Tuesday, 26 May 2026

 

# YouTube Video Script: လက်နက်ကိုင်လမ်းစဉ်နဲ့ နိုင်ငံတစ်ခုရဲ့ ဖြစ်တည်မှု 


ကျွန်တော်တို့ လူငယ်တွေ အားလုံးက နိူင်ငံရေးအကြောင်းပြောတော့မယ်ဆိုရင် "ဒီမိုကရေစီ" အကြောင်းပဲ ပြောနေကြတာဗျ။ ဒါပေမဲ့ ကျွန်တော်တို့ တကယ် မျှော်လင့်တဲ့ ဒီမိုကရေစီဆိုတာ ဘာလဲ? စားပွဲဝိုင်းပေါ်မှာ စကားပြောတာ၊ လူအများစုရဲ့ ဆန္ဒကို လူနည်းစုက လေးစားတာ၊ အဓိကကတော့ ညှိနှိုင်းလို့ရတဲ့ ယဉ်ကျေးမှုတစ်ခုကို ပြောတာပါ။ စကားလုံးလှလှလေးတွေနဲ့ ပြောရရင်တော့ "ငြိမ်းချမ်းစွာ အဖြေရှာခြင်း" ပေါ့။

ဒါပေမဲ့ စဉ်းစားကြည့်ရအောင်။ လက်ထဲမှာ သေနတ်ကိုင်ထားပြီး တော်လှန်ပုန်ကန်သူပုန်လုပ်ပြီး "ငါပြောတာ နားထောင်၊ မနားထောင်ရင် ပစ်သတ်မယ်" ဆိုတဲ့ လမ်းစဉ်က ဒီမိုကရေစီ ဖြစ်နိုင်ပါ့မလား? လုံးဝ မဖြစ်နိုင်ဘူးဗျ။ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ဟာ ဒီမိုကရေစီရဲ့ အခြေခံအကျဆုံး အနှစ်သာရကို အမြစ်ကနေ ဆွဲနုတ်ဖျက်ဆီးနေတာပဲ ဖြစ်ပါတယ် ။ သေနတ်သံ ထွက်လာပြီဆိုကတည်းက ပြည်သူလူထုနဲ့အစိုးရ အပြန်အလှန် လေးစားမှုဆိုတာ ပျောက်သွားပြီ။ အဲဒီတော့ "ငါတို့က ဒီမိုကရေစီအတွက် လက်နက်ကိုင်တာ" ဆိုတဲ့ စကားလုံးဟာ ယုတ္တိဗေဒအရကို ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ပြောတဲ့စကားနဲ့ လုပ်တဲ့လုပ်ရပ် အတော်လေးကွဲလွဲနေပါတယ် ၊ မြန်မာစကားပုံတစ်ခုလိုပဲ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားမရောင်းနဲ့ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ ။ 


နောက်ပြီး နိုင်ငံရေးသိပ္ပံ သဘောတရားအရ ကြည့်ကြည့်၊ သမိုင်းအရပဲ ကြည့်ကြည့်... နိုင်ငံတစ်ခုမှာ "အချုပ်အခြာအာဏာ" ဆိုတာ တစ်ခုတည်းပဲ ရှိရတာဗျ။ ဒါဟာ ခွဲဝေပေးလို့ရတဲ့ ကိတ်မုန့် မဟုတ်ပါဘူး။

အခု ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဘာ‌ေတွမြင်နေရလဲ? လက်နက်ကိုင်အဖွဲ့တွေ အများကြီး ရှိနေတယ်။ ဒီအဖွဲ့က ဒီနေရာ စိုးမိုးတယ်၊ ဟိုအဖွဲ့က ဟိုနေရာ စိုးမိုးတယ်နဲ့... ဒါဟာ နိုင်ငံတော်ရဲ့ အာဏာကို အပိုင်းပိုင်း ဖြတ်ပစ်နေတာနဲ့ အတူတူပဲ။ အာဏာစက်တွေ အများကြီး ကွဲပြားနေတဲ့ တိုင်းပြည်ဟာ ဘယ်တော့မှ မတည်ငြိမ်နိုင်ဘူး။

ကမ္ဘာ့သမိုင်းက ဥပမာတွေကို ကြည့်ကြည့်ရအောင်ဗျာ။ **ယူဂိုဆလားဗီးယား** ကိုပဲ ကြည့်မလား။ ဗဟိုအာဏာစက် ပျော့သွားပြီး လူမျိုးစုအလိုက် လက်နက်ကိုင်တွေ အပြိုင်အဆိုင် ပေါ်လာတဲ့အခါ တိုင်းပြည်ဟာ အပိုင်းပိုင်း ကွဲထွက်သွားခဲ့တာပဲ။

 **လစ်ဗျား** ကို ကြည့်ဦးမလား။ ဒီနေ့အထိ လက်နက်ကိုင် ထားတဲ့ ဂိုဏ်းစတားတွေ၊ မီလီရှားတွေက နယ်မြေလု အာဏာလုနေကြလို့ ပြည်သူတွေ ငရဲကျနေသလို ဆင်းရဲဒုက္ခရောက်‌ေနကြတာ‌ေတွ နိူင်ငံရေးကို ထိုက်သင့်သလောက်လေ့လာဖူးရင်တောင် သိနိူင်ပါတယ် ။ ဒါကို ကြည့်ရင် လက်နက်ကိုင်အဖွဲ့တွေ အများကြီး ရှိနေခြင်းရဲ့ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးဟာ ဘယ်လောက် ကြောက်ဖို့ကောင်းလဲဆိုတာ သိသာပါတယ်။


ကျွန်တော်တို့ ခေါင်းအေးအေးထားပြီး လက်တွေ့ကျကျ စဉ်းစားကြည့်ရအောင်ဗျာ။ တိုင်းပြည်မှာ ပဋိပက္ခတွေ၊ သေနတ်သံတွေ ရှိနေသရွေ့ ဘာတွေ ထိခိုက်နစ်နာ မလဲ? အခြေခံလူမှူစီးပွားရေး။ ဒါက ပထမဆုံးပဲ။ ကမ္ဘာပေါ်မှာ ဘယ်လောက်ပဲ ပိုက်ဆံချမ်းသာတဲ့ ရင်းနှီးမြှုပ်နှံသူဖြစ်ဖြစ်၊ သေနတ်သံ/မိုင်းပေါက်ကွဲသံတွေ ကြားနေရတဲ့ နေရာမျိုး၊ လုံခြုံရေး မသေချာတဲ့ နိူင်ငံမျိုးမှာ ဘယ်တော့မှ လာပြီး ရင်းနှီးမြှုပ်နှံမှာ မဟုတ်ဘူး။

နိူင်ငံတကာရင်းနှီးမြှုပ်နှံမှု

လုပ်ငန်းတွေ မရှိတော့ ပြည်တွင်းက လူထုမှာ အလုပ်အကိုင် မရှိဘူး။ အလုပ်အကိုင် မရှိတော့ ကုန်ဈေးနှုန်းတွေ တက်၊ ငွေကြေးဖောင်းပွပြီး ပြည်သူတွေပဲ ဆင်းရဲ ကျပ်တည်းရတာပါပဲ ။

စီးပွားရေးတင်မကဘူး။ လူမှုဘဝတွေ ပျက်စီးပါတယ်။ ကလေးငယ်တွေ ကျောင်းမတက်ရဘူး။ ဆေးရုံ ဆေးခန်းတွေ ပိတ်ထားရတယ်။ တကယ်တော့ ဒီလို နိူဂ်ငံရေး ပဋိပက္ခတွေ ရှိနေသရွေ့ နိုင်ငံတော်ကော၊ ပြည်သူပါ ဖွံ့ဖြိုးတိုးတက်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့တွေ တခြားနိုင်ငံတွေထက် ဆယ်စုနှစ်ချီ နောက်ကျကျန်ခဲ့ရတာ ဒီလို သံသရာလည်နေတဲ့ ပဋိပက္ခတွေကြောင့်ပဲ မဟုတ်လား။

ဒီအမှန်တရားကို လက်မခံကြပါပဲနဲ့ ဟိုလူကို အပြစ်တင် ဒီလူကို အပြစ်ပြောပြောရင်းနဲ့ နစ်သထက် နစ်လာခဲ့တာကတော့ မြန်မာ့ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေပါပဲ 


ကဲ... ဒါဆိုရင် ဒီပြဿနာကို ဘယ်လို အဆ‌ုံးသတ်ကြရ မလဲ? ကျနော်တို့ ပြည်ထောင်စုကြီး အေးချမ်းဖို့ဆိုရင် တိုင်းပြည်မှာ ရှိသမျှ တရားမဝင် လက်နက်ကိုင်အဖွဲ့တွေကို **လက်နက်ဖြုတ်သိမ်းတာ (ဒါမှမဟုတ်) အပြုတ်တိုက်တာ** ကလွဲလို့ တခြားနည်း လမ်းမရှိပါဘူးဗျ။ ဒါဟာ ရက်စက်တာ မဟုတ်ဘူး၊ နိုင်ငံတစ်ခု တည်တည်ငြိမ်ငြိမ်နဲ့ ရေရှည်ရပ်တည်နိူင်ဖို့အတွက် မဖြစ်မနေ လုပ်ရမယ့် ခွဲစိတ်ကုသမှုမျိုးပဲ။

ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်တစ်ခုမှာ တရားဝင် လက်နက်ကိုင်စွဲခွင့်ရှိတဲ့အဖွဲ့ဟာ **မြန်မာ့တပ်မတော် တစ်ခုတည်းပဲ ဖြစ်ရပါမယ်။ ဒါဟာ ကမ္ဘာ့စံနှုန်းပဲ။အားလုံးပြောပြောနေကြတဲ့ နိူင်ငံတကာစံနှုန်းပါပဲ 

ဒုတိယကမ္ဘာစစ်အပြီးက **ဂျပန်** ကို ကြည့်ရင် တရားမဝင် လက်နက်ကိုင်တွေကို အကုန် ရှင်းလင်းပြီး စနစ်တကျ ဖွဲ့စည်းထားတဲ့ လုံခြုံရေးယန္တရားပဲ ထားရှိခဲ့လို့ စီးပွားရေး ထိပ်ဆုံးကို ရောက်လာတာ။ ကျွန်တော်တို့ မြန်မာ့သမိုင်းမှာလည်း လွတ်လပ်ရေးရပြီးစ ရောင်စုံသောင်းကျန်းသူတွေကြောင့် တိုင်းပြည် ပြိုကွဲလုနီးပါးဖြစ်ခဲ့တဲ့ "ရန်ကုန်အစိုးရ" ခေတ်ကို နိုင်ငံတော်အစိုးရ မြန်မာ့တပ်မတော်ကပဲ သွေးမြေကျခံပြီး ကာကွယ်ခဲ့လို့သာ ဒီနေ့အထိ ကမ္ဘာ့မြေပုံပေါ်မှာ မြန်မာနိုင်ငံဆိုတာ ရှိနေတာပါ။ ဒါကြောင့် တပ်မတော်ဟာ ကျနော်တို့တိုင်းပြည်ရဲ့ တစ်ခုတည်းသော တရားဝင် လက်နက်ကိုင်အဖွဲ့ ဖြစ်ရပါမယ်။


ဒီနေ့ ကျွန်တော် ပြောခဲ့တဲ့ အချက်အလက်တွေကို စိတ်ခံစားမှု ချစ်ခြင်းမုန်းခြင်းတွေကို ခဏ‌ေလာက်‌ေဘးဖယ်ပြီး ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားကြည့်စေချင်ပါတယ်ဗျ။ လက်နက်ကိုင်‌ေတာ်လှန်‌ေရးလမ်းစဉ်ကို အားပေးနေသရွေ့ ကျွန်တော်တို့ မျှော်လင့်တဲ့ ဒီမိုကရေစီပန်းတိုင်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ပါဘူး။

တကယ်ပဲ တိုင်းပြည်ကို ချစ်တယ်၊ အနာဂတ်ကို လှပစေချင်တယ်ဆိုရင် သေနတ်ကို အားကိုးတဲ့ လမ်းစဉ်၊ ထစ်ခနဲရှိ ဒုတ်ဆွဲဓားဆွဲလမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံတော်ရဲ့ တရားဝင် တည်ငြိမ်ရေး ငြိမ်ချမ်းရေးယန္တရားနောက်မှာပဲ ရပ်တည်ကြရပါလိမ့်မယ်။

ဒီနေ့အစီအစဉ်ကို ဒီမှာပဲ နိဂုံးချုပ်ပါရစေ။ အားလုံးပဲ ခေါင်းအေးအေးထားပြီး ပြန်လည်သုံးသပ်နိုင်ကြပါစေ ခင်ဗျ

ာ။ ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment