Thursday, 4 June 2026

 : တိုင်းပြည်အနာဂတ်နဲ့ လက်နက်ကိုင်သောင်းကျန်းသူများ ချုပ်ငြိမ်းရေး


မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော်တို့ တိုင်းပြည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် ဖြစ်ပွားနေတဲ့ လူမျိုးစု လက်နက်ကိုင် ပဋိပက္ခတွေ၊ တိုင်းရင်းသားအမည်ခံ သောင်းကျန်းမှုတွေ... ဒါတွေ ဘာလို့ မပြီးနိုင်မစီးနိုင် ဖြစ်နေရတာလဲဆိုတာ မိဘပြည်သူတိုလည်း တွေးမိကြမှာပါ။ 

တည့်တည့်ပြောရရင်တော့ဗျာ... ကျွန်တော်တို့ တိုင်းပြည် တကယ် အေးချမ်းဖို့၊ ရေရှည်မှာ ကမ္ဘာ့အလယ်မှာ မျက်နှာပွင့်ဖို့ဆိုရင် ဒီလက်နက်ကိုင်လူမျိုးစု သောင်းကျန်းသူတွေ လုံးဝ ချုပ်ငြိမ်းသွားတဲ့အထိ တပ်မတော်အနေနဲ့ စစ်ရေးအရ ပြတ်ပြတ်သားသား ဖိအားပေးဖို့ အချိန်တန်နေပါပြီ။ 

ဘာလို့ ဒီလို ပြောရတာလဲ? 

သူတို့ တကယ်လုပ်နေတာတွေက ဘာတွေလဲ?

 ဒါတွေကို ကျွန်တော်တို့ အချက်အလက်နဲ့တကွ သေသေချာချာ ကြည့်ဖို့ လိုပါတယ်။


ကဲ... ပထမဆုံး အချက်ကို ကြည့်ရအောင်။ ကျွန်တော်တို့ မြေပြင် အခြေအနေကို ကြည့်လိုက်ရင် ဒီလူမျိုးစု လက်နက်ကိုင် တိုင်းရင်းသားသောင်းကျန်းသူ အများစုရဲ့ နောက်ကွယ်က အဓိက စီးပွားရေးဟာ ဘာလဲ အားလုံးသိကြပါတယ် ။ မသိချင်ယောင်ဆောင်နေကြလို့ပါ ။ 

မေ့နေတယ် ထင်လို့ အမုန်းခံပြီး ပြောပြပါ့မယ် 

တိုင်းပြည်ကိုရော၊ ကျွန်တော်တို့ရဲ့ ဗမာလူငယ်တွေကိုပါ စိတ်ဓာတ်ကော၊ ရုပ်ပိုင်းဆိုင်ရာပါ ပျက်စီးအောင် လုပ်နေတဲ့ **ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါး လုပ်ငန်းတွေ**ပဲ ဖြစ်ပါတယ်။


ပြောရရင် အားလုံးက ရိုးသားပါတယ် ဖြုစင်ပါတယ်တဲ့ တိုင်းရင်းသားတွေဟာ တိုင်းပြည်အတွက် တကယ် အလုပ်အကျွေးပြုနေတဲ့ ပြည်သူတွေ လုံးဝ မဟုတ်ပါဘူး။ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ ဘိန်းစိုက်တောင်သူတွေသာ ဖြစ်ပြီး၊ မူးယစ်ဆေးဝါးကို အကြီးအကျယ် ထုတ်လုပ်၊ ရောင်းချ၊ ဖြန့်ဖြူးနေကြတာပါ။ ဒါကိုတောင် တိုင်းရင်းသားတွေက ဖြုစင်ပါတယ် ရိုးသားပါတယ် လုပ်နေကြတာ တကယ်စိတ်ပျက်စရာ သိပ်ကိုကောင်းပါတယ် ။ 

> **"ဒီနေရာမှာ မေးစရာ ရှိတာက... ဒီ မူးယစ်ဆေးဝါးတွေ ဘယ်ကနေ ထွက်နေတာလဲ?"**

ရှင်းရှင်းလေးပါဗျာ။ အဲဒီ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်တွေ အုပ်ချုပ်စိုးမိုးထားတဲ့၊ သူတို့ ခြေရှုပ်နေတဲ့ နယ်စပ်ဒေသတွေကနေပဲ ထွက်နေတာ ဖြစ်ပါတယ်။ 

ဥပဒေစိုးမိုးမှု မရှိတဲ့ နယ်မြေတွေ ဖန်တီးပြီး ကမ္ဘာ့အဆင့် မူးယစ်ဆေးဝါး အချက်အချာနေရာတွေ ဖြစ်အောင် သူတို့ လုပ်ခဲ့ကြတာ။

 ဒါဟာ တိုင်းရင်းသားအရေးကို အကြောင်းပြ၊ လက်နက်ကိုင်ပြီး ကိုယ်ကျိုးရှာနေကြတာ သက်သက်ပဲ မဟုတ်ဘူးလား။ ကိုယ်ကျိုးစီးပွားတွေအတွက် တိုင်းပြည်နဲ့ပြည်သူလူထုအပေါ် အဆိပ်ခတ်နေကြတာ မဟုတ်ဘူးလား ။ ကျနော်ရှင်းရှင်းနဲ့ ပြတ်ပြတ်ပဲ မေးချင်ပါတယ် ။ 


နောက်တစ်ချက်က ပိုဆိုးပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ရှိတဲ့ ရေ၊ မြေ၊ တော၊ တောင်က ထွက်တဲ့ အဖိုးတန် ပြည်တွင်း သံယံဇာတ ကိစ္စပါ။ ဒါတွေဟာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူပြည်သား အားလုံး ပိုင်ဆိုင်တဲ့ အရာတွေပါ။

ဒါပေမဲ့ ဒီကနေ့ မြေပြင်မှာ ဘာဖြစ်နေလဲ? 

အဲဒီ လက်နက်ကိုင်အဖွဲ့တွေဟာ သူတို့ စိုးမိုးထားတဲ့ နယ်စပ်ဒေသ မှောင်ခိုဈေးကွက်တွေကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ သစ်တောတွေ၊ တွင်းထွက်ရတနာတွေကို အိမ်နီးချင်းနိုင်ငံတွေဆီ **"သူခိုးဈေး"** နဲ့ မှောင်ခို ထုတ်ရောင်းနေကြတာပါ။ တကယ်ဝမ်းနည်းစရာပါဗျာ ။ 

ပြောချင်တာက‌ဗျာ 

 * တိုင်းပြည်က ရသင့်ရထိုက်တဲ့ အခွန်အခတွေ ဆုံးရှုံးတယ်။

 * နိုင်ငံတော် ဘဏ္ဍာ ဖြစ်မလာဘဲ သူတို့ လက်နက်ဝယ်ဖို့၊ အဖွဲ့အစည်း ခိုင်မာဖို့အတွက်ပဲ သုံးစွဲသွားတယ်။ ဒါတွေကလည်း စစ်ပွဲတွေ တိုက်ပွဲတွေကြောင့် ပြည်သူတွေကိုပဲ ပိုပြီးဒုက္ခပေးနေကြတာပါ ။ 

 * သူခိုးဈေးနဲ့ ရောင်းတော့ အိမ်နီးချင်းနိုင်ငံတွေက ချမ်းသာသထက် ချမ်းသာလာပြီး၊ ကျွန်တော်တို့ တိုင်းပြည်ကတော့ သံယံဇာတလည်း ကုန်၊ပြည်သူတွေက ဆင်းရဲတွင်းလည်း နက်သထက် နက်လာတာပေါ့ဗျာ။

ဒါကြောင့်မို့လို့ ကျွန်တော် လေးလေးနက်နက် သုံးသပ်ချင်တာက... ဒီလို ကိုယ်ကျိုးရှာ တိုင်းဖျက်ပြည်ဖျက် လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေဟာ ကျွန်တော်တို့ တိုင်းပြည်မှာ **နောက်ထပ် ရှိမနေသင့်တော့ပါဘူး။**


ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ? 

ဆွေးနွေးပွဲတွေ၊ ညှိနှိုင်းမှုတွေနဲ့တင် ပြီးသွားမလား?

 ကျွန်တော်တို့ သမိုင်းကို ပြန်ကြည့်ရင် နှစ်ပေါင်းများစွာ အကြိမ်ကြိမ် ညှိနှိုင်းခဲ့ပြီးပါပြီ။ 

ဒါပေမဲ့ သူတို့ဘက်က လက်နက်စွန့်ခဲ့ကြရဲ့လား။ 

မစွန့်ရုံတင်မကဘူး၊ ပိုပြီးတောင် အင်အားတောင့်တင်းအောင် လုပ်လာကြတယ်။ 

ဘာလို့လဲဆိုတော့ လက်နက်ရှိမှ မူးယစ်ဆေးဝါး လုပ်လို့ရမယ်၊ သံယံဇာတ ခိုးထုတ်လို့ရမယ်ဆိုတာ သူတို့ သိနေကြလို့ပဲ။

ဒါကြောင့်မို့လို့ လူမျိူစုလက်နက်ကိုင်၊ တိုင်းရင်းသားအမည်ခံ သောင်းကျန်းသူတွေ လုံးဝ ချုပ်ငြိမ်းသွားတဲ့အထိ တပ်မတော်အနေနဲ့ **စစ်ရေးအရ ပြတ်ပြတ်သားသား ဖိအားပေးဖို့** ကလွဲလို့ တခြား လမ်းမရှိဘူးလို့ ထင်ပါတယ် ။

ဥပဒေစိုးမိုးရေးကို တိတိကျကျ ဖော်ဆောင်ရပါမယ်။

အချုပ်အခြာအာဏာကို မြန်မာပြည်အနှံ ဖြန့်ကျက်နိူင်ဖို့ လိုအပ်ပါတယ် ။ 

 နယ်စပ်ဒေသတွေမှာ သူတို့ တည်ဆောက် အခြေဈုက်ထားတဲ့ မှောင်ခိုအင်ပါယာတွေကို စစ်ရေးအရ ဖြိုခွင်းပစ်မှသာ တိုင်းပြည်ရဲ့ စီးပွားရေးဟာ လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်လာမှာ ဖြစ်ပါတယ်။


ကဲ... နောက်ထပ် ကျွန်တော်တို့ မျက်ကွယ်ပြုထားလို့ လုံးဝမရတဲ့ အရေးကြီးဆုံး အချက်တစ်ချက် ရှိသေးတယ်ဗျ။ အဲဒါကတော့ အဲဒီဒေသတွေမှာ နေထိုင်ကြတဲ့ ဒေသခံ တိုင်းရင်းသားပြည်သူတွေရဲ့ လက်တွေ့ဘဝပဲ ဖြစ်ပါတယ်။

ဒီလက်နက်ကိုင်အဖွဲ့တွေက အမြဲတမ်း အသံကောင်းဟစ်ကြတယ်လေ... "ကျွန်တော်တို့က လူမျိုးစု တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်နဲ့ ဖက်ဒရယ်ဒီမိုက‌ေရစီ အတွက် တိုက်ပွဲဝင်နေတာပါ" ဆိုပြီးတော့ပေါ့။ 

ဒါပေမဲ့ မြေပြင်မှာ တကယ် ဒုက္ခရောက်ပြီး နင်းပြားဖြစ်နေရတာ ဘယ်သူတွေလဲ? 

အဲဒီဒေသက ရိုးသားပါတယ်ဆိုတဲ့ တိုင်းရင်းသားပြည်သူတွေကိုယ်တိုင်ပါပဲဗျာ။

သူတို့ တိုင်းရင်းသားအချင်းချင်းအပေါ်မှာ ဘာတွေလုပ်နေလဲဆိုတာ စဉ်းစားကြည့်ဦး။

အဓမ္မ လူသစ်စုဆောင်းတာမျိုး။ မိဘရင်ခွင်ထဲက ပညာသင်ရမယ့်အရွယ်၊ အနာဂတ်ရှိတဲ့ လူငယ်တွေကို သေနတ်အတင်းကိုင်ခိုင်းပြီး သူတို့ရဲ့ ခါးပိုက်ဆောင်တပ်ထဲ ဆွဲသွင်း‌ေနကြတယ်။

အခုမှ လုပ်လာတာမဟုတ်ဘူးနော် အရင် ဆယ်စုနှစ်တွေကတည်းက လုပ်လာကြတာ ။ 

သင်္ကန်းလေးစီးပေးပြီး ကျနော်တို့ဗမာဒေသမှာ စာလာသင်နေကြရပြီး နေနေရတာ ဗမာတိုင်းသိပါတယ် ။ အရွယ်ရောက်လာပြန်တော့လည်း မိသားစုကို ခြိမ်းခြောက်ပြီး ပြန်ခေါ်ပြီး စစ်ထဲသွင်းတာလည်း အားလူံးအသိပါပဲ ။ 

ကျနော်တို့ဗမာတွေသာ အခုမှ စစ်မှုထမ်းက ဘာဖြစ်တယ် ညာဖြစ်တယ် ပေါ်တာ မပေါ်တာက ဘာဖြစ်တယ်လို့ အော်နေကြတာ ။ အဲ့ဒီ လူမျိုးစုလက်နက်ကိုင် တိုင်းရင်းသားသောင်းကျန်းသူတွေက 

 မိသားစုမှာ ယောင်္ကျားလေးမရှိရင် မိန်းကလေးကိုပါ မချန် အတင်းအဓမ္မ ဖမ်းခေါ်သွားကြတာ။ ငြင်းဆန်ရင် မိသားစုပါ နေလို့မရအောင် အသက်အန္တရာယ် ခြိမ်းခြောက်ကြတယ်။

အဆမတန် ဆက်ကြေးကောက်တာ။ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့ လယ်သမား၊ ခြံသမား၊ လမ်းဘေးဈေးသည်ကအစ လမ်းသွားလမ်းလာ ကုန်တင်ကားတွေအဆုံး ဂိတ်တွေအလီလီချပြီး ဓားပြတိုက်သလို ဆက်ကြေးတွေ၊ ဂိတ်ကြေးတွေ တောင်းနေကြတာ။

စစ်တပ်ဂိတ် တစ်ထောင်နှစ်ထောင်ပေးရရင် ဘာဖြစ်တယ် ညာဖြစ်တယ် ပြောပြောနေတဲ့ဘကားသမားအများစုကလည်း အဲ့ဒီသူပုန်တွေက ဆယ်သိန်း ဆယ့်ငါးသိန်း တောင်းလည်း အပြုံးမပျက် ဘာမှမပြောရဲကြဘူး ။ အပြင်လဲမပြောရဲဘူး လိုင်းပေါ်လည်း မပြောရဲဘူး အတော်ရယ်ရတဲ့ကောင်တွေနော် ။ 

ထားပါ မဆိုင်တာတွေ မပြောတော့ဘူး ။ 

အဓိကပြောချင်တာက 

"ဒီလိုမျိုး လူမျိုးစုအလိုက် ကိုယ်ပိုင်လက်နက်ကိုင်အဖွဲ့တွေ နယ်မြေစိုးမိုးထားသရွေ့ အဲဒီဒေသက တိုင်းရင်းသားပြည်သူတွေဟာ ဘယ်တော့မှ စိတ်အေးလက်အေး မအိပ်ရသလို၊ ပညာရေး၊ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဝေးရော့ဗျာ။"

အခုဆို စစ်ပွဲတွေ တိုက်ပွဲတွေက ပိုပြီးတောင် ကျယ်ပြန့်လာတာတွေ တွေ့နေရပါတယ် ။ 


ဒါကြောင့်မို့လို့ ဒီလူမျိုးစုလက်နက်ကိုင်သောင်းကျန်းသူတွေ မူးယစ်ရာဇာ ရာဇဝတ်ဂိုဏ်‌းတွေလို အဖွဲ့အစည်းတွေ ကျနော်တို့တိုင်းပြည်မှာ မရှိတော့မှသာ နိုင်ငံတော်တစ်ခုလုံး တည်ငြိမ်‌ေအးချမ်းသာယာမှာတင်မကဘဲ အဲဒီဒေသမှာရှိတဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေပါ သေနတ်ပြ ခြိမ်းခြောက်ခံရတဲ့ ဓားစာခံဘဝကနေ လွတ်မြောက်မှာပါ။ သူတို့ရဲ့ သားသမီးတွေကို အေးအေးချမ်းချမ်း ကျောင်းထားနိုင်ပြီး အစစ်အမှန် စိတ်အေးရမယ့် လူမှုစီးပွားဘဝကို ပိုင်ဆိုင်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လူမျိုးစုလက်နက်ကိုင်သောင်းကျန်းသူတွေ မူးယစ်ရာဇာ ရာဇဝတ်ဂိုဏ်‌းတွေလို အဖွဲ့အစည်းတွေကို စစ်ရေးအရ အပြတ်အသတ် ဖိအားပေး နှိမ်နင်းပစ်ဖို့ လိုအပ်ပါတယ်လို့ ပြောချင်ပါတယ် ။ 


မိဘပြည်သူတို့ခင်ဗျာ... တိုင်းပြည်တစ်ခု တိုးတက်ဖို့ဆိုတာ အဓိကက တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှု ရှိဖို့ပါပဲ။ 

လူမျိုးစုလက်နက်ကိုင် တိုင်းရင်းသား သောင်းကျန်းသူတွေ မရှိတော့တဲ့တနေ့

၊ နယ်စပ်ဒေသတွေမှာ တရားမဝင် မူးယစ်ဆေးဝါးနဲ့ မှောင်ခိုလုပ်ငန်းတွေ ချုပ်ငြိမ်းသွားတဲ့တနေ့ဟာ ကျွန်တော်တို့ တိုင်းပြည် ကမ္ဘာ့အလယ်မှာ အင်အားတောင့်တင်းခိုင်မာတဲ့ ခေတ်မီ ထိပ်တန်းနိူင်ငံကြီး တစ်ခုအဖြစ် ပြန်လည်ရောက်မယ့်နေ့ပါပဲ။


ဒါကြောင့် စစ်ရေးအရ ဖိအားပေး နှိမ်နင်းမှုဟာ အခုအချိန်မှာ မဖြစ်မနေ လိုအပ်နေတဲ့ တစ်ခုတည်းသော ဖြေရှင်းချက် ဖြစ်တယ်ဆိုတာကို တင်ပြရင်းနဲ့ပဲ ဒီနေ့ ကျွန်တော့်ရဲ့ သုံးသပ်ချက်ကို ဒီမှာပဲ နိဂုံးချုပ်ပါရစေ

အားလုံးပဲ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ ခင်ဗျာ။

No comments:

Post a Comment