Monday, 6 April 2026

 ကျွန်တော်တို့အားလုံး "ငြိမ်းချမ်းရေး" ကို လိုချင်ကြတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီငြိမ်းချမ်းရေးကို ဘယ်လိုနည်းနဲ့ ရယူမလဲဆိုတာကတော့ အင်မတန် အရေးကြီးတဲ့ မေးခွန်းပါ။ တချို့က ပြောကြတယ် "စကားပြောကြပါ၊ ညှိနှိုင်းကြပါ" တဲ့။ ဒါပေမဲ့ သမိုင်းက ဘာသင်ပေးထားလဲဆိုတော့ "အကြမ်းဖက်သမားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာဟာ ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်ခိုင်းတာနဲ့ အတူတူပဲ" ဆိုတာပါပဲ။

၁။ အလျှော့ပေးခြင်းဟာ ပျက်စီးခြင်းရဲ့ နိဒါန်းပဲ (The Lesson of Appeasement)

ဒုတိယကမ္ဘာစစ် မတိုင်ခင်က ဗြိတိန်ဝန်ကြီးချုပ် နဗီးလ် ချမ်ဘာလိန်ဟာ ဟစ်တလာကို အလျှော့ပေးခဲ့တယ်။ "ငြိမ်းချမ်းရေးရရင် ပြီးတာပဲ" ဆိုပြီး ဟစ်တလာ လိုချင်တဲ့ နယ်မြေတွေကို ပေးခဲ့တယ်။ စာချုပ်တွေ ချုပ်ခဲ့တယ်။ ချမ်ဘာလိန် အင်္ဂလန်ကို ပြန်ရောက်တော့ စာချုပ်စာတမ်းကြီးကို ဝှေ့ယမ်းပြီး "ငြိမ်းချမ်းရေးကို ငါ ယူဆောင်လာပြီ" လို့ ကြွေးကြော်ခဲ့တာပါ။

ဒါပေမဲ့ ရလဒ်က ဘာလဲ? ဟစ်တလာက အဲဒီစာချုပ်ကို အိမ်သာသုံးစက္ကူလောက်တောင် တန်ဖိုးမထားဘဲ ပိုပြီး အင်အားကြီးလာအောင် လုပ်ခဲ့တယ်။ အလျှော့ပေးလိုက်တာဟာ ရန်သူ့ကို အားမွေးဖို့ အချိန်ပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကမ္ဘာကြီးတစ်ခုလုံး သွေးချောင်းစီးခဲ့ရတယ်။ ဒါဟာ ကျွန်တော်တို့အတွက် ယူတတ်ရင် အကြီးမားဆုံး သင်ခန်းစာပဲ။ အကြမ်းဖက်သမားတွေကို ညှိနှိုင်းဖို့ ကြိုးစားနေတာဟာ သူတို့ရဲ့ လက်နက်ကိုင်လမ်းစဉ်ကို အားပေးသလို ဖြစ်နေတတ်ပါတယ်။

၂။ ဝန်စတန် ချာချီ၏ ပြတ်သားသော အလှည့်အပြောင်း

ဒီလို အကျပ်အတည်းထဲမှာ ဝန်စတန် ချာချီ တက်လာတယ်။ သူ ဘာပြောခဲ့လဲ? "ရန်သူနဲ့ မညှိနှိုင်းနဲ့၊ အောင်ပွဲရအောင် တိုက်" တဲ့။ ချာချီဟာ ဟစ်တလာကို တစ်ချက်ကလေးမှ အလျှော့မပေးခဲ့ဘူး။ သူ ပြောခဲ့တဲ့ စကားတစ်ခွန်း ရှိတယ်— "အောင်ပွဲ (Victory) ပဲ လိုချင်တယ်။ 

ဘယ်လောက်ပဲ ပေးဆပ်ရပါစေ၊ ဘယ်လောက်ပဲ ကြောက်စရာကောင်းပါစေ၊ 

လမ်းက ဘယ်လောက်ပဲ ဝေးပါစေ 

အောင်ပွဲမရရင် ကျွန်တော်တို့ ရှင်သန်ခွင့် မရှိဘူး" တဲ့။

ဒီစိတ်ဓာတ်ဟာ ကျနော်တို့ အစိုးရသစ်မှာ ရှိဖို့ လိုအပ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် သောင်းကျန်းသူတွေ၊ NUG PDF အကြမ်းဖက်သမားတွေဆိုတာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို စိန်ခေါ်နေတဲ့ အဖျက်သမားတွေပါ။ သူတို့ကို "အမြစ်ပြတ်အောင် တိုက်မယ်" ဆိုတဲ့ မူဝါဒကသာ တိုင်းပြည်ကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။

၃။ ငြိမ်းချမ်းရေးဆိုတာ အင်အားသာလွန်မှ ရရှိတာ (Peace Through Strength)

လူအတော်များများ မှားနေတာ တစ်ခုရှိပါတယ်။ "စစ်တိုက်နေရင် ငြိမ်းချမ်းရေး မရဘူး" တဲ့။ တကယ်တော့ "ငြိမ်းချမ်းရေးဆိုတာ သေနတ်ပြောင်းဝကနေ လာတာ" ပါ။ အကြမ်းဖက်သမားတွေဟာ သူတို့ထက် အင်အားကြီးတဲ့သူ၊ သူတို့ကို အပြတ်အသတ် ခြေမှုန်းနိုင်တဲ့ အင်အားရှိတဲ့သူကိုပဲ ကြောက်တာပါ။

ကမ္ဘာ့သမိုင်းမှာ ရောမအင်ပါယာကြီး ခေတ်ကောင်းစဉ်က "Pax Romana" (ရောမငြိမ်းချမ်းရေး) ဆိုတာ ရှိခဲ့တယ်။ အဲဒီငြိမ်းချမ်းရေးဟာ ဘယ်ကလာလဲ? ဆွေးနွေးပွဲက လာတာ မဟုတ်ဘူး။ ရောမစစ်တပ်ရဲ့ အင်အားကြီးမားမှုနဲ့ ရန်သူတွေကို အပြတ်အသတ် နှိမ်နင်းနိုင်မှုကနေ လာတာပါ။ ရန်သူက ကိုယ့်ကို မယှဉ်နိုင်တော့ဘူးလို့ သိတဲ့အချိန်မှာ ငြိမ်းချမ်းရေးဟာ အလိုလို ရောက်လာပါတယ်။

အစိုးရသစ်အနေနဲ့ စစ်အင်အားကို အသာစီးရအောင် လုပ်ရပါမယ်။ နည်းပညာ၊ လက်နက်၊ လူအင်အား အားလုံးမှာ ရန်သူက "မယှဉ်ဝံ့စရာ" ဖြစ်နေရပါမယ်။ အင်အားသာလွန်မှ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာဖြစ်သလို၊ အင်အားရှိမှလည်း တည်ဆောက်ထားတဲ့ ငြိမ်းချမ်းရေးကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

၄။ အနာကို အမြစ်ကနေ ခွဲစိတ်ကုသခြင်း

တိုင်းပြည်မှာ သောင်းကျန်းသူတွေ ရှိနေတာဟာ ခန္ဓာကိုယ်ထဲမှာ ကင်ဆာကျိတ် ရှိနေတာနဲ့ တူပါတယ်။ ကင်ဆာကျိတ်ကို ဆေးလိမ်းရုံ၊ ချော့မော့နေရုံနဲ့ မရပါဘူး။ ခွဲစိတ်ခန်းထဲ သွင်းပြီး အမြစ်ကနေ လှီးထုတ်ပစ်ရမှာပါ။

မိဘပြည်သူများခင်ဗျာ... ကျွန်တော်တို့ အိမ်ရှေ့က ပေါင်းပင်တွေကို ကြည့်ပါ။ အဲဒီပေါင်းပင်တွေကို နှမြောလို့ပဲဖြစ်ဖြစ်၊ ပင်ပန်းမှာစိုးလို့ပဲဖြစ်ဖြစ် အပေါ်ယံ အရွက်ကလေးတွေပဲ လှီးထုတ်နေမယ်ဆိုရင် ဘာဖြစ်မလဲ? နောက် နှစ်ရက်၊ သုံးရက်နေရင် အဲဒီပေါင်းပင်တွေဟာ အရင်ကထက် ပိုသန်မာပြီး ပြန်တက်လာမှာပါ။ တကယ့် ငြိမ်းချမ်းတဲ့ ဥယျာဉ်တစ်ခု ဖြစ်ချင်ရင်တော့ လက်မတွန့်ပါနဲ့၊ အပင်ကို အမြစ်ကနေ ဆွဲနုတ်ပစ်မှ ရပါမယ်။

ဒီနေ့ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေကလည်း ဒီအတိုင်းပါပဲ။ လက်နက်ကိုင် အကြမ်းဖက်သမားတွေဆိုတာ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို စားသုံးနေတဲ့ ပေါင်းပင်တွေပါ။ သူတို့နဲ့ ညှိနှိုင်းနေတာ၊ နေရာပေးနေတာဟာ အပေါ်ယံ အရွက်ကလေးတွေကို ကတ်ကြေးနဲ့ တိနေသလိုပါပဲ။ ခဏတဖြုတ်တော့ ငြိမ်သွားသလို ထင်ရပေမယ့် အမြစ်က ရှိနေသရွေ့ သူတို့ဟာ အချိန်မရွေး ပြန်တက်လာပြီး ပြည်သူကို ဒုက္ခပေးဦးမှာပါ။

သမိုင်းကို ပြန်ကြည့်ရင်လည်း "မီးကြွင်းမီးကျန်" ထားခဲ့တဲ့ ဘယ်စစ်ပွဲမှ အေးချမ်းမသွားပါဘူး။ ဒုတိယကမ္ဘာစစ်တုန်းက ချာချီဟာ နာဇီတွေကို "ညှိနှိုင်းကြရအောင်" လို့ မပြောခဲ့ပါဘူး။ "အမြစ်ပြတ်အောင် တိုက်မယ်" ဆိုတဲ့ မူဝါဒကိုပဲ ကိုင်စွဲခဲ့တယ်။ ဘာလို့လဲဆိုတော့ ရန်သူကို အသက်ရှူပေါက် ပေးလိုက်ရင် အဲဒီရန်သူဟာ တစ်နေ့မှာ ကိုယ့်ကို ပြန်သတ်မယ့်သူ ဖြစ်လာမယ်ဆိုတာ သူ ကောင်းကောင်း သိလို့ပါ။

အခု ကျနော်တို့ရဲ့ အစိုးရသစ်အနေနဲ့လည်း ဒီလို ပြတ်သားတဲ့ မူဝါဒမျိုး စိတ်ဓာတ်မျိုး ရှိရပါမယ်။ အကြမ်းဖက်သမားတွေကို "အမြစ်ပြတ် ခြေမှုန်းခြင်း" ဆိုတာဟာ ရက်စက်တာ မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အသုံးမဝင်တဲ့ ပေါင်းပင်ကို အမြစ်က နုတ်ပစ်တာပါ။ မီးကြွင်းမီးကျန် မရှိအောင် ငြှိမ်းသတ်ပစ်တာပါ။ အမြစ်က မပြတ်ရင် အနာက မကျက်နိုင်ပါဘူး။

ကျွန်တော်တို့ရဲ့ စစ်အင်အားဟာ ရန်သူက "အမြစ်ပါ မကျန်တော့ဘူး" လို့ ထိတ်လန့်သွားရလောက်အောင် သာလွန်နေရပါမယ်။ အဲဒီလို အင်အားနဲ့ အပြတ်အသတ် နှိမ်နင်းနိုင်မှသာ ကျွန်တော်တို့ရဲ့ မြေဇာပင် ပြည်သူပြည်သားတွေဟာ ပေါင်းပင်တွေကြားမှာ မွန်းကြပ်မနေရတော့ဘဲ လွတ်လပ်အေးချမ်းတဲ့ ဘဝကို ရရှိမှာ ဖြစ်ပါတယ်။

အပြတ်အသတ် ခြေမှုန်းရေးမူဝါဒဟာ ရက်စက်တာ မဟုတ်ပါဘူး။ နောင်လာနောက်သားတွေ လက်နက်ကိုင်ပဋိပက္ခကြားမှာ မကြီးပြင်းရအောင်၊ တိုင်းပြည်မှာ ဥပဒေစိုးမိုးရေး ခိုင်မာအောင် အခုအချိန်မှာ ပြတ်ပြတ်သားသား လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။ ချာချီဟာ အင်္ဂလန်ကို ရန်သူတွေဝိုင်းနေတဲ့ကြားက "အရှုံးမပေးဘူး" လို့ ပြောခဲ့လို့သာ ဥရောပတိုက်ကြီး ဒီနေ့အထိ လွတ်လပ်ခြင်းငြိမ်းချမ်းခြင်းရဲ့ အနှစ်သာရကို ပြည်သူပြည်သားတွေ ခံစားနေကြရတာပါ။

၅။ နိဂုံးချုပ် သုံးသပ်ချက်

မိဘပြည်သူများခင်ဗျာ...

အစိုးရသစ်ရဲ့ တာဝန်ဟာ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ပါ။ အကြမ်းဖက်သမားတွေကို နေရာပေးနေတာ၊ ညှိနှိုင်းနေတာဟာ ပြည်သူ့ကို ဒုက္ခပေးနေတာနဲ့ အတူတူပါပဲ။ ကျွန်တော်တို့ လိုချင်တာက "ခဏတာ ငြိမ်းချမ်းရေး" မဟုတ်ဘူး၊ နောင်နှစ်ပေါင်း ရာချီခိုင်မြဲမယ့် "စစ်မှန်တဲ့ ငြိမ်းချမ်းရေး" ဖြစ်ပါတယ်။

အဲဒီငြိမ်းချမ်းရေးကို ရဖို့ဆိုရင် -

၁။ အကြမ်းဖက်သမားတွေကို အမြစ်ပြတ် ခြေမှုန်းရပါမယ်။

၂။ စစ်ရေးအရ လုံးဝအသာစီးရအောင် တည်ဆောက်ရပါမယ်။

၃။ ရန်သူကို အလျှော့မပေးတဲ့ ချာချီရဲ့ စိတ်ဓာတ်နဲ့ ရှေ့ဆက်ရပါမယ်။

ရန်သူတွေ အားလုံးကို အပြုတ်တိုက်ပြီး တိုင်းပြည်မှာ ဥပဒေတစ်ခုတည်း၊ တစ်ခုတည်းသော တပ်မတော်လက်အောက်မှာ တည်ငြိမ်အောင် လုပ်နိုင်မှသာ ကျွန်တော်တို့ တိုင်းသူပြည်သားတွေဟာ ဘေးကင်းလုံခြုံတဲ့ ဘဝတွေကို ခံစားရမှာ ဖြစ်ပါတယ်။ အခုတက်လာမယ့်အစိုးရသစ်နဲ့အတူ ကျနော်တို့ပြည်သူအားလုံးက ပြတ်သားတဲ့ စိတ်ဓာတ်နဲ့ တိုင်းပြည်အတွက် ရပ်တည်ပေးကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်

လိုက်ပါတယ်။

ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment