ဖိလစ်ပိုင်နိုင်ငံရဲ့အကြမ်းဖက်ဝါဒတွေအကြောင်း
မိတ်ဆွေတို့... အကြမ်းဖက်ဝါဒဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ ခင်ဗျားတို့ ခေါင်းထဲမှာ ဘာအရင်ဆုံး ပေါ်လာသလဲ။
ဗုံးပေါက်ကွဲမှုတွေလား... အပြစ်မဲ့ပြည်သူတွေ သွေးထွက်သံယိုဖြစ်ရတာတွေလား... ဒါမှမဟုတ် တစ်စုံတစ်ခုကို ကြောက်ရွံ့ထိတ်လန့်နေတဲ့ မျက်နှာတွေလား။ တကယ်တော့ အကြမ်းဖက်ဝါဒဆိုတာ သတင်းစာမျက်နှာတွေပေါ်က စာလုံးမည်းကြီးတွေသက်သက် မဟုတ်ဘူးဗျ။ အဲဒါဟာ လူ့အသက်ပေါင်းများစွာ၊ မိသားစုပေါင်းများစွာရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်လိုက်တဲ့ အဆိုးရွားဆုံး လူ့အဖြစ်ဆိုးကြီးတစ်ခုပါပဲ။
ဒီနေ့ ကျွန်တော်တို့ အိမ်နီးချင်း အာဆီယံနိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံအကြောင်း ပြောချင်ပါတယ်။ ဖိလစ်ပိုင်ဆိုတာ ကျွန်းပေါင်း ၇၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ သိပ်လှတဲ့ နိုင်ငံပါ။ အပန်းဖြေစရာ ကမ်းခြေတွေ၊ ပျော်ရွှင်စွာ အပမ်းဖြေနေတဲ့ ကမ္ဘာလှည့်ခရီးသွားနဲ့ ပြည့်နေတဲ့ နိုင်ငံတစ်ခုပါ။ ဒါပေမယ့် အဲဒီအလှတရားတွေရဲ့ နောက်ကွယ်က တောင်ပိုင်း မင်ဒါနာအို (Mindanao) ဒေသမှာတော့ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့တဲ့၊ သွေးစွန်းခဲ့တဲ့ သမိုင်းတစ်ခု ရှိနေတယ်။ အဲဒါကတော့ ဘာသာရေးအစွန်းရောက် အကြမ်းဖက်တိုက်ခိုက်မှုသမိုင်းပါပဲ။
ဒီနေရာမှာ အားလုံး သိထားသင့်တာတစ်ခုက
အကြမ်းဖက်ဝါဒဆိုတာ နေ့ချင်းညချင်း မိုးပေါ်ကနေ အလိုလို ကျလာတဲ့ မိုးကျရွှေကိုတွေလို မဟုတ်ပါဘူး။ ပြဿနာက ဖိလစ်ပိုင်နိုင်ငံကို စပိန်နဲ့ အမေရိကန်တွေ ကိုလိုနီလာလုပ်တဲ့ အချိန်ကတည်းက စတင်လာခဲ့တာပါ။ အဲဒီအချိန်ကတည်းက ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းက ခရစ်ယာန်တွေနဲ့ တောင်ပိုင်းက မူစလင် မိုရို (Moro) လူမျိုးတွေကြားမှာ ကြီးမားတဲ့ ကွာဟချက်တွေ ဖြစ်လာတယ်။
မင်ဒါနာအိုက ဒေသခံတွေဟာ အကြောင်းပြချက်အမျိုးမျိုးနဲ့ မွတ်စလင်အစွန်းရောက်တွေကို စည်းရုံးပြီး၊
သူတို့ရဲ့ မြေယာတွေ အသိမ်းခံရတယ်၊ နိုင်ငံရေး၊ စီးပွားရေးအရ ဖယ်ကြဉ်ခံရတယ်။ ခွဲခြားဆက်ဆံခံရတယ်။ အဲ့ဒီလို အလိမ်အညာတွေနဲ့ ဗလီတွေ မှာ အမြဲတမ်း သွေးထိုးလှုပ်ဆော် စည်းရုံးခဲ့ကြတယ် ။
စဉ်းစားကြည့်ပါ...အဲ့ဒီ လူေတွဟာ သူ့ရဲ့ အခွင့်အရေးတွေ အကြိမ်ကြိမ် ချိုးနှိမ်ခံရတယ်လို့ ထင်လာတဲ့ အခါ၊ တရားမျှတမှု မရှိဘူးလို့ မြင်လာကြတဲ့အခါ... အဲ့ဒီလူတွေအားလူံးက ဘာလုပ်ကြမလဲ။
သူတို့ရဲ့ ရပ်တည်မှုအတွက်၊ သူတို့ရဲ့ အခွင့်အရေးအတွက် ဆိုပြီး စတင်တောင်းဆိုလာရာကနေ ၁၉ ၇၀ပြည့်လွန်နှစ်တွေ လောက်ေရာက်လာတဲ့အခါမှာ MNLF ၊ MILF ဆိုတဲ့ မွတ်စလင်အမည်ခံ လက်နက်ကိုင် သူပုန်သူကန် တော်လှန်ရေးအဖွဲ့ကြီးတွေ ပေါ်လာတယ်။ အစပိုင်းမှာတော့ ဒါဟာ ဖိနှိပ်ခံရမှုကနေ ရုန်းထွက်ချင်တဲ့ တော်လှန်ရေးတစ်ခုပဲ။ ဒါပေမယ့် အချိန်တွေ ကြာလာတာနဲ့အမျှ တော်လှန်ရေးဆိုတဲ့ လမ်းကြောင်းကနေ သွေဖည်သွားတယ်။ နိုင်ငံရေးရည်မှန်းချက်တွေ ပျောက်ဆုံးပြီး ဘာသာရေးအစွန်းရောက်ဝါဒတွေ ဝင်လာတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေရောက်တော့ 'အဘူဆေယက်ဖ်' (Abu Sayyaf) လို အစွန်းရောက် အဖွဲ့တွေ ပေါ်လာတယ်။ သူတို့လုပ်ရပ်တွေက ဘာလဲ။ ငွေရှိတဲ့လူေတွကို ပြန်ပေးဆွဲတယ်၊ နိုင်ငံခြားသားတွေကို ဖမ်းပြီး ငွေညှစ်တယ်၊ မပေးရင် ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ပြတယ်။ အပြစ်မဲ့ ပြည်သူတွေ သွားလာနေတဲ့ ကားဂိတ်တွေ၊ ဈေးတွေမှာ ဗုံးခွဲတိုက်ခိုက်တယ်။
ဒီနေရာမှာ တစ်ချက် စဉ်းစားကြည့်ပါဗျာ။ အပြစ်မဲ့တဲ့ ကလေးငယ်တွေ၊ အမျိုးသမီးတွေကို သတ်ဖြတ်တာဟာ ဘယ်လိုလုပ် တော်လှန်ရေး ဖြစ်နိုင်တော့မလဲ။ ဒါဟာ တော်လှန်ရေး မဟုတ်တော့ဘူး။အဲ့ဒီလုပ်ရပ်တွေကြောင့် အကြမ်းဖက်ဝါဒ စစ်စစ် ဖြစ်သွားပါပြီ။
လူတစ်ယောက် ဘာလို့ သူ့ကိုယ်သူ ဗုံးခွဲအသေခံရဲတဲ့အထိ ဖြစ်သွားတာလဲ။
အဖြေက ရှင်းပါတယ်။ အစွန်းရောက် အတွေးအခေါ်တွေက သူတို့ရဲ့ ဦးနှောက်ကို အဆိပ်ခတ်လိုက်လို့ပါပဲ။
အကြမ်းဖက် ခေါင်းဆောင်တွေက ဆင်းရဲမွဲတေမှု၊ ပညာမဲ့မှုနဲ့ အစိုးရအပေါ် မကျေနပ်မှုတွေကို အသုံးချပြီး လူငယ်တွေကို အကြမ်းဖက်သမားတွေအဖြစ် ပုံသွင်းခဲ့ကြတယ်။
ကျနော်တို့မြန်မာပြည်မှာလည်း ဒါတွေကို လက်တွေ့မြင်နေရတာပဲ ဖြစ်ပါတယ် ။
ဖိလစ်ပိုင်နိုင်ငံရဲ့အကြမ်းဖက်မှုတွေရဲ့
အဆိုးဆုံး အချိုးအကွေ့ကို ပြပါဆိုရင်တော့ ၂၀၁၇ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ မာရာဝီ (Marawi) မြို့သိမ်းတိုက်ပွဲကိုပဲ ပြရလိမ့်မယ်။ အရှေ့အလယ်ပိုင်းက ISIS တွေနဲ့ အချိတ်အဆက်လုပ်ထားတဲ့ မောက်တေ (Maute) ညီနောင်တွေနဲ့ အဘူဆေယက်ဖ် ပူးပေါင်းပြီး မာရာဝီ တစ်မြို့လုံးကို ဝင်သိမ်းလိုက်တယ်။
စဉ်းစားကြည့်ပါ... ငြိမ်းချမ်းနေတဲ့ အရှေ့တောင်အာရှက မြို့တစ်မြို့ပေါ်မှာ အမည်းရောင် ISIS အလံကြီး လွှင့်ထူလိုက်တဲ့ အဖြစ်က ဖိလစ်ပိုင် တစ်နိုင်ငံလုံးကိုသာမက ကမ္ဘာကြီးကိုပါ တုန်လှုပ်သွားစေတယ်။
ငါးလတိတိ။ ငါးလတိတိ အစိုးရစစ်တပ်နဲ့ အကြမ်းဖက်သမားတွေ မြို့တွင်းတိုက်ပွဲ ဆင်နွှဲခဲ့ရတယ်။ သမိုင်းဝင် ဗလီတွေ၊ ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေ ပြာပုံအတိ ဖြစ်သွားတယ်။ လှပတဲ့ မာရာဝီမြို့လေးဟာ စစ်တလင်းပြင်ကြီး ဖြစ်သွားတယ်။ လူပေါင်း ရာနဲ့ချီ သေဆုံးပြီး သိန်းနဲ့ချီတဲ့ ပြည်သူတွေ ညတွင်းချင်း အိမ်ရာမဲ့ ဖြစ်ခဲ့ရတယ်။ ကလေးငယ်တွေရဲ့ ငိုကြွေးသံတွေ၊ မိသားစုဝင်တွေ ဆုံးရှုံးလိုက်ရလို့ ယူကျုံးမရဖြစ်နေတဲ့ မြင်ကွင်းတွေဟာ အကြမ်းဖက်ဝါဒက ပေးဆပ်လိုက်ရတဲ့ အခါးသီးဆုံး တန်ဖိုးပါပဲ။ သွေးနဲ့ ရေးတဲ့ သမိုင်းဆိုတာ ဒါမျိုးကို ခေါ်တာပါ။
ဒီတော့... ဒီလောက် ဆိုးရွားတဲ့ အကြမ်းဖက်ဝါဒကို ဖိလစ်ပိုင်အစိုးရ ဘယ်လို နိဂုံးချုပ်စေခဲ့သလဲ။ ဒါက အရေးအကြီးဆုံးသောအချက်ဖြစ်ပါတယ်
ဖိလစ်ပိုင်နိုင်ငံအစိုးရစစ်တပ်က အကြမ်းဖက်သမားတွေကို အပြတ်အသတ်တိုက်ခိုက်ခဲ့တယ် ။ မာရာဝီတိုက်ပွဲအဆုံးမှာ အကြမ်းဖက်ခေါင်းဆောင်တွေကို စစ်တပ်က အသေဖမ်းမိခဲ့တယ်။ မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် စစ်ရေးအရ နိုင်လိုက်ရုံနဲ့ အကြမ်းဖက်ဝါဒက တကယ်ပဲ အမြစ်ပြတ်သွားပြီလား။
ဒီနေရာမှာ ဖိလစ်ပိုင်အစိုးရဟာ သိပ်အရေးကြီးတဲ့ သင်ခန်းစာတစ်ခုကို ရခဲ့တယ်။ အဲဒါက ဘာလဲဆိုတော့ "မတရားမှုနဲ့ ဆင်းရဲမွဲတေမှုတွေ ရှိနေသရွေ့၊ ပြည်သူတွေရဲ့ နှလုံးသားထဲမှာ နာကြည်းမှုတွေ ရှိနေသရွေ့ အကြမ်းဖက်ဝါဒဆိုတာ အချိန်မရွေး ပြန်ရှင်သန်လာနိုင်တယ်" ဆိုတာပဲ။ ဒါကြောင့် စစ်ရေးနည်းလမ်းတစ်ခုတည်းကို မသုံးတော့ဘဲ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
၂၀၁၈၊ ၂၀၁၉ ခုနှစ်တွေမှာ သမိုင်းဝင် Bangsamoro (ဘန်ဆာမိုရို) အော်ဂဲနစ်ဥပဒေဆိုတာကို ပြဋ္ဌာန်းပေးခဲ့တယ်။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက မင်ဒါနာအိုဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝပေးလိုက်တယ်။
သူပုန်အဖွဲ့အားလံုးကို လက်နက်ဖြုတ်သိမ်းပြီး
အကြီးဆုံး လက်နက်ကိုင်အဖွဲ့ကြီးဖြစ်တဲ့ MILF ခေါင်းဆောင်တွေကို အစိုးရအဖွဲ့ထဲ ထည့်ပြီး သူတို့ဒေသကို သူတို့ကိုယ်တိုင် ဖွံ့ဖြိုးအောင် လုပ်ခိုင်းလိုက်တယ်။
စဉ်းစားကြည့်ပါဗျာ... တောထဲမှာ ဆယ်စုနှစ်ပေါင်းများစွာ သေနတ်ကိုင်လာခဲ့တဲ့ သူတွေကို စားပွဲဝိုင်းမှာ ခဲတံနဲ့ အုပ်ချုပ်ရေးယန္တရားတွေ ကိုင်ခိုင်းလိုက်တာ။
လူငယ်တွေကို သေနတ်အစား ပညာသင်ခွင့်နဲ့ အလုပ်အကိုင်တွေ ပေးလိုက်တာ။ အဲဒီအခါမှာ ဘာဖြစ်လာသလဲ။ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့တဲ့ အကြမ်းဖက်မှု သံသရာကြီးဟာ တဖြည်းဖြည်း ရပ်တန့်သွားခဲ့ရတယ်။ စစ်တပ်နဲ့ သူပုန်ကြားက တိုက်ပွဲတွေ ရပ်သွားတယ်။ ယုံကြည်မှု တည်ဆောက်ခြင်း၊ ကိုယ်ချင်းစာတရားနဲ့ နိုင်ငံရေးအရ အဖြေရှာခြင်းကသာ ဒီသွေးထွက်သံယိုမှုတွေကို တကယ်တမ်း နိဂုံးချုပ်စေခဲ့တာပါ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ ပါးစပ်ကနေ ငြိမ်းချမ်းရေးစကားပြောပြီး လက်နက်ချခိုင်းရုံနဲ့ မရဘူး၊ ဘယ်တော့မှ မတော်လှန်ရဲ မပုန်ကန်ရဲလောက်အောင် ပြတ်ပြတ်သားသား ခြေမှုန်းပစ်မှပဲ တရားဥပဒေစိူးမိုးတဲ့ တည်ငြိမ်မှုဆိုတာ ရရှိလာမှာ ဖြစ်ပါတယ်
ဒီနေရာမှာ မိတ်ဆွေတို့ကို ကျွန်တော် မေးခွန်းတစ်ခု မေးချင်တယ်။
အကြမ်းဖက်ဝါဒဆိုတာ လူတစ်ယောက်ကို သတ်လိုက်ရုံနဲ့ သေသွားမယ့် အရာလား။
ဒါမှမဟုတ်... အဲဒီဝါဒကို မွေးဖွားပေးနေတဲ့ အခြေခံအကြောင်းရင်းဖြစ်တဲ့ အမုန်တရားတွေ၊ ပါတီစွဲ ပုဂ္ဂိုလ်စွဲ နဲ့ လူမျိုးစွဲ ဒေသစွဲတွေကို အမြစ်ပြတ် ရှင်းလင်းပစ်မှသာ အမှန်တကယ် ပျောက်ကွယ်သွားမယ့် အရာလား။
သေနတ်ကျည်ဆန်တွေဟာ အကြမ်းဖက်သမားတစ်ယောက်ရဲ့ အသက်ကို နှုတ်ယူနိုင်ပါတယ်။
ဒါပေမယ့် အကြမ်းဖက်ဝါဒဆိုတဲ့ 'အတွေးအခေါ်' ကိုတော့ ကျည်ဆန်နဲ့ ပစ်သတ်လို့မရပါဘူး။ တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ လူသားချင်း စာနာထောက်ထားမှုကသာ အဲဒီအစွန်းရောက် အတွေးအခေါ်တွေကို အမြစ်ပြတ် ချေမှုန်းနိုင်တာပါ။
ဒီအချက်ကို ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပြန်ယှဉ်ကြည့်ရင်လည်း ပိုပြီး ထင်ရှားပါတယ်ဗျ။ ဘယ်လိုပဲ အကြောင်းပြချက် ပေးပါစေ... အပြစ်မဲ့ တဲ့ နိူင်ငံဝန်ထမ်းတွေကို ပစ်မှတ်ထားတာ၊ ရဟန်းသံဃာနဲ့ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာ လမ်းတံတားတွေနဲ့ ပြည်သူပိုင် အဆောက်အအုံတွေကို ဖျက်ဆီးတာ၊ အကြမ်းဖက် နည်းလမ်းတွေကို အသုံးပြုတာဟာ ဘယ်သောအခါမှ မမှန်ကန်နိုင်ပါဘူး။
အကြမ်းဖက်မှုဆိုတာ ဘယ်လို တော်လှန်ရေးခေါင်းစဉ်တပ်တပ် အကြမ်းဖက်မှုပါပဲ။ ဒီလို အကြမ်းဖက် လုပ်ရပ်တွေကြောင့် တကယ်တမ်း ထိခိုက်နစ်နာရတာက သာမန် ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ နိုင်ငံရဲ့ တည်ငြိမ်မှုပဲ ဖြစ်ပါတယ်။
နိူင်ငံရေးပြဿနာကို
အကြမ်းဖက် နည်းလမ်းနဲ့ အဖြေရှာဖို့ ကြိုးစားလေလေ... နိုင်ငံနဲ့ ပြည်သူတွေအတွက် ဆုံးရှုံးမှုတွေ ပိုကြီးမားလာလေလေပဲ ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ နိုင်ငံမှာ အကြမ်းဖက်မှု သံသရာကို တကယ် အဆုံးသတ်ချင်တယ်ဆိုရင် အစွန်းရောက် တော်လှန်ပုန်ကန်ဝါဒတွေနဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ပြည်သူအားလူံးက အပြတ်အသတ် ငြင်းပယ်ဖို့ ဆန့်ကျင်ကြဖို့ လိုအပ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးကို ခိုင်မာအောင် တည်ဆောက်ပြီး လက်နက်ကိုင် ပဋိပက္ခတွေကို စွန့်လွှတ်မှသာ စစ်မှန်တဲ့ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည် ရရှိနိုင်မှာ ဖြစ်ပါတယ် ။ အကြမ်းဖက်မှုကို တော်လှန်ရေး နည်းလမ်းတစ်ခုအဖြစ် အသုံးပြုနေကြသရွေ့တော့ ဘယ်သူမှ အေးချမ်းစွာ နေထိုင်နိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့အားလုံး သတိပြုမိဖို့ လိုပါတယ်ဗျ။
ကျွန်တော်တို့ ပတ်ဝန်းကျင်၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာရော... ဒီလိုမျိုး အစွန်းရောက်ဝါဒတွေ၊ အမုန်းတရားတွေ ပေါ်ထွက်မလာအောင် ကျွန်တော်တို့ ဘယ်လို တားဆီးကြမလဲ။
သဘောထားကွဲလွဲမှုတွေကို လက်နက်နဲ့ ဖြေရှင်းမယ့်အစား စားပွဲဝိုင်းမှာ ဘယ်လို အဖြေရှာကြမလဲ။
ဒါဟာ ဒီနေ့ ဗီဒီယိုကို ကြည့်ပြီးသွားတဲ့အခါ မိတ်ဆွေတို့ရင်ထဲမှာ ဆက်ပြီး တွေးတောနေမိမယ့် အရာတစ်ခု ဖြစ်ပါလိမ့်မယ်။
ကျွန်တော်တို့ အားလုံးရဲ့ ရင်ထဲမှာ ဒီမေးခွန်းလေးတစ်ခု ကျန်ရစ်ခဲ့မယ်ဆိုရင်ပဲ ဒီနေ့ ကျွန်တော် ပြောရတဲ့ ရည်ရွယ်ချက် ပြည့်ဝပါပြီ။
အချိန်ပေးပြီး နားထောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကျနော် ထပ်ပြီး ပြောနေဖို့၊ ဆက်လုပ်နေဖို့အတွက် မိတ်ေဆွတို့ရဲ့ တွန်းအားတွေ အမြဲလိုအပ်နေတယ်လို့ အဆုံးသတ်မှာ ပြောချင်ပါတယ်။ နောက်ထပ် ဗီဒီယိုတွေမှာ ပိုပြီး လေးနက်တဲ့ အကြောင်းအရာတွေနဲ့ ပြန်ဆုံကြပါမယ်။ အားလုံးပဲ
ငြိမ်းချမ်းသော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေဗျာ။

No comments:
Post a Comment