- "သမိုင်းကပေးတဲ့ တာဝန်နဲ့ ခေတ်သစ်ဆီသို့ ခြေလှမ်းများ"
နိဒါန်း
၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှာ ကျရောက်တဲ့နေ့တစ်နေ့ဟာ မြန်မာ့တပ်မတော်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့လည်း ဖြစ်ပါတယ်။
ဒီနေ့ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ သမိုင်းစာမျက်နှာမှာ အလွန်အရေးပါတဲ့ နေ့တစ်နေ့ဖြစ်တဲ့ "တပ်မတော်နေ့" ပဲ ဖြစ်ပါတယ်။
၈၁ နှစ်ဆိုတဲ့ သက်တမ်းဟာ လူတစ်ယောက်အနေနဲ့ဆိုရင် ရင့်ကျက်တည်ငြိမ်တဲ့ အရွယ်၊ အဖွဲ့အစည်းတစ်ခုအနေနဲ့ဆိုရင်တော့ အတွေ့အကြုံမျိုးစုံ၊ အနိမ့်အမြင့်မျိုးစုံနဲ့ အခက်အခဲတွေကို ဖြတ်ကျော်လာခဲ့တဲ့ သမိုင်းရင့်ကျက်မှုရှိတဲ့ အချိန်ကာလတစ်ခု ဖြစ်ပါတယ်။ ဒီကနေ့မှာ ကျွန်တော်တို့ဟာ အတိတ်က ပေးဆပ်ခဲ့တဲ့ သူရဲကောင်းတွေကို သတိရရုံတင်မကဘဲ ရှေ့ဆက်ရမယ့် နိုင်ငံတော်ရဲ့ အနာဂတ်အတွက် တပ်မတော်ရဲ့ အခန်းကဏ္ဍကို ပြန်လည်သုံးသပ်ကြည့်ကြရအောင်ပါ။
+တော်လှန်ရေးနေ့မှသည် တပ်မတော်နေ့သို့
တပ်မတော်နေ့အကြောင်း ပြောရင် ကျွန်တော်တို့ ၁၉၄၅ ခုနှစ်ဆီကို အရင်ဆုံး ပြန်သွားကြည့်ရပါမယ်။ မူလက "တော်လှန်ရေးနေ့" လို့ ခေါ်ခဲ့တာပါ။ နယ်ချဲ့အင်္ဂလိပ်ကို တော်လှန်ခဲ့သလို၊ ဖက်ဆစ်ဂျပန်တွေကို မြန်မာ့မြေပေါ်ကနေ အပြီးအပိုင် မောင်းထုတ်ဖို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စတင်တိုက်ပွဲဝင်ခဲ့တဲ့နေ့ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ရဲဘော်သုံးကျိပ်၊ မျိုးချစ်ပြည်သူတွေ ပူးပေါင်းပြီး "ဗမာ့ကာကွယ်ရေးတပ်မတော်" အဖြစ်ကနေ "မျိုးချစ်ဗမာ့တပ်မတော်" အဖြစ် အမည်ပြောင်းကာ ဖက်ဆစ်ဆန့်ကျင်ေရးကို ဆင်နွှဲခဲ့ကြပါတယ်။
ဒီသမိုင်းကြောင်းကို ပြန်ကြည့်ရင် တပ်မတော်ဆိုတာ ပြည်သူ့ရင်ခွင်ထဲကနေ ပေါက်ဖွားလာတာကို တွေ့ရပါလိမ့်မယ်။ အမျိုးသားရေးစိတ်ဓာတ်နဲ့စည်းလုံးညီညွှတ်မှုကို မတည်ဆောက်ခဲ့ရင် လွတ်လပ်ရေးမရနိုင်သလို၊ ခိုင်မာတဲ့ တပ်မတော်မရှိရင်လည်း လွတ်လပ်ရေးဆိုတာ လည်း အလှမ်းဝေးနေဦးမှာပါ။ ဒါကြောင့် တပ်မတော်နေ့ဟာ တပ်မတော်သားတွေရဲ့ နေ့ရက်တင်မဟုတ်ဘဲ မြန်မာ့လွတ်လပ်ရေးအတွက် အသက်သွေးချွေး ပေးဆပ်ခဲ့သူအားလုံးနဲ့ ကျနော်တို့မြန်မာနိူင်ငံသားတွေရဲ့ နေ့ထူးေန့မြတ်တစ်ခုဖြစ်ပါတယ်။
၈၁ နှစ်တာ ခရီးကြမ်းနှင့် စိန်ခေါ်မှုများ
၁၉၄၅ ကနေ ၂၀၂၆ အထိ ၈၁ နှစ်တာ ကာလအတွင်းမှာ တပ်မတော်ဟာ နိုင်ငံရေး၊ စစ်ရေးနဲ့ လူမှုရေး မုန်တိုင်းပေါင်းစုံကို ဖြတ်ကျော်ခဲ့ရပါတယ်။ လွတ်လပ်ရေးရပြီးစ ရောင်စုံသောင်းကျန်းမှုတွေကြားမှာ "ရန်ကုန်အစိုးရ" လို့တောင် အခေါ်ခံရတဲ့အထိ ကျဉ်းထဲကျပ်ထဲ ရောက်ခဲ့စဉ်က တပ်မတော်ကပဲ နိုင်ငံတော်ကြီး ပြိုကွဲမသွားအောင် ထိန်းသိမ်းခဲ့ရပါတယ်။
အဲ့ဒီအချိန် တပ်မတော်သာ ပြိုကွဲသွားခဲ့ရင် ကျနော်တို့ရဲ့ပြည်ေထာင်စုသမ္မတမြန်မာနိူင်ငံတော်ဆိုတာကလည်း ဥရောပတိုက်ရဲ့ အရှေ့တောင်ဘက်က ဘော်လ်ကန်ကျွန်းဆွယ် ဒေသမှာ တည်ရှိ ယူဂိုဆလားဗီးယားနိူင်ငံလို ပြိုကွဲသွားမှာ အသေအခြာပါပဲ ။
သမိုင်းတစ်လျှောက်မှာ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ ငြင်းခုံစရာတွေ၊ စိန်ခေါ်မှုတွေ ရှိခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အားလုံးငြင်းလို့မရတာကတော့ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ဆိုရင် အင်အားတောင့်တင်းပြီး စည်းလုံးတဲ့ တပ်မတော်တစ်ခုဟာ မရှိမဖြစ် လိုအပ်ချက်ပဲ ဖြစ်ပါတယ်။ ၈၁ နှစ်ဆိုတဲ့ ကာလမှာ ခေတ်စနစ်တွေ ပြောင်းလဲသွားပေမဲ့ "နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်မယ်" ဆိုတဲ့ တပ်မတော်ရဲ့ မူလရည်မှန်းချက်ကတော့ မပြောင်းလဲဘဲ ရှိနေရမှာပါ။
ပရိသတ်ကြီးခင်ဗျာ...
စောစောက ကျွန်တော်တို့ တပ်မတော်ရဲ့ ၈၁ နှစ်တာ ခရီးကြမ်းနဲ့ စိန်ခေါ်မှုတွေအကြောင်း ပြောခဲ့ကြပါတယ်။ ဒီခရီးကြမ်းဆိုတာ စာရွက်ပေါ်မှာ အလွယ်တကူ ရေးမှတ်ထားတဲ့ စကားလုံးသက်သက် မဟုတ်ပါဘူး။ သွေးတွေ၊ ချွေးတွေ၊ အသက်ပေါင်းများစွာနဲ့ ရင်းနှီးပေးဆပ်ခဲ့ရတဲ့ သမိုင်းဝင် မှတ်တိုင်တွေပဲ ဖြစ်ပါတယ်။ ဒီကနေ့လို ဂုဏ်သိက္ခာကြီးမားတဲ့ နေ့ရက်မှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် နောက်ဆုတ်မသွားဘဲ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြတဲ့ သမိုင်းဝင် တိုက်ပွဲကြီးတချို့ကို ကျွန်တော်တို့ ပြန်လည်အမှတ်ရ ဂုဏ်ပြုဖို့ လိုအပ်ပါတယ်။
[ခဏရပ်ပါ - Pause]
+ ကွန်လုံရက် ၄၀ တိုက်ပွဲကြီး
ပထမဆုံးအနေနဲ့ မြန်မာ့တပ်မတော် သမိုင်းမှာရော၊ ကမ္ဘာ့စစ်သမိုင်းမှာပါ မှတ်တမ်းတင်ရလောက်အောင် ပြင်းထန်ခဲ့တဲ့ "ကွန်လုံရက် ၄၀ တိုက်ပွဲကြီး" အကြောင်းကို ပြန်လည် မြင်ယောင်ကြည့်စေချင်ပါတယ်။ ၁၉၇၁ ခုနှစ်၊ နိုဝင်ဘာလကနေ စတင်ခဲ့တဲ့ ဒီတိုက်ပွဲဟာ သံလွင်မြစ်ကူး တံတားဖြစ်တဲ့ ကွန်လုံတံတားကို အသေအလဲ ကာကွယ်ခဲ့ရတဲ့ တိုက်ပွဲဖြစ်ပါတယ်။
စဉ်းစားကြည့်ပါခင်ဗျာ... ဆောင်းရာသီရဲ့ အအေးဒဏ် ပြင်းထန်လွန်းတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တောင်တန်းတွေပေါ်မှာ၊ တစ်ဖက်က အင်အား အဆမတန် များပြားလွန်းတဲ့ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) တပ်တွေဟာ 'လူလှိုင်းစစ်ဆင်ရေး' (Human Wave Tactics) နဲ့ လှိုင်းလုံးကြီးတွေလို တစ်သုတ်ပြီးတစ်သုတ် တက်လာခဲ့ကြတာပါ။ လက်နက်ကြီး မိုးတွေ ရွာနေတဲ့ကြား၊ ရိက္ခာပြတ်၊ ကျည်ပြတ်လုနီးပါး အခြေအနေတွေကြားထဲကနေ တပ်မတော်သားတွေဟာ နိုင်ငံတော်ရဲ့ ပိုင်နက်နယ်မြေ တစ်လက်မကိုမှ အဆုံးရှုံးမခံနိုင်ဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ ရက်ပေါင်း ၄၀ တိုင်တိုင် အပြင်းအထန်ခုခံကာကွယ်ပြီး ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။
ကွန်လုံတံတားကျသွားရင် နိုင်ငံတော်ရဲ့ အရှေ့မြောက်တံခါး ပွင့်သွားနိုင်တဲ့ အန္တရာယ်ရှိတာကို သိနေတဲ့ တပ်မှူး၊ တပ်သားတွေဟာ ကိုယ့်အသက်ထက် တိုင်းပြည်ရဲ့ လုံခြုံရေးကို ရှေ့တန်းတင်ခဲ့ကြပါတယ်။ ဗုံးဆန်၊ ကျည်ဆန်တွေကြားမှာ သွေးသံရဲရဲနဲ့ ကျဆုံးသွားတဲ့ ရဲဘော်ကိုကျော်ခွပြီး နောက်တစ်ယောက်က ဆက်တိုက်ခဲ့ကြတယ်။ အဲဒီလို မဆုတ်မနစ်တဲ့ ဇွဲသတ္တိ၊ သံမဏိ စည်းကမ်းတွေကြောင့်သာ ရက်ပေါင်း ၄၀ အကြာမှာ ရန်သူတွေ အရေးနိမ့်ပြီး ဆုတ်ခွာသွားခဲ့ရတာ ဖြစ်ပါတယ်။ ဒါဟာ တပ်မတော်သားတွေရဲ့ ဇွဲ၊ လုံ့လ၊ ရဲစွမ်းသတ္တိကို မီးမောင်းထိုးပြလိုက်တဲ့ သမိုင်းဝင် ပြယုတ်တစ်ခုပဲ ဖြစ်ပါတယ်။ ယနေ့အချိန်ကာလမှာ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေအနေကတော့ ဝမ်းနည်းစရာပေါ့ဗျာ ။
[ခဏရပ်ပါ - Pause]
+စီစီဝမ်-တာပန် တိုက်ပွဲ
နောက်ထပ် ကျွန်တော်တို့ မေ့ထားလို့မရတဲ့၊ ရင်နင့်စရာေကာင်းသလို ဂုဏ်ယူစရာလည်းကောင်းတဲ့ သမိုင်းဝင် တိုက်ပွဲကြီးတစ်ခုကတော့ အားလုံးသိကြတဲ့ "စီစီဝမ်-တာပန် တိုက်ပွဲ" ပဲ ဖြစ်ပါတယ်။
ဒီတိုက်ပွဲဟာလည်း မြန်မာ့နယ်စပ် ဒေသကာကွယ်ရေးမှာ အင်မတန် အရေးပါတဲ့ စစ်ဆင်ရေးကြီး တစ်ခုဖြစ်ခဲ့ပါတယ်။ ပထဝီအနေအထားအရ အလွန်ကြမ်းတမ်းတဲ့ တောင်တန်းတွေ၊ သွားလာရ ခက်ခဲတဲ့ တောနက်ကြီးတွေထဲမှာ ရန်သူ့ရဲ့ အမာခံစခန်းတွေကို တိုက်ခိုက်ချေမှုန်းခဲ့ရတာပါ။ ရန်သူဟာ အခိုင်အမာ ခံစစ်ပြင်ထားတဲ့အပြင် မြေပြင်အနေအထား အသာစီးရယူထားတဲ့ အခြေအနေမျိုးမှာ တပ်မတော်သားတွေဟာ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အတားအဆီးတွေကို ဖြတ်ကျော်ခဲ့ကြပါတယ်။
ဒီလိုတိုက်ပွဲမျိုးတွေမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တွေဟာ နေ့ရောညပါ အနားမရ၊ မိုးထဲလေထဲမှာ ပင်ပန်းဆင်းရဲမှုကို အံတုပြီး တိုက်ပွဲဝင်ခဲ့ကြတာပါ။ ရှေ့တန်းက ရဲဘော်တစ်ယောက် ကျည်သင့်လို့ လဲကျသွားတဲ့အချိန် "ငါ့အတွက် မပူနဲ့ ရှေ့ဆက်တက်" လို့ နောက်က ရဲဘော်တွေကို အားပေးသွားတဲ့ ဖြစ်ရပ်မှန်တွေဟာ စီစီဝမ်-တာပန်လို တိုက်ပွဲမျိုးတွေမှာ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ သူတို့တွေဟာ ရာထူး၊ ဂုဏ်သိက္ခာ၊ ငွေကြေးအတွက် တိုက်ပွဲဝင်ခဲ့ကြတာ မဟုတ်ပါဘူး။ "ငါတို့ ခံတပ်ကျသွားရင် ငါတို့တိုင်းပြည်၊ ငါတို့လူမျိုးတွေ ဒုက္ခရောက်လိမ့်မယ်" ဆိုတဲ့ ခံယူချက် တစ်ခုတည်းနဲ့ သက်စွန့်ဆံဖျား တိုက်ပွဲဝင်ခဲ့ကြတာပါ။
+ပေးဆပ်မှုများမှသည် သင်ခန်းစာများဆီသို့
ပရိသတ်ကြီးခင်ဗျာ... ကွန်လုံရက် ၄၀ နဲ့ စီစီဝမ်-တာပန် တိုက်ပွဲတွေဟာ မြန်မာ့တပ်မတော်သမိုင်းမှာ ထင်ရှားတဲ့ သမိုင်းမျက်နှာစာတွေပဲ ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက ဒီကနေ့အချိန်အထိ ရှမ်းပြည်နယ် မြောက်ပိုင်းက နှင်းတောတွေထဲက မော်ဖာလွမ်နဲ့ ချူးရွှေတိုက်ပွဲတွေ နယ်စပ်မှာ နိုင်ငံတော်ရဲ့ အလံကို ဂုဏ်ယူဝင့်ကြွားစွာ ပြန်လည်လွှင့်ထူနိုင်ခဲ့တဲ့ ပန်ကောက်-ပန်ဆိုင်း စစ်ဆင်ရေးကနေ.. ကရင်ပြည်နယ်က.နိုင်ငံတော်ရဲ့ အရှေ့တောင်ဘက် တံခါးဝကို မကျိုးပေါက်အောင် အသက်ပေး ကာကွယ်ခဲ့ကြရတဲ့ သမိုင်းဝင် ဖာပွန်ဒေသအထိ... တပ်မတော်သားတွေရဲ့ သွေးချွေးတွေ မကျခဲ့တဲ့ နေရာဆိုတာ မြန်မာ့မြေပေါ်မှာ မရှိသလောက်ပါပဲ..."
မရေမတွက်နိုင်တဲ့ တိုက်ပွဲပေါင်းများစွာမှာ တပ်မတော်သားတွေဟာ တိုင်းပြည်အတွက် အသက်ပေါင်းများစွာ စတေးခဲ့ကြပြီးပါပြီ။
ဒီတိုက်ပွဲတွေက ကျွန်တော်တို့ကို ဘာသင်ခန်းစာပေးသလဲ။
ပထမအချက်က... နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာဆိုတာ အလကားရတာမဟုတ်ဘူး၊ သွေးနဲ့ရင်းပြီး ကာကွယ်ရတယ် ဆိုတာပါပဲ။
ဒုတိယအချက်က... စစ်သားတစ်ယောက်ရဲ့ တန်ဖိုးဟာ သူကိုင်ဆောင်ထားတဲ့ လက်နက်ပေါ်မှာ မမူတည်ဘဲ သူ့ရင်ဘတ်ထဲက မျိုးချစ်စိတ်နဲ့ စွန့်လွှတ်အနစ်နာခံလိုစိတ် အပေါ်မှာသာ မူတည်တယ်ဆိုတာကို ပြသနေပါတယ်။
ဒီကနေ့ ၈၁ နှစ်ပြည့် တပ်မတော်နေ့မှာ အဲဒီတိုက်ပွဲအသီးသီးမှာ အသက်ပေးလှူသွားကြတဲ့၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ကြတဲ့ အရာရှိ၊ စစ်သည်၊ ရဲဘော်အပေါင်းကို ကျွန်တော်တို့ ဦးညွှတ် ဂုဏ်ပြုရပါလိမ့်မယ်။ သူတို့ရဲ့ သွေးချွေးတွေနဲ့ ရင်းပြီး တည်ဆောက်ခဲ့တဲ့ နိုင်ငံတော်ကြီးကို ဆက်လက်ထိန်းသိမ်းဖို့ဟာ လက်ရှိ မျိုးဆက်သစ်တွေရဲ့ ပခုံးပေါ်မှာ တာဝန်ရှိလာပြီဆိုတာကိုလည်း သတိချပ်ရမှာ ဖြစ်ပါတယ်။ အတိတ်က သူရဲကောင်းတွေရဲ့ စိတ်ဓာတ်ကို အမွေယူပြီး၊ အနာဂတ်မှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်တဲ့၊ ခေတ်မီပြီးအင်အားတောင့်တင်းသော တပ်မတော်ကြီးဖြစ်အောင် ဆက်လက် ကြိုးပမ်းသွားကြရမှာ ဖြစ်ပါတယ်ခင်ဗျာ
ဒီကနေ့ ၂၁ ရာစုရဲ့ ၈၁ နှစ်မြောက်မှာ ကျွန်တော်တို့ မျှော်မှန်းရမှာက "ခေတ်မီမျိုးချစ်တပ်မတော်" ဖြစ်ပါတယ်။ ကမ္ဘာ့အခြေအနေတွေဟာ အမြဲတမ်း ပြောင်းလဲနေပါတယ်။ စစ်ပွဲတွေဟာ အရင်လို သေနတ်ချင်း ဆိုင်တိုက်တာတင် မဟုတ်တော့ဘဲ နည်းပညာစစ်ပွဲ (Cyber Warfare)၊ စီးပွားရေးစစ်ပွဲနဲ့ သတင်းအချက်အလက် စစ်ပွဲတွေအဖြစ် ကူးပြောင်းလာပါပြီ။
+ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု
မြန်မာနိုင်ငံဟာ ဆယ်စုနှစ်ပေါင်းများစွာ ပြည်တွင်းစစ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ခံစားခဲ့ရပါတယ်။ ၈၁ နှစ်ပြည့် တပ်မတော်နေ့မှာ ကျွန်တော်တို့ အလိုချင်ဆုံး လက်ဆောင်ကတော့ "စစ်မှန်တဲ့ ငြိမ်းချမ်းရေး" ပဲ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ပြတ်သားသောအမိန့်ထုတ်ပြီး အမြစ်ပြတ်တိုက်ထုတ်ပစ်ဖို့လိုအပ်ပါတယ် ။ တစ်ဖက်မှာလည်း ညှိနှိုင်းဆွေးနွေးမှုတွေကတစ်ဆင့် ထာဝရငြိမ်းချမ်းရေးကို တက်ရောက်လာဖို့ ဖိအားပေးနိုင်ဖို့ဟာ သမိုင်းပေး တာဝန်တစ်ခုဖြစ်ပါတယ်။ ငြိမ်းချမ်းမှ တည်ငြိမ်မယ်၊ တည်ငြိမ်မှ ဖွံ့ဖြိုးတိုးတက်မှုဆိုတာကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် လက်နက်ကိုင်သောင်းကြမ်းသူ အကြမ်းဖက်သမားတွေ မြန်မာမြေပေါ်က ပျောက်ကွယ်သွားအောင် ခြေမှုန်းပစ်ဖို့ အချိန်တန်ပြီး ဖြစ်ပါတယ် ။
+ဂုဏ်ပြုစကားနှင့် နိဂုံး
နိဂုံးချုပ်အနေနဲ့ ပြောရရင်... ဒီနေ့မှာ နိုင်ငံတော်အတွက် ရှေ့တန်းကနေ ပေးဆပ်နေကြတဲ့ အဆင့်အတန်းမရွေး တပ်မတော်သားတွေ၊ ရဲဘော်တွေကို ဂုဏ်ပြုချင်ပါတယ်။ နေပူမရှောင်၊ မိုးရွာမရှောင်၊ မိသားစုနဲ့ ဝေးကွာပြီး တောတောင်တွေထဲမှာ နိုင်ငံတော်ကာကွယ်ေရး ပြည်တွင်းသောင်းကျန်းသူနှိပ်နင်းရေးအတွက် ကျရာတာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သားတွေရဲ့ ပေးဆပ်မှုဟာ အလွန်အင်မတန်တန်ဖိုးကြီးပါတယ် ။
ဒါပေမဲ့ ဒီပေးဆပ်မှုတွေဟာ အဓိပ္ပာယ်ရှိဖို့အတွက် တပ်မတော်ဟာ နိုင်ငံတော်ရဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ခိုင်မာတဲ့ မဏ္ဍိုင်တစ်ခုအဖြစ်၊ အမျိုးသားရေး သစ္စာကို ဘယ်တော့မှ မဖောက်ဖျက်သောအဖွဲ့အစည်းတစ်ခုအဖြစ်
ဒို့တာဝန်အရေးသုံးပါးဖြစ်တဲ့ ပြည်ထောင်စုမပြိုကွဲရေး တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး လမ်းစဉ်အတိုင်းဆက်လက် လျှောက်လှမ်းရမှာ ဖြစ်ပါတယ်။
၈၁ နှစ်မြောက်ကနေ နောင်နှစ်ပေါင်းများစွာအထိ "ဂုဏ်သိက္ခာရှိတဲ့၊ စွမ်းရည်ထက်မြက်တဲ့ မျိုးချစ်မြန်မာ့တပ်မတော်အဖြစ် တည်တံ့ပါစေလို့ ဆုမွန်ကောင်း တောင်းရင်း ဂုဏ်ပြုလို
က်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

No comments:
Post a Comment