: အညာမြေက သင်ခန်းစာနဲ့ ပသစ ရွာတွေရဲ့ မဟာဗျူဟာမြောက် ခံစစ်
မင်္ဂလာပါ ဗျာ။ ကျွန်တော့်ရဲ့ Channel ကနေ ပရိသတ်အားလုံးကို ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီနေ့ ကျွန်တော် ထိုင်ပြီး စကားပြောချင်တဲ့ အကြောင်းအရာကတော့ လက်ရှိ အညာမြေ၊ အထူးသဖြင့် ပေါက်နဲ့ မြိုင်နယ်စပ်က ပသစ (ပြည်သူ့စစ်) ရွာတွေမှာ တကယ် ဖြစ်ပျက်နေတဲ့ စစ်ရေးအခြေအနေတွေနဲ့ ရန်သူ့ရဲ့ စနစ်တကျရှိလှတဲ့ ဗျူဟာတွေအကြောင်းပဲ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း သုံးသပ်ဖို့ လိုနေပါပြီ။ လိုင်းပေါ်ကေပါက်ကရသတင်းတွေအတိုင်း မဟုတ်ဘဲ မြေပြင်မှာ တကယ်ဘာတွေ ဖြစ်နေလဲဆိုတာကို အချက်အလက်နဲ့ မျှမျှတတနဲ့ အားလုံး နားလည်အောင် ပြောပြသွားပါမယ်။
မိတ်ဆွေတို့ သိတဲ့အတိုင်းပဲ... အခု ပေါက်မြို့နယ်မြိုင်မြို့နယ်ဘက်က သရက်ကန်နဲ့ ကုက္ကိုစုလို ပသစရွာတွေကို တိုက်ခိုက်သွားတဲ့ ရန်သူ့ရဲ့ နည်းဗျူဟာက ရိုးရိုးလေး မဟုတ်ပါဘူး။ တော်တော်လေးကို စနစ်တကျ ရှိခဲ့တာကို တွေ့ရတယ်။ ကျွန်တော်တို့ ဒီအချက်ကို လျှော့တွက်လို့ လုံးဝ မရဘူး။
စနှိုက်ပါတွေ RPGတွေ လက်နက်ကြီးတပ်တွေ နဲ့ ဒရုန်းတပ်ဖွဲ့တွေ(ဒရုန်းတပ်ဖွဲ့ဆိုတာက ဒရော့ဗုံးချတာရော ကင်းထောက်တာရောပါဝင်ပါတယ် ) နောက်ပြီးတော့ ပွိုင် 5 လေယာဉ်ပစ်တွေပါ ပါဝင်တာကိုတွေ့ရပါလိမ့်မယ် ။
ဒါဟာ ရန်သူထုတ်ပြန်တဲ့ မူဗီတွေကိုပဲ ကြည့်ပြီး ပြောတာပါ ။
နောက်တစ်ခုက ရန်သူ့ရဲ့ စနစ်တကျရှိလာတဲ့ ဖြတ်တောက်ရေး ဗျူဟာ
သူတို့ ရွာတစ်ရွာကို မတိုက်ခင်မှာ ဘာတွေ အရင်လုပ်လဲ?
> ပထမဆုံးအဆင့်ကတော့ ဆက်သွယ်ရေး လိုင်းအားလုံးကို ဖြတ်တောက်တာပဲ။ ဖုန်းလိုင်းတွေ အကုန်ဖြတ်တယ်၊ ဆက်သွယ်ရေး တာဝါတိုင်တွေကို လိုက်ချိုးပစ်တယ်။ ရွာထဲကလူတွေ အပြင်ကို အဆက်အသွယ် လုံးဝမရအောင် အရင်ပိတ်ဆို့လိုက်တာ။ အဲဒီနောက်မှာ စစ်ကူလာနိုင်မယ့် လမ်းကြောင်းတွေ အားလုံးကို အခိုင်အမာ ပိတ်ဆို့ထားလိုက်တယ်။
>
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူးဗျ။ တိုက်ပွဲ ပထမနေ့နဲ့ ဒုတိယနေ့မှာ သူတို့ ဘာလုပ်လဲဆိုတော့ နယ်ခံ PDF တွေကို အလုံးအရင်းနဲ့ အရှေ့ကနေ အရင်တိုက်ခိုင်းတယ်။ တစ်ရွာလုံးကို ဒရုန်းတွေနဲ့ ဒရော့ဗုံးတွေ တရစပ် ကြဲတော့တာပဲ။
ဒီနေရာမှာ တစ်ခုပြောချင်တာက မြိုင်နယ် လက်ယက်ရွာမက ထုတ်လုပ်တဲ့ ဒရော့ဗုံးသီးတွေက တော်တော်လေး အောင်မြင်တယ်လို့ သိရတယ်။ အဲဒီ ဗုံးသီးတွေကို သုံးပြီး ကျွန်တော်တို့ ပသစတွေရဲ့ ခံနိုင်ရည် စွမ်းအားနဲ့ ကျည်ဆန်တွေကို ကုန်သွားအောင် ဖြုန်းပစ်တဲ့ ဗျူဟာကို သုံးသွားတာဗျ။
ပသစရွာေတွရဲ့ ရဲဝံ့စွာ ခုခံမှုနဲ့ Suicide Drone ရဲ့ အန္တရာယ်အကြောင်း
ဒါပေမဲ့ ကျွန်တော်တို့ ပသစတွေကလည်း လွယ်လွယ်နဲ့ အရှုံးမပေးခဲ့ပါဘူး။ ရဲရဲဝံ့ဝံ့ ခုခံခဲ့ကြသလို တပ်မတော်ရဲ့ လေယာဉ်ပစ်ကူ ၂၃ ကြိမ်အထိ ရရှိခဲ့တာကြောင့် ရန်သူလည်း တော်တော်လေး အထိနာပြီး အကြိမ်ကြိမ် လန်ကျသွားခဲ့ရတာ။
လေယာဉ်ဒဏ်ကို ခံနိုင်ဖို့အတွက် ကိုယ်စီ တစ်ယောက်ပစ်ကျင်းတွေ တူးပြီး ကြံ့ကြံ့ခံ တိုက်ပွဲဝင်ခဲ့ကြတာ။ ဒါက တကယ်တော့ AA ရဲ့ ဗျူဟာမျိုးပေါ့ဗျာ။
ဒါပေမဲ့ မိတ်ဆွေတို့ရေ... တိုက်ပွဲ နောက်ဆုံးနေ့ကို ရောက်လာတဲ့အခါမှာ မိမိဘက်က ပစ်အားတွေ ကျဆင်းလာပြီ။ ကျည်လည်း နည်းလာပြီ။ အဲဒီအချိန်ကျမှ AA နဲ့ ချင်းအဖွဲ့တွေက အဓိက ဘန်ကာကြီး နှစ်ခုကို အဓိကထားပြီး RPGတွေ ဒရော့ဗုံးတွေ အများကြီးသုံးပြီး ဝင်တိုက်တော့တာပဲ။ တစ်ဖက်ကလည်း PDF တွေက တခြားနေရာအစုံကို ယောင်ပြတိုက်ကွက်တွေ ဖော်ကြတယ်။ ဒီနေရာမှာ စိတ်မကောင်းစရာက ရွာခံ PDF တွေက လမ်းပြလုပ်ပေးကြတာဗျ။
အဲဒီလို ပစ်အားကျပြီး ဘန်ကာတွေကို အသည်းအသန် ခုခံနေရတဲ့ အချိန်ကျမှ သူတို့က **Suicide Drone (အသေခံဒရုန်း)** တွေကို စသုံးပါတော့တယ်။ ဒီ Suicide Drone တွေက ဘန်ကာတွေရဲ့ ရှေ့ကလာတာ မဟုတ်ဘူး။ နောက်ပေါက်တွေကနေ အတင်းတိုးဝင်ပြီး ပေါက်ကွဲပစ်တာ။ ဒါကြောင့်မို့လည်း နောက်ဆုံးမှာ မိမိရဲ့ ခံစစ်ဘန်ကာတွေ ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။
ကုက္ကိုစုရွာဆိုရင် နောက်ဆုံးအဆင့် ဘုန်းကြီးကျောင်းထဲအထိ ဆုတ်ပြီးတော့ကို ခံစစ်ဆင် ခုခံခဲ့ကြတာဗျာ။ ရန်သူ့အင်အား ထောင်ချီကို သုံးရက်တိတိ ကြံ့ကြံ့ခံပြီး အသက်နဲ့လဲကာ တိုက်ခိုက်ခဲ့တဲ့ ကျွန်တော်တို့ ပသစတွေရဲ့ စွမ်းရည် သတ္တိကတော့ တကယ်ကို လေးစားစရာပဲ ဖြစ်ပါတယ်။
၃။ ရင်နာစရာ ကောက်ကျစ်မှုနဲ့ သွေးခွဲခြင်း
ကဲ... တိုက်ပွဲအပြီး မြေပြင်အခြေအနေတွေကို ဆက်ပြောပြမယ်။ ရန်သူတွေက မီဒီယာတွေ၊ Movie တွေထဲမှာတော့ ရွာသားတွေကို အရှင်ရိုက်ပြပြီး ကောင်းမွန်စွာ ကိုင်တွယ်သလိုလို ဘာလိုလို ပြနေကြတာ။ ဒါပေမဲ့ တကယ်တမ်း အခုနောက်ပိုင်းမှာတော့ တစစနဲ့ ရက်ရက်စက်စက်ကို ရိုက်နှက်ညှင်းပမ်းသတ်ပစ်ကြတာပါဗျာ။
ပသစတွေက မြိုင်-ပေါက် နယ်စပ်က "ဆေးပင်ကြီး" 'ကျောက်လုံးရွာ' အထိ ထွက်ေပြးကြပြီး အဲ့ဒီကျောက်လုံးရှာအစွန်မှာပဲ ရန်သူက ဖမ်းဆီးခေါ်ဆောင်သွားပြီး နေတိုင်း နှိပ်စက်သတ်ဖြတ်နေကြပါတယ်။ အဲဒီလို နှိပ်စက်တာကို ရွာထဲက ကြည့်ချင်တဲ့သူတွေ တခြားရွာတွေက ကြည့်ချင်တဲ့လူတွေကိုခေါ်ပြပြီး အမျိုးမျိုး နှိပ်စက်နေကြတယ်တယ်လို့ သိရပါတယ် ။ မကြည့်ရဲတဲ့ ရွာသူရွာသားတွေ နှိပ်စက်ခံရ လို့ အော်ဟစ်နေကြတဲ့အသံတွေကို မကြားရဲ နားထောင်ရဲတဲ့ ရွာသူရွာသားတွေကိုတောင် ရွာပြင် ထွက်နေခိုင်းတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။
ဒီနေရာမှာ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောချင်တာ တစ်ခုရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဗမာစစ်စစ် အညာသားစစ်စစ်တစ်ယောက်ပါပဲ ။ကျနော်ဗမာချင်း အညာသားအချင်းချင်း အခုလိုတွေ သတ်ဖြတ်နေတာမျိုးကို လုံးဝအားမပေးပါဘူး ။ ဒါပေမဲ့ ကျွန်တော် ရဲရဲကြီး ပြောရဲတယ် ဒီကိစ္စတွေရဲ့ မူရင်းလက်သည်တရားခံတွေထဲမှာ ချင်းသူပုန်နဲ့ ရခိုင်သူပုန်တွေက လူအား လက်နက်ခဲယမ်းအားနဲ့ စစ်နည်းဗျုဟာတွေ အများကြီးပါဝင်ပတ်သတ်မှုတွေ ရှိနေတယ် ဆိုတာ ငြင်းစရာမရှိပါဘူး ။ ရခိုင်သူပုန် ချင်းသူပုန်နဲ့ ကချင်သူပုန်တွေကို အမြစ်ပြတ်မရှင်းသေးသမျှတော့ အညာဟာ အခုလို သေကြေပျက်ဆီးမှုတွေနဲ့ ရင်ဆိုင်နေရအုံးမှာပါပဲ ။
ကျွန်တော် အညာပဒတ် (PDF) တွေကို ကြည့်ပြီး တော်တော်လေး အံ့ဩမိသလို ရင်လည်း နာရတယ်ဗျာ။ အညာဒေသက ရွာတွေဆိုတာ တစ်ရွာနဲ့တစ်ရွာ အိမ်ဦးနဲ့ ကြမ်းပြင်လို နီးကပ်နေတာ။ တစ်နယ်လုံးမှာ ရှိတဲ့ ပသစတွေနဲ့ PDF တွေဆိုတာ ဆွေမျိုးမကင်းကြဘူး။ တစ်အိမ်တည်း၊ တစ်ရွာတည်းသားတွေ ဖြစ်ကြတာများတယ်။
မိမိအတွက် လက်နက်အာဏာ ရလိုမှု တစ်ခုတည်းနဲ့၊ တခြားဒေသက လူမျိုးခြား တိုင်းရင်းသားတွေရဲ့ ခိုင်းစေမှုကို ခံပြီး မိမိရဲ့ ဒေသခံ ရပ်ဆွေရပ်မျိုး အချင်းချင်း၊ အညာသားအချင်းချင်းကို ရက်ရက်စက်စက် လုပ်ရက်ကြလေခြင်းလို့ တွေးမိပါတယ်ဗျာ။ ဒါဟာ တိုင်းရင်းသားတွေရဲ့ အညာမြေကို သွေးခွဲတာ သက်သက်ပဲ မဟုတ်လား။ အခုဆို အညာမှာ ဆေးခြောက်စိုက်တာတွေ မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေကလည်း ပေါ်ပေါ်တင်တင်ဖြစ်လာတာ စိတ်မကောင်းစရာပါပဲ ။ အရက်က နယ်စပ်ဒေမှာပဲ ရနိူင်တဲ့ မူးယစ်ဆေးဝါးတွေက အညာလူငယ်တွေရဲ့ လက်တကမ်းမှာ ရောက်လာခဲ့တာ 2022/2023 နောက်ပိုင်းတွေက ပိုလို့ ဆိုးရွားလာတာ မြက်ရတွေ့ရပါတယ် ။
ပေါက်နယ် ကုက္ကိုစုရွာ ဖြစ်စဉ်မှာ
အစပိုင်းမှာတော့ PDF တချို့က မိမိနယ်သား အချင်းချင်း ပြန်သတ်ရမယ့် အလုပ်ကို ငြင်းကြသေးတယ်လို့ သိရတယ်။ နောက်ဆုံးတော့လည်း NUG ဝန်ကြီးတွေ ပသုံးလုံးက တာဝန်ရှိသူေတွ ခိုင်းတဲ့အတိုင်း လိုက်လုပ်ကြရတာပါပဲ။
မိတ်ဆွေတို့... ရန်သူ အကြမ်းဖက်သမား သူပုန်သူကန် NUG PDF ဒီလောက်နဲ့တင် ရပ်သွားမှာ မဟုတ်ဘူးနော်။ ဒါကို ကျနော်တို့က သတိကြီးကြီး ထားရပါမယ် ။ အခုလည်း သူတို့က အကွက်ချပြီး ဆက်လုပ်ဖို့ ပြင်နေကြပြီ။
* **ပေါက်နယ်က:** ဒီးဒုတ်ကွင်း၊ ယာကြီးပြင်၊ ဘုရားတောင်၊ ပင်ထောင်၊ သစ်ချိုကုန်း၊ တပ်ကုန်း စတဲ့ ပြည်သူ့စစ်ရွာတွေ။
* **မြိုင်နယ်က:** ကန်နီ နဲ့ တွင်းမ စတဲ့ ပသစရွာတွေ။
ပခုက္ကူ ကမ္မ မြစ်ခြေ က ပြည်သူ့စစ်ရွာ
ရွာတွေကို ဆက်ပြီး တိုက်ခိုက်ဖို့ သူတို့ ပြင်ဆင်နေကြပါတယ် ။
ပြီးခဲ့တဲ့ ရက်ကပဲ မြစ်ခြေရဲစခန်း ထပ်ကျပါတယ် ။
မြစ်ခြေနဲ့အနီးက အောင်သာ မှိုက်ပင်ကုန်း နဲ့ တန့်ကြည့်တောင်ပေါ်က ဆိက္ခဝတွေတွေအတွက်လည်း သေသေချာချာလေး ခံစစ်စည်းတွေ ပြင်ဆင်ကြရမှာ ဖြစ်သလို ရန်သူကိုလည်း လျှော့မတွက်ကြဖို့ လိုအပ်ပါတယ် ။
ဘာလို့လဲဆိုတော့ အညာဒေသကြီး တစ်ခုလုံး ထကြွလှုပ်ရှားနေမှ AA နဲ့ ချင်းအဖွဲ့တွေအတွက် သက်သာမှာကိုးဗျ။ သူတို့ သက်သာဖို့ အညာမြေကို မြေစာပင် လုပ်နေကြတာ။
ဒါကြောင့် အခုအချိန်မှာ ပသစရွာတွေ အားလုံးအနေနဲ့ သရက်ကန်နဲ့ ကုက္ကိုစု တိုက်ပွဲကို သင်ခန်းစာယူရပါမယ်။ သင်ခန်းစာယူပြီး ခံစစ်တွေကို အစွမ်းကုန် ပြင်ဆင်ထားကြဖို့ လိုအပ်နေပြီ။ အထူးသဖြင့်-
၁။ **SD (Suicide Drone) ဒဏ်ကို ခံနိုင်မယ့် ခံစစ်တုံးတွေ၊ ဘန်ကာတွေ ဖြစ်ဖို့လိုတယ်။**
၂။ **ဆသရ (ဆက်သွယ်ရေး) လိုင်းတွေ မပျက်တောက်အောင် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားရမယ်။**
ထူးခြားတာရှိရင် အချိန်မရွေး ဖုန်းဆက် အကြောင်းကြားဖို့လည်း အချိတ်အဆက်တွေ လုပ်ထားရပါမယ်။ မနေ့ကလည်း တပ်မတော်ကနေ လေကြောင်းကတစ်ဆင့် ခဲယမ်းနဲ့ ရိက္ခာတွေကို ဖြည့်တင်းပေးနေတာ ရှိပါတယ်။
ဒါတောင် ရဟတ်ယာဉ်အပစ်ခံရတယ် ဆိုပြီး နိပိတ်မီဒီယာတွေ လော်ဘီတွေ အော်နေတာ တွေ့ရပါတယ် ဒါပေမယ့် အတည်ပြုလို့တော့ မရသေးပါဘူး ။
ဒီကြားထဲကမှ ကျွန်တော် ကြားခဲ့ရတဲ့ တကယ့် ဝမ်းနည်းစရာ အကြောင်းလေးတစ်ခု ပြောပြဦးမယ်။
ပသစရွာတွေက ကာကင်းတွေ၊ ဘန်ကာတွေမှာ အရင်က အမြဲရှိနေကျ ခွေးတွေ၊ ကြောင်တွေ အခု ဘယ်ရောက်ကုန်ပြီလဲ သိလား? တစ်ကောင်မှ မရှိတော့ဘူးတဲ့ဗျာ။ ကျွန်တော်တို့ လူတွေက သတ်စားလိုက်ကြတာလားဆိုတော့ မဟုတ်ဘူး။
မြေပြင်က ပသစ ရဲဘော်တစ်ယောက်က ပြောပြရှာတယ်... *"အကိုရယ်... လူတောင် ယဲ့ယဲ့လေး ကျန်တာ၊ ခွေးတွေ ကြောင်တွေခမျာ ဘယ်ခံနိုင်မှာလဲ... အစာမရှိဘဲ အလိုလို ငတ်သေကုန်ကြတာပေါ့ဗျာ"* တဲ့။ အိမ်မွေးတိရစ္ဆာန်ဆိုတာ အညာက ပသစရွာတွေအတွက် မျိုးသုဉ်းသွားသလောက် ဖြစ်နေပါပြီတဲ့ ။ ဒီစကားကို ကြားရတာ တကယ်ကို ဆွံ့အမိပါတယ်။ စစ်ရဲ့ ဘေးဒုက္ခက လူတွေတင်မကဘူး တိရစ္ဆာန်လေးတွေအထိပါ ရိုက်ခတ်ကုန်တာ။
ကဲ... ဘယ်လိုပဲ ဖြစ်ဖြစ်ဗျာ။ အခုအချိန်ကစပြီး ဘယ်အညာ ပသစရွာတစ်ရွာကိုမှ ရန်သူ့လက်ထဲ ထပ်ပြီး အပါခံလို့ လုံးဝ မရတော့ပါဘူး။
ကျွန်တော်တို့အားလုံး အချင်းချင်း အပြစ်တွေပဲ ထိုင်ပြောမနေကြဘဲ မိမိတို့ တတ်စွမ်းသမျှ နိုင်ရာတာဝန်ကနေ ကူညီပေးကြဖို့ အထူး လိုအပ်နေပါပြီ။
ကျွန်တော် အလေးအနက် တောင်းဆိုချင်တာက အညာက ပသစတွေကို လက်နက်တွေ တိုးမြှင့် မတပ်ဆင်ပေးနိုင်ရင်တောင်မှ၊
ဒါမှမဟုတ် မပေးချင်ရင်တောင်မှ... ပသစရွာတွေမှာ စစ်စခန်းတွေကို အခိုင်အမာ ဖွင့်လှစ်ပြီး **"အခြေခံ နယ်မြေ (Base Area)"** တွေ တည်ဆောက်ပေးဖို့ အရေးတကြီး လိုအပ်ပါတယ်။ ပြည်သူ့စစ်ရွာတွေအတွက် ရိက္ခာနဲ့ ဆက်သွယ်ရေးအတွက်ကိုလည်း အထူးအအလေးပေးပြီး ဆောက်ရွက်ပေးစေချင်ပါတယ် ။
အကယ်၍သာ ကျွန်တော်တို့ အခြေခံနယ်မြေတွေ ဆုံးရှုံးသွားရင် ရန်သူဟာ မော်စီတုံးဗျူဟာရဲ့ တတိယအဆင့် (Phase 3) လိုမျိုး အလုံးအရင်းနဲ့ ထိုးစစ်ဆင်တဲ့ အဆင့်ကို ကူးပြောင်းသွားနိုင်ပါတယ်။ ဒါက တကယ့် သတိပြုရမယ့် စစ်ရေးအန္တရာယ်ပါပဲ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က ကတုတ်ဘုရားကြီး တိုက်ပွဲတုန်းက ရန်ကုန်အစိုးရရဲ့ ကဏ္ဍမှာ ချန်လှပ်ထားခြင်း ခံခဲ့ရတဲ့ ပသစ (ရဲဘော်ဖြူ) တွေရဲ့ သမိုင်းကြောင်းကို မသိဘဲနဲ့ အခု ပသစတွေကို အလွယ်တကူ မပစ်ပယ်လိုက်ပါနဲ့လို့ ထပ်ပြီးတော့ တောင်းဆိုပါရစေ။
အညာ ပသစရွာတွေမှာ အခြေခံ ခံစစ် အမာခံ တပ်စခန်းတွေကို အမြန်ဆုံး တည်ဆောက်ပေးသင့်ပါတယ်။ ဒါဟာ အခု ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကရတဲ့ အဓိက သင်ခန်းစာေတွပါပဲ ။
နောက်ဆုံးအနေနဲ့ အားလုံးသိအောင် ပြောရရင်... ပဒတ်တွေ လူမှုကွန်ရက်မှာ သတင်းလွှင့်နေသလို သူတို့ဘက်က အထိအခိုက် မရှိဘဲ အောင်ပွဲရနေတာမျိုး လုံးဝ မဟုတ်ပါဘူး။ မိမိဘက်က ရဲရဲဝံ့ဝံ့ ခုခံခဲ့လို့ ရန်သူ အထိနာခဲ့တာတွေ အများကြီး ရှိပါတယ်။
ကျွန်တော်တို့ အားလုံး စည်းစည်းလုံးလုံးနဲ့ ခံစစ်ကို စနစ်တကျ ပြင်ဆင်ကြရပါမယ်။ အညာမြေကြီး ငြိမ်းချမ်းပါစေ။
ဒီနေ့အတွက်တော့ ဒီလောက်ပါပဲဗျာ။
ကျွန်တော့်ရဲ့ သုံးသပ်ချက်ကို သဘောကျ
ရင် Like & Share လုပ်ပေးကြပါဦး။ အားလုံးကို ကျေးဇူးတင်ပါတယ်။

No comments:
Post a Comment