Sunday, 21 June 2026

ဗမာ့အားမာန်ပြိုင်ပွဲ

 : ဗုဒ္ဓဘာသာဝင် အမျိုးသမီးငယ်များအတွက် အိမ်ထောင်ရေးနှင့် မျိုးဆက်သစ်ဆိုင်ရာ အမြင် 


အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးငယ်လေးတွေရဲ့ အနာဂတ်၊ ကျွန်တော်တို့ လူမျိုးနဲ့ ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် မပြောမဖြစ် ပြောရမယ့် ကိစ္စတစ်ခု ဖြစ်နေလို့ပါ။ "ဘာသာမတူ၊ လူမျိုးခြား‌ေတွနဲ့ အိမ်ထောင်ပြုတဲ့အခါ ဘာတွေ ဖြစ်လာနိုင်သလဲ" ဆိုတဲ့ ကိစ္စပါ။ ကျွန်တော် ဒီနေ့ ဘယ်သူ့ကိုမှ ပုတ်ခတ်ဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ညီမတွေ အစ်မတွေ၊ကို ချစ်ခင်တဲ့ စေတနာနဲ့၊ ကျွန်တော်တို့ လူမျိုးရဲ့ အနာဂတ်အတွက် သတိထားသင့်တာလေးတွေကို အကိုတစ်ယောက်၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်လိုပဲ ရင်ဖွင့်ပြောပြချင်ပါတယ်။


အခု ကျွန်တော်တို့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေလေးတွေကို တစ်ချက်လောက် အတူတူ ဆန်းစစ်ကြည့်ရအောင်။ အခုဆိုရင် ကျွန်တော်တို့ မြန်မာအမျိုးသမီး အတော်များများဟာ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားကို ရောက်နေကြတယ်။ ပြည်ပမှာ အလုပ်လုပ်ကြတယ်၊ ဘဝကို ရုန်းကန်ကြတယ်။ ဒါဟာ အလုပ်အကိုင်အတွက်၊ မိသားစုအတွက် ရုန်းကန်ရတဲ့ ဘဝတစ်ခုပါပဲ။ ဒါပေမဲ့ ဒီလိုမျိုး နိုင်ငံခြားမြေမှာ နေထိုင်ကြတဲ့အခါမှာ ကျွန်တော်တို့ သတိမထားမိဘဲ လျစ်လျူရှုမိတတ်တာလေး တစ်ခု ရှိနေတယ်။ အဲ့ဒါကတော့ "ကျွန်တော်တို့ရဲ့ အမျိုးသားရေး စိတ်ဓာတ်အခြေခံတဲ့ အားမာန်တွေ" ပါပဲ။

အခုနောက်ပိုင်း ကြည့်လိုက်ရင် ပြည်ပရောက် မြန်မာအမျိုးသမီးတွေအနေနဲ့ ဘာသာခြား၊ လူမျိုးခြားတွေနဲ့ အိမ်ထောင်ပြုကြတဲ့ အခြေအနေတွေက တဖြည်းဖြည်း များပြားလာတာကို တွေ့လာရတယ်။ အစပိုင်းမှာတော့ ဒါဟာ လူတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်လို့ ပြောလို့ရပေမဲ့၊ တကယ့်လက်တွေ့မှာတော့ ကျွန်တော်တို့ရဲ့ "အမျိုး၊ ဘာသာ၊ သာသနာ" ဆိုတဲ့ အရာနဲ့ တိုက်ရိုက်ပတ်သက်လာတဲ့အခါ အရမ်းကို သိမ်မွေ့ပြီး သတိထားရမယ့် အခြေအနေတစ်ခု ဖြစ်လာပါတယ်။


နိုင်ငံရပ်ခြားမှာ နေရတဲ့သူတွေက ပတ်ဝန်းကျင်အသစ်၊ ယဉ်ကျေးမှုအသစ်တွေနဲ့ ထိတွေ့ရတဲ့အခါ ကိုယ့်ရဲ့ မူလဇစ်မြစ်ကို တဖြည်းဖြည်းနဲ့ မေ့လျော့သွားတတ်ကြတယ်။ အိမ်ထောင်ပြုလိုက်ပြီဆိုတာနဲ့ တစ်ဖက်လူရဲ့ ယဉ်ကျေးမှု၊ သူတို့ရဲ့ ဘာသာရေးအယူအဆတွေထဲကို အလိုလိုနေရင်း နစ်မြုပ်သွားတတ်တာကို ကျွန်တော်တို့ မကြာခဏ မြင်တွေ့နေရတယ်။ အဲ့ဒီမှာတင် ကျွန်တော်တို့ရဲ့ မြန်မာအမျိုးသမီးတွေ၊ ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ သူတို့ရဲ့ မူလ ဝိသေသလက္ခဏာတွေကို ဆုံးရှုံးသွားရတော့တယ်။


ကျွန်တော် ဒီနေ့ ဘာကြောင့် ဒီအကြောင်းကို ပြောရသလဲဆိုရင် ကျွန်တော်တို့ရဲ့ အမျိုးသားရေးကို တန်ဖိုးထားလို့ပါ။ ပြည်ပရောက်နေလို့ မြန်မာလူမျိုး မြန်မာနိူင်ငံသားကနေ အမြစ်ပြတ်သွားတာမျိုး မဟုတ်ပါဘူး။ "ငါတို့ဟာ ဘယ်သူတွေလဲ၊ ငါတို့ရဲ့ ဘာသာတရားက ဘာလဲ၊ ငါတို့ရဲ့ ယဉ်ကျေးမှုက ဘယ်လောက်တန်ဖိုးရှိသလဲ" ဆိုတာကို အမြဲတမ်း သတိတရ ရှိနေစေချင်လို့ပါ။

အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းတယ်ဆိုတာ ဟိုးအရင်တုန်းကလို စာအုပ်ထဲမှာ ပြောနေရတာမျိုး မဟုတ်တော့ပါဘူး။ အခုချိန်မှာတော့ ပြည်ပရောက်နေတဲ့ ကျွန်တော်တို့ မြန်မာအမျိုးသမီးတွေရဲ့ ရွေးချယ်မှု၊ သူတို့ရဲ့ နေထိုင်မှုပုံစံ၊ သူတို့ရဲ့ အိမ်ထောင်ရေး ဆုံးဖြတ်ချက်တွေကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ လူမျိုးနဲ့ ဘာသာတရားကို ကာကွယ်စောင့်ရှောက်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စကို ပေါ့ပေါ့တန်တန် မကြည့်ဘဲနဲ့၊ ကိုယ့်ရဲ့ အနာဂတ်၊ ကိုယ့်ရဲ့ လူမျိုး၊ ကိုယ့်ရဲ့ ဘာသာတရားအတွက် အမြဲတမ်း ဂရုစိုက်ပြီး ထိန်းသိမ်းကြပါလို့ ကျွန်တော် အနေနဲ့ စေတနာရှေ့ထားပြီး တိုက်တွန်းချင်တာပါ။


ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဘာသာမတူ၊ လူမျိုးခြားနဲ့ အိမ်ထောင်ပြုတဲ့အခါ အစပိုင်းမှာတော့ အစဉ်ပြေချင် ပြေ‌ေနပါလိမ့်မယ်။ ဒါပေမဲ့ တကယ့်လက်တွေ့ဘဝမှာ အဲ့ဒီအချစ်ကပဲ တစ်ခါတလေ အဆိပ်သင့်သွားနိုင်ပါတယ်။


 ကျွန်တော်တို့ရဲ့ လူမျိုးနဲ့ ဘာသာဆိုတာ ရာစုနှစ်ပေါင်းများစွာကတည်းက ဘိုးဘွားတွေ လက်ဆင့်ကမ်းလာတဲ့ အမွေအနှစ်တွေပါ။


 တကယ်လို့သာ ကျွန်တော်တို့ လူငယ်တွေက ကိုယ့်ရဲ့ မူလဇစ်မြစ် အမျိုးသားရေး စရိုက်လက္ခဏာ (national identity) ကို အလေးမထားတော့ဘူးဆိုရင် ဘာတွေဆက်ဖြစ်လာမလဲ? "ကပြားတွေများလာပြီး လူမျိုးပျက်သွားမလား" ဆိုတဲ့ စိုးရိမ်စိတ်က တကယ့်ကို လက်တွေ့ကျတဲ့ စိုးရိမ်မှုတစ်ခုပါ။ ဒါဟာ လူမျိုးရေးခွဲခြားတာ လုံးဝ မဟုတ်ပါဘူး၊ ကိုယ့်အိမ်ကို ကိုယ်ချစ်တာပါ။ အဲ့ဒီအိမ်မှာ ကိုယ့်ရဲ့ ဘာသာတရား၊ ကိုယ့်ရဲ့ ယဉ်ကျေးမှု မရှိတော့ဘူးဆိုရင် အနာဂတ်မျိုးဆက်သစ်တွေက ဘယ်သူတွေ ဖြစ်သွားမလဲ? အဲ့ဒီမှာတင် နိုင်ငံနဲ့ လူမျိုးအပေါ် ထားရှိတဲ့ သစ္စာတရားတွေက တဖြည်းဖြည်း လျော့ပါးသွားတာကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။



နောက်တစ်ခုက ကျွန်တော်တို့ မြန်မာအမျိုးသမီးတွေရဲ့ အခွင့်အရေးပါ။ အိမ်ထောင်ပြုတယ်ဆိုတာ နှစ်ယောက်အတူတူ ဘဝတစ်ခုကို တည်ဆောက်တာပါ။ ဒါပေမဲ့ ဘာသာရေး အယူအဆတွေ မတူတဲ့အခါ၊ အမျိုးသမီးတွေက အများအားဖြင့် ပိုပြီး အလျှော့ပေးရ၊ ပိုပြီး အနစ်နာခံရတတ်ပါတယ်။

ကလေးမွေးလာရင် ဘယ်ဘာသာဝင် ဖြစ်ရမလဲဆိုတဲ့ကိစ္စ၊ ပွဲလမ်းသဘင်တွေမှာ ဘယ်လိုလိုက်နာရမလဲဆိုတဲ့ကိစ္စတွေမှာ ကိုယ့်ဘာသာရေးကို စွန့်လွှတ်ရတဲ့အထိ ဖြစ်လာတတ်တယ်။ တစ်ခါတစ်လေကျရင် ကိုယ့်ရဲ့ မိသားစု၊ ကိုယ့်ရဲ့ အသိုင်းအဝိုင်းနဲ့ပါ အဆက်အသွယ်ပြတ်သွားတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ အဲ့ဒီအချိန်ကျရင် ကိုယ်ရွေးချယ်ခဲ့တဲ့ အချစ်က ကိုယ့်အတွက် ဘာမှ အာမခံချက်မပေးနိုင်တော့တဲ့ အနေအထားမျိုး ရောက်သွားနိုင်တယ်။ ဒါဟာ အမျိုးသမီးတစ်ယောက်အတွက် အင်မတန် အန္တရာယ်များတဲ့ အခြေအနေပါ။ ကိုယ့်ယုံကြည်ချက်ကို စွန့်လွှတ်လိုက်ရတာဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုပါ ဆုံးရှုံးလိုက်ရတာနဲ့ တူတူပါပဲ။



ရေရှည်မှာဆိုရင်တော့ အိမ်ထောင်ရေးက ပိုပြီး ရှုပ်ထွေးလာပါလိမ့်မယ်။ ဓလေ့ထုံးတမ်းတွေက အရေးပါလာတဲ့အခါ၊ ကိုယ်နဲ့ ဘာသာမတူတဲ့ လင်ယောက်ျားရဲ့ အသိုင်းအဝိုင်းထဲမှာ ကိုယ့်ရဲ့ ဗုဒ္ဓဘာသာဝင် တစ်ယောက်ရဲ့ စရိုက်ကို ထိန်းသိမ်းဖို့ဆိုတာ တကယ့်ကို လူမှုရေးစစ်ပွဲတစ်ခုလိုပါပဲ။


ကလေးတွေအတွက်လည်း အဲ့ဒီလိုပါပဲ။ ဖေဖေက တစ်မျိုး၊ မေမေက တစ်မျိုးဆိုရင် ကလေးတွေ လမ်းပျောက်နိုင်တယ်။ အိမ်ထောင်ရေး အဆင်မပြေမှုတွေ ဖြစ်လာတဲ့အခါ အမျိုးသမီးတွေက အထိခိုက်ဆုံးပါ။ ကိုယ့်နောက်မှာ အားပေးမယ့် မိသားစု အသိုင်းအဝိုင်းနဲ့ အဆက်ပြတ်နေပြီဆိုရင် ဘဝတစ်ခု ပြန်စဖို့ဆိုတာ ပိုခက်ခဲသွားမယ်။ ဒါတွေကို ကြိုတင်ပြီး စဉ်းစားစေချင်ပါတယ်။


နောက်ဆုံးတစ်ခု ကျွန်တော် အလေးအနက်ထားပြီး ပြောချင်တာကတော့ ကျွန်တော်တို့ရဲ့ "အမျိုးသားရေး အားမာန်" တွေအကြောင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ၊ မြန်မာနိုင်ငံသားတွေအနေနဲ့ အခုပြောခဲ့တဲ့ အိမ်ထောင်ရေးကိစ္စတွေက တစ်ဦးချင်းစီရဲ့ ဘဝကိစ္စလို့ ထင်ရပေမဲ့၊ တကယ်တမ်းကျတော့ ဒါတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ "အမျိုးသားရေး အားမာန်" တွေနဲ့ တိုက်ရိုက်သက်ဆိုင်နေတာပါ။


မျိုးချစ်စိတ်ဓာတ်ဆိုတာ ဘာလဲ?

 ဇာတိသွေး ဇာတိမာန်ဆိုတာ ဘာလဲ? 

ဒါတွေဟာ ကျွန်တော်တို့ရဲ့ ရိုးရာဓလေ့၊ ကျွန်တော်တို့ရဲ့ ဘာသာတရား၊ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းစောင့်ရှောက်ခြင်းပါပဲ။ ဒီ စိတ်ဓာတ်တွေ၊ စွမ်းပကားတွေကပဲ ကျွန်တော်တို့ လူမျိုးရဲ့ ကျောရိုး ဖြစ်ပါတယ်။ 


ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးက ဒီအမျိုးသားရေး ဦးတည်ချက်တွေကို၊ ဒီအမျိုးသားရေး အားမာန်တွေကို ကိုယ့်နှလုံးသားထဲမှာ မြဲမြံခိုင်ကျည်အောင် အစဉ်အမြဲ သွင်းထားနိုင်မှသာ ကျွန်တော်တို့ အနာဂတ်တွေက လုံခြုံမှာပါ။

စဉ်းစားကြည့်ပါ။ လွတ်လပ်ရေးဆိုတာ ရဖို့ထက် ထိန်းသိမ်းဖို့က ပိုခက်ပါတယ်။ ကျွန်တော်တို့ရဲ့ အမျိုးသားရေး အားမာန်တွေ လျော့နည်းသွားပြီဆိုရင်၊ ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်မှုတွေ ပြိုကွဲသွားပြီဆိုရင် ကျွန်တော်တို့ ထိန်းသိမ်းစောင့်ရှောက်ရမယ့် လွတ်လပ်ရေးဟာလည်း အန္တရာယ်ရှိလာနိုင်ပါတယ်။ ဒီတော့ အမျိုးသမီးငယ်လေးတွေရဲ့ အိမ်ထောင်ရေး ရွေးချယ်မှုဆိုတာဟာ ကိုယ့်အတွက်တင်မကဘဲ၊ ကိုယ့်လူမျိုးအတွက်၊ ကိုယ့်နိုင်ငံအတွက်ပါ တာဝန်ရှိနေတဲ့ ကိစ္စလို့ ကျွန်တော်တို့အားလုံးက မြင်တတ်ဖို့ လိုပါတယ်။


ကျွန်တော်တို့ရဲ့ မြန်မာအမျိုးသမီးတွေဟာ ကျွန်တော်တို့ အမျိုးသားရေး အားမာန်ရဲ့ အစိတ်အပိုင်းတွေပါ။ သူတို့ရဲ့ တည်ငြိမ်မှု၊ သူတို့ရဲ့ ရွေးချယ်မှု၊ သူတို့ရဲ့ စိတ်ဓာတ်ဟာ ကျွန်တော်တို့ တစ်နိုင်ငံလုံးရဲ့ စည်းလုံးညီညွတ်မှုအတွက် အင်မတန် အရေးပါပါတယ်။ဒါကြောင့်လဲ အမိမြန်မာနိူင်ငံတော်လို့ အမျိုးသမီးတွေရဲ့အရေးကြီးပုံ မိခင်တွေရဲ့အရေးပါမှုကို ဖော်ကျူးပေးခဲ့တာပဲ ဖြစ်ပါတယ် ဒါတွေဟာ "ငါတို့ရဲ့ လူမျိုး၊ ငါတို့ရဲ့ ဘာသာတရား၊ ငါတို့ရဲ့ နိုင်ငံ" ဆိုတဲ့ သံန္နိဋ္ဌာန်ကို ကိုင်စွဲပြီး၊ တိုင်းပြည်အနာဂတ်အတွက် အမြော်အမြင်ကြီးကြီးနဲ့ ကြိုးပမ်းအားထုတ်ကြဖို့ ကျွန်တော်အနေနဲ့ တိုက်တွန်းချင်ပါတယ်။


ဒါတွေဟာ ကျွန်တော်တို့ တစ်ဦးချင်းစီမှာ ရှိနေတဲ့ တာဝန်တွေပါ။ အမျိုးသားရေး ဦးတည်ချက်ဆိုတာ ဟိုးအဝေးကြီးက မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ်နေထိုင်မှု၊ ကျွန်တော်တို့ရဲ့ မိသားစုဖွဲ့စည်းပုံ၊ ကျွန်တော်တို့ရဲ့နှလုံးသားထဲက ယုံကြည်ချက်တွေထဲမှာအမြဲ ရှိနေတာပါ။ ဒီ အမျိုးသားရေးအားမာန်တွေကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မှသာ၊ ဒီ အမျိုးသားရေးစိတ်ဓာတ်တွေကို ခိုင်မြဲအောင် ထိန်းသိမ်းနိုင်မှသာ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး၊ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ကျွန်တော်တို့ရဲ့ အနာဂတ်မျိုးဆက်သစ်တွေလက်ထဲ အကောင်းဆုံး ပေးအပ်နိုင်မှာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဒီလူမျိုးခြား ဘာသာခြားတွေနဲ့ အိမ်ထောင်ပြုတဲ့ ကိစ္စတွေကို ပေါ့ပေါ့တန်တန် မကြည့်ဘဲ အနာဂတ်ရဲ့ အဓိက အုတ်မြစ်တွေအဖြစ်နဲ့ စဉ်းစားပေးကြဖို့ လေးလေးနက်‌နက် တောင်းဆိုချင်ပါတယ်။




ဟုတ်ကဲ... ကျွန်တော် ပြောပြခဲ့တာတွေကို ကြည့်ရင် ဒါဟာ ကျွန်တော်တို့ရဲ့ မျိုးဆက်၊ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု၊ ပြီးတော့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝလုံခြုံရေးအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ သိသာပါလိမ့်မယ်။ 

ခေတ်မီတာနဲ့ ကိုယ့်ရဲ့ လူမျိုး နဲ့ မျိုးရိုးကို ဖျက်ဆီးပစ်တာ မတူပါဘူး။ လူမျိုးခြားနဲ့ အိမ်ထောင်ပြုတယ် ဆိုတာ ကိုယ့်အမျိုးဘာသာ သာသနာရဲ့ စရိုက် လက္ခဏာ ယဉ်ကျေးမှူကို ဖျက်ဆီးပစ်မယ့် အိမ်ထောင်ပြုမှုမျိုးကိုတော့ မြန်မာအမျိုးသမီးတွေအနေနဲ့ အထူး သတိပြု‌ေပးစေချင်ပါတယ်။


ဒီနေ့ အစီအစဉ်ကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ မြန်မာအမျိုးသမီးငယ်လေးတွေ၊ တိုင်းတပါးရောက်နေတဲ့ မြန်မာမိသားစုဝင်တွေအားလုံး ကိုယ့်ရဲ့ ဘဝလက်တွဲဖော်ကို ရွေးချယ်တဲ့အခါမှာ မိမိတိုနဲ့လူမျိုးတူ မိမိတို့နဲ့နိူင်ငံတူ ဖြစ်တဲ့ အိမ်ထောင်ဖက်ကို ယခုထက်ပိုပြီး အမြော်အမြင်ရှိရှိ ရွေးချယ်ကြဖို့ ပြောချင်ပါတယ် ၊ မိမိတို့ရဲ့ အမျိုးသားရေးတာဝန်တွေနဲ့ နိူင်ငံ့တာဝန်‌ေတွကုိ ယူနိုင်စွမ်းရှိတဲ့လူတွေကို ရွေးချယ်နိုင်ဖို့ စေတနာနဲ့ တိုက်တွန်းချင်တာပါ။ 

စဉ်းစားဆင်ခြင်နိုင်ဖို့အတွက် အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ အမြင်တွေကိုလည်း Comment မှာ ရင်းရင်းနှီးနှီးပဲ ပြောပြပေးလို့ရပါတယ် ။ကျနော်ပြောတာတွေကို သဘောကျ ထောက်ခံတယ်ဆိုရင် ဗမာ့အားမာန် လို့ရေးသွားပေးပါ ။ နောက်တစ်ခါမှာလည်း အကျိုးရှိမယ့် အကြောင်းအရာလေးတွေနဲ့ ထပ်တွေ့ကြမယ်နော်။ အားလုံ

းပဲ ကိုယ်စိတ်နှစ်ဖြာ ချမ်းမြေ့ကြပါစေ။

No comments:

Post a Comment