ် အာဏာရှင်စနစ်ကို လော့ ဝေလဆာ (Lech Wałęsa) ရဲ့ သမဂ္ဂလှုပ်ရှားမှု၊ ပြည်သူ့အင်အား၊ နိုင်ငံရေး ဆွေးနွေးမှုတွေနဲ့ပဲ သွေးမထွက်သံယို ဒီမိုကရေစီဆီ ကူးပြောင်းနိုင်ခဲ့တယ်။
ဒါကြောင့် ကျွန်တော်က လွှတ်တော် လမ်းကြောင်းကို အလေးထားတာပါ။ အမှားအယွင်းတွေ၊ အားနည်းချက်တွေ ရှိနေပါစေဦး... လွှတ်တော်ဆိုတာ နိုင်ငံရေးအရ စကားပြောလို့ရတဲ့၊ ပြည်သူ့အသံကို တရားဝင် ချဲ့ယူလို့ရတဲ့ နိူဂ်ငံတော်ရဲ့ တစ်ခုတည်းသော တရားဝင် စင်မြင့်ပဲ။ သေနတ်သံတွေကြားမှာ မဟုတ်ဘဲ ဥပဒေဘောင်ထဲကနေ အချင်းချင်း အငြင်းအခုန်လုပ်ပြီး အဖြေရှာရတဲ့ စနစ်ကိုပဲ Democracy လို့ ခေါ်တာပါ။
နောက်ဆုံးအနေနဲ့ ကျွန်တော် တစ်ခုပဲ ပြောချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် "Democracy လိုလားပါတယ်၊ ပြည်သူ့အတွက်ပါ" လို့ အမြဲတမ်း ကြွေးကြော်နေပြီးတော့... တကယ်တမ်း လက်နက်မရှိတဲ့၊ အမြင်မတူတဲ့ ပြည်သူအချင်းချင်းကျတော့ လက်နက်ကြီးတွေနဲ့၊ သေနတ်တွေနဲ့ ခြိမ်းခြောက်တာ၊ အကျပ်ကိုင်တာမျိုးကတော့... တကယ်ကို မရိုးသားတဲ့ လုပ်ရပ်ပါပဲ။
တကယ်လို့ အဲဒီလို လုပ်နေကြဦးမယ်ဆိုရင်တော့...
နိူင်ငံရေးသမားလူထွက် တော်လှန်ရေးသမားတွေကို ပြောချင်တာက "ရှက်တတ်ရင် တကယ် ရှက်စရာကောင်းပါတယ်" လို့ ကျွန်တော် ရှင်းရှင်းလင်းလင်းပဲ ပြောပါရစေ။
Democracy ဆိုတာ အမြင်မတူတာကို လက်ခံနိုင်ခြင်းက စတာပါ။ သေနတ်ပြောင်းဝကနေ ဒီမိုကရေစီဆိုတာ ဘယ်တုန်းကမှ ထွက်မလာဘူး။ အာဏာရှင်အသစ်ပဲ ထွက်လာတာ။
ကျွန်တော် အခု တင်ပြသွားတဲ့ အချက်အလက်တွေ၊ သမိုင်းကြောင်းတွေကို မိတ်ဆွေတို့ ဘယ်လိုမြင်ပါသလဲ။ လက်ခံနိုင်လား၊ လက်မခံနိုင်ဘူးလား။ ကျွန်တော် စောစောက ပြောသလိုပဲ၊ အချက်အလက် ခိုင်ခိုင်မာမာနဲ့ ငြင်းချင်ရင် အောက်က ကွန်မန့်မှာ ယဉ်ယဉ်ကျေးကျေးနဲ့ လာရောက် ဆွေးနွေးနိုင်ပါတယ်။ ကျွန်တော် စောင့်နေေပးပါမယ်။
ဒီနေ့အတွက်တော့ ဒီလောက်ပ
ါပဲ။ အားလုံးကို ကျေးဇူးတင်ပါတယ်။


No comments:
Post a Comment