- "တိုင်းပြည်တစ်ခုရဲ့ ကံကြမ္မာဟာ နိုင်ငံသားတွေရဲ့ လက်ထဲမှာပဲ ရှိတယ်"
မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော်တို့ တိုင်းပြည် ဘာလို့ မချမ်းသာတာလဲ၊ ဘာလို့ မတိုးတက်တာလဲဆိုတာကို လူတိုင်း ဆွေးနွေးတတ်ကြပါတယ်။ အများစုကတော့ အစိုးရကိုပဲ လက်ညှိုးထိုးကြတာ များပါတယ်။ ဒါပေမဲ့ တကယ့် အမှန်တရားက အဲဒါထက် ပိုနက်ရှိုင်းပါတယ်။ တိုင်းပြည်တစ်ခု တိုးတက်ဖို့ဆိုတာ အစိုးရကောင်းရုံနဲ့ မရပါဘူး။ အဲဒီနိုင်ငံမှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ "စည်းကမ်း" နဲ့ "စိတ်ဓာတ်" က အဓိက ကျပါတယ်။
၁။ စည်းမဲ့ကမ်းမဲ့ဖြစ်ခြင်းက ဆင်းရဲခြင်းရဲ့ အစ
ပထမဆုံးအနေနဲ့ "စည်းကမ်း" အကြောင်း ပြောချင်ပါတယ်။ စည်းကမ်းဆိုတာ လမ်းပေါ် အမှိုက်မပစ်တာကအစ၊ ယာဉ်စည်းကမ်း လိုက်နာတာ၊ ကိုယ့်တာဝန်ကိုယ် ကျေပွန်တာအထိ အကုန်ပါပါတယ်။ လူတွေက စည်းပျက်ကမ်းပျက် ဖြစ်နေမယ်၊ ဥပဒေကို မလေးစားဘူး၊ ကိုယ်လိုရာကိုပဲ ဇွတ်လုပ်မယ်ဆိုရင် အဲဒီလူ့အဖွဲ့အစည်းဟာ ပရမ်းပတာ ဖြစ်လာပါတယ်။
ဂျပန်နိုင်ငံကို ကြည့်ပါ။ ဒုတိယကမ္ဘာစစ်အပြီးမှာ ဂျပန်ဟာ မြေလှန်စနစ်နဲ့ ဖျက်ဆီးခံခဲ့ရတယ်။ အဏုမြူဗုံး နှစ်လုံးအထိ ကြဲခံခဲ့ရတဲ့ ကမ္ဘာပေါ်မှာ ဂျပန်နိူင်ငံတစ်နိူင်ငံပဲ ရှိပါတယ် ။ ဒါပေမဲ့ ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာ ဂျပန်ဟာ ကမ္ဘာ့ထိပ်တန်း စီးပွားရေးအင်အားကြီးနိုင်ငံတစ်ခု ဘာလို့ ဖြစ်လာသလဲ? အဖြေက တစ်ခုတည်းပါ။ "ဂျပန်လူမျိုးတွေရဲ့ စည်းကမ်း" ကြောင့်ပါ။ သူတို့ဟာ စစ်ရှုံးချိန်မှာတောင် တန်းစီရမယ့်နေရာမှာ စနစ်တကျ တန်းစီတယ်၊ အစိုးရကို အပြစ်တင်နေမယ့်အစား "ငါတို့ တိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်မလဲ" ဆိုတဲ့ စိတ်နဲ့ အလုပ်ကို ရူးသွပ်စွာ လုပ်ခဲ့ကြပါတယ်။ စည်းကမ်းရှိတဲ့ ပြည်သူတွေရှိတဲ့ တိုင်းပြည်ဟာ ဘယ်လောက်ပဲ ပျက်စီးပါစေ အချိန်မရွေးပြန်လည်ထူထောင်လို့ ရပါတယ်။ ပြည်သူအများစုက စည်းကမ်းမရှိရင်တော့ ရွှေပုံပေါ် ထိုင်နေရပါစေ၊ ခဏလေးနဲ့ ပြန်ဆင်းရဲသွားမှာပါ။
၂။ အစိုးရကို အပြစ်တင်ခြင်းနဲ့ ကိုယ်တိုင် တာဝန်ယူမှု
ကျွန်တော်တို့ဆီမှာ အမြဲတွေ့ရတဲ့ အလေ့အကျင့်တစ်ခုက "အစိုးရ မကောင်းလို့" ဆိုတဲ့ စကားပါ။ မှန်ပါတယ်။ အစိုးရမှာလည်း တစ်စိတ်တစ်ပိုင်း တာဝန်ရှိပါတယ်။ ဒါပေမဲ့ အစိုးရဆိုတာ ပြည်သူထဲက ပေါက်ဖွားလာတာပါ။ ပြည်သူတွေ ကိုယ်တိုင်က အကျင့်ပျက်နေမယ်၊ အခွင့်အရေးရရင် ရသလို ခိုးမယ်၊ အဲ့ဒီပြည်သူတွေထဲက ဝန်ထမ်းဆိုလည်း လာဘ်စားမယ်၊ အရပ်သားဆိုလည်း အရပ်သား တာဝန်ေတွ မသိဘူး အလေးမထားဘူးဆိုရင် ဘယ်လိုအစိုးရမျိုး တက်လာတက်လာ ကျနော်တို့ တိုင်းပြည်က ဒီလိုပဲ သံသရာလည်နေမှာပါ။
ကျနော်တို့အားကျရတဲ့ အိမ်နီးခြင်း
စင်ကာပူနိုင်ငံကို ကြည့်ပါ။ ၁၉၆၅ ခုနှစ်က စင်ကာပူဆိုတာ သောက်သုံးရေတောင် မရှိတဲ့ ကျွန်းငယ်လေးပါ။ အဲဒီအချိန်က ဝန်ကြီးချုပ် လီကွမ်ယူက ပြည်သူတွေကို ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။ "မင်းတို့ တိုးတက်ချင်ရင် မင်းတို့ရဲ့ အကျင့်စရိုက်တွေကို ပြောင်းလဲကြ" တဲ့။ စင်ကာပူပြည်သူတွေကလည်း အစိုးရကိုပဲ ထိုင်စောင့်မနေဘဲ ကိုယ်စီတာဝန်ကျေအောင် ကြိုးစားခဲ့ကြလို့ ဒီနေ့ ကမ္ဘာ့အချမ်းသာဆုံးနဲ့ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံးနိူင်ငံအဖြစ် အရှေ့တောင်အာရှမှ အင်အားကြီးစင်ကာပူနိူင်ငံလို့ ဖြစ်နေတာပါ။ အစိုးရကို အပြစ်တင်နေရုံနဲ့ ဘယ်တိုင်းပြည်မှ ကောင်မလာဘူး ၊ အစိုးရကို အပြစ်မြင်နေကြလို့သာ နိူင်ငံက ဆင်းရဲသွားကြတာပါ ။
ကျနော်တို့နိူင်ငံက ပြည်သူ ပြည်သူဆိုတဲ့ လူအုပ်စုကြီးကို ပြောချင်တာက ခက်များတို့ ကိုယ်တိုင်က တိုင်းပြည်အတွက် ဘာလုပ်ပေးပြီးပြီလဲဆိုတာ ပြန်မေးဖို့ လိုပါတယ်။
၃။ ငြိမ်းချမ်းရေးကို ကျောခိုင်းပြီး စစ်ကို အားပေးခြင်းရဲ့ အကျိုးဆက်
နောက်ဆုံးနဲ့ အရေးကြီးဆုံးအချက်က "ငြိမ်းချမ်းရေး" ပါ။ နိူင်ငံရေးသမားတွေ တောခိုတာ၊ လူမျိုးစုတွေ လက်နက်စွဲကိုင်တာ၊ ပြည်သူတွေက တိုက်ပွဲတွေကို အားပေးတာဟာ ခဏတာ စိတ်ခံစားမှုအရ အားရစရာ ကောင်းကောင်းကောင်းနိုင်ပေမဲ့ ရေရှည်မှာတော့ တိုင်းပြည်ရဲ့ အနာဂတ်ကို မီးတင်ရှို့နေတာနဲ့ တူပါတယ်။ ဘယ်နိုင်ငံမှ စစ်ဖြစ်နေရင်းနဲ့ မချမ်းသာလာပါဘူး။
သမိုင်းကို ပြန်ကြည့်ပါ။ အာဖရိကက နိုင်ငံအချို့ကို ကြည့်မလား၊ အရှေ့အလယ်ပိုင်းက နိုင်ငံတွေကို ကြည့်မလား။ ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲတွေ၊ သူပုန်ထမှုတွေ ဖြစ်နေတဲ့ တိုင်းပြည်တွေမှာ ဘာကျန်ခဲ့သလဲ? ပြည်သူအချင်းချင်းအနီအစိမ်းခွဲပြီး သတ်ဖြတ်တာေတွ၊ အစိုးရရုံးဌာနအဆောက်အဦးတွေ ဖျက်စီးတာနဲ့ လမ်းတံတားတွေကို မိုင်းထောင်ဗုံးခွဲတာတွေဟာ အခြေခံလူတန်းစားတွေကို ငတ်မွတ်ခေါင်းပါးမှုပဲ ကျန်ခဲ့ပါတယ်။ စစ်ပွဲတစ်ခု ဖြစ်တိုင်းမှာ ဆုံးရှုံးသွားတာက တံတားတွေ၊ လမ်းတွေတင် မဟုတ်ပါဘူး။ တိုင်းပြည်ကို တည်ဆောက်မယ့် "လူသားအရင်းအမြစ်" တွေ ဆုံးရှုံးသွားတာပါ။
တကယ့်နိုင်ငံသားကောင်းဆိုတာ ကိုယ့်တိုင်းပြည်မြေပေါ်မှာ သွေးချောင်းစီးနေတာကို ဘယ်တော့မှ အားရဝမ်းသာ မဖြစ်ပါဘူး။ ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ်၊ ဘယ်ဘက်ကပဲတိုက်တိုက် "စစ်" ဆိုတာ ဖြစ်လာပြီဆိုရင် အဖျက်ဆီးခံရမှာက ကိုယ့်နိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေနဲ့ လူငယ်တွေရဲ့အနာဂတ်တွေပဲ ဖြစ်ပါတယ်။ တိုက်ပွဲတွေကို အားပေးထောက်ခံနေတာဟာ ကိုယ့်အိမ်ကိုယ် မီးရှို့နေတာကို ဘေးကနေ လက်ခုပ်တီးနေတာနဲ့ အတူတူပါပဲ။ ပြည်သူအများစုက တိုက်ပွဲ/စစ်ပွဲကို သာယာနေသရွေ့တော့ ဆုံးရှုံးမှုတွေ၊ ဆင်းရဲမွဲတေမှုတွေနဲ့ ငိုကြွေးသံေတွကနေ ကျွန်တော်တို့ ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တိုင်းပြည်ကို တကယ်ချစ်တဲ့ နိုင်ငံသားစစ်စစ်ဆိုရင် မိမိနိုင်ငံ ပျက်စီးရာပျက်စီးကြောင်းဖြစ်တဲ့ ဘယ်လိုတိုက်ပွဲမျိုးကိုမှ မထောက်ခံဘဲ၊ တည်ငြိမ်အေးချမ်းတဲ့ နိူင်ငံရေးနည်းလမ်းနဲ့ နိုင်ငံေတာ်ကို ပြန်လည်ထူထောင်ဖို့ပဲ စိတ်အားထက်သန်ကြရမှာ ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံကို ကြည့်ပါ။ နှစ်ပေါင်းများစွာ စစ်ဒဏ်ခံခဲ့ရတယ်။ ဒါပေမဲ့ သူတို့ ငြိမ်းချမ်းရေးကို ရှာဖွေပြီး စစ်ပွဲတွေကို ရပ်တန့်လိုက်တဲ့အချိန်မှာပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာပြီး အခုဆို အရှေ့တောင်အာရှမှာ စီးပွားရေး အရှိန်အဟုန်နဲ့ တိုးတက်နေပါပြီ။ပြည်သူတွေက စစ်ပွဲကို အားပေးနေသရွေ့တော့ ကျွန်တော်တို့ တိုင်းပြည်က ဆင်းရဲတွင်းကနေ ဘယ်တော့မှ လွတ်မှာမဟုတ်ပါဘူး။
ကျနော်တို့လေ့လာခဲ့ဖူးတဲ့
ပြည်သူ့နိတ္တိဆိုတာ အနှစ်ချုပ်ပြောရရင် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ နေထိုင်တဲ့ နိုင်ငံသားတိုင်း လိုက်နာရမယ့် အခြေခံကျင့်ဝတ်နဲ့ စည်းကမ်းတွေပဲ ဖြစ်ပါတယ်။ ဒါဟာ စာအုပ်ထဲမှာပဲ ဖတ်ရမယ့် သင်ခန်းစာ မဟုတ်ဘဲ လက်တွေ့ဘဝမှာ တခြားသူကို မထိခိုက်အောင် နေထိုင်တာ၊ အများပိုင်/အစိုးရပိုင်ပစ္စည်းေတွကို တန်ဖိုးထားတာနဲ့ ကိုယ့်ရဲ့ တာဝန်နဲ့ ဝတ္တရားတွေကို သိနားလည်တာကို ဆိုလိုတာပါ။ တိုင်းပြည်တစ်ခုမှာ အဆင့်မြင့်တဲ့ အဆောက်အဦးတွေ ဘယ်လောက်ပဲ ရှိရှိ၊ နိုင်ငံသားတွေက ပြည်သူ့နိတ္တိကို မလိုက်နာဘဲ စည်းမဲ့ကမ်းမဲ့ နေထိုင်ကြမယ်ဆိုရင် အဲဒီလူ့အဖွဲ့အစည်းဟာ ဘယ်တော့မှ တိုးတက်ယဉ်ကျေးလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပြည်သူ့နိတ္တိကို လူတိုင်းက ကိုယ်တိုင်လည်း ကျင့်ကြံ၊ သူတစ်ပါးကိုလည်း လက်ဆင့်ကမ်းပေးမှသာ စည်းကမ်းရှိသောဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့အလယ်မှာ ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။
တိုင်းပြည်တစ်ခုရဲ့ ကျရှုံးခြင်း ဒါမှမဟုတ် တိုးတက်ခြင်းဆိုတာ နိုင်ငံသားတွေရဲ့ "ပြည်သူ့နိတ္တိ" အဆင့်အတန်းပေါ်မှာပဲ မူတည်ပါတယ်။ စည်းမဲ့ကမ်းမဲ့ နေထိုင်ပြီး ဥပဒေကို ဖောက်ဖျက်နေတဲ့ပြည်သူတွေဟာ တိုင်းပြည်အတွက်တော့ "အမှိုက်" တွေနဲ့ "ဝန်ထုပ်ဝန်ပိုး" တွေပါပဲ။ ကိုယ်တိုင်က တာဝန်မကျေဘဲ အစိုးရကိုပဲ လက်ညှိုးထိုး အပြစ်ပုံချနေတာဟာ အလွန်အောက်တန်းကျတဲ့ စိတ်ဓာတ်ဖြစ်သလို၊ ငြိမ်းချမ်းရေးကို ကျောခိုင်းပြီး စစ်ပွဲနဲ့ ပျက်စီးမှုတွေကို အားပေးနေသရွေ့တော့ ခင်ဗျားတို့ရော ခင်ဗျားတို့ရဲ့ သားသမီးတွေပါ ဆင်းရဲတွင်းထဲမှာပဲ နစ်မွန်းပြီး အသေခံကြရပါလိမ့်မယ်။ တိုးတက်တဲ့နိုင်ငံဖြစ်ချင်ရင် အပြောနဲ့မဟုတ်ဘဲ လက်တွေ့မှာ "လူ" လို ကျင့်ကြံပြီး စည်းကမ်းရှိဖို့ လိုပါတယ်။ စိတ်ဓာတ်မပြောင်းလဲဘဲ စည်းပျက်ကမ်းပျက် ဆက်လုပ်နေကြမယ်ဆိုရင်တော့ ဒီတိုင်းပြည်ဟာ ဘယ်တော့မှ နာလန်ထူမှာမဟုတ်ဘူးဆိုတာ ပြတ်ပြတ်သားသား မှတ်ထားကြဖို့ လိုပါတယ်။
နိဂုံးချုပ် စဉ်းစားရမှာက...
တိုင်းပြည်တစ်ပြည် နိူင်ငံတစ်နိူင်ငံ တိုးတက်ဖို့ဆိုတာ တစ်ဦးတစ်ယောက်တည်း လုပ်လို့ မရပါဘူး။
၁။ စည်းကမ်းရှိတဲ့ နိုင်ငံသားဖြစ်ဖို့ လိုပါတယ်။
၂။ အစိုးရကို အပြစ်ပုံချမနေဘဲ ကိုယ့်တာဝန်ကိုယ် ကျေပွန်ဖို့ လိုပါတယ်။
၃။ စစ်ပွဲတွေထက် ငြိမ်းချမ်းရေးကို တန်ဖိုးထားတတ်ဖို့ လိုပါတယ်။
ကျွန်တော်တို့ရဲ့ အနာဂတ်မျိုးဆက်သစ်တွေကို တိုက်ပွဲတွေ စစ်ပွဲတွေနဲ့ ဆင်းရဲတွင်းထဲမှာပဲ ထားခဲ့မှာလား၊ ဒါမှမဟုတ် ဂုဏ်သိက္ခာရှိတဲ့ တိုင်းပြည်တစ်ခုကို လက်ဆင့်ကမ်းပေးမှာလားဆိုတာ အခု ကျွန်တော်တို့ လုပ်နေတဲ့ အပြုအမူတွေပေါ်မှာပဲ မူတည်ပါတယ်။ စိတ်ဓာတ်တွေ ပြောင်းလဲကြရအောင်ပါ။ ကျနော်တို့အားလုံး ညီညွှတ်ကြဖို့ အချိန်တန်နေပါပြီ ။ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် တိုင်းပြည် ပျက်စီးမယ့်လမ်းကို မရွေးကြပါနဲ့လို့ တိုက်တွန်းရင်း ဒီနေ့ သုံးသပ်ချက်ကို ဒီမှာပဲ ရပ်နားပါရစေ။
နားဆင်ပေး
တဲ့အတွက် ကျေးဇူးတင်ပါတယ်။

No comments:
Post a Comment