Thursday, 24 September 2026

 ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကြီးကို ဘယ်လို တည်ဆောက်ကြမလဲ"



မင်္ဂလာပါ မိတ်ဆွေတို့။ ဒီနေ့ ကျွန်တော်တို့တွေ အလေးအနက်ထား စဉ်းစားရမယ့်၊ လက်တွေ့ရင်ဆိုင် ဖြေရှင်းရမယ့် မေးခွန်းတစ်ခုနဲ့ စကားဝိုင်းကို စချင်ပါတယ်။

"ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကြီးကို ဘယ်လို တည်ဆောက်ကြမလဲ"

ဒါဟာ သာမန် နိုင်ငံရေး စကားလုံးတစ်ခု မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ ရှင်သန်ရေး၊ ကျွန်တော်တို့ မျိုးဆက်တွေရဲ့ သေရေးရှင်ရေးနဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့ မေးခွန်းပါ။ မိတ်ဆွေတို့ စဉ်းစားကြည့်ပါ။ နိုင်ငံအနှံ့မှာ လက်နက်ကိုင် သူပုန်တွေ၊ ပုန်ကန်ထကြွသူတွေ ရှိနေသရွေ့၊ သေနတ်သံတွေ ဆူညံနေသရွေ့ ကျွန်တော်တို့ တကယ် ငြိမ်းချမ်းနိုင်ပါ့မလား။ ငြိမ်းချမ်းရေးသာ မရရှိရင် ပြည်ထောင်စုဆိုတာရော တည်တံ့နိုင်ပါ့မလား။ အဖြေက ရှင်းပါတယ်။ လုံးဝ မတည်တံ့နိုင်ပါဘူး။


 ကျွန်တော်တို့နဲ့ သိပ်မဝေးတဲ့ အာရှတိုက်က သီရိလင်္ကာနိုင်ငံ အကြောင်းကို မိတ်ဆွေတို့ ကြားဖူးကြမှာပါ။ အဲဒီမှာ တမီလ်ကျား (LTTE) ဆိုတဲ့ လက်နက်ကိုင် သူပုန်တွေက နိုင်ငံကို နှစ်ခြမ်းခွဲဖို့ ဆယ်စုနှစ် သုံးခုလောက် ပုန်ကန်ခဲ့ကြတယ်။ အစပိုင်းမှာ အစိုးရက ငြိမ်းချမ်းရေး စကားဝိုင်းတွေ ခဏခဏ လုပ်ခဲ့တယ်။ စေ့စပ်ဆွေးနွေးဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် တစ်ဖက်က ဘာလုပ်လဲဆိုတော့ ငြိမ်းချမ်းရေးဆိုတာကို ဗန်းပြ၊ အချိန်ဆွဲပြီး လက်နက်တွေ ထပ်စုဆောင်းတယ်။ အင်အားပြန်ဖြည့်တယ်။

ဒီတော့ နိုင်ငံတော် ပြိုကွဲတော့မယ့် အန္တရာယ်ကို သီရိလင်္ကာ အစိုးရက ရှင်းရှင်းလင်းလင်း မြင်သွားတယ်။ ပြည်ထောင်စုကို ကာကွယ်ဖို့အတွက်ဆိုရင် ခွဲထွက်ချင်နေတဲ့ ဒီလက်နက်ကိုင်တွေကို ဆက်ပြီး အလိုလိုက်နေလို့ မရတော့ဘူးဆိုတာကို သဘောပေါက်သွားတယ်။ အဲဒီတော့မှ ပြတ်ပြတ်သားသား စစ်ရေးအရ အမြစ်ပြတ် နှိမ်နင်းခဲ့ရတယ်။ အဲဒီလို ပြတ်သားခဲ့လို့သာ ဒီကနေ့ သီရိလင်္ကာနိုင်ငံဆိုတာ အစိတ်စိတ်အမွှာမွှာ မကွဲဘဲ တစ်ပေါင်းတစ်စည်းတည်း ဆက်လက် ရပ်တည်နိုင်ခဲ့တာပါ။


 ၁၉ ရာစုက အမေရိကန် ပြည်တွင်းစစ် (American Civil War) ကို မိတ်ဆွေတို့ ကြားဖူးကြမှာပါ။ သမ္မတ အေဘရာဟမ် လင်ကွန်း (Abraham Lincoln) အုပ်ချုပ်နေတဲ့ အချိန်မှာ တောင်ပိုင်းပြည်နယ်တွေက ခွဲထွက်ဖို့ ကြိုးစားပြီး လက်နက်ကိုင် ပုန်ကန်ကြတယ်။ အဲဒီအချိန်မှာ လင်ကွန်းက "စေ့စပ်ဆွေးနွေးမယ်၊ သူတို့လိုချင်တာ ပေးလိုက်မယ်" ဆိုပြီး အလျှော့မပေးခဲ့ဘူး။ ဘာကြောင့်လဲ။ ပြည်ထောင်စုကြီး ပြိုကွဲသွားမှာကို သူ လုံးဝ လက်မခံနိုင်လို့ပဲ။ ပြည်ထောင်စုကို ကာကွယ်ဖို့အတွက် လက်နက်ကိုင် ခွဲထွက်ရေးသမားတွေကို ပြတ်ပြတ်သားသား စစ်ရေးအရ နှိမ်နင်းခဲ့ရတယ်။ အသက်သွေးချွေးတွေ အများကြီး ရင်းနှီးခဲ့ရတယ်။ ဒါပေမယ့် အဲဒီလို ပြတ်သားခဲ့လို့သာ ဒီကနေ့ ကမ္ဘာ့အင်အားအကြီးဆုံး အမေရိကန် ပြည်ထောင်စုဆိုတာ ဖြစ်လာတာပါ။

ဒါဟာ သမိုင်းက ပေးတဲ့ အလွန်လေးနက်တဲ့ သင်ခန်းစာပဲ။ ပြည်ထောင်စုကို ကာကွယ်ချင်တယ်ဆိုရင်၊ လက်နက်ကိုင် ပဋိပက္ခကို အရင်ဆုံးနဲ့ အပြတ်သားဆုံး ဖြေရှင်းရပါလိမ့်မယ်။ အိမ်တစ်အိမ်မှာ ဓားမြှောင်ကိုင်ထားတဲ့ လူဆိုးတွေ ရှိနေရင်၊ အဲဒီလူဆိုးတွေကို အရင်မနှိမ်နင်းဘဲ မိသားစု စားပွဲဝိုင်းမှာ အေးအေးဆေးဆေး ထမင်းစားလို့ မရပါဘူး။ အန္တရာယ်ကို အရင်ဖယ်ရှားရပါတယ်။

မိတ်ဆွေတို့... ကျွန်တော်တို့ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင်၊ တကယ် ကာကွယ်ချင်တယ်ဆိုရင် စကားလုံးလှလှတွေနဲ့ လေလုံးမိုးလုံး ထစ်နေလို့ မရတော့ဘူး။ အဝေးကနေ စာရိုက်ပြီး မျိုးချစ်စိတ် ပြနေရုံနဲ့ မရတော့ဘူး။ လက်တွေ့ သက်သေပြရမယ့် အချိန်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်နေပါပြီ။

ဒီနေ့ ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်နေတဲ့ လက်နက်ကိုင် ပြဿနာတွေကို သေသေချာချာ၊ ပညာသားပါပါ ခွဲခြမ်းစိတ်ဖြာကြည့်ပါ။ တချို့က နိုင်ငံရေး စကားလုံးတွေ သုံးကြတယ်။ ဒီမိုကရေစီတို့၊ တန်းတူညီမျှရေးတို့၊ လွတ်မြောက်ရေးတို့ အသံကျယ်ကျယ် အော်ကြတယ်။ ဒါပေမယ့် မြေပြင်မှာ တကယ်တမ်း ဖြစ်နေတာက ဘာလဲ။ ဒီလက်နက်ကိုင် အဖွဲ့အစည်း အတော်များများရဲ့ နောက်ကွယ်မှာ မူးယစ်ဆေးဝါး ပြဿနာတွေ၊ တရားမဝင် မှောင်ခိုလုပ်ငန်းတွေ၊ သယံဇာတ ခိုးထုတ်မှုတွေက အခိုင်အမာ အခြေပြုနေတာပါ။

သူတို့ဟာ နိုင်ငံရေးကို ဗန်းပြပြီး သူတို့ရဲ့ စီးပွားရေး အင်ပါယာကို ကာကွယ်နေကြတဲ့ စစ်ဘုရင် (Warlords) တွေသာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ မှောင်ခိုလုပ်ငန်းတွေက ရတဲ့ ငွေမည်းတွေနဲ့ လက်နက်ဝယ်တယ်၊ လူသစ်စုတယ်။ ပြီးတော့ တိုင်းပြည်ကို မီးဟုန်းဟုန်း တောက်အောင် လုပ်နေကြတယ်။ ကျွန်တော်တို့ရဲ့ လူငယ်တွေ၊ မျိုးဆက်သစ်တွေကို မူးယစ်ဆေး ရွှံ့နွံထဲ ဆွဲချနေတဲ့ ဒီလို ကိုယ်ကျိုးရှာ လူသတ်သမားတွေကို ကျွန်တော်တို့က နိုင်ငံရေး မျက်နှာဖုံးစွပ်ပေးပြီး ဆက်ကြည့်နေရမှာလား။ တိုင်းပြည်ရဲ့ အနာဂတ်ကို ဖျက်ဆီးနေတဲ့ ဒီလို လက်နက်ကိုင်တွေကို အမြစ်ပြတ် အမြန်ဆုံး ရှင်းလင်းဖို့ လိုအပ်နေပြီ မဟုတ်ဘူးလား။

နောက်ထပ် ရင်နာစရာ အကောင်းဆုံး အချက်တစ်ခု ရှိသေးတယ်။ အဲဒါကတော့ "ငြိမ်းချမ်းရေး" ဆိုတဲ့ မွန်မြတ်တဲ့ စကားလုံးကို အလွဲသုံးစား လုပ်နေတာပဲ။

လူမျိုးစု အမည်ခံ လက်နက်ကိုင်တချို့ ရှိတယ်။ ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာတော့ ဝတ်စုံပြည့်နဲ့ လာထိုင်ပြတယ်။ ငြိမ်းချမ်းရေး အကြောင်းပြပြီး အချိန်ဆွဲတယ်။ ဒါပေမယ့် နောက်ကွယ်ကျတော့ ဘာလုပ်နေလဲ။ ပြည်တွင်းငြိမ်းချမ်းရေးကို ဖျက်ဆီးနေတဲ့ အကြမ်းဖက်သမားတွေကို လက်နက်တွေ ထောက်ပံ့ပေးတယ်၊ စစ်ပညာ သင်တန်းတွေ ပေးတယ်၊ သူတို့နယ်မြေမှာ ခိုလှုံခွင့် ပေးထားတယ်။

ဒါဟာ တိုင်းပြည်ကို မျက်နှာပြောင်တိုက်ပြီး သစ္စာဖောက်တာပဲ။ ပြည်ထောင်စုကို နောက်ကျောကနေ ဓားနဲ့ ထိုးနေတာပဲ။ ဒီလို ငြိမ်းချမ်းရေး အကြောင်းပြပြီး နောက်ကွယ်ကနေ တိုင်းပြည်ကို ဖြိုခွဲနေတဲ့ အဖွဲ့တွေကို ကျွန်တော်တို့က ခွင့်လွှတ်ပေးနေဦးမှာလား။ မျက်နှာလွှဲ ခဲပစ် လုပ်နေဦးမှာလား။ ပြတ်သားသင့်တဲ့ အချိန်မှာ မပြတ်သားရင်၊ နှိမ်နင်းသင့်တဲ့ အချိန်မှာ မနှိမ်နင်းရင် အဲဒီအကျိုးဆက်ကို အပြစ်မဲ့ ပြည်သူတွေပဲ သွေးနဲ့ မျက်ရည်နဲ့ ပေးဆပ်ရမှာပါ။ ကင်ဆာဆဲလ် (Cancer cell) ကို သနားပြီး မခွဲထုတ်ဘဲ ထားရင် တစ်ကိုယ်လုံး ပြန့်ပြီး အသက်ပါ ဆုံးရှုံးသွားတတ်တဲ့ သဘောတရားကို ကျွန်တော်တို့ မေ့ထားလို့ မရပါဘူး။

ဒီပြဿနာတွေ အားလုံးရဲ့ နောက်ကွယ်မှာ အရိပ်မည်းကြီးတစ်ခု ရှိနေသေးတယ်။ အဲဒါကတော့ ပြည်ပ ဝင်ရောက်စွက်ဖက်မှုပါပဲ။

နိုင်ငံတော်ရဲ့ ပြည်တွင်းရေးကို နှောင့်ယှက်ဖျက်ဆီးနေတဲ့ ပြည်ပနိုင်ငံတွေ၊ အဖွဲ့အစည်းတွေ ရှိတယ်။ သူတို့က ကျွန်တော်တို့ တိုင်းပြည် ငြိမ်းချမ်းသွားမှာ၊ တည်ငြိမ်သွားမှာကို မလိုလားဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အချင်းချင်း သွေးကွဲပြီး ချင်းချင်း ချနေမှ၊ တိုင်းပြည် မတည်မငြိမ် ဖြစ်နေမှ သူတို့က ကျွန်တော်တို့ရဲ့ သယံဇာတတွေကို အလွယ်တကူ ခေါင်းပုံဖြတ်လို့ ရမှာကိုး။ သူတို့ရဲ့ ပထဝီနိုင်ငံရေး (Geopolitics) ကစားကွက်ထဲမှာ ကျွန်တော်တို့ကို ရုပ်သေးရုပ်လို အသုံးချလို့ ရမှာကိုး။ Proxy War လို့ခေါ်တဲ့ ကိုယ်စားလှယ်လွှဲ စစ်ပွဲတွေ ဖန်တီးပြီး သူတို့ လက်မရွံ့ဘဲ ကျွန်တော်တို့ တိုင်းပြည်ကို ဖျက်ဆီးနေကြတာပါ။

ဒါကို ကျွန်တော်တို့ ပြည်သူတွေ ပီပီပြင်ပြင် မြင်ဖို့လိုတယ်။ ပြည်ပက နေပြီး အဝေးထိန်း စနစ်နဲ့ ခိုင်းစေနေတာတွေကို ကျွန်တော်တို့ ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ်။ ကိုယ့်နိုင်ငံရဲ့ ကံကြမ္မာကို ကိုယ့်ဖာသာ ဖန်တီးခွင့်ရှိရမယ်။ သူများ နှာခေါင်းပေါက်နဲ့ အသက်ရှူနေသရွေ့၊ ပြည်ပက ကျွေးတဲ့ အစာကို မျှော်လင့်ပြီး သူတို့ခိုင်းတာ လုပ်နေသရွေ့ ကျွန်တော်တို့ ပြည်ထောင်စုဆိုတာ ဘယ်တော့မှ ခေါင်းမော့နိုင်မှာ မဟုတ်ပါဘူး။

မိတ်ဆွေတို့...

အခု ကျွန်တော် ပြောခဲ့တဲ့ အချက်အလက်တွေ၊ နိုင်ငံရေး အရိပ်အကဲတွေကို ပြန်ကြည့်ပါ။ ကျွန်တော်တို့ ရှေ့မှာ ရွေးချယ်စရာ လမ်းနှစ်လမ်းပဲ ရှိတယ်။

တစ်လမ်းက လက်နက်ကိုင်တွေရဲ့ ခြိမ်းခြောက်မှုအောက်မှာ ခေါင်းငုံ့ပြီး၊ မူးယစ်ဆေးနဲ့ မှောင်ခိုသမားတွေ ကြီးစိုးတဲ့၊ ပြည်ပက ကြိုးဆွဲရာ ကရတဲ့ ဖရိုဖရဲ နိုင်ငံတစ်ခုအဖြစ် ဆက်သွားမလား။

နောက်တစ်လမ်းက တိုင်းပြည်ကို တကယ်ချစ်တဲ့ စိတ်နဲ့၊ အကြမ်းဖက်မှုမှန်သမျှကို ပြတ်ပြတ်သားသား တိုက်ဖျက်ပြီး၊ တည်ငြိမ်အေးချမ်းတဲ့ ခိုင်မာတောင့်တင်းသော ပြည်ထောင်စုကြီးကို တည်ဆောက်မလား။

ဆုံးဖြတ်ရမှာက ကျွန်တော်တို့ ပြည်သူတွေပါပဲ။

ဒီနေ့ ဗီဒီယိုလေးကို မဆုံးခင်မှာ မိတ်ဆွေတို့ကို မေးခွန်းတစ်ခု မေးခဲ့ချင်တယ်။ ဗီဒီယို ကြည့်ပြီးသွားရင်တောင် ရင်ထဲမှာ စွဲကျန်ရစ်မယ့်၊ အေးအေးဆေးဆေး စဉ်းစားကြည့်စေချင်တဲ့ မေးခွန်းတစ်ခုပါ။

"တကယ်လို့ သင်သာ ဒီတိုင်းပြည်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ခွင့်ရှိတဲ့ သူတစ်ယောက်ဆိုရင်... အတုအယောင် ငြိမ်းချမ်းရေး စကားလုံးတွေအောက်မှာ ပုန်းကွယ်နေတဲ့ လက်နက်ကိုင်တွေကို ဆက်ပြီး ခွင့်လွှတ်ပေးနေမှာလား... ဒါမှမဟုတ် နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် အေးချမ်းတဲ့ ပြည်ထောင်စုကြီးတစ်ခု ကျန်ရစ်ခဲ့အောင် ဒီနေ့ပဲ ပြတ်ပြတ်သားသား ရပ်တည် ဆုံးဖြတ်တော့မလား။"

မိတ်ဆွေတို့ရဲ့ ရင်ထဲက အဖြေကို ကိုယ်တိုင်ပဲ စဉ်းစားကြည့်ကြပါ။

ကျွန်တော့်အနေနဲ့ ဒီလို အမှန်တရားတွေ၊ လူအများစု သတိမထားမိတဲ့ ထောင့်စွန်းက အချက်အလက်တွေကို ပွင့်ပွင့်လင်းလင်း ဆက်ပြီး ပြောနေဖို့၊ ဒီ Channel ကနေတစ်ဆင့် အသိပညာတွေ ဆက်လက် မျှဝေနေဖို့ဆိုတာ မိတ်ဆွေတို့ရဲ့ နားလည်မှုနဲ့ တွန်းအားတွေ အမြဲတမ်း လိုအပ်နေပါတယ်လို့ အဆုံးသတ်မှာ ပြောကြားချင်ပါတယ်။

အချိန်ပေးပြီး ကြည့်ရှုပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ နောက်ထပ် ဗီဒီယို

တွေမှာ ဆက်လက် ဆုံတွေ့ကြပါမယ်။

Wednesday, 23 September 2026

 

ဖိလစ်ပိုင်နိုင်ငံရဲ့အကြမ်းဖက်ဝါဒတွေအကြောင်း


မိတ်ဆွေတို့... အကြမ်းဖက်ဝါဒဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ ခင်ဗျားတို့ ခေါင်းထဲမှာ ဘာအရင်ဆုံး ပေါ်လာသလဲ။

ဗုံးပေါက်ကွဲမှုတွေလား... အပြစ်မဲ့ပြည်သူတွေ သွေးထွက်သံယိုဖြစ်ရတာတွေလား... ဒါမှမဟုတ် တစ်စုံတစ်ခုကို ကြောက်ရွံ့ထိတ်လန့်နေတဲ့ မျက်နှာတွေလား။ တကယ်တော့ အကြမ်းဖက်ဝါဒဆိုတာ သတင်းစာမျက်နှာတွေပေါ်က စာလုံးမည်းကြီးတွေသက်သက် မဟုတ်ဘူးဗျ။ အဲဒါဟာ လူ့အသက်ပေါင်းများစွာ၊ မိသားစုပေါင်းများစွာရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်လိုက်တဲ့ အဆိုးရွားဆုံး လူ့အဖြစ်ဆိုးကြီးတစ်ခုပါပဲ။

ဒီနေ့ ကျွန်တော်တို့ အိမ်နီးချင်း အာဆီယံနိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံအကြောင်း ပြောချင်ပါတယ်။ ဖိလစ်ပိုင်ဆိုတာ ကျွန်းပေါင်း ၇၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ သိပ်လှတဲ့ နိုင်ငံပါ။ အပန်းဖြေစရာ ကမ်းခြေတွေ၊ ပျော်ရွှင်စွာ အပမ်းဖြေနေတဲ့ ကမ္ဘာလှည့်ခရီးသွားနဲ့ ပြည့်နေတဲ့ နိုင်ငံတစ်ခုပါ။ ဒါပေမယ့် အဲဒီအလှတရားတွေရဲ့ နောက်ကွယ်က တောင်ပိုင်း မင်ဒါနာအို (Mindanao) ဒေသမှာတော့ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့တဲ့၊ သွေးစွန်းခဲ့တဲ့ သမိုင်းတစ်ခု ရှိနေတယ်။ အဲဒါကတော့ ဘာသာရေးအစွန်းရောက် အကြမ်းဖက်တိုက်ခိုက်မှုသမိုင်းပါပဲ။

ဒီနေရာမှာ အားလုံး သိထားသင့်တာတစ်ခုက 

အကြမ်းဖက်ဝါဒဆိုတာ နေ့ချင်းညချင်း မိုးပေါ်ကနေ အလိုလို ကျလာတဲ့ မိုးကျရွှေကိုတွေလို မဟုတ်ပါဘူး။ ပြဿနာက ဖိလစ်ပိုင်နိုင်ငံကို စပိန်နဲ့ အမေရိကန်တွေ ကိုလိုနီလာလုပ်တဲ့ အချိန်ကတည်းက စတင်လာခဲ့တာပါ။ အဲဒီအချိန်ကတည်းက ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းက ခရစ်ယာန်တွေနဲ့ တောင်ပိုင်းက မူစလင် မိုရို (Moro) လူမျိုးတွေကြားမှာ ကြီးမားတဲ့ ကွာဟချက်တွေ ဖြစ်လာတယ်။ 


မင်ဒါနာအိုက ဒေသခံတွေဟာ အကြောင်းပြချက်အမျိုးမျိုးနဲ့ မွတ်စလင်အစွန်းရောက်တွေကို စည်းရုံးပြီး၊

 သူတို့ရဲ့ မြေယာတွေ အသိမ်းခံရတယ်၊ နိုင်ငံရေး၊ စီးပွားရေးအရ ဖယ်ကြဉ်ခံရတယ်။ ခွဲခြားဆက်ဆံခံရတယ်။ အဲ့ဒီလို အလိမ်အညာတွေနဲ့ ဗလီတွေ မှာ အမြဲတမ်း သွေးထိုးလှုပ်ဆော် စည်းရုံးခဲ့ကြတယ် ။ 


 စဉ်းစားကြည့်ပါ...အဲ့ဒီ လူ‌ေတွဟာ သူ့ရဲ့ အခွင့်အရေးတွေ အကြိမ်ကြိမ် ချိုးနှိမ်ခံရတယ်လို့ ထင်လာတဲ့ အခါ၊ တရားမျှတမှု မရှိဘူးလို့ မြင်လာကြတဲ့အခါ... အဲ့ဒီလူတွေအားလူံးက ဘာလုပ်ကြမလဲ။

သူတို့ရဲ့ ရပ်တည်မှုအတွက်၊ သူတို့ရဲ့ အခွင့်အရေးအတွက် ဆိုပြီး စတင်တောင်းဆိုလာရာကနေ ၁၉ ၇၀ပြည့်လွန်နှစ်တွေ လောက်‌ေရာက်လာတဲ့အခါမှာ MNLF ၊ MILF ဆိုတဲ့ မွတ်စလင်အမည်ခံ လက်နက်ကိုင် သူပုန်သူကန် တော်လှန်ရေးအဖွဲ့ကြီးတွေ ပေါ်လာတယ်။ အစပိုင်းမှာတော့ ဒါဟာ ဖိနှိပ်ခံရမှုကနေ ရုန်းထွက်ချင်တဲ့ တော်လှန်ရေးတစ်ခုပဲ။ ဒါပေမယ့် အချိန်တွေ ကြာလာတာနဲ့အမျှ တော်လှန်ရေးဆိုတဲ့ လမ်းကြောင်းကနေ သွေဖည်သွားတယ်။ နိုင်ငံရေးရည်မှန်းချက်တွေ ပျောက်ဆုံးပြီး ဘာသာရေးအစွန်းရောက်ဝါဒတွေ ဝင်လာတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေရောက်တော့ 'အဘူဆေယက်ဖ်' (Abu Sayyaf) လို အစွန်းရောက် အဖွဲ့တွေ ပေါ်လာတယ်။ သူတို့လုပ်ရပ်တွေက ဘာလဲ။ ငွေရှိတဲ့လူ‌ေတွကို ပြန်ပေးဆွဲတယ်၊ နိုင်ငံခြားသားတွေကို ဖမ်းပြီး ငွေညှစ်တယ်၊ မပေးရင် ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ပြတယ်။ အပြစ်မဲ့ ပြည်သူတွေ သွားလာနေတဲ့ ကားဂိတ်တွေ၊ ဈေးတွေမှာ ဗုံးခွဲတိုက်ခိုက်တယ်။ 


ဒီနေရာမှာ တစ်ချက် စဉ်းစားကြည့်ပါဗျာ။ အပြစ်မဲ့တဲ့ ကလေးငယ်တွေ၊ အမျိုးသမီးတွေကို သတ်ဖြတ်တာဟာ ဘယ်လိုလုပ် တော်လှန်ရေး ဖြစ်နိုင်တော့မလဲ။ ဒါဟာ တော်လှန်ရေး မဟုတ်တော့ဘူး။အဲ့ဒီလုပ်ရပ်တွေကြောင့် အကြမ်းဖက်ဝါဒ စစ်စစ် ဖြစ်သွားပါပြီ။


လူတစ်ယောက် ဘာလို့ သူ့ကိုယ်သူ ဗုံးခွဲအသေခံရဲတဲ့အထိ ဖြစ်သွားတာလဲ။

အဖြေက ရှင်းပါတယ်။ အစွန်းရောက် အတွေးအခေါ်တွေက သူတို့ရဲ့ ဦးနှောက်ကို အဆိပ်ခတ်လိုက်လို့ပါပဲ။ 


အကြမ်းဖက် ခေါင်းဆောင်တွေက ဆင်းရဲမွဲတေမှု၊ ပညာမဲ့မှုနဲ့ အစိုးရအပေါ် မကျေနပ်မှုတွေကို အသုံးချပြီး လူငယ်တွေကို အကြမ်းဖက်သမားတွေအဖြစ် ပုံသွင်းခဲ့ကြတယ်။

ကျနော်တို့မြန်မာပြည်မှာလည်း ဒါတွေကို လက်တွေ့မြင်နေရတာပဲ ဖြစ်ပါတယ် ။ 

ဖိလစ်ပိုင်နိုင်ငံရဲ့အကြမ်းဖက်မှုတွေရဲ့ 

အဆိုးဆုံး အချိုးအကွေ့ကို ပြပါဆိုရင်တော့ ၂၀၁၇ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ မာရာဝီ (Marawi) မြို့သိမ်းတိုက်ပွဲကိုပဲ ပြရလိမ့်မယ်။ အရှေ့အလယ်ပိုင်းက ISIS တွေနဲ့ အချိတ်အဆက်လုပ်ထားတဲ့ မောက်တေ (Maute) ညီနောင်တွေနဲ့ အဘူဆေယက်ဖ် ပူးပေါင်းပြီး မာရာဝီ တစ်မြို့လုံးကို ဝင်သိမ်းလိုက်တယ်။


 စဉ်းစားကြည့်ပါ... ငြိမ်းချမ်းနေတဲ့ အရှေ့တောင်အာရှက မြို့တစ်မြို့ပေါ်မှာ အမည်းရောင် ISIS အလံကြီး လွှင့်ထူလိုက်တဲ့ အဖြစ်က ဖိလစ်ပိုင် တစ်နိုင်ငံလုံးကိုသာမက ကမ္ဘာကြီးကိုပါ တုန်လှုပ်သွားစေတယ်။

ငါးလတိတိ။ ငါးလတိတိ အစိုးရစစ်တပ်နဲ့ အကြမ်းဖက်သမားတွေ မြို့တွင်းတိုက်ပွဲ ဆင်နွှဲခဲ့ရတယ်။ သမိုင်းဝင် ဗလီတွေ၊ ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေ ပြာပုံအတိ ဖြစ်သွားတယ်။ လှပတဲ့ မာရာဝီမြို့လေးဟာ စစ်တလင်းပြင်ကြီး ဖြစ်သွားတယ်။ လူပေါင်း ရာနဲ့ချီ သေဆုံးပြီး သိန်းနဲ့ချီတဲ့ ပြည်သူတွေ ညတွင်းချင်း အိမ်ရာမဲ့ ဖြစ်ခဲ့ရတယ်။ ကလေးငယ်တွေရဲ့ ငိုကြွေးသံတွေ၊ မိသားစုဝင်တွေ ဆုံးရှုံးလိုက်ရလို့ ယူကျုံးမရဖြစ်နေတဲ့ မြင်ကွင်းတွေဟာ အကြမ်းဖက်ဝါဒက ပေးဆပ်လိုက်ရတဲ့ အခါးသီးဆုံး တန်ဖိုးပါပဲ။ သွေးနဲ့ ရေးတဲ့ သမိုင်းဆိုတာ ဒါမျိုးကို ခေါ်တာပါ။



ဒီတော့... ဒီလောက် ဆိုးရွားတဲ့ အကြမ်းဖက်ဝါဒကို ဖိလစ်ပိုင်အစိုးရ ဘယ်လို နိဂုံးချုပ်စေခဲ့သလဲ။ ဒါက အရေးအကြီးဆုံးသောအချက်ဖြစ်ပါတယ် 

 

ဖိလစ်ပိုင်နိုင်ငံအစိုးရစစ်တပ်က အကြမ်းဖက်သမားတွေကို အပြတ်အသတ်တိုက်ခိုက်ခဲ့တယ် ။ မာရာဝီတိုက်ပွဲအဆုံးမှာ အကြမ်းဖက်ခေါင်းဆောင်တွေကို စစ်တပ်က အသေဖမ်းမိခဲ့တယ်။ မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် စစ်ရေးအရ နိုင်လိုက်ရုံနဲ့ အကြမ်းဖက်ဝါဒက တကယ်ပဲ အမြစ်ပြတ်သွားပြီလား။


ဒီနေရာမှာ ဖိလစ်ပိုင်အစိုးရဟာ သိပ်အရေးကြီးတဲ့ သင်ခန်းစာတစ်ခုကို ရခဲ့တယ်။ အဲဒါက ဘာလဲဆိုတော့ "မတရားမှုနဲ့ ဆင်းရဲမွဲတေမှုတွေ ရှိနေသရွေ့၊ ပြည်သူတွေရဲ့ နှလုံးသားထဲမှာ နာကြည်းမှုတွေ ရှိနေသရွေ့ အကြမ်းဖက်ဝါဒဆိုတာ အချိန်မရွေး ပြန်ရှင်သန်လာနိုင်တယ်" ဆိုတာပဲ။ ဒါကြောင့် စစ်ရေးနည်းလမ်းတစ်ခုတည်းကို မသုံးတော့ဘဲ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ ဆုံးဖြတ်ခဲ့ကြတယ်။



၂၀၁၈၊ ၂၀၁၉ ခုနှစ်တွေမှာ သမိုင်းဝင် Bangsamoro (ဘန်ဆာမိုရို) အော်ဂဲနစ်ဥပဒေဆိုတာကို ပြဋ္ဌာန်းပေးခဲ့တယ်။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက မင်ဒါနာအိုဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝပေးလိုက်တယ်။

သူပုန်အဖွဲ့အားလံုးကို လက်နက်ဖြုတ်သိမ်းပြီး 

 အကြီးဆုံး လက်နက်ကိုင်အဖွဲ့ကြီးဖြစ်တဲ့ MILF ခေါင်းဆောင်တွေကို အစိုးရအဖွဲ့ထဲ ထည့်ပြီး သူတို့ဒေသကို သူတို့ကိုယ်တိုင် ဖွံ့ဖြိုးအောင် လုပ်ခိုင်းလိုက်တယ်။


စဉ်းစားကြည့်ပါဗျာ... တောထဲမှာ ဆယ်စုနှစ်ပေါင်းများစွာ သေနတ်ကိုင်လာခဲ့တဲ့ သူတွေကို စားပွဲဝိုင်းမှာ ခဲတံနဲ့ အုပ်ချုပ်ရေးယန္တရားတွေ ကိုင်ခိုင်းလိုက်တာ။


 လူငယ်တွေကို သေနတ်အစား ပညာသင်ခွင့်နဲ့ အလုပ်အကိုင်တွေ ပေးလိုက်တာ။ အဲဒီအခါမှာ ဘာဖြစ်လာသလဲ။ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့တဲ့ အကြမ်းဖက်မှု သံသရာကြီးဟာ တဖြည်းဖြည်း ရပ်တန့်သွားခဲ့ရတယ်။ စစ်တပ်နဲ့ သူပုန်ကြားက တိုက်ပွဲတွေ ရပ်သွားတယ်။ ယုံကြည်မှု တည်ဆောက်ခြင်း၊ ကိုယ်ချင်းစာတရားနဲ့ နိုင်ငံရေးအရ အဖြေရှာခြင်းကသာ ဒီသွေးထွက်သံယိုမှုတွေကို တကယ်တမ်း နိဂုံးချုပ်စေခဲ့တာပါ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ ပါးစပ်ကနေ ငြိမ်းချမ်းရေးစကားပြောပြီး လက်နက်ချခိုင်းရုံနဲ့ မရဘူး၊ ဘယ်တော့မှ မတော်လှန်ရဲ မပုန်ကန်ရဲလောက်အောင် ပြတ်ပြတ်သားသား ခြေမှုန်းပစ်မှပဲ တရားဥပဒေစိူးမိုးတဲ့ တည်ငြိမ်မှုဆိုတာ ရရှိလာမှာ ဖြစ်ပါတယ် 

ဒီနေရာမှာ မိတ်ဆွေတို့ကို ကျွန်တော် မေးခွန်းတစ်ခု မေးချင်တယ်။

အကြမ်းဖက်ဝါဒဆိုတာ လူတစ်ယောက်ကို သတ်လိုက်ရုံနဲ့ သေသွားမယ့် အရာလား။

ဒါမှမဟုတ်... အဲဒီဝါဒကို မွေးဖွားပေးနေတဲ့ အခြေခံအကြောင်းရင်းဖြစ်တဲ့ အမုန်တရားတွေ၊ ပါတီစွဲ ပုဂ္ဂိုလ်စွဲ နဲ့ လူမျိုးစွဲ ဒေသစွဲတွေကို အမြစ်ပြတ် ရှင်းလင်းပစ်မှသာ အမှန်တကယ် ပျောက်ကွယ်သွားမယ့် အရာလား။

သေနတ်ကျည်ဆန်တွေဟာ အကြမ်းဖက်သမားတစ်ယောက်ရဲ့ အသက်ကို နှုတ်ယူနိုင်ပါတယ်။ 

ဒါပေမယ့် အကြမ်းဖက်ဝါဒဆိုတဲ့ 'အတွေးအခေါ်' ကိုတော့ ကျည်ဆန်နဲ့ ပစ်သတ်လို့မရပါဘူး။ တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ လူသားချင်း စာနာထောက်ထားမှုကသာ အဲဒီအစွန်းရောက် အတွေးအခေါ်တွေကို အမြစ်ပြတ် ချေမှုန်းနိုင်တာပါ။


ဒီအချက်ကို ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပြန်ယှဉ်ကြည့်ရင်လည်း ပိုပြီး ထင်ရှားပါတယ်ဗျ။ ဘယ်လိုပဲ အကြောင်းပြချက် ပေးပါစေ... အပြစ်မဲ့ တဲ့ နိူင်ငံဝန်ထမ်းတွေကို ပစ်မှတ်ထားတာ၊ ရဟန်းသံဃာနဲ့ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာ လမ်းတံတားတွေနဲ့ ပြည်သူပိုင် အဆောက်အအုံတွေကို ဖျက်ဆီးတာ၊ အကြမ်းဖက် နည်းလမ်းတွေကို အသုံးပြုတာဟာ ဘယ်သောအခါမှ မမှန်ကန်နိုင်ပါဘူး။


 အကြမ်းဖက်မှုဆိုတာ ဘယ်လို တော်လှန်ရေးခေါင်းစဉ်တပ်တပ် အကြမ်းဖက်မှုပါပဲ။ ဒီလို အကြမ်းဖက် လုပ်ရပ်တွေကြောင့် တကယ်တမ်း ထိခိုက်နစ်နာရတာက သာမန် ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ နိုင်ငံရဲ့ တည်ငြိမ်မှုပဲ ဖြစ်ပါတယ်။

နိူင်ငံရေးပြဿနာကို 

 အကြမ်းဖက် နည်းလမ်းနဲ့ အဖြေရှာဖို့ ကြိုးစားလေလေ... နိုင်ငံနဲ့ ပြည်သူတွေအတွက် ဆုံးရှုံးမှုတွေ ပိုကြီးမားလာလေလေပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ နိုင်ငံမှာ အကြမ်းဖက်မှု သံသရာကို တကယ် အဆုံးသတ်ချင်တယ်ဆိုရင် အစွန်းရောက် တော်လှန်ပုန်ကန်ဝါဒတွေနဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ပြည်သူအားလူံးက အပြတ်အသတ် ငြင်းပယ်ဖို့ ဆန့်ကျင်ကြဖို့ လိုအပ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးကို ခိုင်မာအောင် တည်ဆောက်ပြီး လက်နက်ကိုင် ပဋိပက္ခတွေကို စွန့်လွှတ်မှသာ စစ်မှန်တဲ့ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည် ရရှိနိုင်မှာ ဖြစ်ပါတယ် ။ အကြမ်းဖက်မှုကို တော်လှန်ရေး နည်းလမ်းတစ်ခုအဖြစ် အသုံးပြုနေကြသရွေ့တော့ ဘယ်သူမှ အေးချမ်းစွာ နေထိုင်နိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့အားလုံး သတိပြုမိဖို့ လိုပါတယ်ဗျ။


ကျွန်တော်တို့ ပတ်ဝန်းကျင်၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာရော... ဒီလိုမျိုး အစွန်းရောက်ဝါဒတွေ၊ အမုန်းတရားတွေ ပေါ်ထွက်မလာအောင် ကျွန်တော်တို့ ဘယ်လို တားဆီးကြမလဲ။


 သဘောထားကွဲလွဲမှုတွေကို လက်နက်နဲ့ ဖြေရှင်းမယ့်အစား စားပွဲဝိုင်းမှာ ဘယ်လို အဖြေရှာကြမလဲ။

ဒါဟာ ဒီနေ့ ဗီဒီယိုကို ကြည့်ပြီးသွားတဲ့အခါ မိတ်ဆွေတို့ရင်ထဲမှာ ဆက်ပြီး တွေးတောနေမိမယ့် အရာတစ်ခု ဖြစ်ပါလိမ့်မယ်။ 


ကျွန်တော်တို့ အားလုံးရဲ့ ရင်ထဲမှာ ဒီမေးခွန်းလေးတစ်ခု ကျန်ရစ်ခဲ့မယ်ဆိုရင်ပဲ ဒီနေ့ ကျွန်တော် ပြောရတဲ့ ရည်ရွယ်ချက် ပြည့်ဝပါပြီ။

အချိန်ပေးပြီး နားထောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ 

ကျနော် ထပ်ပြီး ပြောနေဖို့၊ ဆက်လုပ်နေဖို့အတွက် မိတ်‌ေဆွတို့ရဲ့ တွန်းအားတွေ အမြဲလိုအပ်နေတယ်လို့ အဆုံးသတ်မှာ ပြောချင်ပါတယ်။ နောက်ထပ် ဗီဒီယိုတွေမှာ ပိုပြီး လေးနက်တဲ့ အကြောင်းအရာတွေနဲ့ ပြန်ဆုံကြပါမယ်။ အားလုံးပဲ

 ငြိမ်းချမ်းသော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေဗျာ။

 အင်ဒိုနီးရှားနိုင်ငံကို ခြောက်လှန့်နေခဲ့တဲ့ ဘာသာရေး အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက် ပုန်ကန်မှုတွေအကြောင်း


မိတ်ဆွေတို့... အင်ဒိုနီးရှားဆိုတာနဲ့ ကျွန်တော်တို့ မျက်စိထဲ ပြေးမြင်တာက ဘာလီကျွန်းရဲ့ သာယာလှပတဲ့ ကမ်းခြေတွေ၊ ရှေးဟောင်း ဘုရားကျောင်းတွေနဲ့ အေးချမ်းတဲ့ ယဉ်ကျေးမှုတွေပဲ မဟုတ်လား။ ဒါပေမယ့် ဒီနေ့ ကျွန်တော်ပြောပြမယ့် အကြောင်းအရာက အဲဒီအလှတရားတွေရဲ့ နောက်ကွယ်မှာ ဖုံးကွယ်နေတဲ့၊ သွေးစွန်းနေတဲ့ အမှောင်ဘက်ခြမ်း တစ်ခုအကြောင်းပါ။ အဲဒါကတော့ အင်ဒိုနီးရှားနိုင်ငံကို ဆယ်စုနှစ်ပေါင်းများစွာ ခြောက်လှန့်နေခဲ့တဲ့ ဘာသာရေး အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက် ပုန်ကန်မှုတွေအကြောင်းပဲ ဖြစ်ပါတယ်။

ဒီအကြောင်းကို ပြောရတာ ဘာသာရေးအစွန်းရောက်မှုတွေ အကြမ်းဖက်‌မှုတွေ အများကြီးပါတာမလို့ ပေါ့ပေါ့ပါးပါးတော့ မဟုတ်ဘူးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ၊ ကျွန်တော်တို့ ကမ္ဘာကြီးမှာ တကယ်ဖြစ်ပျက်နေတဲ့ အရာတွေကို က‌ျနော်တို့က မျက်ကွယ်ပြုထားလို့ မရပါဘူး။ တကယ်လို့ ကျနော်တို့ကသာ မျက်ကွယ်ပြုထားလိုက်ရင် တချိန်ချိန်မှာ အဲ့ဒီလိုမျိုး ကျနော်တို့နိူင်ငံမှာ ဖြစ်ပေါ်လာနိူင်ပါတယ် ။ ဒါဟာ ကြိုတင်ကာကွယ်တားဆီးနိူင်ဖို့အတွက်ပဲ ရည်ရွယ်တာ ဖြစ်ပါတယ် ။ 

 အချက်အလက်တွေနဲ့ သမိုင်းကို ပြန်ကောက်ရရင်... ဒါ‌ေတွဟာ မနေ့တစ်နေ့ကမှ ရုတ်တရက် ပေါ်လာတဲ့ ပြဿနာမဟုတ်ဘူးဆိုတာ မိတ်ဆွေတို့ တွေ့ရပါလိမ့်မယ်။

ဒုတိယကမ္ဘာစစ်အပြီး အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေးရစ အချိန်ကို ခဏလောက် ပြန်သွားကြည့်ကြရအောင်ပါ။အင်ဒိုနီးရှားက ဒီမိုကရေစီ နိုင်ငံသစ်တစ်ခု တည်ဆောက်ဖို့ ကြိုးစားနေတဲ့ အချိန်မှာပဲ "ဒါရူလ် အစ္စလာမ်" (Darul Islam) လို အဖွဲ့မျိုးတွေ အများကြီး ပေါ်လာခဲ့တယ်။ သူတို့လိုချင်တာက ရှင်းပါတယ်။ အင်ဒိုနီးရှားကို အစ္စလာမ် ဘာသာရေးဥပဒေသက်သက်နဲ့ အုပ်ချုပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ပြောင်းလဲပစ်ချင်ကြတာပါ။ အဲဒီဆန္ဒကနေစပြီး လက်နက်ကိုင် တော်လှန်ပုန်ကန်မှုတွေ စတင်လာခဲ့တယ်။ ဒါဟာ အင်ဒိုနီးရှား သမိုင်းမှာ ဘာသာရေးအစွန်းရောက်ဝါဒရဲ့ ပထမဆုံး မျိုးစေ့ချလိုက်ခြင်းပါပဲ။


ဒါပေမယ့် အခြေအနေတွေက အဲဒီလောက်နဲ့ မရပ်သွားခဲ့ဘူးဗျ။ စစ်အေးခေတ်ကာလ၊ အာဖဂန်နစ္စတန်မှာ ဆိုဗီယက်ရုရှားတွေကို သွားရောက်တိုက်ခိုက်ခဲ့တဲ့ အင်ဒိုနီးရှား ဘာသာရေးအစွန်းရောက် တိုက်ခိုက်ရေးသမားတွေက နိုင်ငံကို ပြန်ရောက်လာတဲ့အခါ ဇာတ်လမ်းက ပိုဆိုးသွားတယ်။


 သူတို့တွေဟာ သာမန် ပုန်ကန်သူတွေ မဟုတ်တော့ဘူး။ အယ်လ်ကိုင်ဒါ (Al-Qaeda) လို အဖွဲ့အစည်းတွေဆီကနေ အကြမ်းဖက်ဗျူဟာတွေ၊ ဗုံးလုပ်နည်းတွေ၊ ပြီးတော့ အဆိုးဆုံးက "ကိုယ့်ယုံကြည်ချက်နဲ့ မတူတဲ့သူ မှန်သမျှဟာ ရန်သူပဲ" ဆိုတဲ့ အစွန်းရောက် သဘောတရားတွေကိုပါ သယ်ဆောင်လာခဲ့ကြတယ်။

ဒီလိုနဲ့ "ဂျမားအစ္စလာမ်မီယာ" (Jemaah Islamiyah - JI) လို အကြမ်းဖက်ကွန်ရက်တွေ အင်ဒိုနီးရှားမှာ အမြစ်တွယ်လာခဲ့တယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က အင်ဒိုနီးရှား တစ်နိုင်ငံတည်းကို သိမ်းဖို့မဟုတ်တော့ဘူး၊ အရှေ့တောင်အာရှ တစ်ခွင်လုံးကို အစ္စလာမ်မစ်ဝါဒ လွှမ်းခြုံနိုင်မယ့် အစွန်းရောက်နိုင်ငံတော်ကြီး တည်ထောင်ဖို့အထိ ရည်မှန်းချက် ကြီးလာကြတယ်။

မိတ်ဆွေတို့ မှတ်မိဦးမယ် ထင်ပါတယ်။ ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ဘာလီကျွန်း ဗုံးပေါက်ကွဲမှုကြီး ဖြစ်ခဲ့ပါတယ် ။ 

အဲဒီနေ့က ကမ္ဘာလှည့်ခရီးသည်တွေ၊ ဒေသခံတွေနဲ့ စည်ကားနေတဲ့ နိုက်ကလပ် နှစ်ခုမှာ ဗုံးတွေ ဆက်တိုက် ကွဲခဲ့တယ်။ လူပေါင်း ၂၀၂ ယောက် သေဆုံးပြီး၊ ရာနဲ့ချီ ဒဏ်ရာရခဲ့တယ်။ သေဆုံးသွားတဲ့ အထဲမှာ နိုင်ငံပေါင်း ၂၁ နိုင်ငံက ဖော်ရိမ်နာတွေပါတယ်။ အပြစ်မဲ့တဲ့သူတွေ၊ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတဲ့သူတွေဟာ မျက်စိတစ်မှိတ်အတွင်းမှာ အငွေ့ပျံ သွားခဲ့ရတယ်။ အဲဒီလုပ်ရပ်ကို လုပ်ခဲ့တာ ဂျမားအစ္စလာမ်မီယာ" ဂျေအိုင် အဖွဲ့ပါပဲ။

ဒီနေရာမှာ ခဏလောက် ရပ်ပြီး ကျနော်တို့ စဉ်းစားကြည့်ပါ။ 


လူတစ်ယောက်ဟာ ကိုယ်နဲ့ ဘာရန်ငြိုးမှမရှိတဲ့၊ ဘယ်သူဘယ်ဝါမှန်းတောင် မသိတဲ့ အပြစ်မဲ့လူသားတွေကို ရက်ရက်စက်စက် သတ်ဖြတ်နိုင်ဖို့အတွက် စိတ်ထဲမှာ ဘယ်လို အမုန်းတရားမျိုးတွေ ကိန်းအောင်းနေရမလဲ။ 


ဘယ်လို ယုံကြည်ချက်မျိုးက သူတို့ရဲ့ လူစင်စစ်ကနေ ဘီလူးဘဝကို ပြောင်းလဲပေးလိုက်တာလဲ။ 

ဒါဟာ အရမ်း ကြောက်စရာကောင်းတဲ့ မေးခွန်းပါ။


အဲ့ဒီကနေတစ်ဆင့် ဘာသာရေး အစွန်းရောက်ဝါဒရဲ့ သဘောသဘာဝကို ကျွန်တော်တို့ သတိထားကြရပါမယ် ။ 

ဘာသာရေး အစွန်းရောက်ဝါဒဆိုတာ ဆင်းရဲမွဲတေမှု တစ်ခုတည်းကြောင့် ဖြစ်လာတာ မဟုတ်ဘူး။ 

ပညာမတတ်လို့ ဖြစ်လာတာလည်း မဟုတ်ဘူး။ တချို့ အကြမ်းဖက်ခေါင်းဆောင်တွေဆိုရင် နိုင်ငံခြားမှာ တက္ကသိုလ်တက်ခဲ့တဲ့ ပညာတတ်တွေ၊ဆရာဝန် အင်ဂျင်နီယာတွေ ဖြစ်နေကြတယ်။

 ပြဿနာက "ဦးနှောက်ကို ဆေးကြောခံလိုက်ရခြင်း" (Brainwashing) ပါပဲ။

လူတွေရဲ့ စိတ်ထဲမှာ ရှိတတ်တဲ့ မကျေနပ်မှုတွေ၊ နိုင်ငံရေးအရ ဖိနှိပ်ခံရတယ်လို့ ခံစားရမှုတွေ၊ မတရားဘူးလို့ မြင်နေရတဲ့ အရာတွေကို အစွန်းရောက် ခေါင်းဆောင်တွေက အကောင်းဆုံး အသုံးချသွားကြတယ်။ 


"မင်းတို့ ခံနေရတာတွေအတွက် လက်စားချေဖို့၊ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ဆိုရင် အကြမ်းဖက်နည်းလမ်းကို သုံးမှရမယ်" ဆိုပြီး သွေးထိုးကြတယ်။


 ဘာသာရေးရဲ့ အနှစ်သာရဖြစ်တဲ့ မေတ္တာတရားနဲ့ ငြိမ်းချမ်းရေးကို ဖျောက်ဖျက်ပစ်ပြီး၊ အမုန်းတရားကို ဘာသာရေးဝတ်ရုံ ခြုံပေးလိုက်ကြတယ်။



အခုနောက်ပိုင်းခေတ်ကို ရောက်လာတော့ အခြေအနေတွေက ပိုတောင် ဆိုးလာသေးတယ်ဗျ။ အရှေ့အလယ်ပိုင်းမှာ ISIS တွေ အင်အားကောင်းလာတဲ့အခါ၊ အင်ဒိုနီးရှားက အစွန်းရောက်တွေလည်း ISIS ကို သစ္စာခံလာကြတယ်။ JAD(Jamaah Ansharut Daulah) အမည်နဲ့အဖွဲ့တွေ ဂျမားအစ္စလာမ်မီယာ" လို အဖွဲ့သစ်တွေ နေရာအနှံ ပေါ်ထွက်လာတယ်။


အဆိုးဆုံးနဲ့ အရက်စက်ဆုံး လုပ်ရပ်ကို ပြပါဆိုရင် ၂၀၁၈ ခုနှစ်က အင်ဒိုနီးရှားနိူင်ငံက ဆူရာဘာယာ (Surabaya) မြို့မှာ ဖြစ်ခဲ့တဲ့ ဘုရားကျောင်း ဗုံးခွဲမှုတွေကို ပြရလိမ့်မယ်။ 


အရင်က အစ္စလာမ်မစ် စစ်သွေးကြွတွေ ဗုံးခွဲတယ်ဆိုရင် လူငယ်တွေ၊ အမျိုးသားတွေက လုပ်ခဲ့ကြတာများတယ်။ ဒါပေမယ့် ဆူရာဘာယာ ဗုံးခွဲမှုမှာ ထူးခြားတာကတော့... မိသားစု တစ်စုလုံးက အသေခံပြီး ဗုံးခွဲသွားတာပါ။ 


ဖခင်ဖြစ်သူက ကားကိုမောင်းပြီး ဗုံးခွဲတယ်။ မိခင်ဖြစ်သူက သူ့ရဲ့ ၉ နှစ်နဲ့ ၁၂ နှစ်အရွယ် သမီးငယ်လေး နှစ်ယောက်ကို လက်ဆွဲပြီး ဘုရားကျောင်းထဲဝင်ကာ အသေခံ ဗုံးခွဲတယ်။ ကျန်တဲ့ ဆယ်ကျော်သက် သားနှစ်ယောက်ကလည်း ဆိုင်ကယ်နဲ့ သွားပြီး ဗုံးခွဲကြတယ်။


မိတ်ဆွေတို့... သေချာလေး တွေးတော စဉ်းစားကြည့်ပါ။ ကိုယ့်ရင်သွေးကို၊ ကိုယ့်မျက်စိရှေ့မှာတင် ကြီးပြင်းလာတဲ့ ကလေးငယ်လေးတွေကို အသေခံဗုံးခွဲဖို့ ခေါ်သွားနိုင်တဲ့အထိ မိဘတစ်ယောက်ရဲ့ စိတ်ကို အစွန်းရောက်ဝါဒက ဘယ်လောက်အထိ ရိုက်ချိုးဖျက်ဆီးပစ်လိုက်သလဲ။ 


ဒါဟာ လူသားဆန်မှု အကုန်လုံး ရေစုန်မျောသွားတဲ့ အခြေအနေပါပဲ။ 


အကြမ်းဖက်မှုဆိုတာ သေနတ်ကိုင်ပြီး တိုက်ခိုက်တာထက် ပိုပါတယ်။ ဘာသာရေးအစွန်းရောက်မှုဆိုတာက လူတွေရဲ့ တွေးခေါ်နိုင်စွမ်း၊ ချစ်တတ်တဲ့စိတ်၊ သနားကြင်နာတတ်တဲ့ စိတ်ကိုပါ အမြစ်ကနေ ဆွဲနှုတ်ပစ်လိုက်တာပါ။


အင်ဒိုနီးရှား အစိုးရအနေနဲ့ Densus 88 လို အထူးတန်ပြန်အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့တွေ ဖွဲ့စည်းပြီး ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့လို့ အခုနောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ တော်တော်လေး လျော့ကျသွားခဲ့ပါတယ်။


 အကြမ်းဖက်ခေါင်းဆောင်ပိုင်းက တော်တော်များများကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်။ ဒါပေမယ့် သေချာတာတစ်ခုကတော့ အယူဝါဒဆိုတာ သေနတ်နဲ့ ပစ်သတ်လို့ မသေပါဘူး။ အင်တာနက်ပေါ်ကတစ်ဆင့်၊ လူမှုကွန်ရက်တွေကတစ်ဆင့် အစွန်းရောက်ဝါဒတွေက တိတ်တဆိတ် စိမ့်ဝင် ပြန့်နှံ့နေဆဲပါပဲ။


ဒီတော့ ဒီအဖြစ်အပျက်တွေကနေ ကျွန်တော်တို့ ဘာသင်ခန်းစာ ယူကြမလဲ။


ဘာသာရေး၊ နိုင်ငံရေး၊ လူမျိုးရေး... ဘယ်အရာကိုပဲ အခြေခံသည်ဖြစ်စေ အစွန်းရောက်သွားပြီဆိုရင် အဲဒီအရာဟာ လူ့အဖွဲ့အစည်းအတွက် အကြီးမားဆုံး အဆိပ်အတောက် ဖြစ်သွားတတ်ပါတယ်။ ယုံကြည်ချက်ဆိုတာ လူတစ်ယောက်ကို ရှင်သန်ဖို့ ခွန်အားပေးနိုင်သလို၊ လမ်းမှားသွားရင်တော့ ကိုယ့်ကိုယ်ကိုယ်ရော၊ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်ရပ်ကျုယ်ရွာကိုပါ ပြာကျသွားစေနိုင်တဲ့ မီးတောက်တစ်ခုပါပဲ။



၁။ နယ်စပ်လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး စိန်ခေါ်မှုများ


ဒါကို ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ယှဉ်ကြည့်ရင်လည်း နယ်စပ်ဒေသ လုံခြုံရေးဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ တိုက်ရိုက် သက်ဆိုင်နေတာကို တွေ့ရပါလိမ့်မယ်။ ထိန်းချုပ်ရခက်ခဲတဲ့ နယ်စပ်မျဉ်းတွေကနေတစ်ဆင့် တရားမဝင် ဝင်ရောက်မှုတွေနဲ့ စိစစ်ရခက်တဲ့ လူဦးရေ ရွှေ့ပြောင်းမှုတွေ ဖြစ်ပေါ်လာတဲ့အခါ တရားဥပဒေ စိုးမိုးရေးအတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုနဲ့ ထိရောက်တဲ့ စိစစ်ကွပ်ကဲမှု လျော့ရော့သွားရင် ဒေသတွင်း သယံဇာတ၊ လူမှုအသိုက်အဝန်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်ပြီး ရေရှည်မှာ နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအပေါ် အလေးအနက် ထိခိုက်လာစေနိုင်ပါတယ်။


၂။ လက်နက်ကိုင် ပဋိပက္ခနှင့် ဒေသတွင်း တည်ငြိမ်ရေး အန္တရာယ်များ


ဒါ့အပြင် နယ်စပ်ဒေသတွေမှာ အစွန်းရောက် သဘောတရားတွေကို အခြေခံပြီး ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုဟာလည်း လျှော့တွက်လို့ မရတဲ့ အန္တရာယ်တစ်ခုပါပဲ။

 အကြမ်းဖက်မှုနဲ့ လက်နက်ကိုင် လှုပ်ရှားမှုတွေဟာ ဒေသခံ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝကို ပျက်စီးစေရုံတင်မကဘဲ အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်တဲ့ မတည်ငြိမ်မှုတွေကို မွေးဖွားပေးပါတယ်။ မည်သည့် လက်နက်ကိုင် အကြမ်းဖက်မှုမဆို တည်ငြိမ်ရေးကို ပျက်စီးစေပြီး ဒေသတွင်း လုံခြုံရေးအတွက် အမြဲတမ်း ခြိမ်းခြောက်မှုတစ်ခုအဖြစ် တည်ရှိနေတာ ဖြစ်ပါတယ်။


ကျွန်တော်တို့ လူ့အဖွဲ့အစည်းထဲမှာလည်း မတူကွဲပြားမှုတွေ၊ သဘောထားကွဲလွဲမှုတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အဲဒီ ကွဲလွဲမှုတွေကို အမုန်းတရားအဖြစ် ပြောင်းလဲသွားခွင့် မပေးဖို့ အရမ်းအရေးကြီးပါတယ်။ အစွန်းရောက်ဝါဒဆိုတာ နေ့ချင်းညချင်း ဖြစ်လာတာ မဟုတ်ဘူး။ "ငါတို့ကလွဲရင် ကျန်တဲ့လူတွေ အကုန်မှားတယ်" ဆိုတဲ့ သေးငယ်တဲ့ အတွေးလေးကနေ စတင် အမြစ်တွယ်လာတတ်တာပါ။

ဒီဗီဒီယိုလေးရဲ့ အဆုံးမှာ မိတ်ဆွေတို့ကို မေးခွန်းတစ်ခုပဲ ကျွန်တော် ချန်ထားရစ်ခဲ့ချင်ပါတယ်။

"ကိုယ့်ရဲ့ ယုံကြည်ချက် တစ်ခုက တခြားလူသားတစ်ယောက်ရဲ့ အသက်၊ သွေး၊ ချွေးတွေထက် ပိုပြီး အရေးကြီးနေပြီလို့ ခံစားလာရတဲ့အခါ... အဲဒီယုံကြည်ချက်ဟာ တကယ်ပဲ မှန်ကန်တဲ့၊ မြင့်မြတ်တဲ့ ယုံကြည်ချက် ဟုတ်ရဲ့လား။"

ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ကြပါ မိတ်ဆွေတို့။ ဒီမေးခွန်းရဲ့ အဖြေက ကျွန်တော်တို့ရဲ့ အနာဂတ်၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေးကို ဆုံးဖြတ်ပေးသွားပါလိမ့်မယ်။

ဒီနေ့တော့ ဒီလောက်ပါပဲ။ ကျွန်တော် အခုလို အကြောင်းအရာတွေကို ရှာဖွေ၊ စဉ်းစား သုံးသပ်ပြီး ဆက်တိုက် တင်ဆက်ပြောဆိုနေဖို့၊ ရှေ့ဆက်လုပ်နေဖို့အတွက် မိတ်ဆွေတို့ရဲ့ အားပေးမှု၊ မိတ်ဆွေတို့ရဲ့ တွန်းအားတွေ အမြဲတမ်း လိုအပ်နေပါတယ်ဗျာ။ နောက်ထပ် ဗီဒီယိုတွေမှာ ပိုပြီး လေးနက်တဲ့ အကြောင်းအရာတွေနဲ့ ပြန်ဆုံကြတာပေါ့

။ အားလုံးပဲ ငြိမ်းချမ်းသော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

Wednesday, 16 September 2026

 ခေါင်းစဉ် - အဆိုးထဲက အကောင်း (သို့မဟုတ်) သမိုင်းက ချန်ရစ်ခဲ့တဲ့ အဖိုးတန် အမွေအနှစ်

[Intro Music အေးအေးလေးနဲ့ စတင်ပါမည်။]

မင်္ဂလာပါ ခင်ဗျာ။

ဒီနေ့ ကျွန်တော်တို့တွေ သမိုင်းကြောင်းလေး တစ်ခုကို နည်းနည်းလေး နောက်ကြောင်းပြန်လှည့်ပြီး တွေးကြည့်ကြရအောင်ဗျာ။ ခေါင်းစဉ်လေးကတော့ "အဆိုးထဲက အကောင်း" လို့ ပေးချင်ပါတယ်။ ကျွန်တော်တို့ မြန်မာ့သမိုင်းကို ပြန်ကြည့်တဲ့အခါ နှမြောစရာတွေ၊ နာကျင်စရာတွေ အများကြီး ရှိခဲ့ပေမယ့်.. အဲဒီ အဆိုးတရားတွေကြားထဲကနေ ကျွန်တော်တို့အတွက် ဘယ်လို အကောင်းတွေ ကျန်ရစ်ခဲ့လဲ ဆိုတာကို ဒီနေ့ သုံးသပ်ကြည့်ချင်ပါတယ်။

[စကားကို ခပ်လေးလေးနဲ့ စတင်ပါ]

ကျွန်တော်တို့ ဗမာဘုရင်မင်းဆက်တွေ ခေတ်အဆက်ဆက် တိုင်းပြည်တည်ဆောက်ခဲ့တဲ့ ပုံစံကို ပြန်ကြည့်ရင် အင်မတန် စိတ်ဝင်စားဖို့ ကောင်းတယ်။ သူတို့က "အတွင်းစုစည်းမှုအား" ကို အခြေခံပြီး တိုင်းပြည်ကို တည်ဆောက်ခဲ့ကြတာဗျ။ ပျူခေတ်က မြေပုံတွေကို ပြန်လေ့လာကြည့်ရင် ဧရာဝတီမြစ်ကြီးကို သဘာဝ အတားအဆီး ကြီးတစ်ခုလို သတ်မှတ်ခဲ့တာ တွေ့ရတယ်။ မြစ်ရဲ့ အနောက်ဘက် မြေပြန့်တစ်လျှောက်မှာ ကျုံးတွေ၊ မြို့ရိုးတွေနဲ့ အခိုင်အမာ တည်ဆောက်ပြီး မြို့ပြအုပ်ချုပ်ရေးစနစ်ကို စတင်ခဲ့ကြတယ်။ ဟန်လင်း၊ တကောင်း၊ သရေခေတ္တရာ၊ ဗိဿနိုး.. အားလုံးဟာ ဒီအယူအဆပေါ်မှာ အခြေခံပြီး ပေါ်ထွန်းလာခဲ့တာချည်းပဲ။

ဒီလိုနဲ့ ပုဂံခေတ်ကို ရောက်လာတယ်။ ပုဂံ ၄ ခေတ်၊ မင်းဆက် ၅၅ ဆက် နန်းတက်ခဲ့တဲ့ အချိန်မှာလည်း ဒီစနစ်ကိုပဲ ဆက်သုံးခဲ့တယ်။ ဗမာပြည်ရဲ့ အလယ်ဗဟိုမှာ အင်အားကို ခိုင်ခိုင်မာမာ စုစည်းတယ်။ ဧရာဝတီမြစ်ကို သဘာဝခံတပ်လုပ်တယ်။ ပြီးတော့မှ ဘေးပတ်လည်က တိုင်းရင်းသား စော်ဘွားတွေ၊ နယ်စားတွေကို ဝန်းရံပြီး စည်းရုံးသိမ်းသွင်းထားခဲ့တာပါ။ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင် ခေတ်အဆက်ဆက်... အားလုံးဟာ ဒီနည်းဗျူဟာအတိုင်းပဲ တိုင်းပြည်ကို ထိန်းကျောင်းခဲ့ကြတာ ဖြစ်ပါတယ်။

[Video Background တွင် ရှေးဟောင်း မြေပုံများ ပြသနိုင်ပါသည်]

ဒီနေရာမှာ မေးစရာတစ်ခု ရှိလာတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ပထဝီအနေအထားကို ကြည့်လိုက်ရင် အနောက်ဘက်မှာ လူဦးရေရော အင်အားပါ ကြီးမားတဲ့ အိန္ဒိယ၊ အရှေ့ဘက်မှာလည်း ဧရာမ တရုတ်နိုင်ငံကြီး။ ဒီလို အင်အားကြီး နှစ်နိုင်ငံကြားမှာ ညှပ်နေတဲ့ ဗမာပြည်ဟာ နှစ်ထောင်နဲ့ချီပြီး ဘယ်လိုလုပ် ရင်ပေါင်တန်း ရပ်တည်နိုင်ခဲ့တာလဲ?

အဖြေက ရှင်းပါတယ်။ အဲဒီအချိန်က အိန္ဒိယဘက်မှာလည်း ဘုရင်ပေါင်း ၄၀၀ လောက်က အချင်းချင်း နယ်မြေလုပြီး ချနေကြတဲ့ အချိန်ဗျ။ တရုတ်ဘက်ကို ကြည့်ပြန်တော့လည်း ဧကရာဇ်တွေ၊ စစ်ဘုရင်တွေက သိုင်းကျမ်းတွေ၊ ဆေးကျမ်းတွေ လေ့ကျင့်ပြီး အချင်းချင်း အာဏာလုနေကြတာနဲ့တင် မအားကြဘူး။ ဆိုတော့ သူတို့ဆီမှာ အမြဲတမ်း ညီညွတ်ပြီး အင်အားကြီးမနေခဲ့ဘူး။ အဲဒီ အားနည်းချက်က ကျွန်တော်တို့အတွက် အသက်ရှူချောင်စေခဲ့တာပေါ့။

ဒါပေမယ့် သမိုင်းတစ်လျှောက်လုံး ပြန်ကြည့်ရင် ကျွန်တော်တို့ အများဆုံး ရင်ဆိုင်ခဲ့ရတဲ့ ရန်သူက အရှေ့ဘက်က တရုတ်နွယ်ဖွားတွေပဲ။ ပုဂံနောက်ဆုံးမင်းဆိုရင် တရုတ်တွေ ဝင်တိုက်လို့ ထွက်ပြေးရတာမို့ "တရုတ်ပြေးမင်း" လို့တောင် နာမည်တွင်ခဲ့တာကိုး။ အင်းဝမင်းဆက် ပျက်သုဉ်းခဲ့ရတာလည်း သူတို့ကြောင့်ပါပဲ။

အနောက်ဘက် အိန္ဒိယမင်းတွေကျတော့ ဗမာပြည်မကြီးအထိ ရောက်အောင် ကျူးကျော်လာတာ သိပ်မတွေ့ရဘူး။ ဒါပေမယ့် ရခိုင်မင်းတွေနဲ့ ဘင်္ဂလားနယ်ဘက်မှာ ပဋိပက္ခဖြစ်တာတွေ၊ ချင်းပြည်နယ်၊ အာသံ၊ မဏိပူရ်၊ နာဂ ဒေသတွေကို ကျူးကျော်တာတွေတော့ ရှိခဲ့ပါတယ်။

[လေသံကို နည်းနည်းမြှင့်ပြီး စိတ်ဝင်စားဖွယ် ပြောပါ]

ကဲ.. အိန္ဒိယ၊ ဗမာ၊ တရုတ်.. ဒီသုံးခုကြားမှာ ဘာတွေ ရှိနေသေးလဲ။

ကျွန်တော်တို့ရဲ့ သွေးချင်း တိုင်းရင်းသား ညီအစ်ကိုတွေ ရှိနေတာပေါ့ဗျာ။ အဲဒီအထဲမှာ အများစုက ရှမ်းတိုင်းရင်းသားတွေပါ။ သူတို့ကို ကြည့်လိုက်ရင် ကုလားနဲ့လည်း မတူဘူး၊ တရုတ်နဲ့လည်း မတူဘူး။ ကျွန်တော်တို့ ဗမာတွေနဲ့ပဲ တူတာလေ။ ခုထိလည်း တူတုန်းပဲ။ ဒါပေမယ့် သူတို့က အင်အားစုစည်းပြီး နေတာထက် ကိုယ့်နယ်နဲ့ကိုယ် စော်ဘွားပုံစံမျိုး အုပ်ချုပ်ပြီး ပြန့်ကျဲနေကြတာ များတယ်။

ဒီနေရာမှာ တရုတ်နဲ့ အိန္ဒိယရဲ့ အုပ်ချုပ်ပုံကို ကြည့်ရအောင်။ တရုတ်စစ်ဘုရင်တွေက နယ်မြေချဲ့ထွင်ပြီး ဝင်လာပြီဆိုရင် လူမျိုးတုံး သတ်ဖြတ်၊ ဖျက်ဆီးပြီးမှ သိမ်းပိုက်လေ့ရှိတယ်။ အိန္ဒိယဘက်ကလည်း အင်မတန် ခွဲခြားဆက်ဆံပြီး အနိုင်ကျင့် အုပ်ချုပ်ကြတယ်။

ဒီတော့ နယ်စပ်က တိုင်းရင်းသားတွေ အနေနဲ့ ဘယ်သူ့ကို ပိုပြီး အားကိုးမလဲ? အစဉ်အလာအရ ဗမာဘုရင်တွေကိုပဲ သြဇာခံကြတာပေါ့ဗျာ။ ဗမာဘုရင်ဆီကိုပဲ လက်ဆောင်ပဏ္ဏာတွေ ဆက်ပြီး အမှုတော် ထမ်းချင်ကြတယ်။

ဘာလို့လဲဆိုတော့ ဗမာဘုရင်တွေက တိုင်းရင်းသားတွေ အပေါ်မှာ အုပ်ချုပ်တဲ့ စနစ်က တော်တော်လေး လွတ်လပ်ခွင့် ပေးထားတယ်။ လွှတ်တော်၊ လွှတ်ရုံး ဆိုတာ ဘုရင်ခေတ်ကတည်းက ရှိတာဗျ။ စော်ဘွား၊ နယ်စား ကနေ ရွာလူကြီးအထိ တက်ခွင့်ရတဲ့ လွှတ်တော်တွေ ရှိခဲ့တယ်။ ဗမာဘုရင်တွေက သူတို့ကို သြဇာခံမယ်၊ သမီးကညာ ဆက်မယ်၊ လက်ဆောင်ပဏ္ဏာဆက်ပြီး အခွန်ပေးမယ်၊ လိုအပ်ရင် စစ်သားပေးမယ် ဆိုရင် သူတို့ရဲ့ တိုင်းရင်းသားနယ်မြေတွေကို ဝင်ပြီး စွက်ဖက်လေ့ မရှိဘူး။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ပေးထားတယ်။

တကယ်လို့များ ပုန်ကန်ထကြွလာပြီ ဆိုရင်တော့ သွားနှိမ်နင်းတယ်၊ ခေါင်းဆောင်ကို ဖမ်းတယ်။ ပြီးရင် နောက်ထပ် ခေါင်းဆောင် တစ်ယောက်ကို သစ္စာရည်တိုက်ပြီး လူစားထိုး အုပ်ချုပ်ခိုင်းတာပဲ ရှိတယ်။

ဒါပေမယ့် ပြည်ပရန်သူလို့ သတ်မှတ်ထားတဲ့ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ခမာ နဲ့ အနောက်နိုင်ငံသားတွေသာ တိုင်းရင်းသားနယ်တွေထဲ ဝင်လာပြီဆိုရင်တော့ ဗမာဘုရင်က ငြိမ်မနေတော့ဘူး။ စစ်တပ်ချီပြီး ချက်ချင်း သွားနှိမ်နင်းပေးတယ်။ တိုင်းရင်းသားတွေကလည်း ပြည်ပရန်သူ ဝင်လာရင် ဗမာဘုရင်ရဲ့ ပြည်ထောင်စု တပ်မတော်ကိုပဲ စစ်ကူတောင်းကြတာလေ။

ကျွန်တော်တို့ရဲ့ စစ်ရေးအင်အားကလည်း မသေးဘူးဗျ။ ဘုရင်က စစ်သားဆင့်ခေါ်လိုက်ပြီ ဆိုတာနဲ့ ထောင်ပြုမြို့၊ ရာပြုမြို့၊ ဆယ်ပြုမြို့ တွေကနေ စစ်မှုထမ်းဖို့ အဆင်သင့် လေ့ကျင့်ထားပြီးသား လူတွေ ချက်ချင်း ရောက်လာတာ။ ဒါကြောင့်လည်း ပြည်ပနိုင်ငံတွေကို ရင်ပေါင်တန်းနိုင်ခဲ့တာပါ။

မွန်က စစ်ကူတောင်းရင် ပုဂံက စစ်တပ်ချီပြီး သွားကူတယ်။ ရခိုင်က စစ်ကူတောင်းရင် ပျူ၊ မွန် စစ်တပ်တွေက သွားကူကြတယ်။ ရှမ်းနယ်ထဲ တရုတ်ဝင်လာရင် ဗမာဘုရင်တပ်တွေ ချက်ချင်း သွားတိုက်ပေးတယ်။ ဒီလို သွေးစည်းညီညွတ်မှုတွေ၊ အကာအကွယ်ပေးမှုတွေ ရှိခဲ့လို့သာ ဒီမြေ၊ ဒီရေ၊ ဒီပိုင်နက်ကြီးကို အခုချိန်ထိ အကျယ်ကြီး ပိုင်ဆိုင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီတွေ ဝင်လာတော့လည်း နှိမ်နင်းနိုင်ခဲ့တယ်၊ တရုတ်ဝင်လည်း နိုင်ခဲ့တယ်၊ ယိုးဒယားဝင်လည်း နိုင်ခဲ့တာပဲလေ။

[Music ခပ်မြန်မြန် ပြောင်းပါမည်။ စကားပြောနှုန်းကို နည်းနည်း အားပါးတရ ပြောပါ]

ဒါပေမယ့်... အင်္ဂလိပ် ဝင်လာတဲ့ အချိန်မှာတော့ ပွဲက ပြောင်းသွားတယ်။

တကယ်တော့ အင်္ဂလိပ်က ဗမာပိုင်နက်ထဲကို အလောင်းမင်းတရား လက်ထက်ကတည်းက ဟိုင်းကြီးကျွန်းကနေ စဝင်ဖူးတယ်။ ဒါပေမယ့် ကျွန်တော်တို့က ပြန်မောင်းထုတ်နိုင်ခဲ့တယ်။ မွန်နယ် ဒဂုံကို ရန်ကုန်လို့ သတ်မှတ်ပြီး အခိုင်အမာ ကာကွယ်ထားနိုင်ခဲ့တယ်။

ဒါပေမယ့် အင်္ဂလိပ်က ဉာဏ်များတယ်။ သူက အိန္ဒိယ တစ်နိုင်ငံလုံးကို အရင်သိမ်းပြီးမှ ဗမာပြည်ကို အိန္ဒိယဘက်ကနေ ရခိုင်ကို စဝင်တာဗျ။ အဲဒီကနေ တဖြည်းဖြည်းချင်း မွန်ဒေသ၊ အောက်မြန်မာပြည်ကို စမြိုတယ်။ နောက်ဆုံး ၁၈၈၆ ရောက်မှ မန္တလေးကို သိမ်းတာ။ တွက်ကြည့်လိုက်ရင် ဗမာပြည်မကြီးကို သူတို့ သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့တာဟာ နှစ်ပေါင်း ၅၀ ကျော်လေးပဲ ရှိတာပါ။

တကယ်တော့ နေမဝင် အင်ပါယာကြီး ဆိုတဲ့ အင်္ဂလိပ်ဟာ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်းများစွာကို သိမ်းပိုက်ခဲ့တုန်းက သိပ်အိန္ဒြေ မပျက်ခဲ့ဘူး။ လွယ်လွယ်ကူကူပဲ ရခဲ့တာ။ ဒါပေမယ့် မြန်မာပြည်ကို မန္တလေးကနေ စသိမ်းပြီးကတည်းက တောက်လျှောက်ကို ပွဲပျက်ခဲ့တာဗျ။ ဒါဟာ သူတို့ကိုယ်တိုင် မှတ်တမ်းတင်ထားတဲ့ သမိုင်းတွေပါ။

၁၉၀၀ ပြည့်နှစ်လောက်အထိ ကျွန်တော်တို့ မြန်မာတွေက လက်နက်စွဲကိုင်ပြီး တော်လှန်နေကြတုန်းပဲ။ ၁၉၀၆ ကျတော့ YMBA တို့လို အသင်းအဖွဲ့တွေ တည်ထောင်လာပြီး နိုင်ငံရေးအသိတွေ နိုးကြားလာတယ်။ ၁၉၂၀ မှာ GCBA နဲ့ ကျောင်းသားသမဂ္ဂတွေက နိုင်ငံရေးတိုက်ပွဲတွေ စတင်ဖော်ဆောင်လာတယ်။ ပညာတတ် ဥပဒေသမားတွေက အင်္ဂလန်အထိ သွားပြီး အခွင့်အရေးတွေ တောင်းဆိုကြတယ်။

၁၉၃၆ လောက် ရောက်တော့ "တို့ဗမာအစည်းအရုံး" ပေါ်လာတယ်။ နိုင်ငံရေး အရှိန်အဟုန်က တအားကို ကောင်းလာပြီ။ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ စာပေ၊ ဂီတနယ်ပယ်က လူတွေပါ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်လာကြတယ်။ ၁၉၃၈ အထွေထွေသပိတ်ကြီးဆိုတာ သမိုင်းမှာ အထင်အရှားပဲလေ။

၁၉၃၉ ကျတော့ ဒုတိယကမ္ဘာစစ်ကြီး စဖြစ်ပြီ။ ဥရောပမှာ စစ်မီးတောက်နေသလို ဗမာပြည်မှာလည်း နိုင်ငံရေးက လုံးဝ မငြိမ်တော့ဘူး။ ၁၉၄၁ မှာ ဂျပန်နဲ့အတူ BIA (ဗမာ့လွတ်လပ်ရေး တပ်မတော်) ဝင်လာတော့ အင်္ဂလိပ်တွေ ပြေးရတော့တာပဲ။

၁၉၄၅ မှာ ဂျပန် လက်နက်ချမှ အင်္ဂလိပ်တွေ ပြန်ဝင်လာပေမယ့်.. အရင်လို အုပ်ချုပ်လို့ မရတော့ဘူး။ ဗမာပြည်က လုံးဝကို ကိုင်တွယ်လို့ မရအောင် ပူလောင်နေပြီ။ မဟာမိတ်တွေကြားမှာလည်း အခြေအနေက ရှုပ်ထွေးလာတော့ နောက်ဆုံး အင်္ဂလိပ်တွေ ခွာစစ်ဆင်ရတော့တာပါပဲ။ အင်္ဂလန်ကို ရသမျှ သယ်တဲ့ အလုပ်ပဲ လုပ်နိုင်တော့တယ်။ အဲဒီလိုနဲ့ ၁၉၄၈ မှာ လွတ်လပ်ရေး ပေးခဲ့ရတာ ဖြစ်ပါတယ်။

စဉ်းစားကြည့်ဗျာ... ရန်ကုန် တစ်မြို့တည်းကိုတောင် ကောင်းကောင်း အုပ်ချုပ်ခွင့် ရခဲ့ပေမယ့် ဗမာလူမိုက်ပေါင်းစုံက အင်္ဂလိပ်ပုလိပ်တွေကို တော်တော်လေး ဒုက္ခပေးခဲ့တာ။ ဗမာတွေဟာ ကမ္ဘာမကျေဘူး ဆိုတာကို ပြသခဲ့လို့ အင်္ဂလိပ်ဘုရင်မကြီး အနေနဲ့ သမိုင်းတစ်လျှောက် ဂုဏ်ငယ်ခဲ့ရတာ ကျွန်တော်တို့ မြန်မာတွေကြောင့်လို့ ပြောရင်လည်း မမှားပါဘူး။

[Music ကို နည်းနည်း သံစဉ်နှေးနှေး၊ ခံစားမှုပါပါလေး ပြောင်းပေးပါ]

ဒီနေရာမှာ ကျွန်တော်တို့ဘက်က ပြန်ကြည့်ရင်... ကိုယ့်ရဲ့ အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့ရတယ်။ ဘုရင် နန်းချခံရတယ်။ နိုင်ငံသားတွေ အသက်သွေးချွေးတွေ အများကြီး ပေးဆပ်ခဲ့ရတယ်။ ဒါဟာ တကယ်ကို နာကျင်စရာကောင်းတဲ့ အဆိုးတရားတွေပါ။

ဒါပေမယ့်... အစက ကျွန်တော် ပြောခဲ့သလိုပေါ့ဗျာ။ အဲဒီ "အဆိုးထဲမှာ အကောင်း" တစ်ခု ရှိခဲ့တယ်။

ဘာလဲသိလား?

"တစ်နိုင်ငံလုံး ကျွန်ဖြစ်သွားလို့၊ ကျွန်တော်တို့ တိုင်းပြည်ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြန်ရခဲ့တာပါပဲ။"

တကယ်လို့သာဗျာ... ကျွန်တော်တို့ တိုင်းပြည်ဟာ တစ်ပိုင်းတစ်စသာ ကျွန်ဖြစ်ခဲ့မယ်ဆိုရင်... အဲဒီ တိုင်းရင်းသား နယ်မြေတွေဟာ အခုချိန်မှာ တရုတ် လက်အောက်၊ ဒါမှမဟုတ် အိန္ဒိယ လက်အောက်ကို ရောက်သွားလောက်ပြီ။

နောက်ထပ် ကံကောင်းတဲ့ အချက်က အင်္ဂလိပ်ဟာ တရုတ်နဲ့ စစ်ဖြစ်တဲ့အခါမှာ အင်္ဂလိပ်က နိုင်ခဲ့တယ်။ အဲဒီအတွက် နယ်နိမိတ် စာချုပ် ချုပ်တဲ့အခါမှာ တိုင်းရင်းသား နယ်မြေတွေဟာ မြန်မာပိုင်နက်ထဲမှာ ဆက်ပြီး တည်ရှိနေခဲ့တယ်။ စစ်လျော်ကြေးလိုမျိုး နယ်မြေတချို့ ပါသွားတာတွေ ရှိပေမယ့် တော်သေးတယ်လို့ ပြောရမှာပဲ။

တကယ်လို့သာ... အဲဒီအချိန်က တရုတ်ကသာ အင်္ဂလိပ်ကို စစ်နိုင်ခဲ့မယ် ဆိုရင် စဉ်းစားကြည့်ပါ။ ကချင်ပြည်နယ်က မေခနဲ့ မလိခ မြစ်ကြားက မြေတွေ... အင်ဂျန်းယန်၊ ဆော့လော်၊ ခေါင်လန်ဖူး စတဲ့ ကချင်၊ ရဝမ်၊ လီဆူ ညီအစ်ကိုတွေ ပိုင်တဲ့ မြေတွေဟာ အခုဆို တရုတ်ပိုင် ဖြစ်သွားလောက်ပြီ။

ရှမ်းပြည်နယ်ကြီး တစ်ခုလုံး ထိုင်ဝမ်လို သီးခြား ဖြစ်မသွားတာဟာ၊ တရုတ် လက်အောက် မရောက်သွားတာဟာ... ကျွန်တော်တို့ ဗမာတွေနဲ့ တိုင်းရင်းသားတွေရဲ့ အတိတ်က စစ်ရေးစွမ်းရည်တွေ၊ သွေးစည်းခဲ့မှုတွေကြောင့်လို့ ဆိုရင်လည်း မမှားပါဘူးဗျာ။

[အဆုံးသတ် နိဂုံးပိုင်း - လေးနက်သော အသံဖြင့် ပြောပါ]

ဒါဟာ အဆိုးထဲက အကောင်းပါပဲ။

သမိုင်းဆိုတာ အမြဲတမ်း ဖြောင့်တန်းမနေပါဘူး။ အနိမ့်အမြင့်၊ အတက်အကျ ဆိုတာ ရှိပါတယ်။ ဒါပေမယ့် အဲဒီ သမိုင်းကြောင်းတွေထဲကနေ ကျွန်တော်တို့ ရလိုက်တဲ့ သင်ခန်းစာက ဘာလဲ?

ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေဟာ... သူတို့ ခေတ်၊ သူတို့ အခါမှာ တိုင်းပြည်ကို သူတို့ တတ်နိုင်သမျှ အကောင်းဆုံး ကာကွယ်သွားခဲ့ကြတယ်။ အသက်တွေ၊ သွေးတွေ ချွေးတွေ ရင်းပြီး ဒီမြေ၊ ဒီရေကို ကျွန်တော်တို့ လက်ထက်အထိ လက်ဆင့်ကမ်း ပေးခဲ့ကြတယ်။ ဧရာဝတီကို သဘာဝခံတပ် လုပ်ခဲ့သလို၊ စိတ်ဝမ်းကွဲပြားမှုတွေကို ဖယ်ထားပြီး ပြည်ပရန်ဆိုရင် လက်တွဲ တွန်းလှန်ခဲ့ကြတယ်။

အခု ခေတ်မှာရော... ကျွန်တော်တို့ ဘာတွေ လုပ်နေကြလဲ။ ကျွန်တော်တို့ ရင်ဘတ်ထဲမှာ၊ နှလုံးသားထဲမှာ တိုင်းပြည်အတွက် ဘယ်လို စိတ်ဓာတ်တွေ ကိန်းအောင်းနေပြီလဲ။ ကိုယ့်သမိုင်းကို ကိုယ်ပြန်သိမှ၊ ကိုယ့်အဖိုးအခါက ဘယ်လို အခက်အခဲတွေ ကြားကနေ ဒီနိုင်ငံကို တည်ဆောက်ခဲ့လဲ ဆိုတာကို နားလည်မှ... ကျွန်တော်တို့ ရှေ့ဆက်ရမယ့် အနာဂတ် လမ်းကြောင်းက ရှင်းလင်းပြတ်သားလာမှာ ဖြစ်ပါတယ်။

အဆိုးတွေ ကြုံလာတိုင်း အရှုံးမပေးဘဲ... အဲဒီ အဆိုးထဲက အကောင်းကို ရှာဖွေပြီး ခွန်အားယူနိုင်ကြပါစေလို့ ဆန္ဒပြုရင်း... ဒီနေ့ အစီအစဉ်လေးကို ဒီနေရာမှာပဲ ရပ်နားခွင့်ပြုပါဗျာ။

အချိန်ပေးပြီး နားထောင်ပေးတဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်းအရာတွေနဲ့ ပြန်လာခဲ့ပါဦးမယ်။ အားလုံးပဲ သာယာသော နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျာ။

[Out

ro Music တဖြည်းဖြည်း ကျယ်လာပြီး Fade out လုပ်ပါ]

 


စစ်ပွဲလား လုပ်ပွဲလား 


မင်္ဂလာပါ မိတ်ဆွေတို့...

ဒီနေ့ ကျနော် ပြောပြချင်တဲ့ အကြောင်းအရာက ကျနော်တို့ မြန်မာပြည်မှာ ခေတ်အဆက်ဆက် ပြောနေကြတဲ့ "ငြိမ်းချမ်းရေး" ဆိုတဲ့ စကားလုံးကို မိတ်ဆွေတို့ တကယ်ရော ယုံကြည်ကြသေးရဲ့လား။

ကျနော့်ကို မေးရင်တော့... စစ်ပွဲတွေ ဖြစ်နေတာကို ကျနော် မကြိုက်ပါဘူး။ ဒါပေမယ့် မြန်မာပြည်မှာ ပြောပြောနေကြတဲ့ "ငြိမ်းချမ်းရေး" ဆိုတာကြီးကိုလည်း ကျနော်အနေနဲ့ လုံးဝမကြိုက်ဘူး။ ဘာလို့လဲဆိုတော့... ဘယ်ဘက်ကမှ တကယ့် ငြိမ်းချမ်းရေး ကို လိုချင်နေကြတာ မဟုတ်လို့ပါပဲ။


ဒီမိုကရေစီ ဆိုတာတွေ၊ ဖက်ဒရယ် ဆိုတာတွေ၊ တန်းတူညီမျှမှု ဆိုတာတွေ... ဒါတွေဟာ လူကြားကောင်းရုံ၊ နိုင်ငံရေး စင်မြင့်ပေါ်မှာ အော်လို့ကောင်းရုံ ပြောနေကြတဲ့ အလကား စကားလုံးတွေလို ဖြစ်နေပါပြီ။ ဒါကိုလည်း မိတ်ဆွေတို့ အသိဆုံးဖြစ်မှာပါ ။ 


သေချာ ကြည့်လိုက်ပါ။ ပြည်သူ့အတွက်၊ တိုင်းပြည်အတွက် တကယ် စိတ်ရင်းမှန်နဲ့ ငြိမ်းချမ်းရေး လုပ်နေကြတဲ့ အဖွဲ့အစည်း ဘယ်နှစ်ခုရှိပါသလဲ ကျနော်အမြင်အရဆိုရင် တစ်ဖွဲ့မှ မရှိပါဘူး။


ဘယ်အဖွဲ့ကမှ ဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်ကို သေချာ မသိကြသလို၊ ဘယ်သူကမှလည်း တကယ်မလိုချင်ကြဘူး။

ဖက်ဒရယ်လို့ အော်အော်နေကြတဲ့ 

 တိုင်းရင်းသား လက်နက်ကိုင်တွေက ဖက်ဒရယ် တကယ်လိုချင်ကြမယ် ထင်လို့လား။ 

ဒီမိုကရေစီပြောပြောနေတဲ့ 

တပ်မတော်ကရော စစ်မှန်တဲ့ ဒီမိုကရေစီကို တကယ်ပေးချင်မယ် ထင်လို့လား။ ပေးရင်ရော ရနိူင်မယ်လို့ ထင်လား။ စဉ်းစားကြည့်ပါ သေချာလေးလည်း တွေးတောကြည့်ပါ ။


ကျနော်တို့ဆီမှာ "ငြိမ်းချမ်းရေး" ဆိုတာ... နောက်တစ်ကြိမ် စစ် ပြန်တိုက်ဖို့ အင်အားစုစည်းချင်တဲ့ အချိန်ကျမှ ထုတ်သုံးလေ့ရှိတဲ့ စကားလုံးတစ်လုံးထက် မပိုပါဘူး။


ဒီနေရာမှာ TNLA ပလောင်အဖွဲ့က တားဘုန်းကျော် ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်း ရှိတယ်။ ကျနော် အဲဒီစကားကို သိပ်ကြိုက်တာ။

သူ ဘာပြောလဲဆိုတော့... "စစ်ပွဲဆိုတာ Halftime နားရအောင် ဘောလုံးကန်နေတာ မဟုတ်ဘူး" တဲ့။

မှန်တာပေါ့။ စစ်ပွဲဆိုတာ ဘောလုံးပွဲမှ မဟုတ်တာ။ ပထမပိုင်း ကန်လိုက်၊ မောရင် ခေတ္တနားလိုက်၊ အမောပြေမှ ဒုတိယပိုင်း ပြန်ကန်လိုက် လုပ်ရအောင် စစ်ပွဲက ကစားပွဲ မှမဟုတ်တာ။

ဒါပေမယ့် အံ့ဩစရာကောင်းတာက အဲဒီစကားကို ပြောခဲ့တဲ့သူကိုယ်တိုင်လည်း အခုတော့ စစ်တပ်နဲ့ ငြိမ်းချမ်းရေး စကားတွေပြော၊ အနားယူတဲ့ ပုံစံမျိုး ရောက်သွားပြန်ရော။

ကျနော် ပြောချင်တာက ဒါပဲဗျ။ စစ်တိုက်တယ်ဆိုတာ ပြတ်သားတဲ့ အဖြေတစ်ခု ထွက်တဲ့အထိ တိုက်ကြရတာ။

ဝေစားမျှစား လုပ်တာတွေ၊ ခဏရပ်လိုက် ပြန်တိုက်လိုက် လုပ်တာတွေဟာ နောက်လာမယ့် မျိုးဆက်တွေကို စစ်ပွဲ လက်ဆင်ကမ်းပေးနေတာနဲ့ အတူတူပဲ။


 အပြုတ်တိုက်၊ အပြတ်ရှင်း၊ သူနိုင်ကိုယ်နိုင် အမြစ်ပြတ်အောင် ရှင်းရမယ်။ ဒါမှ စစ်ပွဲ ပီသမှာပါ။


အဲလိုမဟုတ်ဘဲ ခဏတိုက်လိုက်၊ နားလိုက်၊ ပြန်တိုက်လိုက် လုပ်နေကြရင် ဒီစစ်ပွဲဟာ "လုပ်ပွဲ" ဖြစ်သွားပြီ။ စစ်ပွဲက လုပ်ပွဲ ဖြစ်သွားပြီဆိုတာနဲ့ သေကြရတာ၊ ဒုက္ခရောက်ကြရတာဟာ တိုင်းပြည်နဲ့ ပြည်သူတွေပဲ ဖြစ်လိမ့်မယ်။ 


မျိုးဆက်အဆက်ဆက် စစ်ရဲ့ ဒုက္ခကို ခံနေကြရလိမ့်မယ်။

ကြည့်လိုက်လေ... အခု ကျနော်တို့ တိုင်းပြည်မှာ စစ်ပွဲတွေ အပြတ်မရှင်းခဲ့လို့ နှစ်ပေါင်း ၇၀၊ ၈၀ အထိ စစ်ဖြစ်နေရတာ မဟုတ်ဘူးလား။


မိတ်ဆွေတို့ စဉ်းစားကြည့်ပါ... စစ်ပွဲတွေ၊ တိုက်ပွဲတွေဆိုတာ ဒီနေ့သေတာနဲ့ မနက်ဖြန်သေတာပဲ ကွာတာ။ ဒီစစ်ပွဲတွေ မပြီးသမျှ ကာလပတ်လုံး ကျနော်တို့ တိုင်းပြည်က လူတွေ သေနေကြရဦးမှာပဲ။


မိတ်ဆွေတို့... ကမ္ဘာ့သမိုင်းကို နည်းနည်းလောက် လှည့်ကြည့်ရအောင်။

သမိုင်းမှာ ကြာရှည်စွာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကို ကြည့်လိုက်ပါ။ ဘယ်စစ်ပွဲကမှ "ဝေစားမျှစား" လုပ်လို့ သို့မဟုတ် "ယှဉ်ပြိုင်ထိန်းညှိရုံ" နဲ့ မပြီးသွားခဲ့ပါဘူး။


အမေရိကန် ပြည်တွင်းစစ် (American Civil War) ကိုပဲ ကြည့်မလား။ မြောက်ပိုင်းနဲ့ တောင်ပိုင်း စစ်ဖြစ်ကြတုန်းက အေဘရာဟမ် လင်းကွန်း အမိန့်ပေးခဲ့တာ ဘာလဲ။ "အကန့်အသတ်မရှိ အပစ်အခတ်ရပ်စဲ‌ေရးပဲ" မဟုတ်ဘူး။ တောင်ပိုင်းတပ်တွေ အကြွင်းမဲ့ လက်နက်ချတဲ့အထိ (Unconditional Surrender)ထိ အပြတ်ရှင်းခဲ့တာပါ။ အဲဒီလို ပြတ်ပြတ်သားသား အနိုင်ရလဒ် ထွက်သွားခဲ့လို့ပဲ ဒီနေ့ အမေရိကန်ပြည်ထောင်စု ဆိုတာ ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် တည်ရှိနေနိုင်တာ။


ကျနော်တို့နဲ့ နီးစပ်တဲ့ သီရိလင်္ကာကိုကြည့်ပါ။ LTTE တမီးလ်ကျား သူပုန်တွေနဲ့ နှစ်ပေါင်း ၃၀ နီးပါး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ခေတ္တအပစ်အခတ်ရပ်စဲရေးတွေ လုပ်ခဲ့ပေမယ့် စစ်မပြီးခဲ့ဘူး။ စစ်ပွဲတွေ ဆွဲဆန့်လေလေ တိုင်းပြည် မွဲတေလေလေပဲ ဖြစ်ခဲ့တယ်။


 နောက်ဆုံး ၂၀၀၉ ခုနှစ်မှာ မဟိန္ဒာ ရာဂျာပက်ဆာ အစိုးရက စစ်ပွဲကို အပြတ်ရှင်းတဲ့ နည်းလမ်းနဲ့ အမြစ်ပြတ် တိုက်ခိုက်လိုက်မှသာ စစ်ပွဲ ပြီးဆုံးသွားခဲ့တာ။


ကမ္ဘာ့သမိုင်းက သင်ခန်းစာတစ်ခု ပေးထားတယ်ဗျ။

စစ်ပွဲကို အပြတ်မတိုက်ဘဲ ဆွဲဆန့်ထားရင် ဘာဖြစ်မလဲ။ လက်နက်ကိုင် ခေါင်းဆောင်တွေ၊ စစ်ဘုရင်တွေပဲ ချမ်းသာသွားပြီး တိုင်းပြည်နဲ့ ပြည်သူ မွဲတေကျန်ခဲ့လိမ့်မယ်။ ဒါကို ကျနော်တို့ မြန်မာပြည်သူတွေ ကိုယ်တိုင်လည်း ကြုံခဲ့ရပြီးပြီ၊ အသိဆုံးလည်း ဖြစ်မှာပါ။


ဒါကြောင့် ကျနော် ရဲရဲကြီး ပြောရဲတယ်။

မြန်မာပြည် ငြိမ်းချမ်းရေးဆိုတာ ဘယ်သူလုပ်လို့မှ ငြိမ်းချမ်းရေး ရမှာမဟုတ်ဘူး။ ဟန်ပြတွေ လုပ်ပြမနေနဲ့။

ဒီတိုင်းပြည်မှာ သူပုန်တွေ ရှိနေသမျှ ကာလပတ်လုံး ငြိမ်းချမ်းရေး ဆိုတာ ဘယ်တော့မှ ရမှာမဟုတ်ဘူး။


အလားတူပဲ... စစ်တပ်ကို တိုက်လို့ စစ်တပ်က ပြုတ်ကျသွားခဲ့ရင်တောင် စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူတွေက ပြန်ပြီး သူပုန်လုပ်ကြဦးမှာပဲ။ အဲဒီလို သွားရင် ဒီတိုင်းပြည်ဟာ အခုထက်ပိုဆိုးတဲ့ အမှောင်တွင်းထဲ ရောက်သွားလိမ့်မယ်။

တစ်ဖက်နဲ့တစ်ဖက် နယ်မြေလု၊ အင်အားလု၊ ငြိမ်းချမ်းရေးအမည်ခံပြီး နောက်တစ်ကြိမ် တိုက်ဖို့ အင်အားစု။ ဒီ သံသရာဆိုးကြီးက ဘယ်တော့မှ ကျွတ်မှာ မဟုတ်ဘူး။

တားဘုန်းကျော် ပြောသလိုပေါ့... Halftime နားရအောင် ကျနော်တို့ ဘောလုံးကန်နေတာ မဟုတ်ဘူးဗျ။

ဒါဆိုရင် စစ်တပ်အနေနဲ့ လုပ်စရာ ဘာရှိလဲ။ လုပ်စရာရှိတာ တစ်ခုပဲ ရှိတယ်။


ပြုတ်ပြုတ်ပြုန်းအောင် သူပုန်အမြစ်ပြတ် ပြုတ်အောင်သာ တိုက်ရမယ်။ ဒါပဲ ရှိတယ်။


မိတ်ဆွေတို့ စဉ်းစားကြည့်ပါ... ဒီတစ်ကြိမ်ဟာ နောက်ဆုံး ဖြစ်ရမယ်။ ဒီတစ်ကြိမ်မှာသာ သူပုန်ကို အပြုတ်မတိုက်ရင်၊ အပြတ်မရှင်းရင် နောက် မျိုးဆက်တွေ၊ နောင် အနာဂတ် မြန်မာပြည် ငြိမ်းချမ်းဖို့၊ တည်ငြိမ်ဖို့ဆိုတာ စိတ်ကူးယဉ် အိပ်မက်တစ်ခုပဲ ဖြစ်ကျန်ခဲ့လိမ့်မယ်။

အပြုတ်တိုက်၊ အပြတ်ရှင်းသင့်တဲ့ အချိန်ဟာ အခု အချိန်တန်ပါပြီ။

မီးဆိုတာ လောင်နေတုန်း ငြိမ်းရတာလွယ်တယ် ဖွဲ့မီးလို တငွေ့ငွေ့လောင်နေရင်တော့ အသက်တွေ ဘဝတွေက အဲ့ဒီ ဖွဲ့မီးထဲမှာပဲ လူမသိသူမသိ လောင်ကျွမ်းနေအုံးမှာပါပဲ ။ 


မိတ်ဆွေတို့... နိုင်ငံတစ်နိုင်ငံမှာ "တရားဥပဒေစိုးမိုးရေး" ဆိုတာ စာအုပ်ထဲမှာ ရေးထားရုံနဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။

နယ်စပ်ဒေသတွေမှာ လက်နက်ကိုင် သူပုန်တွေ ကိုယ်စီနယ်မြေစိုးမိုးပြီး မိမိဘာသာ ဥပဒေထုတ်၊ အခွန်ကောက်၊ တရားစီရင်နေသမျှ ကာလပတ်လုံး ဒီတိုင်းပြည်မှာ တရားဥပဒေစိုးမိုးရေး ဆိုတာ သေလူတစ်ယောက်ရဲ့ အိပ်မက်ပဲ ဖြစ်လိမ့်မယ်။


စဉ်းစားကြည့်ဗျာ... တိုင်းပြည်တစ်ခုတည်းမှာ ဥပဒေက ဆယ်မျိုးဖြစ်နေလို့ ရမလား။ မြို့ပေါ်မှာ တရားဥပဒေရှိပြီး နယ်စပ်မှာ လက်နက်ကိုင်ထားတဲ့ ဘိန်းဘုရင်တွေစိုးမိုးနေရင် အဲဒီနိုင်ငံကို အချုပ်အခြာအာဏာပိုင် နိုင်ငံလို့ ခေါ်လို့ရဦးမလား။


အခု နယ်စပ်ဒေသတွေကို သေချာကြည့်လိုက်ပါ။ လက်နက်ကိုင် သူပုန်တွေ စိုးမိုးထားတဲ့ နေရာတိုင်းမှာ ဘာတွေဖြစ်နေလဲ။

ဒုစရိုက်လုပ်ငန်းတွေ၊ မူးယစ်ဆေးဝါး ကုန်ကူးမှုတွေ၊ အွန်လိုင်းငွေလိမ် ဂိုဏ်းတွေနဲ့ ဥပဒေမဲ့ နယ်မြေတွေ ဖြစ်နေတာ မဟုတ်ဘူးလား။ အချုပ်အခြာအာဏာ ဆိုတာ ရန်ကုန် မန်းလေးလို မြို့တော်မှာပဲ ရှိနေလို့ မရဘူးဗျ။ တိုင်းပြည်ရဲ့ အစွန်အဖျား၊ နယ်စပ်မျဉ်းရဲ့ နောက်ဆုံး စင်တီမီတာအထိ နိုင်ငံတော်ရဲ့ အာဏာစက်နဲ့ တရားဥပဒေ စိုးမိုးနေရမယ်။


နယ်စပ်ဒေသပါမကျန် တိုင်းပြည်အနှံ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲဖို့ဆိုရင် အဲဒီနယ်စပ်တွေမှာ မင်းမူနေတဲ့ သူပုန်တွေကို လုံးဝမရှိအောင် အပြုတ်တိုက် အပြတ်ရှင်းပစ်ဖို့မှတစ်ပါး အခြားနည်းမရှိပါဘူး။


အချုပ်အခြာအာဏာကို ဝေမျှစမ်းသပ်လို့ မရဘူး။ နှစ်ပိုင်းခွဲလို့လည်း မရဘူး။ တိုင်းပြည်မှာ လက်နက်ကိုင် တပ်မတော် တစ်ခုတည်းပဲ ရှိရမယ်။ ဥပဒေ တစ်ခုတည်းပဲ ရှိရမယ်။ ဒါမှ တရားဥပဒေစိုးမိုးရေး ဆိုတာ အမှန်တကယ် အသက်ဝင်လာမှာပါ။


ဒီနေရာမှာ ကျနော်တို့ ရိုးရိုးသားသား မေးကြည့်ဖို့လိုတယ်။ ကျနော်တို့ ခေတ်မှာ ဒီပြဿနာကို အပြတ်မရှင်းခဲ့ရင် ဘာဆက်ဖြစ်မလဲ။


ဒီကင်ဆာကျိတ်ကြီးကို ငြိမ်းချမ်းရေး ဆိုတဲ့ ပတ်တီးအတုနဲ့ အပေါ်ယံ အုပ်ထားလိုက်ရင်၊ နောက် မျိုးဆက်တွေဆီ ဒီစစ်ပွဲ ဒုက္ခကြီး ရောက်သွားမှာပဲ။ 

ကျနော်တို့ ကလေးတွေ၊ ကျနော်တို့ရဲ့ မြေးတွေဟာ လက်နက်ကိုင် ဘိန်းဘုရင်တွေ မူးယစ်ရာဇာရာဇဝတ်ဂိုဏ်းတွေရဲ့ အကြမ်းဖက်မှုကို ဆက်ခံရဦးမယ်။

ငြိမ်းချမ်းရေး‌ေဆွး‌ေနွးပွဲ နဲ့ ဆွဲဆန့်ထားတဲ့ စစ်ပွဲတိုင်းမှာ ပြည်သူတွေရဲ့ သွေးနဲ့ တိုင်းပြည်ရဲ့ အနာဂတ်ပဲ ပေးဆပ်လိုက်ရတာပါ။


တပ်မတော်အနေနဲ့ 

စစ်ပွဲကို အပြုတ်တိုက် အပြတ်ရှင်းတယ်ဆိုတာ မုန်းတီးလို့ အမုန်းတရားကြောင့် လုံးဝ မဟုတ်ဘူးပါဘူး။ တိုင်းပြည် ရေရှည် ရပ်တည်နိုင်ဖို့ ပြည်ထောင်စုကြီး မပြိုကွဲ မပျက်ဖို့ နဲ့ နောက်လာမယ့် မျိုးဆက်သစ်တွေဆီ စစ်ပွဲရဲ့ မီးစကို လက်ဆင့်မကမ်းချင်တော့လို့ မဖြစ်မနေလုပ်ရတာပါ ။

နာကျင်ရရင်လည်း ဒီနေ့ ကျနော်တို့ခေတ်မှာပဲ တစ်ခါတည်း အပြတ် နာကျင်လိုက်ကြတာ ပေါ့ဗျာ။


 ဒါမှ နောင်လာမယ့် အနာဂတ် မြန်မာပြည်မှာ စစ်ပွဲဆိုတာ သမိုင်းစာအုပ်ထဲမှာပဲ ကျန်ခဲ့စေချင်တာ ကျနော်စေတနာပါ ။

အားမနာတမ်းပြောရရင် 

တပ်မ‌ေတာ်အနေနဲ့ လုပ်စရာရှိတာ တစ်ခုပဲ ရှိပါတယ်... တိုင်းပြည်အနှံ့က သူပုန်အဖွဲ့အစည်း မှန်သမျှကို အမြစ်ပြတ် အပြုတ်တိုက်ဖို့ပဲ။ 


ဒါဟာ နောင်အနာဂတ် မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ရှောင်လွှဲလို့မရတဲ့ အမှန်တရားပဲ ဖြစ်ပါတယ်။

မိတ်ဆွေတို့... ဒီနေ့ ကျနော်တို့ အားလုံး တောင်းဆိုရမှာက ဟန်ပြ အပစ်အခတ် ရပ်စဲရေးတွေ မဟုတ်ပါဘူး။ တိုင်းပြည်မှာ သူပုန်‌ေတွ အကြမ်းဖက်သမား‌ေတွ လုံးဝ မရှိတော့တဲ့အထိ ပြတ်သားတဲ့ စစ်ပွဲအဆုံးသတ်ကိုပဲ တောင်းဆိုကြရမှာပါ။

ဒီအကြောင်းအရာအပေါ် မိတ်ဆွေတို့ရော ဘယ်လိုမြင်လဲ... ကျနော်တို့ရဲ့ နောက်မျိုးဆက်သစ်တွေဆီ စစ်ပွဲ‌ေတွကို လက်ဆင်ဆက်ကမ်း‌ေပးခဲ့မလား၊ ဒါမှမဟုတ် ဒီနေ့မှာပဲ အပြုတ်တိုက် အပြတ်ရှင်းမလား... မိတ်ဆွေတို့ရဲ့ အတွေးကိုလည်း ကွန်မန့်မှာ မျှဝေခဲ့လို့ရပါတယ် ။


မိတ်ဆွေတို့...

ဒီနေ့ ကျနော် ပြောခဲ့တဲ့ စကားတွေဟာ မိတ်ဆွေတို့အတွက် အတော်လေး ပြင်းထန်ကောင်း ပြင်းထန်ပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ ကျနော်တို့ ရင်ဆိုင်နေရတဲ့ မြန်မာ့နိူင်ငံရေးရဲ့ အမှန်တရား‌ေတွပဲ ဖြစ်ပါတယ်။


ကျနော် မိတ်ဆွေတို့ကို မေးခွန်းတစ်ခု မေးခဲ့ချင်ပါတယ်။

ကျနော်တို့တွေဟာ ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံး နောက်ကို လိုက်ရင်း၊ စစ်ပွဲကို ဆွဲဆန့်ထားတဲ့ ဘိန်းဘုရင် လူမျိုးစုလက်နက်ကိုင် သူပုန်တွေရဲ့ ကစားကွက်ထဲမှာ မျိုးဆက်တစ်ခုပြီးတစ်ခု စတေးခံရတဲ့ သွေးတွေနဲ့ ရင်းနှီးပေးနေကြတော့မှာလား...

ဒါမှမဟုတ်... နာကျင်ရရင်လည်း တစ်ခါတည်း နာကျင်လိုက်ပြီး၊ နောက်လာမယ့် မျိုးဆက်တွေ စစ်ပွဲ‌ေတွရဲ့ အမွေဆိုးကို ဘယ်တော့မှ ထပ်မခံရတော့အောင် ပြတ်သားတဲ့ အဖြေတစ်ခုကို တောင်းဆိုကြတော့မှာလား...မိတ်ဆွေတို့ စိတ်ထဲမှာပဲ ဖြေကြ ည့်ပေးပါ ။ 

စစ်ပွဲကို Halftime နားမလား... ဒါမှမဟုတ် အမြစ်ပြတ် အပြုတ်တိုက်ပြီး စစ်ပွဲတွေကို အဆုံးသတ်မကြလား...

မိတ်ဆွေတို့ရဲ့ ရင်ထဲမှာ အဖြေတစ်ခုတော့ ကျန်ရ

စ်ခဲ့လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

ပြန်လည်ဆုံတွေ့ပါမယ် ။ 

Monday, 14 September 2026

 

စစ်ကိုခေါ်ရင် စစ်လာမယ် (သို့မဟုတ်) ငြိမ်းချမ်းရေးကို ကျောခိုင်းသူများအား တုံ့ပြန်ခြင်း



မင်္ဂလာပါ မိတ်ဆွေတို့။

ဒီနေ့ ကျွန်တော့်အနေနဲ့ ဒီနေ့ပြောမယ့် စကားတွေဟာ နားထောင်ရတာ နည်းနည်းတော့ ခါးသက်ကောင်း ခါးသက်နေပါလိမ့်မယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ အနာဂတ်အတွက် မဖြစ်မနေ ပြောကိုပြောရမယ့် အမှန်တရားတွေ ဖြစ်နေလို့ပါ။

မိတ်ဆွေတို့ စဉ်းစားကြည့်ပါ။ "ငြိမ်းချမ်းရေး" ဆိုတဲ့ စကားလုံးကို မကြိုက်တဲ့သူ ဘယ်သူရှိမလဲ။ လူတိုင်းက ကိုယ့်အိမ်လေးမှာ အေးအေးချမ်းချမ်း နေချင်ကြတာချည်းပါပဲ။ ဒါပေမယ့် လက်တွေ့မှာရော... တိုင်းပြည်မှာ ငြိမ်းချမ်းရေးရဖို့အတွက် စားပွဲဝိုင်းကို ခေါ်တယ်။ ဆွေးနွေးဖို့ ကမ်းလှမ်းတယ်။ အဲ့ဒီလို ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖွင့်ပေးထားရက်သားနဲ့ အဲ့ဒီဖိတ်ခေါ်ချက်ကို ကျောခိုင်းပြီး တောခိုသွားတဲ့၊ သေနတ်ကိုင်ပြီး သူပုန်ထဖို့ ရွေးချယ်သွားတဲ့ လူမျိုးစုလက်နက်ကိုင်တွေ၊ အကြမ်းဖက်အဖွဲ့အစည်းတွေကို ကျွန်တော်တို့ ဘယ်လိုသဘောထားရမလဲ။


ဒီနေရာမှာ ကျွန်တော်တို့ အထူးသတိထားရမယ့် အချက်တစ်ခု ရှိတယ်ဗျ။ အဲဒါကတော့ စကားလုံးတွေနဲ့ သွေးခွဲခံနေရတဲ့ ကိစ္စပါပဲ။ တချို့က "ပြည်သူ" ဆိုတဲ့ စကားလုံး၊ "စစ်အာဏာရှင်" ဆိုတဲ့ စကားလုံးတွေကို လက်နက်သဖွယ် အသုံးချပြီး ကျွန်တော်တို့အချင်းချင်းကြားမှာ အမုန်းတရားတွေ ကြီးထွားအောင်၊ မလိုအပ်တဲ့ စစ်ပွဲတွေ၊ တိုက်ပွဲတွေ ပိုဖြစ်လာအောင် သွေးထိုးလှုံ့ဆော်နေကြတယ်။ တကယ်တော့ ဒီလို နိုင်ငံရေး ဝေါဟာရတွေကို ခုတုံးလုပ်ပြီး ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအချင်းချင်း သေကြကျေကြအောင်၊ အသိုက်အမြုံတွေ ပျက်စီးသွားအောင် အဲ့ဒီလိုမျိုး လုံးဝ သွေးမခွဲသင့်တော့ပါဘူး။ လှပတဲ့ စကားလုံးတွေ၊ ဆွဲဆောင်မှုရှိတဲ့ ကြွေးကြော်သံတွေရဲ့ နောက်ကွယ်ကနေ တိုင်းပြည်ကို ချောက်ထဲတွန်းပို့နေတဲ့ ရက်စက်တဲ့ နိုင်ငံရေး ကစားကွက်တွေကို ကျွန်တော်တို့အနေနဲ့ စိတ်ခံစားမှုမပါဘဲ တည်တည်ငြိမ်ငြိမ်နဲ့ သတိရှိရှိသိမြင်တတ်ဖို့ အရမ်းကို အရေးကြီးနေပါပြီ။

ဒီနေရာမှာ ပြောချင်တာတစ်ခုက 

သဘာဝတရားမှာ ရိုးရှင်းတဲ့ နိယာမတစ်ခု ရှိပါတယ်အဲ့ဒါက "စစ်ကို ဖိတ်ခေါ်ရင် စစ်ရောက်လာမှာပဲ" ဆိုတာပါပဲ။

သူတို့ဟာ ဆွေးနွေးပွဲကို ငြင်းပယ်ပြီး လက်နက်ကိုင်လမ်းစဉ်ကို ရွေးလိုက်ပြီဆိုကတည်းက တိုင်းပြည်ရဲ့ တည်ငြိမ်ရေးကို ဖျက်ဆီးဖို့၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို စစ်ပွဲတွေ တိုက်ပွဲတွေထဲကို ဆွဲချဖို့ တွန်းပို့ဖို့ ဆုံးဖြတ်လိုက်တာနဲ့ အတူတူပါပဲ။ ဒီလိုမျိုး ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်တွင်းရေးကို တမင်သက်သက် ဖျက်ဆီးနေတဲ့ အဖွဲ့အစည်းတွေကို ကျွန်တော်တို့က ဆက်ပြီး NCAနဲ့လာခဲ့ပါ ပင်လုံညီလာခံနဲ့လာခဲ့ပါဆိုပြီး ခြွေးသိပ်နေလို့ ရပါဦးမလား။ နိုင်ငံရေးအရ စစ်ရေးအရ အလျှော့ပေးနေလို့ ရဦးမလား။ လုံးဝ မရတော့ပါဘူး။ ဒီလို ပြည်တွင်းတည်ငြိမ်ရေးကို ခြိမ်းခြောက်နေတဲ့ လူမျိုးစုလက်နက်ကိုင် အကြမ်းဖက်သူပုန်တွေကို ပြတ်ပြတ်သားသားကို စစ်ရေးအရ ခြေမှုန်းပစ်ဖို့ အချိန်တန်နေပါပြီ။

ဒီနေရာမှာ ကျွန်တော် ကမ္ဘာ့သမိုင်းလေး နည်းနည်း ပြန်ကောက်ပြချင်တယ်။ နိုင်ငံတစ်နိုင်ငံ၊ အချုပ်အခြာအာဏာပိုင်တဲ့ တိုင်းပြည်တစ်ခု တည်ငြိမ်ဖို့ဆိုရင် အခြေခံအကျဆုံး စည်းမျဉ်းတစ်ခု ရှိပါတယ်။


 အဲဒါကတော့ တိုင်းပြည်အတွင်းမှာ "တရားဝင် လက်နက်ကိုင်ဆောင်ခွင့်နဲ့ အင်အားသုံးခွင့်" ဟာ အုပ်ချုပ်တဲ့ နိူင်ငံတော် အစိုးရ တစ်ရပ်တည်းမှာပဲ ရှိရမယ်ဆိုတာပါပဲ။

အမေရိကန်ပြည်တွင်းစစ် (American Civil War) ကိုပဲ ကြည့်ကြည့်ပါ။ ခွဲထွက်ရေးကို ကြွေးကြော်ပြီး ပုန်ကန်လာတဲ့ တောင်ပိုင်းပြည်နယ်တွေကို သမ္မတ အေဘရာဟမ် လင်ကွန်း (Abraham Lincoln) က ငြိမ်းချမ်းရေး စကားတွေချည်းပဲ သွားပြောပြီး ထိုင်ကြည့်နေခဲ့တာ မဟုတ်ဘူးဗျ။ တိုင်းပြည်ပြိုကွဲမယ့် အန္တရာယ်ကို ကာကွယ်ဖို့၊ အမေရိကန်ပြည်ထောင်စုကြီး ကို ကာကွယ်ဖို့အတွက် ပြတ်ပြတ်သားသားကို စစ်တိုက်ခဲ့တာပါ။ 


သမိုင်းမှာ အသေအပျောက် အများဆုံး စစ်ပွဲကြီး ဆင်နွှဲပြီးတော့ကို ခြေမှုန်းခဲ့တာပါ။ ဘာဖြစ်လို့လဲ။ တိုင်းပြည်တစ်ခုမှာ အုပ်စုကွဲတွေက ကိုယ့်သဘောနဲ့ကိုယ် လက်နက်ကိုင်ပြီး ထင်ရာစိုင်းခွင့်၊ နိုင်ငံကို ဖြိုခွဲခွင့် လုံးဝမရှိလို့ပါပဲ။


အခုခေတ် ခေတ်မီ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံကြီးတွေကိုပဲ ကြည့်လိုက်ပါ။ 


အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် စတဲ့ နိုင်ငံတွေမှာ လက်နက်ကိုင်အဖွဲ့တစ်ခုက မြို့တစ်မြို့ကို ဝင်စီးမယ်၊ လမ်းတံတားတွေကို ချိုးဖျက်မယ်၊ သူတို့ သဘောမကျရင် မကျသလို အကြမ်းဖက်မယ်ဆိုရင် အဲ့ဒီဥ‌ေရာပနိုင်ငံ‌က အစိုးရတွေက ငြိမ်းချမ်းရေး စားပွဲဝိုင်းခေါ်ပြီး ဆွေးနွေး ဖျောင်းဖျနေမယ် ထင်လား။ လုံးဝ မလုပ်ပါဘူး။

 အမြစ်ပြတ်တဲ့အထိ ပြတ်ပြတ်သားသား တိုက်ထုတ် ရှင်းလင်းမှာပါပဲ။ ဒါဟာ နိုင်ငံတစ်နိုင်ငံရဲ့ တည်ရှိမှု (Survival of the State) အချုပ်အခြာအာဏာ အတွက် မလုပ်မဖြစ် လုပ်ရမယ့် တာဝန်ဖြစ်နေလို့ပါ။


အဲ့ဒီတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကို ပြန်ကြည့်ရအောင်။

နိုင်ငံရေးအရ အဖြေရှာဖို့ အခွင့်အရေးတွေ အများကြီး ပေးခဲ့တယ်။ ဒါပေမယ့် သူတို့က လက်မခံဘူး။ ဘာလို့လဲဆိုတော့ တချို့သော လူမျိုးစုလက်နက်ကိုင်တွေနဲ့ အကြမ်းဖက်အဖွဲ့တွေဟာ ငြိမ်းချမ်းရေးကို တကယ် မလိုချင်လို့ပါပဲ။ 


သူတို့လိုချင်တာက ကိုယ်ပိုင်အာဏာ၊ ကိုယ်ပိုင်နယ်မြေနဲ့ မူးယစ်ရာဇာ ရာဇဝတ်ဂိုဏ်းတွေ လို နေချင်တဲ့ စိတ်ဓာတ်တွေပါ။ အဲ့ဒီအတွက် သူတို့က "စစ်ပွဲ" ကို ရွေးတယ်။ သူတို့ စစ်ပွဲ‌ေတွ တိုက်ပွဲ‌ေတွကို ဖော်ဆောင်တဲ့အတွက် အခု ပြည်တွင်းမှာ တိုက်ပွဲတွေ စစ်ပွဲတွေကြောင့် နိူင်ငံအနှံအပြား စစ်မီးတွေ တောက်လောင်လာပြီ။

ဒီနေရာမှာ အထိနာဆုံးက ဘယ်သူတွေလဲ။ အေးအေးချမ်းချမ်း နေချင်တဲ့၊ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ချင်တဲ့ အခြေခံပြည်သူတွေပဲ ဖြစ်ပါတယ်။


 ကလေးတွေ ကျောင်းမတက်ရဘူး။ လမ်းပန်းဆက်သွယ်ရေးတွေ ပျက်စီးတယ်။ကုန်ဈေးနူန်းတွေတက် အခြေခံစားသောက်ကုန်တွေပြတ်လပ် ။ အိုး အိမ်တွေ ပြာကျတယ်။


 ဒါတွေအားလုံးရဲ့ မူလလက်သည်တရားခံဟာ ငြိမ်းချမ်းရေးကို ကျောခိုင်းပြီး တောခိုသူပုန်ထ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တဲ့ သူပုန်တွေ၊ အကြမ်းဖက်သမားတွေပဲ ဖြစ်ပါတယ်။

ဒီလို လူမျိုးစု လက်နက်ကိုင်သောင်းကျန်းသူ‌တွေကို ကျွန်တော်တို့ မြန်မာတပ်မတော်က သနားညှာတာနေဖို့ လိုအပ်ပါသေးသလား။


 "စစ်ကို ခေါ်ရင် စစ်လာမယ်" ဆိုတာ ဒါပါပဲ။ သူတို့က တိုင်းပြည်ကို လက်နက်နဲ့ စိန်ခေါ်လာရင်တော့ တိုင်းပြည်ကို ကာကွယ်ရမယ့် တာဝန်ရှိသူတွေ ဘက်ကလည်း စစ်ရေးအရ အပြတ်အသတ် ချေမှုန်းရတော့မှာပါ။


 ဒါဟာ ရက်စက်တာ မဟုတ်ဘူး မိတ်ဆွေတို့။ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ဖို့၊ ရေရှည်တည်ငြိမ်ဖို့အတွက် မလွှဲမရှောင်သာ လုပ်ရမယ့် 'ခွဲစိတ်ကုသမှု' တစ်ခုပါပဲ။


လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ကင်ဆာဆဲလ် (Cancer Cell) တစ်ခု တွေ့ပြီဆိုပါစို့။ ဆရာဝန်က အဲ့ဒီ ကင်ဆာဆဲလ်ကို ချော့သိပ်ပြီး စားဆေးထိုးဆေး ပေးနေလို့ မ‌ေပျာက်ကင်းပါဘူး။ 


ခန္ဓာကိုယ်တစ်ခုလုံးကို ဒုက္ခမပေးခင်၊ တခြားနေရာတွေကို မကူးစက်ခင် ပြတ်ပြတ်သားသားကို ဖြတ်ထုတ်ပစ်ရတာပဲ။ အခု ကျွန်တော်တို့ တိုင်းပြည်မှာ ရှိနေတဲ့ အကြမ်းဖက်လက်နက်ကိုင်တွေဆိုတာ တိုင်းပြည်ရဲ့ ခန္ဓာကိုယ်မှာ စွဲကပ်နေတဲ့ ကင်ဆာဆဲလ်တွေပါပဲ။ အမြစ်ပြတ်အောင် မချေမှုန်းဘဲ ဒီအတိုင်း ဆက်ပြီး ညှိနှိုင်းနေမယ်၊ လွှတ်ထားပေးမယ် ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံဟာ ဘယ်တော့မှ နာလန်ထူနိုင်တော့မှာ မဟုတ်ပါဘူး။

အရင်က နယ်စပ်ဒေမှာပဲ ဖြစ်တဲ့ တိုက်ပွဲတွေက အခုဆိုရင် အညာဒေသထိ ကူးစက်လာခဲ့ပါပြီ ။


တစ်ခါတစ်လေကျရင် ကျွန်တော်တို့တွေက "လူ့အခွင့်အရေး"၊ "ဒီမိုကရေစီ" စတဲ့ လှပတဲ့ စကားလုံးတွေရဲ့ နောက်ကွယ်မှာ အမှန်တရားကို မေ့လျော့နေတတ်ကြတယ်။ တကယ်တော့ လက်နက်အားကိုးနဲ့ အနိုင်ကျင့်ပြီး လမ်းတံတားတွေ ဖျက်ဆီးတာ၊ အပြစ်မဲ့ ပြည်သူတွေကို ဒုက္ခပေးနေတာဟာ ဘယ်လိုဒီမိုက‌ေရစီမှ မရှိပါဘူး။ လူ့အခွင့်အရေး ဆို ဝေလာဝေးပေါ့ ။ 


သူတို့က စစ်ကို လိုချင်တယ် ငြိမ်းချမါး‌ေရးကုိ မလိုချင်ကြဘူး ။ အဲ့ဒီတော့ သူတို့ လိုချင်တဲ့ စစ်ကို သူတို့ဆီ ပြန်ပေးရပါမယ်။ 


မြန်မာ့တပ်မတော်အနေနဲ့ 

သက်ညှာမှု မရှိဘဲ ပြတ်ပြတ်သားသားကို တိုက်ထုတ်ပစ်ရပါမယ်။ ဒါမှသာ နောက်နောင် ဘယ်သူမှ လက်နက်ကိုင်ပြီး နိုင်ငံ‌ေတာ်ကို ပုန်ကန်ရဲတဲ့ အကျင့်ဆိုးကြီး ပပျောက်သွားမှာပါ။


မိတ်ဆွေတို့ကို ဒီနေရာမှာ ကျွန်တော် မေးခွန်းတစ်ခု မေးခဲ့ချင်တယ်။ သေသေချာချာလေး စဉ်းစားကြည့်ပေးပါ။

ကိုယ့်တိုင်းပြည်၊ ကိုယ့်အိမ်ကို မီးလာရှို့တဲ့သူကို ရေတစ်ခွက်ပေးပြီး ဧည့်ခံမလား... ဒါမှမဟုတ် ကိုယ့်အိမ်၊ ကိုယ့်မိသားစုကို ကာကွယ်ဖို့အတွက် ပြတ်ပြတ်သားသား တုံ့ပြန်ကြမလား။

ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်ဟာ အခု ကျွန်တော်တို့ ရွေးချယ်မယ့် အမြင်နဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ အများကြီး မူတည်နေပါတယ်။ 


ကျွန်တော်တို့ မျိုးဆက်မှာ ဒီလို တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ လက်နက်ကိုင် သူပုန်ထမှုဆိုတဲ့ ပြဿနာကို ပြတ်ပြတ်သားသား အဆုံးမသတ်နိုင်ခဲ့ရင်... ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်တွေဟာလည်း အမြဲတမ်း ကြောက်လန့်နေရတဲ့၊ စစ်ပွဲတွေကြားမှာ ပိတ်မိနေတဲ့ နိုင်ငံပျက်ကြီးကိုပဲ အမွေရသွားပါလိမ့်မယ်။

ငြိမ်းချမ်းရေး

ဆွေးနွေးပွဲကို ကျောခိုင်းသူတိုင်း၊ ငြိမ်းချမ်းရေးကို ဖျက်ဆီးသူတိုင်းဟာ တိုင်းပြည်နဲ့နိူင်ငံ‌ေတာ်ရဲ့ ရန်သူပါပဲ။ 

ပြည်တွင်းတည်ငြိမ်ရေးကို ခြိမ်းခြောက်သူတိုင်းဟာ ပြည်သူ့ရန်သူပါပဲ။ ဒါကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသား မြင်ဖို့ လိုနေပါပြီ။

ဒီနေ့ ကျွန်တော် ပြောသွားတဲ့ စကားတွေ၊ အချက်အလက်တွေကနေတစ်ဆင့် မိတ်ဆွေတို့ရဲ့ ရင်ထဲမှာ အတွေးတစ်ခုခု၊ မေးခွန်းတစ်ခုခု ကျန်ရစ်ခဲ့မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ တိုင်းပြည်ရဲ့ အမှန်တရားကို မျက်ကွယ်မပြုဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖို့ အချိန်တန်ပါပြီ။

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့... အခုလို ခေတ်ကာလမှာ အမှန်တရားကို ပွင့်ပွင့်လင်းလင်း ပြော‌ေနဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ထပ်ပြီး ပြောနေဖို့၊ ဒီလို မှန်ကန်တဲ့ အသိအမြင်တွေကို ဆက်လက် မျှဝေနေဖို့အတွက် မိတ်ဆွေတို့ရဲ့ တွန်းအားတွေ အမြဲလိုအပ်နေတယ်လို့ အဆုံးသတ်မှာ ပြောချင်ပါတယ်။ အဆုံးထိ နားထောင်ပေးခဲ့တဲ့အတွက် အားလုံးကို

 ကျေးဇူးတင်ပါတယ်။ အသိအမြင်သစ်တွေနဲ့ ရှေ့ဆက်နိုင်ကြပါစေ။

 

"ဖက်ဒရယ် အမည်ခံ ခွဲထွက်ရေးနဲ့ မပြီးဆုံးနိုင်သော ပြည်တွင်းစစ် သံသရာ"


အားလုံးပဲ မင်္ဂလာပါ မိတ်ဆွေတို့။ ဒီနေ့တော့ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်၊ ကျွန်တော်တို့ မျိုးဆက်သစ်တွေရဲ့ အသက်သွေးကြောနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အကြောင်းအရာတစ်ခုကို 

 ပွင့်ပွင့်လင်းလင်း ဆွေးနွေးချင်ပါတယ်။ စကားလုံးတွေက နည်းနည်းတော့ ပြတ်သားကောင်း ပြတ်သားပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော်တို့အားလုံး ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရမယ့် အမှန်တရားတစ်ခု ဖြစ်နေလို့ပါပဲ။

မိတ်ဆွေတို့ စဉ်းစားကြည့်ပါဗျာ။ လူမျိုးစုတစ်ခုချင်းစီက ကိုယ့်လူမျိုးရဲ့ အခွင့်အရေး၊ ကိုယ့်ဒေသရဲ့ အကျိုးစီးပွားဆိုတဲ့ ခေါင်းစဉ်လေးတွေတပ်ပြီး လက်နက်ကိုယ်စီကိုင်၊ ကိုယ့်နယ်မြေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပဲ တောင်းဆိုနေကြမယ်ဆိုရင်... ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကြီးဟာ ဘယ်တော့မှ ငြိမ်းချမ်းလာနိုင်မှာ မဟုတ်ပါဘူး။ အခွင့်အရေးဆိုတာ သေနတ်ပြောင်းဝကနေ တောင်းဆိုရမယ့်အရာ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ အားလံုးက လက်ခံဖို့ လိုနေပါပြီ။ လူတိုင်းက ကိုယ့်အိမ်လေး လုံခြုံဖို့ဆိုပြီး အိမ်ရှေ့မှာ လက်နက်ကိုယ်စီနဲ့ စောင့်နေကြမယ်ဆိုရင်၊ တစ်ရပ်ကွက်လုံး၊ တစ်ရွာလုံးက ဘယ်လိုလုပ်ပြီး တည်ငြိမ်တဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာနိုင်တော့မလဲ။ ဒါဟာ စစ်ပွဲတွေ၊ တိုက်ပွဲတွေနဲ့ သူပုန်ထမှုတွေကို အဆုံးမသတ်နိုင်အောင် ဆွဲဆန့်နေတဲ့ သံသရာတစ်ခုပါပဲ။

ကမ္ဘာ့သမိုင်းကို ခဏလောက် နောက်ပြန်လှည့်ကြည့်ရအောင်။ နိုင်ငံတစ်နိုင်ငံ၊ အင်ပါယာတစ်ခု ပြိုကွဲသွားပြီဆိုရင် အမြဲတမ်း တွေ့ရတဲ့ ပုံစံတစ်ခုရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ဒေသအလိုက် လက်နက်ကိုင် အဖွဲ့အစည်းတွေ ကွဲထွက်သွားတာပါပဲ။ 


ယူဂိုဆလားဗီးယား (Yugoslavia) ပြိုကွဲသွားတဲ့ ဖြစ်စဉ်ကိုပဲ ကြည့်မလား၊ အာဖရိကတိုက်က ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံတွေကိုပဲ ကြည့်မလား။ လက်နက်ကိုင်အဖွဲ့တွေ အများကြီးရှိနေတဲ့ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးမှ ကမ္ဘာ့အလယ်မှာ ခေါင်းမထောင်နိုင်ခဲ့ပါဘူး။ နိုင်ငံတစ်နိုင်ငံ တည်ငြိမ်ဖို့၊ စီးပွားရေး တိုးတက်ဖို့ဆိုတာ အုပ်စုလေးတွေကွဲပြီး ကိုယ့်သေနတ်ကိုယ်ကိုင်၊ ကိုယ့်နယ်မြေကိုယ် အုပ်ချုပ်နေလို့ လုံးဝ မရပါဘူး။ အမေရိကန်လို နိုင်ငံမျိုးတောင် ပြည်နယ်တွေ အများကြီး ရှိနေပေမယ့် သူတို့မှာ 'တပ်မတော်တစ်ခုတည်း'၊ 'အချုပ်အခြာအာဏာ တစ်ခုတည်း' ဆိုတဲ့ မူဝါဒကို ကျင့်သုံးလို့သာ ဒီနေ့အချိန်ထိ ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးအဖြစ် ရပ်တည်နေနိုင်တာပါ။


အခု ကျွန်တော်တို့ဆီမှာ တကယ့်မြေပြင် အခြေအနေကို ကြည့်လိုက်ရင်ရော...။ အဆုံးမသတ်နိုင်တဲ့ စစ်ပွဲတွေ၊ သူပုန်ထမှုတွေကြားမှာ တကယ်တမ်း မြေစာပင်ဖြစ်နေတာ၊ နာကျင်ရဆုံး အက်ကွဲသံတွေ ထွက်ပေါ်နေတာက ဘယ်သူတွေလဲ။


 နိုင်ငံရေးခေါင်းဆောင်တွေလား၊ လက်နက်ကိုင် ခေါင်းဆောင်တွေလား... မဟုတ်ပါဘူး။ အပြစ်မဲ့တဲ့ တိုင်းရင်းသား ပြည်သူလူထုပါပဲ။ မိသားစုတွေ ကွဲကွာရတယ်၊ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်၊ စာသင်ကျောင်းတွေအစား ဗုံးခိုကျင်းတွေထဲမှာ ကြီးပြင်းနေရတဲ့ ကလေးငယ်တွေရဲ့ အနာဂတ်တွေ ပျောက်ဆုံးကုန်တယ်။ စစ်ဘေးဒုက္ခဆိုတာ စာရွက်ပေါ်က စာသားတွေ မဟုတ်ဘူးဗျ။ တကယ်ကို သွေးနဲ့ မျက်ရည်တွေနဲ့ ရင်းနေရတဲ့ ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေရဲ့ ဘဝတွေပါ။ ဒီလို ပြည်သူတွေရဲ့ ခံစားချက်တွေကို စာနာထောက်ထားတယ်ဆိုရင်၊ တကယ်ပဲ ပြည်သူ့အကျိုးကို ကြည့်တယ်ဆိုရင်... ဒီလက်နက်ကိုင် သူပုန်လမ်းစဉ်ဆိုတာကို စွန့်လွှတ်ဖို့ အချိန်တန်နေပါပြီ။


လက်နက်ကိုင် သူပုန်လုပ်နေတာတွေကို ရပ်တန်းကရပ်ပြီး၊ အစိုးရနဲ့ ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ မျက်နှာချင်းဆိုင် ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ လိုနေပါပြီ။


 ကျွန်တော်တို့အားလံူးမှာ "လက်နက်နဲ့ ငြိမ်းချမ်းရေးကို လဲလှယ်ဖို့" သတ္တိရှိရပါမယ်။ သေနတ်သံတွေ တိတ်သွားမှသာ တိူင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ စကားကို စပြောလို့ရမှာပါ။


ဒါကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံအတွက် အခုအချိန်မှာ အရေးအကြီးဆုံးက ဘာလဲဆိုရင် "တစ်ခုတည်းသော တပ်မတော် (Single Army)" နဲ့ "တစ်ခုတည်းသော အချုပ်အခြာအာဏာ (Single Sovereignty)" ရှိတဲ့ နိုင်ငံတော်ကြီး ဖြစ်လာဖို့ပါပဲ။


 အချုပ်အခြာအာဏာဆိုတာ ခွဲဝေယူလို့ရတဲ့ မွေးနေ့ကိတ်မုန့်တစ်လုံး မဟုတ်ပါဘူး။ တိုင်းပြည်တစ်ပြည်ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး ယန္တရားဆိုတာ အချိတ်အဆက်မိမိနဲ့ တစ်စုတစ်စည်းတည်း ရှိနေမှသာ နိုင်ငံရပ်တည်လို့ရမှာပါ။


"ဒီနေရာမှာ ကျွန်တော် နောက်ထပ် ထောက်ပြချင်တဲ့ အချက်တစ်ခု ရှိသေးတယ်ဗျ။ အခုဆိုရင် 'ဖက်ဒရယ်' ဆိုတဲ့ စကားလုံးကို သုံးပြီး အသံကျယ်ကျယ် ဟစ်နေကြတာတွေ ကျွန်တော်တို့ ခဏခဏ ကြားနေရတယ်။ တကယ့် စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ဆိုတာ မတူကွဲပြားမှုတွေကို စုစည်းပြီး အင်အားပိုကြီးတဲ့ ပြည်ထောင်စု တစ်ခုကို အတူတကွ တည်ဆောက်တာပါ။ ဒါပေမယ့် အခု တချို့လုပ်နေကြတာက ဖက်ဒရယ်ဆိုတဲ့ ခေါင်းစဉ်လှလှလေးကို အကာအကွယ်ယူပြီး၊ တကယ်တမ်းကျတော့ ကိုယ့်နယ်မြေ၊ ကိုယ့်လူမျိုးစု သီးသန့်ခွဲထွက်ရေးကို လုပ်ဖို့ ကြိုးစားနေကြတာပါပဲ။ ဖက်ဒရယ် အမည်ခံပြီး အခုလို ခွဲထွက်ဖို့ ခြေလှမ်းပြင်နေတာတွေဟာ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကြီးကို အတွင်းကနေ လှိုက်စားဖျက်ဆီးနေတာနဲ့ အတူတူပါပဲ။ ခွဲထွက်ရေးဆိုတဲ့ အဆိပ်အတောက်ကို ဖက်ဒရယ်ဆိုတဲ့ သကြားရည်နဲ့ ဆွတ်ပြီး တိုက်ကျွေးနေတာကို ကျွန်တော်တို့ ပြည်သူတွေ မျက်စိရှင်ရှင်ထားပြီး သတိပြုမိဖို့ အရမ်းကို လိုအပ်နေပါပြီ။"


ဒါကို တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးက သဘောပေါက်ပြီး ဝိုင်းဝန်းတည်ဆောက်ကြဖို့ အချိန်ရောက်နေပါပြီ။

ဒီ ဗီဒီယိုလေးကို အဆုံးသတ်လိုက်တဲ့ အချိန်မှာ... မိတ်ဆွေတို့ရဲ့ စိတ်ထဲမှာ မေးခွန်းတစ်ခု၊ အတွေးတစ်ခုကို ကျွန်တော် ချန်ရစ်ခဲ့ချင်ပါတယ်။

"ကိုယ့်ခြံဝင်းလေး လုံခြုံဖို့အတွက် လူတိုင်းက ကိုယ့်အိမ်မှာ သေနတ်ကိုယ်စီ ကိုင်ထားကြမယ်ဆိုရင်... ကျွန်တော်တို့ရဲ့ သားသမီးတွေ အတူတကွ ကြီးပြင်းရမယ့် 'နိုင်ငံ' ဆိုတဲ့ အိမ်ကြီးကို... ဘယ်သူက တည်ဆောက်ပေးမှာလဲ။"

အဖြေကတော့ ရှင်းပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ လက်ထဲမှာပဲ ရှိပါတယ်။

ဒီနေ့ ကျွန်တော်ပြောသွားတဲ့ စကားတွေက တချို့‌ေသာ တိုင်းရင်းသားများအတွက် နားခါးကောင်း ခါးပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော်တို့နိုင်ငံအတွက် မဖြစ်မနေ ရင်ဆိုင်ရမယ့် ပကတိအမှန်တရားပါ။ ဒီလို လေးနက်တဲ့ အကြောင်းအရာတွေကို ဆက်ပြီး ပြောနေဖို့၊ ရှေ့ဆက်ပြီး လက်တွေ့ကျကျ သုံးသပ်ပြနေဖို့အတွက် ကျွန်တော့်မှာ မိတ်ဆွေတို့ရဲ့ နားလည်မှုနဲ့ တွန်းအားတွေ အမြဲတမ်း လိုအပ်နေပါတယ်ဗျာ။

 အားလုံးကို ကျေးဇူးတင်ပါတယ်။

 

"အမြင်မတူရင် သတ်ဖြတ်တဲ့ လမ်းစဉ်နဲ့ သမိုင်းတရားခံတွေရဲ့ အမှန်တရား"


"ပြည်သူ့မျက်ရည်နဲ့ တည်ဆောက်နေတဲ့ ဒီမိုကရေစီလား... တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ အကြမ်းဖက်မှုလား"



မိတ်ဆွေတို့... ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ ကြားနေရတဲ့ "ပြည်သူ့အတွက်" ဆိုတဲ့ စကားလုံးနောက်ကွယ်က အမှန်တရားကို ဒီနေ့ ပွင့်ပွင့်လင်းလင်းနဲ့ ပြတ်ပြတ်သားသား ပြောဖို့ အချိန်တန်နေပါပြီ။ စကားလုံးလှလှလေးတွေနဲ့ ပြည်သူလူထုကို လှည့်စားပြီး လက်တွေ့မှာ တိုင်းပြည်ကို ချောက်ထဲတွန်းချနေတဲ့ လုပ်ရပ်တွေအကြောင်း ကျွန်တော်တို့ မျက်ကွယ်ပြုထားလို့ မရတော့ပါဘူး။ ဒါဟာ ကျွန်တော်တို့ အားလုံးရဲ့ လုံခြုံရေး၊ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘဝတွေနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အသက်တမျှ အရေးကြီးတဲ့ ကိစ္စဖြစ်နေလို့ပါပဲ။


မိတ်ဆွေတို့ တွေးကြည့်ဖူးမှာပါ ... "ပြည်သူ့အတွက်" "ဒီမိုကရေစီအရေးအတွက်" ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ် အစစ်အမှန်က ဘာလဲဆိုတာကိုပေါ့။

ဒီမိုကရေစီရဲ့ အနှစ်သာရ အစစ်အမှန်က အမြင်မတူ ကွဲလွဲမှုတွေကို သည်းခံလက်ခံနိုင်စွမ်း ရှိခြင်းပါပဲ။ ဒါပေမယ့် လက်တွေ့မှာ ကိုယ်နဲ့ အမြင်မတူတာနဲ့ ရန်သူလို သဘောထားပြီး အုပ်စုဖွဲ့ တိုက်ခိုက်တာတွေ၊ သံဃာတော်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးပိုင်းက လူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတာတွေဟာ ဒီမိုကရေစီနဲ့ လုံးဝကို ဆန့်ကျင်ဘက်ပါပဲ။ ဒါဟာ လွတ်လပ်ခွင့်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ကိုယ်နဲ့ သဘောထားမတိုက်ဆိုင်သူတိုင်းကို အသေသတ်မယ်ဆိုတဲ့ အင်မတန် အရုပ်ဆိုးတဲ့ အကြမ်းဖက်လုပ်ရပ် သက်သက်ပဲ ဖြစ်ပါတယ်။

ဘာအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် လူသတ်တယ်ဆိုတာ ကြီးလေးတဲ့ ရာဇဝတ်မှုပါပဲ။ ကိုယ့်ပြည်သူအချင်းချင်းကို ပစ်မှတ်ထားတဲ့ ဒီလို အကြမ်းဖက် သတ်ဖြတ်မှုတွေ၊ ဥပဒေမဲ့ လုပ်ရပ်တွေကို ကျူးလွန်နေသူတွေဟာ ဘယ်တော့မှ သူရဲကောင်းတွေ ဖြစ်မလာပါဘူး။ တိုင်းပြည်ကို သွေးချောင်းစီးစေခဲ့တဲ့၊ လူ့အဖွဲ့အစည်းကို ဖျက်ဆီးခဲ့တဲ့ သမိုင်းတရားခံတွေအဖြစ်နဲ့သာ နောင်လာနောက်သားတွေရဲ့ သမိုင်းမှတ်တမ်းမှာ အစဉ်အဆက် ကျန်ရစ်နေခဲ့မှာ အသေအချာပါပဲ။


ခေတ်အဆက်ဆက်မှာ ကြွေးကြော်သံတွေ အများကြီး ကြားခဲ့ဖူးကြမှာပါ။ လှပတဲ့ စကားလုံးတွေ၊ ဆွဲဆောင်မှုရှိတဲ့ အပြောအဆိုတွေ အများကြီး ရှိခဲ့တယ်။ ဒါပေမယ့် လက်တွေ့ မြေပြင်မှာ တကယ် ဖြစ်ပျက်နေတာတွေနဲ့ အဲဒီစကားလုံးတွေ တိုက်ဆိုင်မှု ရှိ၊ မရှိ ဆိုတာကို သေချာလေး ပြန်သုံးသပ်ကြည့်ဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။

ယုတ္တိဗေဒအရ အင်မတန် ရိုးရှင်းတဲ့ အချက်လေး တစ်ချက်ကနေ စလိုက်ရအောင်။ တကယ်လို့သာ လူတစ်ယောက်၊ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုဟာ "ပြည်သူအတွက်" ဆိုတဲ့ စိတ်ရင်းအမှန်သာ တကယ်ရှိမယ်ဆိုရင်... သူတို့ဟာ ဘယ်တော့မှ ကိုယ့်နိုင်ငံကို မီးဟုန်းဟုန်းတောက်အောင် လုပ်မယ့်၊ တိုင်းပြည်ကို ချောက်ကမ်းပါးထဲ တွန်းချမယ့် တောခိုသူပုန် လမ်းစဉ်ကို ရွေးချယ်မှာ မဟုတ်ဘူးဗျ။

စဉ်းစားကြည့်ပါဗျာ။ အိမ်တစ်လုံး ယိုယွင်းနေတယ်၊ ပြင်ချင်တယ် ဆိုပါစို့။ အိမ်ကို ပိုကောင်းအောင် ပြင်ချင်တဲ့သူဟာ အိမ်ကို မီးရှို့ပြီးမှ ပြင်ရိုးထုံးစံ ကမ္ဘာမှာ မရှိဘူး။ အိမ်ကို မီးရှို့တဲ့သူဟာ အိမ်ဖျက်သမားပဲ ဖြစ်ရမယ်။ တကယ် ငြိမ်းချမ်းရေးကို လိုလားတယ်၊ တိုင်းပြည်ကို တိုးတက်စေချင်တယ်ဆိုရင် ငြိမ်းချမ်းရေးကို ဖျက်ဆီးမယ့် လက်နက်ကိုင်လမ်းစဉ်ကို ဘယ်တော့မှ မလျှောက်ဘူး။

ကမ္ဘာ့သမိုင်းကို နည်းနည်းလေး ပြန်လှည့်ကြည့်ရအောင်။ သမိုင်းဆိုတာ အတိတ်က အဖြစ်အပျက်တွေ သက်သက်မဟုတ်ဘူးနော်၊ ကျွန်တော်တို့အတွက် အသက်တမျှ အရေးကြီးတဲ့ သင်ခန်းစာတွေပါ။ ပြင်သစ်တော်လှန်ရေးကိုပဲ ကြည့်မလား၊ ရုရှားက ဘော်လ်ရှီဗစ် တော်လှန်ရေးကိုပဲ ကြည့်မလား၊ ဒါမှမဟုတ် အာဖရိကတိုက်နဲ့ လက်တင်အမေရိက က ပြည်တွင်းစစ်တွေကိုပဲ လေ့လာကြည့်မလား။ အစပိုင်းမှာတော့ အားလုံးက "ပြည်သူ့အတွက်၊ လွတ်မြောက်ရေးအတွက်၊ တရားမျှတမှုအတွက်" ဆိုတဲ့ ခေါင်းစဉ်လှလှလေးတွေနဲ့ချည်းပဲ စခဲ့ကြတာပဲ။

ဒါပေမယ့် သွေးထွက်သံယိုဖြစ်တဲ့ လမ်း၊ လက်နက်ကိုင်ပြီး အကြမ်းဖက်တဲ့လမ်းစဥ်ကို ရွေးလိုက်တဲ့အခါ ဘာဖြစ်သွားလဲ။ အကြမ်းဖက်မှုဆိုတာ ထိန်းချုပ်လို့မရတဲ့ တောမီးလိုပဲဗျ။ 

နောက်ဆုံးမှာ ကိုယ်ကာကွယ်ပါမယ်ဆိုတဲ့ ပြည်သူကိုပဲ ပြန်ပြီး လောင်ကျွမ်းပစ်လိုက်တာချည်းပဲ။ 

သမိုင်းတစ်လျှောက်လုံးမှာ အကြမ်းဖက် လက်နက်ကိုင်လမ်းစဉ်နဲ့ တည်ဆောက်ခဲ့တဲ့ ဘယ်ငြိမ်းချမ်းရေး၊ ဘယ်ဒီမိုကရေစီမှ မရှိခဲ့ဖူးဘူး။ တိုင်းပြည်တစ်ခု တည်ငြိမ်မှု ပျက်သွားပြီ၊ ဥပဒေစိုးမိုးမှု ကင်းမဲ့သွားပြီ ဆိုရင် အဲဒီတိုင်းပြည်ကို ပြန်တည်ဆောက်ဖို့ဆိုတာ ဆယ်စုနှစ်ချီပြီး အချိန်ယူရတယ်။ လူ့သက်တမ်း တစ်ဆက်စာလောက် ဒုက္ခပင်လယ်ဝေသွားရတတ်တယ်။

အခု ကျွန်တော်တို့ ပတ်ဝန်းကျင်ကို ပြန်ကြည့်ကြည့်ပါ။ တည်ငြိမ်မှုတွေ ပျက်ပြားအောင်၊ တရားဥပဒေစိုးမိုးမှု မရှိအောင် အဖျက်အမှောင့် လုပ်ရပ်တွေ လုပ်ကြတယ်။ လူသတ်တယ်၊ ဓားပြတိုက်တယ်၊ ဆပ်ကြေးကောက်တယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေကို ဒလန်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး အလွယ်တကူ သတ်ဖြတ်ကြတယ်။ လမ်းတံတားတွေကို မိုင်းခွဲကြတယ်။ စာသင်ကျောင်းတွေကို ဖျက်ဆီးကြတယ်။

မိတ်ဆွေတို့... ဒီလုပ်ရပ်တွေဟာ တကယ်ပဲ ပြည်သူကို ကာကွယ်နေတာလား တကယ်ပဲပြည်သူကို ကယ်တင်နေတာလား။ ဒါမှမဟုတ် ပြည်သူကို ဒုက္ခတွင်းထဲ အတင်းဆွဲချနေတာလား။

လူတစ်ယောက်ရဲ့ အသက်ကို သတ်ပစ်ဖို့၊ အဆောက်အဦးတစ်ခုကို ဗုံးခွဲဖျက်ဆီးပစ်ဖို့ ဆိုတာ စက္ကန့်ပိုင်းပဲ ကြာတယ်။ ဒါပေမယ့် အဲဒီလူတစ်ယောက် ကြီးပြင်းလာဖို့၊ အဲဒီ လမ်းတံတားတစ်ခု ဖြစ်လာဖို့ဆိုတာ နှစ်ပေါင်းများစွာ ရင်းနှီးတည်ဆောက်ခဲ့ရတာပါ။ ဖျက်ဆီးရတာ လွယ်သလောက် တည်ဆောက်ရတာ အင်မတန် ခက်ပါတယ်။ တကယ် ပြည်သူကို ချစ်တဲ့သူဟာ ပြည်သူ့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အသေအလဲ ကာကွယ်ပေးရမယ်ဗျ။ အကြောက်တရားနဲ့ အုပ်ချုပ်ပြီး ဆပ်ကြေးကောက်နေတာဟာ တော်လှန်ရေး မဟုတ်ဘူး၊ အဲဒါ အကြမ်းဖက်ဝါဒ သက်သက်ပဲ။

လက်နက်ကိုင်ပြီး အကြမ်းဖက်တဲ့ လုပ်ရပ်တွေကနေတဆင့် တိုင်းပြည်တစ်ခု အေးချမ်းသွားမယ်ဆိုတာ ဘယ်တော့မှ ဖြစ်မလာနိုင်တဲ့ စိတ်ကူးယဉ် ပုံပြင်တစ်ပုဒ်ပါ။ အာဏာလိုချင်တဲ့ ခေါင်းဆောင်တချို့ကတော့ ဘေးကင်းရာကနေ လှပတဲ့ စကားလုံးတွေနဲ့ အမိန့်ပေးနေကြလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်း မြေပြင်မှာ အသက်သေဆုံးသွားရတာ၊ မိသားစုတွေ ကွဲကွာသွားရတာ၊ အိမ်ရာမဲ့ဖြစ်သွားရတာ၊ နေ့စဉ်စားဝတ်နေရေး ကျပ်တည်းသွားရတာက အောက်ခြေက သာမန်ပြည်သူတွေပဲဗျ။


 နိုင်ငံရေးသမားတွေရဲ့ စစ်တုရင်ပွဲမှာ သာမန်ပြည်သူတွေက အသေခံနယ်ရုပ်လေးတွေ ဖြစ်သွားရတာဟာ အင်မတန် ရင်နာဖို့ ကောင်းပါတယ်။

ဒီအချိန်မှာ 

ကျွန်တော်တို့တွေ အသိတရားနဲ့ သတိတရားကို ယှဉ်ပြီး ကြည့်ဖို့လိုနေပြီ။ အမှားကို အမှားမှန်း သိဖို့လိုတယ်။ လှပတဲ့ စကားလုံးတွေ၊ ဆွဲဆောင်မှုရှိတဲ့ ကြွေးကြော်သံတွေအောက်မှာ ပုန်းကွယ်နေတဲ့ အကျည်းတန်တဲ့ အကြမ်းဖက်မှုတွေကို မြင်အောင် ကြည့်တတ်ဖို့ လိုတယ်။ သူပုန်ထတယ်၊ သောင်းကျန်းတယ်၊ ကိုယ့်နိုင်ငံကို ကိုယ်ပြန်ဖျက်ဆီးတယ်ဆိုတာ ရုပ်ရှင်တွေထဲကလို သူရဲကောင်းဆန်တဲ့ အလုပ်မဟုတ်ဘူး။ အဲဒါဟာ အင်မတန် တာဝန်မဲ့တဲ့၊ တိုင်းပြည်ကို သစ္စာဖောက်တဲ့ လုပ်ရပ်သက်သက်ပဲ။


ငြိမ်းချမ်းရေးဆိုတာ သေနတ်ပြောင်းဝကနေ ဘယ်တော့မှ ထွက်မလာဘူး။ တရားဥပဒေစိုးမိုးမှုနဲ့ တည်ငြိမ်အေးချမ်းမှု ရှိမှသာ တိုင်းပြည်က ရှေ့ကို ဆက်သွားလို့ရမှာပါ။ ပြည်သူတွေရဲ့ မျက်ရည်၊ အပြစ်မဲ့သူတွေရဲ့ သွေးတွေနဲ့ ခင်းထားတဲ့ လမ်းပေါ်မှာ လျှောက်သွားပြီးမှတော့ ရောက်လာမယ့် ပန်းတိုင်ဟာ ဘယ်လိုလုပ် သာယာလှပတဲ့ ဥယျာဉ် ဖြစ်နိုင်တော့မလဲဗျာ။

ဒီဗီဒီယိုလေး ဆုံးသွားတဲ့အခါ မိတ်ဆွေတို့ရဲ့ စိတ်ထဲမှာ ဒီမေးခွန်းလေး တစ်ခုတော့ သေချာပေါက် ကျန်ရစ်ခဲ့စေချင်တယ်။

"ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ ကိုယ့်ရဲ့ မိသားစု၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင် လုံခြုံရေးကို ဖျက်ဆီးနေတဲ့ လုပ်ရပ်တွေကို 'တော်လှန်ရေး' ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး မျက်ကွယ်ပြု ထောက်ခံနေသရွေ့... ကျွန်တော်တို့ တကယ်လိုချင်တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုဆိုတာ ဘယ်တော့များမှ ရလာနိုင်ပါ့မလဲ"

အဖြေကတော့ မိတ်ဆွေတို့ရဲ့ နှလုံးသားထဲမှာ အသိဆုံးဖြစ်မှာပါ။ လူငယ်လူရွယ်အားလူံးနီးပါးက လမ်းမှားကို ရွေးလျှောက်နေသရွေ့တော့ လိုချင်တဲ့ ပန်းတိုင်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူးဆိုတာကိုတော့ သတိပြုစေချင်ပါတယ်။

ဒီနေ့တော့ ကျွန်တော် ဒီလောက်နဲ့ပဲ ရပ်နားခွင့်ပြုပါ။ ကျွန်တော် ထပ်ပြီး ပြောနေဖို့၊ ဒီလို အသိအမြင်တွေ ဝေမျှဖို့ ဆက်လုပ်နေဖို့အတွက် မိတ်ဆွေတို့ရဲ့ တွန်းအားတွေ အမြဲလိုအပ်နေတယ် ဆိုတာလေး ပြောရင်းနဲ့ပဲ နှုတ်ဆက်လိုက်ပါတယ်ဗျာ။ အားလုံးပဲ ငြိမ်းချမ်းသော နေ့ရက်လေးများကို 

အနာဂတ်မှာ ပိုင်ဆိုင်နိုင်ကြပါစေ။

 မြန်မာနိုင်ငံမှာ စစ်မဖြစ်ခဲ့ရင်


မင်္ဂလာပါ မိတ်ဆွေတို့။ ဒီနေ့ ကျွန်တော်တို့ အတူတူ စဉ်းစားကြည့်ချင်တဲ့ ကျနော်တို့ "မြန်မာနိုင်ငံမှာသာ စစ်မဖြစ်ခဲ့ရင်..." ဆိုတဲ့ မေးခွန်းပါပဲ။

ဒီမေးခွန်းကို တွေးလိုက်တာနဲ့ တချို့က ပြောကြလိမ့်မယ်၊ "ဟေ့လူ၊ အတိတ်ကို ပြန်ပြောနေလို့ ဘာထူးလဲ" လို့ပေါ့။ ဒါပေမဲ့ မိတ်ဆွေ၊ အတိတ်ကို ပြန်ကြည့်တာက နောက်ကို ဆုတ်တာ မဟုတ်ဘူး။ ရှေ့ဆက်ဖို့ လမ်းကြောင်းမှန် ရှာဖို့အတွက် ပညာနဲ့ ကြည့်တာပါ။


 ကမ္ဘာ့သမိုင်းကို ပြန်လှန်ကြည့်လိုက်ပါ။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားချိန်မှာ ဘာမှမရှိတော့ဘဲ ပြာပုံဘဝကနေ ပြန်ထလာတဲ့ နိုင်ငံတွေ အများကြီးပဲ ရှိတယ်။ ဥပမာ- တောင်ကိုရီးယားတို့၊ စင်ကာပူတို့ပေါ့။ သူတို့မှာ ဘာတွေ ပိုပါလာလို့လဲ။ သယံဇာတဆိုရင် ကျွန်တော်တို့နိုင်ငံက သူတို့ထက် အဆပေါင်းများစွာ သာတယ်။ လူသားအရင်းအမြစ်ဆိုတာလည်း ဘယ်သူ့မှ မညံ့ပါဘူး။

ဒါပေမဲ့ ပြဿနာက ဘာလဲဆို‌ေတာ့။ စစ်မီးတွေ၊ နိူင်ငံရေး ပဋိပက္ခတွေ၊လူမျိုးရေးအရ မပြီးဆုံးနိုင်တဲ့ ပြည်တွင်းစစ်တွေပါပဲ။

ဘယ်လို အကြောင်းပြချက်၊ ဘယ်လို ဆင်ခြေမျိုးနဲ့ပဲ ဖြစ်ပါစေ... တောခိုတာ၊ လက်နက်ကိုင်တာ၊ သူပုန်ထတာဟာ တိုင်းပြည်အတွက် ဘယ်သောအခါမှကောင်းမွန်သော အဖြေမှန် မဟုတ်ပါဘူး။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးစားပွဲဝိုင်းမှာ မဖြေရှင်းဘဲ လက်နတ်ကိုင်ပြီး တောခိုသွားကြတဲ့အခါ အဲဒီနောက်ဆက်တွဲ ဒဏ်ရာဒဏ်ချက်တွေကို ခံစားရတာက အပြစ်မဲ့တဲ့ အောက်ခြေကအခြေခံလူတန်းစား သာမန်ပြည်သူတွေပါပဲ။ ဘယ်လို တော်လှန်ရေးခေါင်းစဉ်တပ်တပ်၊ ဘယ်လို အာဏာရှင်စနစ်တိုက်ဖျက်ရေး နာမည်လှလှပေးပေး၊ လက်နက်နဲ့ တည်ဆောက်တဲ့ လမ်းကြောင်းပေါ်မှာ တိုင်းပြည်အကျိုးဆိုတာ ဘယ်တော့မှ ငြိမ်းချမ်းစွာ ရှိမနေပါဘူး။


ဒါကြောင့် ဘယ်လို အခြေအနေမျိုးမှာမဆို စစ်ပွဲတွေကို၊ တိုက်ပွဲတွေကို လုံးဝမဖန်တီးသင့်ပါဘူး။ စစ်ပွဲဆိုတာ အမုန်းတရားတွေကိုပဲ ထပ်ဆင့်မွေးထုတ်ပေးပြီး၊ မျိုးဆက်ပေါင်းများစွာရဲ့ အနာဂတ်နဲ့ အိပ်မက်တွေကို မီးရှို့ဖျက်ဆီးပစ်တတ်တဲ့ ဖျက်စွမ်းအားတစ်ခုပါပဲ။


 ကိုယ့်ရဲ့ ခံယူချက် ဘယ်လောက်ပဲ မှန်တယ်လို့ ထင်နေပါစေဦး... အဲဒီ ရည်မှန်းချက်ကို ရောက်ဖို့အတွက် အပြစ်မဲ့ပြည်သူတွေရဲ့ အသက်နဲ့ သွေးချွေးကို ရင်းနှီးပေးရတယ်ဆိုရင် အဲဒီအောင်မြင်မှုဟာ တကယ်တမ်းမှာ လူသားချင်းစာနာမှု ကင်းမဲ့သွားတဲ့ ကျဆုံးခြင်းတစ်ခုသာ ဖြစ်ပါလိမ့်မယ်။


 စဉ်းစားကြည့်ပါဦး... မြန်မာနိုင်ငံမှာသာ ဒီလောက်ကြီးမားတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊ စစ်ပွဲတွေသာ မရှိခဲ့ဘူးဆိုရင်... ကျွန်တော်တို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အနေအထားက ဘယ်လောက်အထိ ရောက်နေမလဲ။


၁။ စီးပွားရေးနဲ့ အရင်းအမြစ်များရဲ့ တကယ့်မျက်နှာစာ


စီးပွားရေးဘက်ကနေ စဉ်းစားကြည့်ရအောင်။ တကယ်လို့များ စစ်မီးမရှိဘဲ ငြိမ်းချမ်းခဲ့မယ်ဆိုရင်... ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေတင် မကဘူး၊ တနင်္သာရီကမ်းရိုးတန်းကနေ ကချင်တောင်တန်းတွေအထိ... သယံဇာတတွေက ပြည်သူ့အတွက် အကျိုးရှိရှိ ထွက်ပေါ်နေမှာ။ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ စည်ကားနေမယ့် ပုဂံ၊ အင်းလေး၊ ငပလီတွေဟာ အာရှရဲ့ ထိပ်တန်း ခရီးသွားဒေသတွေ ဖြစ်နေလောက်ပြီ။

စစ်ပွဲတွေသာ မရှိခဲ့ရင်

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများမယ်။ ဒီနေ့လို လူငယ်တွေဟာ နိုင်ငံရပ်ခြားကို ထွက်ဖို့အတွက် အလုအယက် ကြိုးစားနေရမယ့်အစား၊ ကိုယ့်နိုင်ငံထဲမှာတင် ကိုယ့်လုပ်အားနဲ့ ဂုဏ်ယူစွာ ရပ်တည်လို့ ရနေလောက်ပြီ။ သယံဇာတပေါကြွယ်ဝတဲ့ တိုင်းပြည်ကနေ၊ ပြည်သူတွေပါ အေးချမ်းသာယာစွာ အလုပ်လုပ်နိုင်တဲ့ တိုင်းပြည်တစ်ခု ဖြစ်လာဖို့က တကယ်တော့ မဝေးလှပါဘူး။


၂။ ပညာရေး၊ ကျန်းမာရေးနဲ့ လူသားအရင်းအမြစ်


နောက်တစ်ချက်က လူမှုရေးနဲ့ ပညာရေးပိုင်းပါ။ စဉ်းစားကြည့်ပါ... နိုင်ငံတော်ရဲ့ ဘတ်ဂျက်အများစုဟာ စစ်ရေးအသံုးစရိတ်ဘက်ကို ရောက်မသွားဘဲ၊ စာသင်ကျောင်းတွေ၊ သုတေသနဌာနတွေ၊ ခေတ်မီဆေးရုံကြီးတွေဘက်ကို သာ ရောက်သွားမယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။


ကျွန်တော်တို့ရဲ့ လူငယ်တွေဟာ နိုင်ငံတကာအဆင့်မီ ပညာရေးကို ကိုယ့်နိုင်ငံထဲမှာတင် လွတ်လွတ်လပ်လပ် လေ့လာဆည်းပူးခွင့် ရနေလောက်ပြီ။ ဆေးဘက်ဆိုင်ရာ၊ နည်းပညာဆိုင်ရာ ပညာရှင်တွေ ပေါများလာပြီး ကမ္ဘာ့အလယ်မှာ ခေါင်းမော့ရင်‌ေမာ့ပြီး ရပ်တည်နိုင်မယ့် အခွင့်အလမ်းတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အခွင့်အလမ်းတွေ အားလုံးဟာ စစ်ပွဲ‌ေတွရဲ့ မီးခိုးတွေကြားမှာ ပျောက်ကွယ်သွားခဲ့ရတယ်။


၃။ သမိုင်းပေး တာဝန်နဲ့ လက်ရှိအခြေအနေ


ဒါပေမဲ့ မိတ်ဆွေ... သမိုင်းမှာ "အကယ်၍" ဆိုတာ မရှိဘူးဆိုတာ သိပေမဲ့၊ အဲဒီ "အကယ်၍" ဆိုတဲ့ အတွေးကနေတဆင့် ကျွန်တော်တို့ လက်ရှိအခြေအနေကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လာရတယ်။ ဒီနေ့ ကျွန်တော်တို့ ကြုံနေရတဲ့ အခက်အခဲတွေ၊ ဆင်းရဲတွင်းနက်နေတာတွေ၊ လူတွေအချင်းချင်း စိတ်ဝမ်းကွဲပြားနေတာတွေ အားလုံးရဲ့ အရင်းအမြစ်က ဘယ်လိုအ‌ေကြာင်း‌ေကြာင့်လဲဆိုတာကို မျက်ကွယ်ပြုလို့ မရဘူး။

အားလုံးနားလည်အောင် 

ပြတ်ပြတ်သားသား ပြောရရင်တော့... ကျနော်တို့ရဲ့ အဖိုးတန်အချိန်တွေကို၊ အခွင့်အလမ်းတွေကို ဝါးမျို ဖျက်ဆီးသွားတာက အခုဖြစ်နေတဲ့ ပြည်တွင်းစစ်မီးကြီးပါပဲ။ 


တခြားနိုင်ငံတွေက ရှေ့ကို အပြေးအလွှား ရောက်သွားချိန်မှာ၊ ကျနော်တို့နိုင်ငံကတော့ စစ်ပွဲတွေ တိုက်ပွဲတွေထဲကို ခြေစုံပစ်ပြီး နောက်ပြန်ဆုတ်နေခဲ့ကြတယ်။


ဒီဗီဒီယိုကို ကြည့်ပြီးသွားတဲ့အခါ မိတ်ဆွေတို့ရဲ့ စိတ်ထဲမှာ မေးခွန်းတစ်ခုကျန်ခဲ့စေချင်ပါတယ် အဲ့ဒါကတော့ "ငါတို့ မြန်မာနိူင်ငံသားတွေ တကယ်တမ်း ဘာတွေ ဆုံးရှုံးခဲ့ရပြီလဲ" ဆိုတဲ့ မေးခွန်းတစ်ခုနဲ့အတူ၊ "ဒီလို အခြေအနေကနေ ဘယ်လို ရုန်းထွက်ကြမလဲ၊ ငြိမ်းချမ်းတဲ့ အနာဂတ်ကို ဘယ်လို ပြန်လည်တည်ဆောက်ကြမလဲ" ဆိုတဲ့ အတွေးတစ်ခု ကျန်ခဲ့လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ထားပါ ။

ဒီလို လေးနက်တဲ့ အကြောင်းအရာတွေကို ဆက်လက် ဆွေးနွေး‌ေနဖို့၊ မှန်ကန်တဲ့ အတွေးအခေါ်လေးတွေ မိတ်ဆွေတတို့ကို ချပြဖို့ဆိုတာ တစ်ခါတလေ ကိုယ့်ဘက်က အားအင်အများကြီး စိုက်ထုတ်ရပါတယ်။ ဒါကြောင့်... ကျနော်ထပ်ပြီး ပြောနေဖို့ ဆက်လုပ်နေဖို့အတွက် မိတ်‌ေဆွတို့ရဲ့ တွန်းအားတွေ အားပေးမှုတွေ အမြဲလိုအပ်နေပါတယ်လို့ အဆုံးသတ်မှာ ပြောချင်ပါတယ် 

။ အားလုံးပဲ 

ကျေးဇူးအထူးတင်ပါတယ်။

 

🔹"လူငယ်ဘဝ မနစ်မွန်းစေရန် အမြင်မှန်နှင့် လမ်းမှန်ဆီ" 🔹


မင်္ဂလာပါ မိတ်ဆွေတို့။

ဒီနေ့ ကျွန်တော် ပြောမယ့် အကြောင်းအရာက "လူငယ်ဘဝ မနစ်မွန်းစေရန် အမြင်မှန်နှင့် လမ်းမှန်ဆီ" ဆိုတဲ့ ခေါင်းစဉ်ပါ။

မိတ်ဆွေတို့ စဉ်းစားကြည့်ဖူးလား။ နိုင်ငံတစ်နိုင်ငံမှာ အလုပ် လုပ်ကိုင်နိုင်စွမ်းရှိတဲ့ လူငယ်လူရွယ်တွေ များပြားနေခြင်းဟာ အဲဒီနိုင်ငံအတွက် သဘာဝတရားက ပေးတဲ့ အကြီးမားဆုံး လူဦးရေဆုလာဘ် (Demographic Dividend) ပါပဲ။ ဒီခွန်အားတွေ၊ ဒီလိုသွေးဆူလွယ်တဲ့ တက်ကြွတဲ့ လူငယ်ထုရဲ့အင်အားတွေကို နိုင်ငံတည်ဆောက်ရေးမှာ အမှန်တကယ်သုံးလိုက်နိုင်ရင် အဲဒီနိုင်ငံဟာ အချိန်ကာလတိုအတွင်းမှာ ဟုန်းကနဲ တိုးတက်သွားတတ်ပါတယ်။


 ဒါပေမယ့်... အဲဒီအင်အားတွေသာ လမ်းလွဲ၊ လမ်းမှားကို ရောက်သွားခဲ့ရင်ရော... နိုင်ငံအတွက် ဘယ်လောက်တောင် နာကျင်စရာကောင်းတဲ့ ဆုံးရှုံးမှုကြီး ဖြစ်သွားမလဲ။

ဒီနေ့လူငယ်တွေရဲ့အသက်တွေ ဘဝတွေကို ကျနော်တို့နိူင်ငံအနှံ့အပြားမှာ ပျက်ဆီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာ မိတ်‌ေဆွတို့ မြင်ပြီးကြပြီး ဖြစ်မှာပါ ။ စစ်ပွဲတွေ တိုက်ပွဲတွေကြောင့် သေကြေ ပျက်ဆီးရတဲ့လူတွေတွေ ပြည်ပနိူင်ငံတွေမှာ လုပ်အားတွေ အချိန်တွေ ပေးဆပ်နေကြရတာ တကယ်ဝမ်းနည်းစရာပါ ။ 

ကျွန်တော်တို့ နိုင်ငံဟာ အဲဒီလို လူဦးရေဆုလာဘ်ကို ရရှိထားတဲ့ နိုင်ငံပါ။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲကာလမှာ အင်မတန် ကောက်ကျစ်စဉ်းလဲတဲ့ မရိုးမဖြောင့်တဲ့ နိုင်ငံရေးသမားအမည်ခံ မသမာသူတွေက ဒီလူငယ်တွေရဲ့ ဖြူစင်တဲ့ တက်ကြွမှုတွေကို အလွဲသုံးစားလုပ်သွားခဲ့ကြတယ်။ သူတို့ကိုယ်တိုင် အာဏာမရနေရာမရကြလို့ မစားရတဲ့အမဲကို သဲနဲ့ပက်ပြီး နိုင်ငံ‌ေတာ်ကြီး ပြိုလဲပျက်စီးသွားအောင်၊ အလုံးစုံပျက်သုဉ်းရေးလမ်းကြောင်းပေါ် ရောက်သွားအောင် ရည်ရွယ်ချက်ရှိရှိ တွန်းပို့ခဲ့ကြပါတယ်။

ဒါတွေကို မြန်မာနိူင်ငံသားတိုင်း သိထားကြဖို့ သိပြုကြဖို့ လိုအပ်နေပြီ ဖြစ်ပါတယ် ။ 


ကမ္ဘာ့သမိုင်းကို ခဏလောက် ပြန်ကြည့်ရအောင် မိတ်ဆွေတို့။ ၂၀ ရာစု စစ်‌ေအးကာလ (Cold War) တွေမှာဖြစ်စေ၊ နိုင်ငံတကာက ပြည်တွင်းစစ်တွေမှာဖြစ်စေ အမြဲတမ်းတွေ့ရတဲ့ ပုံသေကားချပ်တစ်ခု ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ "စစ်တုရင်ကစားတဲ့သူတွေက ဘယ်တော့မှ သွေးမထွက်ဘူး" ဆိုတာပါပဲ။ ဝါဒမှိုင်းတိုက်သူတွေ၊ တော်လှန်ရေး ပုန်ကန်ထကြွမှု တစ်ခုကို ဖန်တီးပြီး နောက်ကွယ်က ကြိုးကိုင်သူတွေဟာ ရှေ့တန်းစစ်မြေပြင်မှာ ဘယ်တော့မှ မရှိကြပါဘူး။

ကျွန်တော်တို့ဆီမှာလည်း အတိအကျ ဒီအတိုင်းပါပဲ။ လူငယ်တွေကိုတောခိုလက်နက်ကိုင်ဖို့ လှုံ့ဆော်တယ်။ စည်းရုံးတယ်၊ မှားယွင်းတဲ့ အတွေးအခေါ်တွေ ဝင်လာအောင် သူပုန်ဝါဒမှိုင်းတွေ တိုက်တယ်။ 


မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေ ပေးပြီး မြှောက်ထိုးပင့်ကော် လုပ်တယ်။ နောက်ဆုံး နည်းလမ်းပေါင်းစုံသုံးပြီး ခြိမ်းခြောက်အကျပ်ကိုင်တာတွေပါ လုပ်လာကြတယ်။ ရလဒ်ကတော့ နိုင်ငံ့အင်အားဖြစ်ရမယ့် အရွယ်ကောင်း လူငယ်လေးတွေဟာ 2021ခုနှစ် အစောပိုင်းကာလ သာမန်ဆန္ဒပြမှုတွေကနေ အခုနောက်ပိုင်းမှာ လက်နက်ကိုင် အကြမ်းဖက်ဆူပူသောင်းကျန်းမှုတွေအထိ အသုံးချခံလိုက်ရတော့တာပါပဲ။

[လေသံကို အနည်းငယ် မြှင့်ပြီး ပြတ်ပြတ်သားသား ပြောရန်]

ဒီနေရာမှာ အနာကျင်ရဆုံး အမှန်တရားကို ကျွန်တော် ထောက်ပြချင်တယ်။ လူငယ်တွေကို လက်နက်ကိုင်လမ်းစဉ်ထဲ တွန်းပို့ခဲ့တဲ့ နိုင်ငံရေးသမား လူလည်တွေက အခု ဘယ်မှာလဲ။ စစ်‌ေမြပြင်မှာလည်း မရှိ လူထုရှေ့ကိုလည်း ထွက်မလာသလို၊ တောတွင်းကိုလည်း လိုက်မလာကြပါဘူး။ သူတို့က လုံခြုံတဲ့ နေရာတွေ၊ ဘေးကင်းတဲ့ နိုင်ငံရပ်ခြားတွေမှာ သူတို့မိသားစုတွေနဲ့ အသိုက်အဝန်းမပျက် ပညာရေးမပျက် အပျော်အပါးမပျက် သာသာယာယာ နေထိုင်‌ေနကြတယ်။

အချိန်တန်ရင် zoom meeting လေးထိုင်ပြလိုက် အလှူ‌ေလးခံပြလိုက်နဲ့ တကယ်စိတ်ပျက်စရာပါပဲ ။


မြန်မာနိုင်ငံအတွင်းက မြို့ရွာတွေ ပြာကျပျက်စီးဖို့၊ စစ်ပွဲတွေ တိုက်ပွဲတွေ ဖြစ်လာဖို့ အပြစ်မဲ့ ပြည်သူတွေ အိုးအိမ်စည်းစိမ်စွန့်ခွာရတဲ့ စစ်ဘေးဒုက္ခသည်ဘဝရောက်ဖို့ကို နိူင်ငံရပ်ခြားအဝေးကနေ မီးလောင်ရာ လေပင့်ပေးနေခဲ့ကြတယ်။


အခုဆိုရင် လက်နက်ကိုင် အကြမ်းဖက်မှုတွေ စတင်ခဲ့တာ ၅ နှစ်ကျော်လွန်လို့ ၆ နှစ်ခန့် ကာလထဲကို ရောက်လာခဲ့ပြီ။ မိတ်ဆွေတို့ မျက်စိဖွင့်ပြီး သေချာကြည့်ပါ။ ၆ နှစ်ကြာတဲ့အခါ ကျနော်တို့မြန်မာပြည်မှာ ဘာတွေ ကျန်ခဲ့လဲ။ 


လက်နက်ကိုင်လမ်းစဉ်ကို ရွေးခဲ့တဲ့ လူငယ်အများအပြား အသက်တွေ ပေးလိုက်ရပြီ။အညာဒေသက‌ဗမာလူငယ်တွေ ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးသွားကြပြီ။ ဘဝတွေ စိစိညက်ညက် ကျေသွားခဲ့ပြီ။ သေတဲ့လူတွေကသေ အသတ်ခံရတဲ့လူတွေက အသတ်ခံရ ပျက်ဆီးဆုံးရှုံး‌မှုတွေ မီးလောင်ပြာကျသွားတဲ့ မြို့ရွာတွေကလည်း တကယ်များပြားပါတယ် ။ ဒါပေမယ့်... သူတို့ကို အကြောင်းပြုပြီး ကိုယ်ကျိုးစီးပွား ရှာ တော်လှန်ရေးဗန်းပြ အလှုခံစားခဲ့တဲ့ သူတွေကတော့ ပြည်တွင်းမှာရော ပြည်ပမှာပါ အစားအသောက်မပျက်၊ အလုံးအထည်မပျက် ကြီးပွားချမ်းသာနေကြတုန်းပါပဲ။ ဒါဟာ လုံးဝ ငြင်းလို့မရတဲ့ ကျနော်တို့အားလုံးသိကြတဲ့ မြေပြင်က ရင်နာစရာ အမှန်တရားပါ။


ဒီနေ့အချိန်မှာတော့ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးလမ်းကြောင်းဟာ ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိလာနေပါပြီ။ မဲဆန္ဒရှင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ပေးလိုက်တဲ့ လွှတ်တော်တွေ၊ အစိုးရအဖွဲ့တွေနဲ့အတူ 2025ခုနှစ်ကစလို့ ဒီမိုကရေစီစနစ် တည်တံ့ခိုင်မြဲအောင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။


နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရက ကြိုးပမ်းနေသလို၊ တပ်မတော်ကလည်း အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး (Counter Terrorism Operation) တွေကို အောင်မြင်စွာ ဆင်နွှဲနေပါတယ်။ အကြမ်းဖက်တွေ ယာယီထိန်းချုပ်ထားခဲ့တဲ့ နယ်မြေတွေကို အပြီးတိုင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သလို၊ ဆက်သွယ်ရေး လမ်းကြောင်းတွေကိုလည်း အပြည့်အဝ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပါပြီ။

ဒီနေရာမှာ အရေးကြီးဆုံး အပြောင်းအလဲတစ်ခု ဖြစ်လာတယ်။ အဲဒါကတော့ ပြည်သူတွေရဲ့ သဘောထားပါပဲ။ လက်နက်ကိုင် သောင်းကျန်းသူတွေရဲ့ လုပ်ရပ်တွေအပေါ် စိတ်ကုန်နာကြည်းနေပြီဖြစ်တဲ့ ဒေသခံ တိုင်းရင်းသား ပြည်သူတွေဟာ တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးတွေကို ဝမ်းသာအားရ ကြိုဆိုထောက်ခံလာကြတယ်။ ယုံကြည်အားကိုးမှု အပြည့်နဲ့ တပ်မတော်နဲ့အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လာကြတာကို မြင်တွေ့လာရပါတယ်။ ပြည်သူဒုက္ခပေးတဲ့ တောခိုသူပုန်လုပ်တဲ့ ဘယ်လက်နက်ကိုင်လမ်းစဉ်မှ ရေရှည်မရပ်တည်နိုင်ဘူး ဆိုတာ သမိုင်းက သက်သေပြပြီးသားပါ။


ဒီလို အခြေအနေတွေအောက်မှာ တောထဲကို ရောက်သွားတဲ့ လူငယ်တွေ ကိုယ်တိုင်လည်း မျက်စိပွင့်လာကြပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် အကြမ်းဖက်အဖွဲ့တွေထဲ ရောက်သွားခဲ့ပေမယ့်၊ မြေပြင်မှာ တကယ်တမ်း ကြုံတွေ့လာရတဲ့ ဘဝပေးအသိတွေက သူတို့ကို အမှန်တရား မြင်စေခဲ့တယ်။ တော်လှန်းရေးခေါင်းဆောင်ဆိုသူတွေရဲ့ ကိုယ်ကျိုးရှာမှု၊ အဖွဲ့အစည်းအတွင်းက ကြီးနိုင်ငယ်ညှဉ်းမှုတွေနဲ့ သူတို့ရဲ့ အဓိပ္ပာယ်မဲ့တဲ့ မိုင်းထောင်ဗုံးခွဲ လုပ်ရပ်တွေအပေါ် စိတ်ကုန်ခန်းလာပြီး အမြင်မှန် ရလာကြတယ်။


ဒါကြောင့်လည်း အခုဆိုရင် နီးစပ်ရာ နယ်မြေခံတပ်စခန်းတွေ၊ လုံခြုံရေးရဲကင်းတွေကို ဆက်သွယ် လာရောက်သတင်းပို့ပြီး ဥပဒေဘောင်အတွင်းကို အလင်းဝင်ရောက်လာနေကြတာ‌ေတွ နေ့စဉ်နဲ့အမျှပါပဲ။


 မကြာသေးခင်ရက်ပိုင်းကတင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တို့မှာ PNLO, DPLA, KNDF နဲ့ PDF အမည်ခံ အမျိုးသား၊ အမျိုးသမီး အဖွဲ့ဝင်တွေဟာ နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ယုံကြည်လက်ခံပြီး လက်နက်ခဲယမ်းတွေနဲ့အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြတာကို မိတ်ဆွေတို့ သတင်းတွေမှာ တွေ့ရမှာပါ။

ဒီလို ပြန်ဝင်လာသူတွေကို နိုင်ငံတော်က အပြစ်ပေး အရေးယူတာမျိုး မလုပ်ပါဘူး။ နွေးနွေးထွေးထွေး ပြန်လည်ကြိုဆို လက်ခံတယ်။ လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ လုပ်ပေးပြီး၊ သူတို့ရဲ့ မိဘအုပ်ထိန်းသူတွေဆီကို စနစ်တကျ ပြန်လည်လွှဲအပ်ပေးနေပါတယ်။ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ဖို့ ဆန္ဒရှိနေသေးတဲ့သူတွေကိုလည်း နိုင်ငံတော်က အမြဲတမ်း လက်ကမ်းကြိုဆိုနေဆဲပါ။


မိတ်ဆွေတို့... လူငယ်ဘဝဆိုတာ ကိုယ့်မိသားစုအတွက်ရော၊ နိုင်ငံအတွက်ပါ အရမ်းကို တန်ဖိုးရှိတဲ့ အရာပါ။ အစားထိုးလို့ မရတဲ့ အချိန်ကာလပါ။ အဲဒီလောက် အဖိုးတန်တဲ့ လူငယ်ဘဝကို အဓိပ္ပာယ်မဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေကြားမှာ၊ တောထဲက ကြီးနိုင်ငယ်ညှဉ်း အာဏာပြမှုဒဏ်တွေကြားမှာ စတေးခံဖို့ တကယ်ပဲ တန်ပါ့မလား။

ဒီဗီဒီယိုကို ကြည့်နေတဲ့သူတွေထဲမှာ တောထဲရောက်နေတဲ့ လူငယ်တွေရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ ပါကောင်းပါနိုင်ပါတယ်။ သူတို့ကို ကူညီပေးပါ။ လမ်းမှားကနေ ရုန်းထွက်နိုင်ဖို့၊ ဥပဒေဘောင်အတွင်း ပြန်လည်ရောက်ရှိဖို့ နီးစပ်ရာကနေ ပြန်လည်ခေါ်ဆောင် ကူညီပေးကြပါလို့ ကျွန်တော် အလေးအနက် တိုက်တွန်းချင်ပါတယ်။

နောက်ဆုံးအနေနဲ့ မိတ်ဆွေတို့ကို မေးခွန်းတစ်ခု မေးခဲ့ချင်ပါတယ်။

"လူငယ်တို့ရဲ့ အနာဂတ်၊ လူငယ်တို့ရဲ့အသက် သွေးချွေးတွေနဲ့... လူငယ်‌ေတွကို အသုံးချပြီး နိူင်ငံရပ်ခြားမှာ ဘဝတွေ သာယာနေတဲ့ လူတစ်စုအတွက် ဆက်ပြီး တောထဲတောင်တွေထဲမှာ အချိန်တွေ ဘဝတွေ ပေးဆပ်နေဦးမှာလား... 

ဒါမှမဟုတ် ကိုယ့်ဘဝ၊ ကိုယ့်မိသားစု၊ ကိုယ့်နိုင်ငံရဲ့ အနာဂတ် ငြိမ်းချမ်းရေးအစစ်အမှန်အတွက် အမြင်မှန်ရပြီး လမ်းမှန်ပေါ် ပြန်လျှောက်ကြတော့မလား"


တွေးကြည့်ကြပါ မိတ်ဆွေတို့။ အမှန်တရားဆိုတာ စိတ်ခံစားချက်တွေ ကင်းစင်သွားတဲ့ အချိန်မှာ အထင်းသား ပေါ်လာတတ်စမြဲပါ။

ကျနော် အခုလိုမျိုး အမှန်တရားတွေ၊ တိုင်းပြည်အတွက် အကျိုးရှိမယ့် အကြောင်းအရာတွေကို ထပ်ပြီး ပြောနေဖို့၊ ဒီအလုပ်တွေကို ဆက်လုပ်နေဖို့အတွက် မိတ်‌ဆွေတို့ရဲ့ နားလည်မှု၊ ယုံကြည်မှုနဲ့ တွန်းအားတွေ အမြဲတမ်း လိုအပ်နေပါတယ်လို့ ပြောကြားရင်း... ဒီနေ့အတွက်တော့ ဒီလောက်နဲ့ပဲ ရပ်နားခွင့်ပြုပါ။

လူငယ်တွေအားလုံးပဲ အမြင်မှန်နဲ့ အသိမှန်၊ လမ်း‌ေကြာင်မှန်နဲ့ အေးချမ်းတဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်

ပါတယ် ။ အားလုံးပဲကျေးဇူးတင်ပါတယ်။