ခေါင်းစဉ် - "ငါ့ပိုက်ဆံ ငါသုံးတာပဲ ဘာဖြစ်လဲ" ဆိုတဲ့ စကားနောက်ကွယ်က လူသားဆန်မှု အမေးပုစ္ဆာ
ကြာချိန် - ခန့်မှန်းခြေ ၂၅ မိနစ်စာ
၁။ အဖွင့်နိဒါန်း (၀:၀၀ - ၃:၀၀)
(ကင်မရာကို တိုက်ရိုက်ကြည့်ပြီး ရိုးရိုးရှင်းရှင်းပဲ နှုတ်ဆက်ပါ)
"မင်္ဂလာပါ... ဒီနေ့ ကျွန်တော် တစ်ခုလောက် မေးကြည့်ချင်ပါတယ်။ လူတစ်ယောက်မှာ ကိုယ်တိုင် ချွေးနှဲစာနဲ့ ရှာထားတဲ့ ပိုက်ဆံကို ကိုယ်ကြိုက်သလို သုံးစွဲပိုင်ခွင့် ရှိသလား? ဆိုရင်... အဖြေက 'ရှိတာပေါ့' လို့ပဲ အားလုံးက ဖြေကြမှာပါ။ ဒါဟာ ငြင်းစရာ မရှိတဲ့ အခွင့်အရေးတစ်ခုပါ။
ဒါပေမဲ့... အဲဒီ အခွင့်အရေးဆိုတာ ဘယ်လို အခြေအနေမျိုးမှာမဆို 'အကန့်အသတ်မရှိ' ဖြစ်နေသင့်သလား? ဆိုတာကိုတော့ ကျွန်တော်တို့ တခြားတစ်ဖက်ကနေ ပြန်စဉ်းစားဖို့ လိုလာပါပြီ။
မနေ့ကတင် ဆိုရှယ်မီဒီယာပေါ်မှာ မြင်လိုက်ရတယ်။ လူသိများတဲ့ Cele တွေ၊ ငွေကြေးချမ်းသာသူတချို့က ဇာတ်သဘင်တွေ၊ နတ်ကနားပွဲတွေမှာ ငွေတွေကို သိန်းရာနဲ့ချီပြီး ဆုချနေကြတာ။ အဲဒီအပေါ်မှာ ဝေဖန်မှုတွေ တက်လာတဲ့အခါ 'နင်တို့ မလှူနိုင်ရင် လာမပြောနဲ့၊ ငါတို့ ချွေးနည်းစာနဲ့ ရှာထားတာ၊ သူနဲ့ ထိုက်တန်လို့ ပေးတာ၊ မနာလိုမဖြစ်နဲ့' ဆိုတဲ့ တုံ့ပြန်မှုမျိုးတွေ တွေ့ရပါတယ်။
ဒီစကားက ကြည့်လိုက်ရင် မှန်သလိုလို ရှိပေမဲ့၊ လက်ရှိ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ 'အချိန်အခါ' နဲ့ ကျနော်တို့ နိူဂ်ငံဆိုတဲ့ 'နေရာ' ကို ထည့်တွက်လိုက်ရင်တော့ ဒီအတွေးအခေါ်ဟာ အတော်လေးကို ကြောက်စရာကောင်းပြီး တစ်ကိုယ်ကောင်းဆန်မှု ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။"
၂။ လက်ရှိ မြေပြင်အခြေအနေနဲ့ အလှမ်းဝေးနေတဲ့ အမှန်တရား (၃:၀၀ - ၁၀:၀၀)
"ကဲ... ကျွန်တော်တို့ လက်တွေ့ကို ကြည့်ရအောင်။ ကျွန်တော်တို့ တိုင်းပြည်ဟာ အခု ဘာတွေ ဖြစ်နေလဲ?
ကမ္ဘာ့အဆင်းရဲဆုံး နိူင်ငံ စာရင်းထဲမှာ ပါဝင်နေသလို၊ ပြည်တွင်းစစ်ရဲ့ ဒဏ်ကိုလည်း ပြည်သူအားလုံး ခါးစည်းခံနေရတယ်။ စစ်ဘေးရှောင် (IDP) သန်းနဲ့ချီပြီး ရှိနေတယ်။ အဲဒီလူတွေမှာ ဒီနေ့အတွက် ထမင်းတစ်နပ် စားဖို့တောင် မသေချာဘူး။ INGO တွေ၊ NGO တွေရဲ့ စစ်တမ်းတွေအရဆိုရင် မြန်မာပြည်မှာ အငတ်ဘေးဆိုက်နိုင်ခြေ ရှိတဲ့ မိသားစုတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုများလာနေပါတယ်။
လမ်းဘေးမှာ စွန့်ပစ်ခံရတဲ့ ကလေးငယ်တွေ၊ မိဘမဲ့တွေ၊ ဘိုးဘွားရိပ်သာမှာ အားကိုးရာမဲ့နေတဲ့ သက်ကြီးရွယ်အိုတွေ... ဒါတွေဟာ ဝေးဝေးလံလံမှာ မဟုတ်ဘူး၊ ကျွန်တော်တို့ ဝန်းကျင်မှာတင် ရှိနေတာပါ။
ဒီလို အခြေအနေမျိုးမှာ... စင်ပေါ်က မင်းသားကို ငွေစက္ကူတွေနဲ့ သိန်းပေါင်းရာေထာင်ချီပြီး ဆုတွေများစွာ ဆုချပေးနေကြတာ၊ နတ်ကတော်တွေကို ငွေတွေ ကပ်ပေးနေတာဟာ 'အနုပညာကို အားပေးတာ' လို့ပဲ ရိုးရိုးလေး ပြောလို့ရပါ့မလား?
အနုပညာရှင်ကို ချစ်လို့ အနုပညာအဆင့်အတန်းမြင့်ဖို့ ဆုချနေကြတာလား မေးခွန်းထုတ်စရာပါ ။ မင်းသားလေးက ချောလို့ လှလို့ လိင်စိတ်အရ ..ထားပါ မပြောတော့ပါဘူး
ဟုတ်ပါပြီ..သူပြောသလို. အဲဒီပိုက်ဆံဟာ ခိုးထားတာ မဟုတ်ဘူး၊ ကိုယ့်ဘာသာ ရှာထားတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပိုက်ဆံရှိတိုင်း လုပ်ချင်ရာလုပ်လို့ ရသလားဆိုတာ လူမှုပတ်ဝန်းကျင်နဲ့ လူသားချင်း စာနာမှု (Humanity) ဆိုတဲ့ ဘောင်ထဲကနေ စဉ်းစားကြည့်စေချင်ပါတယ်။"
၃။ Analytical Approach: စီးပွားရေးနဲ့ ကျင့်ဝတ်ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု (၁၀:၀၀ - ၁၈:၀၀)
"ဒီနေရာမှာ ကျွန်တော် တစ်ခု ရှင်းအောင် ပြောပါရစေ။ ကျွန်တော်က အနုပညာရှင်တွေကို ဆုမချနဲ့လို့ ပြောနေတာ မဟုတ်ပါဘူး။ အနုပညာရှင်တွေမှာလည်း စားဝတ်နေရေး ရှိပါတယ်။ ဒါပေမဲ့ 'ဆုချတယ်' ဆိုတာထက် 'တဏှာရူးပြီး' 'ပိုးကြေးပမ်းကြေး ' ဆုချတယ်ဆိုတဲ့ အပိုင်းက ပိုများနေတာကို ကျွန်တော်တို့ အားလံုး သတိထားမိကြမှာပါ။ ကျနော်တို့လို့ ယောင်္ကျားလေးတွေ KTV night club စင်တင်က ကောင်မလေးေတွကို မုန့်ဖိုးပေးတဲ့ ပုံစံနဲ့အတူတူပါပဲ ။ ဒါကလည်း အားလုံးသိပြီးသား ဖြစ်ပါတယ် ။ အားလုံးသတိမထားမိတာက
ငွေကြေးရဲ့ တန်ဖိုး (Value of Money) ဆိုတာ ဘယ်နေရာမှာ သုံးသလဲဆိုတဲ့ အပေါ်မှာ အများကြီး မူတည်ပါတယ်။
၁။ ဦးစားပေး လွဲမှားမှု (Misplaced Priorities):
သိန်းတစ်ရာကို စင်ပေါ်မှာ ၅ မိနစ်စာ တဏှာရူးဖို့ ပိုးကြေးပမ်းကြေးအတွက် သုံးလိုက်တဲ့အခါ၊ အဲဒီ သိန်းတစ်ရာဟာ ကျနော်တို့ တိုင်းပြည်အနှံအပြားမှာရှိနေတဲ့ စစ်ဘေးရှောင် စခန်းတစ်ခုမှာ လူပေါင်း ရာနဲ့ချီ တစ်လစာ ဗိုက်ဝသွားစေနိုင်တဲ့ အခွင့်အလမ်း (Opportunity Cost) ကို ဆုံးရှုံးသွားစေတာပါ။
အညာဒေသမှာ ပြာပုံဘဝရောက်သွားတဲ့ မိဘပြည်သူတွေရဲ့ မျက်ရည်စက်တွေကို စာနာပေးေပးကြည့်ပါ
'ငါ့ပိုက်ဆံပဲ' လို့ ပြောလို့ရပေမဲ့၊ ကျနော်တို့ နိူင်ငံမှာ ကိုယ့်ဝန်းကျင်မှာ လူတွေ စစ်ဘေး မီးဘေး သဘာဝဘေးတွေ ေတွ့နေတာကို မြင်ေတွ့နေရပါလျက်နဲ့ ဒီလို သုံးဖြုန်းပြနေတာဟာ လူသားဆန်တဲ့ လုပ်ရပ်လား? သေချာလေး လေးလေးနက်နက် စဉ်းစားကြည့်ကြည့်ပါ ။
၂။ စံနမူနာ မှားယွင်းမှု (Wrong Role Models):
Cele တွေဆိုတာ လူထုရဲ့ အာရုံစိုက်မှုကို ခံနေရသူတွေပါ။ အနုပညာရှင်တွေဆိုတာကလည်း လူထုရဲ့ အာရုံစိုက်မှုကို ခံနေရသူတွေပါ။ သူတို့ရဲ့ လုပ်ရပ်တိုင်းဟာ လူငယ်တွေရဲ့ အတွေးအခေါ်ကို လွှမ်းမိုးပါတယ်။ 'ပိုက်ဆံရှိရင် ဘာမဆို လုပ်လို့ရတယ်၊ ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုဘူး' ဆိုတဲ့ အဆိပ်အတောက် ဖြစ်စေတဲ့ အတွေးမျိုးကို လူထုကြားထဲ မျိုးစေ့ချပေးသလို ဖြစ်နေပါတယ်။
ဒါတွေက ဆုချတဲ့ပရိတ်သတ်တွေရော ဆုချတာကို လက်ခံတဲ့ အနုပညာသည်ဆိုသူတွေပါ ဂရုစိုက်ရမယ့် ကိစ္စတွေ ဖြစ်ပါတယ် ။
### ၃။ လူမှုရေး တာဝန်သိမှု (Social Responsibility)
"ကဲ... အခု ကျွန်တော် အဓိက ပြောချင်တဲ့ ‘လူမှုရေး တာဝန်သိမှု’ ဆိုတဲ့ အပိုင်းကို ရောက်လာပါပြီ။ ဒီစကားလုံးက စာအုပ်ကြီးထဲက စာလုံးကြီးတွေလို ဖြစ်နေပေမဲ့ တကယ်တော့ ကျွန်တော်တို့ရဲ့ နေ့စဉ် လူနေမှုဘဝနဲ့ အရမ်းနီးစပ်ပါတယ်။
ကျွန်တော်တို့ တစ်ယောက်ချင်းစီမှာ ‘အခွင့်အရေး’ (Rights) ရှိသလိုပဲ၊ ပတ်ဝန်းကျင်အပေါ်မှာလည်း ‘လူမှုေရးတာဝန်’ဆိုရှယ် ဝီစပွန်စီ ဘီလတီ (social Responsibility) ဆိုတာ ရှိပါတယ်။ အထူးသဖြင့် မိမိဟာ လူအများ ကြည့်ရှုအားကျရတဲ့ Cele တစ်ယောက် ဖြစ်နေပြီ၊ လူသိများထင်ရှားတဲ့ အနုပညာသည် တစ်ယောက် ဖြစ်နေပြီဆိုရင် ဒီတာဝန်က ပိုလို့တောင် ကြီးမားပါသေးတယ်။
သူများ ဒီပျက်လုံးထုတ်ရင် ပြဿနာမရှိဘူး ငါပျက်ခါမှ အားလုံးဝိုင်းအပြစ်ပြောနေတာ ဆိုတာတွေလည်း ကြားရပါတယ် သူများနဲ့ ခင်များတို့က မတူတော့ပါဘူး ၊ လူနဲ့ရဟန်း ကွဲသလို ကွဲပြားပါတယ် ဥပမာအနေနဲ့ပေြာရရင် အရက်သောက်တာကို ဘာသာရေးအရ တားမြစ်ထားပါတယ် ဒါပေမယ့် လူတစ်ယောက်အရက်သောက်တာ နဲ့ ရဟန်းတစ်ပါး အရက်သောက်တာ မတူပါဘူး အပြစ်လည်း မတူသလို ကျူးလွန်တဲ့ပုံစံလည်းမတူညီပါဘူး။
ဟုတ်ကဲ့ပါ
အခု ‘ငါ့ပိုက်ဆံ ငါရှာတာ၊ ငါကြိုက်သလို သုံးမယ်’ လို့ ပြောနေတဲ့သူတွေ သိစေချင်တာက... ခင်ဗျားတို့ရဲ့ ငွေကြေးချမ်းသာမှုဟာ ဒီပတ်ဝန်းကျင်၊ ဒီလူ့အဖွဲ့အစည်း ရှိနေလို့သာ တန်ဖိုးရှိနေတာပါ။ တိုင်းပြည်တစ်ခုလုံး ပြာပုံအတိ ဖြစ်သွားရင်၊ လူတွေအားလုံး ငတ်မွတ်ေခါင်းပါါးကုန်ရင် ခင်ဗျားတို့ဆီမှာ ရှိတဲ့ ငွေထုပ်ကြီးတွေဟာလည်း စက္ကူစုတ်တွေ ဖြစ်သွားမှာပါပဲ။
စဉ်းစားကြည့်ရအောင်ဗျာ။ သင်္ဘောတစ်စင်း နစ်တော့မယ်၊ လူတွေအားလုံး ရေထဲခုန်ချပြီး အသက်လုနေရတဲ့အချိန်မှာ အဲဒီသင်္ဘောပေါ်က အခန်းတစ်ခန်းထဲမှာ လူတစ်စုက ဝီစကီကောင်းကောင်းသောက်၊ အမြီး အကောင်းစားတွေစားပြီး ပျော်ပါးနေတယ် ဆိုပါစို့။ သူတို့ကိုသွားပြောရင် ‘ငါ့ပိုက်ဆံနဲ့ ငါဝယ်စားတာပဲ၊ နင်တို့နဲ့ ဘာဆိုင်လဲ’ လို့ ပြန်ပြောရင် ခင်ဗျားတို့ ဘယ်လိုခံစားရမလဲ? ဒါဟာ အခွင့်အရေးကို သုံးတာလား၊ လူမဆန်တာလား?
အခု ကျွန်တော်တို့ တိုင်းပြည် အခြေအနေက အဲဒီလို ဖြစ်နေတာပါ။ တစ်ဖက်မှာ မိဘမဲ့ကလေးတွေ စွန့်ပစ်ခံနေရတယ်၊ တစ်ဖက်မှာ စစ်ပြေးဒုက္ခသည်တွေ သန်းနဲ့ချီပြီး မိုးထဲလေထဲမှာ ငိုနေရတယ်။ ကုန်ဈေးနှုန်းကလည်း တာဝတိန်သာ ထိတက်နေတော့ သာမန်လူတန်းစားတွေဟာ ထမင်းတစ်နပ် စားဖို့တောင် မနည်းရုန်းကန်နေရတဲ့ အချိန်အခါမျိုးပါ ။ ဒီလို အချိန်အခါမျိုးမှာ... ဇာတ်သဘင်စင်ပေါ်ကလူကို ငွေတွေ သိန်းရာချီ ဆုတွေချပေးပြီး ‘ငါ့ပိုက်ဆံ ငါသုံးတာ’ လို့ ပြောနေတာဟာ တစ်ဖက်က ဆင်းရဲဒုက္ခရောက်နေတဲ့သူတွေကို စော်ကား လိုက်သလိုပါပဲ။
ကျနော်ပြောနေတဲ့
လူမှုရေး တာဝန်သိမှုဆိုတာ သူများပိုက်ဆံကို နှမြောနေတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ သုံးစွဲမှုဟာ ပတ်ဝန်းကျင်ကို ဘယ်လို ရိုက်ခတ်မှုရှိမလဲဆိုတာကို ‘စာနာစိတ်’ နဲ့ ကြည့်တတ်တာကို ပြောတာပါ။
တချို့က ပြောကြတယ်... ‘ဒါက ဂုဏ်ယူစရာပဲ၊ ငါတို့လည်း ဒီလောက်ပေးနိုင်အောင် ကြိုးစားရှာမယ်’ ဆိုတဲ့ စိတ်ဓာတ် (Inspiration) ကို ပေးတာမျိုးလား ။ မဟုတ်ပါဘူး ။ တကယ်တမ်း ဒါဟာ အားကျစရာ မဟုတ်ဘဲ အော့နှလုံးနာစရာ ရှက်စရာ ဖြစ်နေတာပါ။ ခင်ဗျားတို့ ရရှိထားတဲ့ အခွင့်အလမ်းတွေ၊ ခင်ဗျားတို့ ရရှိထားတဲ့ ချမ်းသာမှုတွေဟာ ဒီလူ့အဖွဲ့အစည်းက ပေးထားတာပါ။ အဲဒီလူ့အဖွဲ့အစည်းကြီး နာကျင်နေချိန်မှာမှ ရွေးပြီးတော့ ဒီလို ‘ကြွားဝါ’ ပြတာဟာ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ကိုယ်ကိုတိုင် ဖျက်ဆီးနေတာနဲ့ အတူတူပါပဲ။
ကမ္ဘာပေါ်က အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးတွေကိုပဲ ကြည့်ကြည့်ပါ။ သူတို့မှာ ကိုယ်ပိုင် ဂျက်လေယာဉ်တွေ၊ ကိုယ်ပိုင်ကျွန်းတွေ ရှိပေမဲ့ တိုင်းပြည်မှာ ကပ်ရောဂါဆိုက်ချိန်၊ ဒါမှမဟုတ် ငတ်မွတ်ခေါင်းပါးမှုတွေ ဖြစ်နေချိန်မှာ သူတို့ ပိုက်ဆံတွေကို လမ်းပေါ်မှာ ကြဲပြလေ့မရှိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာ ‘လူမှုရေး သိက္ခာ’ ရှိလို့ပါ။
ကျွန်တော်တို့ဆီက တချို့ Cele တွေရဲ့ လုပ်ရပ်ကတော့ ‘ငါ့မှာ ရှိတယ်၊ ငါဘာလုပ်လုပ် ရတယ်’ ဆိုတဲ့ ရိုင်းစိုင်းတဲ့ အတ္တကိုပဲ မိတ်ဆွေတို့ကို ပြနေကြတာ။ ဒါဟာ အောက်တန်းကျတဲ့ အတွေးအခေါ် အလွန်အောရ်တန်းကျတဲ့ လုပ်ရပ်ေတွပါ။ အောက်တန်းစားကနေ ငွေရှိလာပြီး အောက်တန်းစားစိတ်ဓာတ် ကျန်နေရင်တော့ တစ်မျိုးပေါ့ ။ ဒါပေမယ့် ငွေဆိုတာ လူတစ်ယောက်ရဲ့ တန်ဖိုးကို တိုင်းတာတာ မဟုတ်ပါဘူး။ အဲဒီငွေကို ဘယ်လို ‘အသိတရား’ မျိုးနဲ့ သုံးသလဲဆိုတာကမှ အဲဒီလူရဲ့ အဆင့်အတန်းကို ဖော်ပြတာပါ။
ခင်ဗျားတို့ ရှာထားတဲ့ ပိုက်ဆံကို ခင်ဗျားတို့ လွတ်လပ်စွာ သုံးစွဲပါ။ ဒါပေမဲ့ တစ်ချက်လောက်တော့ ငဲ့ကြည့်ပေးပါ။ ခင်ဗျားတို့ စင်ပေါ်မှာ ဖြုန်းလိုက်တဲ့ ငွေတစ်ထုပ်ဟာ ဘယ်နှမိသားစုရဲ့ အသက်ကို ကယ်နိုင်သလဲ? ဘယ်နှယောက်သော ကလေးငယ်တွေရဲ့ ပညာရေးကို အထောက်အပံ့ ဖြစ်စေမလဲ?
အချင်းချင်း ဖေးမရမယ့်အချိန်မှာ ငါငွေငါသုံးတာပဲလို့ ပြောပြီး မျက်ကွယ်ပြုနေတာဟာ လူသားဆန်မှုရဲ့ စံနှုန်းတွေအောက်ကို နိမ့်ကျသွားတာပါပဲ။ ဒါကြောင့် ကျွန်တော်တို့အားလုံး ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ကြရအောင်။ ငါဟာ ငါ့ရဲ့ လွတ်လပ်မှုကို ‘တာဝန်သိမှု’ နဲ့ ပေါင်းစပ်ပြီး သုံးစွဲနေသူလား? ဒါမှမဟုတ် ‘တစ်ကိုယ်ကောင်းဆန်မှု’ နဲ့ ပတ်ဝန်းကျင်ကို နာကျင်အောင် လုပ်နေသူလား? ဆိုတာပါပဲ။"
အခု အဲဒီလို လုပ်ရပ်မျိုးတွေက ကျွန်တော်တို့ မျက်စိရှေ့မှာ ဖြစ်နေတာ တကယ် ဝမ်းနည်းစရာပါ။"
၄။ ပရိသတ်ကို ပြန်လည်သုံးသပ်စေခြင်း (၁၈:၀၀ - ၂၃:၀၀)
"အဲဒီတော့ 'ငါ့ပိုက်ဆံ ငါသုံးတာ' လို့ ပြောနေတဲ့သူတွေကို ကျွန်တော် အမုန်းစကား (Hate Speech) နဲ့ တိုက်ခိုက်နေတာ မဟုတ်ပါဘူး။ တစ်ခုပဲ ပြန်မေးချင်တာပါ။
ညဘက်မှာ ခမ်းနားတဲ့ ပွဲလမ်းသဘင်တွေမှာ ငွေတွေ သိန်းရာချီ သုံးပြီး ပြန်လာတဲ့အခါ၊ လမ်းဘေးမှာ အအေးမိပြီး စောင်တစ်ထည်တောင် မရှိဘဲ ကွေးနေတဲ့ ကလေးတွေကို မြင်ရင် စိတ်ထဲမှာ ဘယ်လို ခံစားရလဲ?
'သူတို့ ကံပေါ့' လို့ပဲ လွယ်လွယ်လေး တွေးလိုက်မှာလား?
လူသားတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ ကိုယ်ဘယ်လောက် ရှာနိုင်သလဲဆိုတာထက်၊ ကိုယ်ရှိတဲ့အရာနဲ့ ကိုယ့်ဝန်းကျင်ကို ဘယ်လောက် ဖေးမနိုင်သလဲဆိုတာမှာ ရှိတာပါ။ အချင်းချင်း ဖေးမကူညီရမယ့် အချိန်အခါမှာ 'ငါ့ပိုက်ဆံ ငါသုံးချင်သလို သုံးမယ်' ဆိုတာဟာ အခွင့်အရေးကို သုံးတာ မဟုတ်ဘဲ၊ ကိုယ့်ရဲ့ အသိတရား ခေါင်းပါးမှုကို ထုတ်ပြနေသလို ဖြစ်နေပါတယ်။
ဒီနေ့ ကျွန်တော်တို့ လိုအပ်နေတာက တစ်ဦးချင်းစီရဲ့ 'လွတ်လပ်မှု' ထက်၊ အားလုံး အတူတကွ ရှင်သန်နိုင်မယ့် 'စာနာမှု' ပါ။"
၅။ အပိတ်အမှာစကား (၂၃:၀၀ - ၂၅:၀၀)
"နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့... ဇာတ်မင်းသား သဘင်သည် နဲ့ နတ်ဝင်သည်တွေကို ဆုချတာ မမှားပါဘူး။ ဒါပေမဲ့ 'နေရာ' နဲ့ 'အချိန်' ကိုတော့ ကြည့်စေချင်ပါတယ်။ မျက်ရည်တွေနဲ့ ပြည့်နေတဲ့ တိုင်းပြည်မှာ ငွေစက္ကူတွေနဲ့ ပွဲခံပြနေတာဟာ အမြင်မတော်ရုံတင်မကဘဲ၊ တကယ်ကို ရင်နာစရာကောင်းတဲ့ လုပ်ရပ်ပါ။
ကျွန်တော်တို့ တစ်ယောက်ချင်းစီမှာ ပိုက်ဆံကို လွတ်လပ်စွာ သုံးစွဲခွင့် ရှိသလိုပဲ၊ အဲဒီပိုက်ဆံကို 'လူသားဆန်စွာ' သုံးစွဲဖို့လည်း တာဝန်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ အပျော်တွေဟာ သူတစ်ပါးရဲ့ ငိုရှိုက်သံတွေကို ဖုံးကွယ်ထားတာမျိုး မဖြစ်ပါစေနဲ့။
ဒီဗီဒီယိုကို ကြည့်နေတဲ့ Cele တွေပဲ ဖြစ်ဖြစ်၊ ငွေကြေးတတ်နိုင်သူတွေပဲ ဖြစ်ဖြစ်... တစ်ချက်လောက် ပြန်စဉ်းစားပေးကြပါ။ ခင်များတို့ရဲ့ ပိုလျှံတဲ့ ချွေးနည်းစာ ငွေအနည်းငယ်ဟာ လူတစ်ယောက်ရဲ့ အသက်ကို ကယ်နိုင်သလို၊ မိဘမဲ့ကလေး တစ်ယောက်ရဲ့ အနာဂတ်ကိုလည်း ပြောင်းလဲပေးနိုင်ပါတယ်။
အားလုံးပဲ စာနာစိတ်ရှိတဲ့ လူသားတွေအဖြစ် ရှင်သန်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ဗျာ။"

No comments:
Post a Comment