စစ်ကိုခေါ်ရင် စစ်လာမယ် (သို့မဟုတ်) ငြိမ်းချမ်းရေးကို ကျောခိုင်းသူများအား တုံ့ပြန်ခြင်း
မင်္ဂလာပါ မိတ်ဆွေတို့။
ဒီနေ့ ကျွန်တော့်အနေနဲ့ ဒီနေ့ပြောမယ့် စကားတွေဟာ နားထောင်ရတာ နည်းနည်းတော့ ခါးသက်ကောင်း ခါးသက်နေပါလိမ့်မယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ အနာဂတ်အတွက် မဖြစ်မနေ ပြောကိုပြောရမယ့် အမှန်တရားတွေ ဖြစ်နေလို့ပါ။
မိတ်ဆွေတို့ စဉ်းစားကြည့်ပါ။ "ငြိမ်းချမ်းရေး" ဆိုတဲ့ စကားလုံးကို မကြိုက်တဲ့သူ ဘယ်သူရှိမလဲ။ လူတိုင်းက ကိုယ့်အိမ်လေးမှာ အေးအေးချမ်းချမ်း နေချင်ကြတာချည်းပါပဲ။ ဒါပေမယ့် လက်တွေ့မှာရော... တိုင်းပြည်မှာ ငြိမ်းချမ်းရေးရဖို့အတွက် စားပွဲဝိုင်းကို ခေါ်တယ်။ ဆွေးနွေးဖို့ ကမ်းလှမ်းတယ်။ အဲ့ဒီလို ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖွင့်ပေးထားရက်သားနဲ့ အဲ့ဒီဖိတ်ခေါ်ချက်ကို ကျောခိုင်းပြီး တောခိုသွားတဲ့၊ သေနတ်ကိုင်ပြီး သူပုန်ထဖို့ ရွေးချယ်သွားတဲ့ လူမျိုးစုလက်နက်ကိုင်တွေ၊ အကြမ်းဖက်အဖွဲ့အစည်းတွေကို ကျွန်တော်တို့ ဘယ်လိုသဘောထားရမလဲ။
ဒီနေရာမှာ ကျွန်တော်တို့ အထူးသတိထားရမယ့် အချက်တစ်ခု ရှိတယ်ဗျ။ အဲဒါကတော့ စကားလုံးတွေနဲ့ သွေးခွဲခံနေရတဲ့ ကိစ္စပါပဲ။ တချို့က "ပြည်သူ" ဆိုတဲ့ စကားလုံး၊ "စစ်အာဏာရှင်" ဆိုတဲ့ စကားလုံးတွေကို လက်နက်သဖွယ် အသုံးချပြီး ကျွန်တော်တို့အချင်းချင်းကြားမှာ အမုန်းတရားတွေ ကြီးထွားအောင်၊ မလိုအပ်တဲ့ စစ်ပွဲတွေ၊ တိုက်ပွဲတွေ ပိုဖြစ်လာအောင် သွေးထိုးလှုံ့ဆော်နေကြတယ်။ တကယ်တော့ ဒီလို နိုင်ငံရေး ဝေါဟာရတွေကို ခုတုံးလုပ်ပြီး ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအချင်းချင်း သေကြကျေကြအောင်၊ အသိုက်အမြုံတွေ ပျက်စီးသွားအောင် အဲ့ဒီလိုမျိုး လုံးဝ သွေးမခွဲသင့်တော့ပါဘူး။ လှပတဲ့ စကားလုံးတွေ၊ ဆွဲဆောင်မှုရှိတဲ့ ကြွေးကြော်သံတွေရဲ့ နောက်ကွယ်ကနေ တိုင်းပြည်ကို ချောက်ထဲတွန်းပို့နေတဲ့ ရက်စက်တဲ့ နိုင်ငံရေး ကစားကွက်တွေကို ကျွန်တော်တို့အနေနဲ့ စိတ်ခံစားမှုမပါဘဲ တည်တည်ငြိမ်ငြိမ်နဲ့ သတိရှိရှိသိမြင်တတ်ဖို့ အရမ်းကို အရေးကြီးနေပါပြီ။
ဒီနေရာမှာ ပြောချင်တာတစ်ခုက
သဘာဝတရားမှာ ရိုးရှင်းတဲ့ နိယာမတစ်ခု ရှိပါတယ်အဲ့ဒါက "စစ်ကို ဖိတ်ခေါ်ရင် စစ်ရောက်လာမှာပဲ" ဆိုတာပါပဲ။
သူတို့ဟာ ဆွေးနွေးပွဲကို ငြင်းပယ်ပြီး လက်နက်ကိုင်လမ်းစဉ်ကို ရွေးလိုက်ပြီဆိုကတည်းက တိုင်းပြည်ရဲ့ တည်ငြိမ်ရေးကို ဖျက်ဆီးဖို့၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို စစ်ပွဲတွေ တိုက်ပွဲတွေထဲကို ဆွဲချဖို့ တွန်းပို့ဖို့ ဆုံးဖြတ်လိုက်တာနဲ့ အတူတူပါပဲ။ ဒီလိုမျိုး ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်တွင်းရေးကို တမင်သက်သက် ဖျက်ဆီးနေတဲ့ အဖွဲ့အစည်းတွေကို ကျွန်တော်တို့က ဆက်ပြီး NCAနဲ့လာခဲ့ပါ ပင်လုံညီလာခံနဲ့လာခဲ့ပါဆိုပြီး ခြွေးသိပ်နေလို့ ရပါဦးမလား။ နိုင်ငံရေးအရ စစ်ရေးအရ အလျှော့ပေးနေလို့ ရဦးမလား။ လုံးဝ မရတော့ပါဘူး။ ဒီလို ပြည်တွင်းတည်ငြိမ်ရေးကို ခြိမ်းခြောက်နေတဲ့ လူမျိုးစုလက်နက်ကိုင် အကြမ်းဖက်သူပုန်တွေကို ပြတ်ပြတ်သားသားကို စစ်ရေးအရ ခြေမှုန်းပစ်ဖို့ အချိန်တန်နေပါပြီ။
ဒီနေရာမှာ ကျွန်တော် ကမ္ဘာ့သမိုင်းလေး နည်းနည်း ပြန်ကောက်ပြချင်တယ်။ နိုင်ငံတစ်နိုင်ငံ၊ အချုပ်အခြာအာဏာပိုင်တဲ့ တိုင်းပြည်တစ်ခု တည်ငြိမ်ဖို့ဆိုရင် အခြေခံအကျဆုံး စည်းမျဉ်းတစ်ခု ရှိပါတယ်။
အဲဒါကတော့ တိုင်းပြည်အတွင်းမှာ "တရားဝင် လက်နက်ကိုင်ဆောင်ခွင့်နဲ့ အင်အားသုံးခွင့်" ဟာ အုပ်ချုပ်တဲ့ နိူင်ငံတော် အစိုးရ တစ်ရပ်တည်းမှာပဲ ရှိရမယ်ဆိုတာပါပဲ။
အမေရိကန်ပြည်တွင်းစစ် (American Civil War) ကိုပဲ ကြည့်ကြည့်ပါ။ ခွဲထွက်ရေးကို ကြွေးကြော်ပြီး ပုန်ကန်လာတဲ့ တောင်ပိုင်းပြည်နယ်တွေကို သမ္မတ အေဘရာဟမ် လင်ကွန်း (Abraham Lincoln) က ငြိမ်းချမ်းရေး စကားတွေချည်းပဲ သွားပြောပြီး ထိုင်ကြည့်နေခဲ့တာ မဟုတ်ဘူးဗျ။ တိုင်းပြည်ပြိုကွဲမယ့် အန္တရာယ်ကို ကာကွယ်ဖို့၊ အမေရိကန်ပြည်ထောင်စုကြီး ကို ကာကွယ်ဖို့အတွက် ပြတ်ပြတ်သားသားကို စစ်တိုက်ခဲ့တာပါ။
သမိုင်းမှာ အသေအပျောက် အများဆုံး စစ်ပွဲကြီး ဆင်နွှဲပြီးတော့ကို ခြေမှုန်းခဲ့တာပါ။ ဘာဖြစ်လို့လဲ။ တိုင်းပြည်တစ်ခုမှာ အုပ်စုကွဲတွေက ကိုယ့်သဘောနဲ့ကိုယ် လက်နက်ကိုင်ပြီး ထင်ရာစိုင်းခွင့်၊ နိုင်ငံကို ဖြိုခွဲခွင့် လုံးဝမရှိလို့ပါပဲ။
အခုခေတ် ခေတ်မီ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံကြီးတွေကိုပဲ ကြည့်လိုက်ပါ။
အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် စတဲ့ နိုင်ငံတွေမှာ လက်နက်ကိုင်အဖွဲ့တစ်ခုက မြို့တစ်မြို့ကို ဝင်စီးမယ်၊ လမ်းတံတားတွေကို ချိုးဖျက်မယ်၊ သူတို့ သဘောမကျရင် မကျသလို အကြမ်းဖက်မယ်ဆိုရင် အဲ့ဒီဥေရာပနိုင်ငံက အစိုးရတွေက ငြိမ်းချမ်းရေး စားပွဲဝိုင်းခေါ်ပြီး ဆွေးနွေး ဖျောင်းဖျနေမယ် ထင်လား။ လုံးဝ မလုပ်ပါဘူး။
အမြစ်ပြတ်တဲ့အထိ ပြတ်ပြတ်သားသား တိုက်ထုတ် ရှင်းလင်းမှာပါပဲ။ ဒါဟာ နိုင်ငံတစ်နိုင်ငံရဲ့ တည်ရှိမှု (Survival of the State) အချုပ်အခြာအာဏာ အတွက် မလုပ်မဖြစ် လုပ်ရမယ့် တာဝန်ဖြစ်နေလို့ပါ။
အဲ့ဒီတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကို ပြန်ကြည့်ရအောင်။
နိုင်ငံရေးအရ အဖြေရှာဖို့ အခွင့်အရေးတွေ အများကြီး ပေးခဲ့တယ်။ ဒါပေမယ့် သူတို့က လက်မခံဘူး။ ဘာလို့လဲဆိုတော့ တချို့သော လူမျိုးစုလက်နက်ကိုင်တွေနဲ့ အကြမ်းဖက်အဖွဲ့တွေဟာ ငြိမ်းချမ်းရေးကို တကယ် မလိုချင်လို့ပါပဲ။
သူတို့လိုချင်တာက ကိုယ်ပိုင်အာဏာ၊ ကိုယ်ပိုင်နယ်မြေနဲ့ မူးယစ်ရာဇာ ရာဇဝတ်ဂိုဏ်းတွေ လို နေချင်တဲ့ စိတ်ဓာတ်တွေပါ။ အဲ့ဒီအတွက် သူတို့က "စစ်ပွဲ" ကို ရွေးတယ်။ သူတို့ စစ်ပွဲေတွ တိုက်ပွဲေတွကို ဖော်ဆောင်တဲ့အတွက် အခု ပြည်တွင်းမှာ တိုက်ပွဲတွေ စစ်ပွဲတွေကြောင့် နိူင်ငံအနှံအပြား စစ်မီးတွေ တောက်လောင်လာပြီ။
ဒီနေရာမှာ အထိနာဆုံးက ဘယ်သူတွေလဲ။ အေးအေးချမ်းချမ်း နေချင်တဲ့၊ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ချင်တဲ့ အခြေခံပြည်သူတွေပဲ ဖြစ်ပါတယ်။
ကလေးတွေ ကျောင်းမတက်ရဘူး။ လမ်းပန်းဆက်သွယ်ရေးတွေ ပျက်စီးတယ်။ကုန်ဈေးနူန်းတွေတက် အခြေခံစားသောက်ကုန်တွေပြတ်လပ် ။ အိုး အိမ်တွေ ပြာကျတယ်။
ဒါတွေအားလုံးရဲ့ မူလလက်သည်တရားခံဟာ ငြိမ်းချမ်းရေးကို ကျောခိုင်းပြီး တောခိုသူပုန်ထ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တဲ့ သူပုန်တွေ၊ အကြမ်းဖက်သမားတွေပဲ ဖြစ်ပါတယ်။
ဒီလို လူမျိုးစု လက်နက်ကိုင်သောင်းကျန်းသူတွေကို ကျွန်တော်တို့ မြန်မာတပ်မတော်က သနားညှာတာနေဖို့ လိုအပ်ပါသေးသလား။
"စစ်ကို ခေါ်ရင် စစ်လာမယ်" ဆိုတာ ဒါပါပဲ။ သူတို့က တိုင်းပြည်ကို လက်နက်နဲ့ စိန်ခေါ်လာရင်တော့ တိုင်းပြည်ကို ကာကွယ်ရမယ့် တာဝန်ရှိသူတွေ ဘက်ကလည်း စစ်ရေးအရ အပြတ်အသတ် ချေမှုန်းရတော့မှာပါ။
ဒါဟာ ရက်စက်တာ မဟုတ်ဘူး မိတ်ဆွေတို့။ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ဖို့၊ ရေရှည်တည်ငြိမ်ဖို့အတွက် မလွှဲမရှောင်သာ လုပ်ရမယ့် 'ခွဲစိတ်ကုသမှု' တစ်ခုပါပဲ။
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ကင်ဆာဆဲလ် (Cancer Cell) တစ်ခု တွေ့ပြီဆိုပါစို့။ ဆရာဝန်က အဲ့ဒီ ကင်ဆာဆဲလ်ကို ချော့သိပ်ပြီး စားဆေးထိုးဆေး ပေးနေလို့ မေပျာက်ကင်းပါဘူး။
ခန္ဓာကိုယ်တစ်ခုလုံးကို ဒုက္ခမပေးခင်၊ တခြားနေရာတွေကို မကူးစက်ခင် ပြတ်ပြတ်သားသားကို ဖြတ်ထုတ်ပစ်ရတာပဲ။ အခု ကျွန်တော်တို့ တိုင်းပြည်မှာ ရှိနေတဲ့ အကြမ်းဖက်လက်နက်ကိုင်တွေဆိုတာ တိုင်းပြည်ရဲ့ ခန္ဓာကိုယ်မှာ စွဲကပ်နေတဲ့ ကင်ဆာဆဲလ်တွေပါပဲ။ အမြစ်ပြတ်အောင် မချေမှုန်းဘဲ ဒီအတိုင်း ဆက်ပြီး ညှိနှိုင်းနေမယ်၊ လွှတ်ထားပေးမယ် ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံဟာ ဘယ်တော့မှ နာလန်ထူနိုင်တော့မှာ မဟုတ်ပါဘူး။
အရင်က နယ်စပ်ဒေမှာပဲ ဖြစ်တဲ့ တိုက်ပွဲတွေက အခုဆိုရင် အညာဒေသထိ ကူးစက်လာခဲ့ပါပြီ ။
တစ်ခါတစ်လေကျရင် ကျွန်တော်တို့တွေက "လူ့အခွင့်အရေး"၊ "ဒီမိုကရေစီ" စတဲ့ လှပတဲ့ စကားလုံးတွေရဲ့ နောက်ကွယ်မှာ အမှန်တရားကို မေ့လျော့နေတတ်ကြတယ်။ တကယ်တော့ လက်နက်အားကိုးနဲ့ အနိုင်ကျင့်ပြီး လမ်းတံတားတွေ ဖျက်ဆီးတာ၊ အပြစ်မဲ့ ပြည်သူတွေကို ဒုက္ခပေးနေတာဟာ ဘယ်လိုဒီမိုကေရစီမှ မရှိပါဘူး။ လူ့အခွင့်အရေး ဆို ဝေလာဝေးပေါ့ ။
သူတို့က စစ်ကို လိုချင်တယ် ငြိမ်းချမါးေရးကုိ မလိုချင်ကြဘူး ။ အဲ့ဒီတော့ သူတို့ လိုချင်တဲ့ စစ်ကို သူတို့ဆီ ပြန်ပေးရပါမယ်။
မြန်မာ့တပ်မတော်အနေနဲ့
သက်ညှာမှု မရှိဘဲ ပြတ်ပြတ်သားသားကို တိုက်ထုတ်ပစ်ရပါမယ်။ ဒါမှသာ နောက်နောင် ဘယ်သူမှ လက်နက်ကိုင်ပြီး နိုင်ငံေတာ်ကို ပုန်ကန်ရဲတဲ့ အကျင့်ဆိုးကြီး ပပျောက်သွားမှာပါ။
မိတ်ဆွေတို့ကို ဒီနေရာမှာ ကျွန်တော် မေးခွန်းတစ်ခု မေးခဲ့ချင်တယ်။ သေသေချာချာလေး စဉ်းစားကြည့်ပေးပါ။
ကိုယ့်တိုင်းပြည်၊ ကိုယ့်အိမ်ကို မီးလာရှို့တဲ့သူကို ရေတစ်ခွက်ပေးပြီး ဧည့်ခံမလား... ဒါမှမဟုတ် ကိုယ့်အိမ်၊ ကိုယ့်မိသားစုကို ကာကွယ်ဖို့အတွက် ပြတ်ပြတ်သားသား တုံ့ပြန်ကြမလား။
ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်ဟာ အခု ကျွန်တော်တို့ ရွေးချယ်မယ့် အမြင်နဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ အများကြီး မူတည်နေပါတယ်။
ကျွန်တော်တို့ မျိုးဆက်မှာ ဒီလို တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ လက်နက်ကိုင် သူပုန်ထမှုဆိုတဲ့ ပြဿနာကို ပြတ်ပြတ်သားသား အဆုံးမသတ်နိုင်ခဲ့ရင်... ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်တွေဟာလည်း အမြဲတမ်း ကြောက်လန့်နေရတဲ့၊ စစ်ပွဲတွေကြားမှာ ပိတ်မိနေတဲ့ နိုင်ငံပျက်ကြီးကိုပဲ အမွေရသွားပါလိမ့်မယ်။
ငြိမ်းချမ်းရေး
ဆွေးနွေးပွဲကို ကျောခိုင်းသူတိုင်း၊ ငြိမ်းချမ်းရေးကို ဖျက်ဆီးသူတိုင်းဟာ တိုင်းပြည်နဲ့နိူင်ငံေတာ်ရဲ့ ရန်သူပါပဲ။
ပြည်တွင်းတည်ငြိမ်ရေးကို ခြိမ်းခြောက်သူတိုင်းဟာ ပြည်သူ့ရန်သူပါပဲ။ ဒါကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသား မြင်ဖို့ လိုနေပါပြီ။
ဒီနေ့ ကျွန်တော် ပြောသွားတဲ့ စကားတွေ၊ အချက်အလက်တွေကနေတစ်ဆင့် မိတ်ဆွေတို့ရဲ့ ရင်ထဲမှာ အတွေးတစ်ခုခု၊ မေးခွန်းတစ်ခုခု ကျန်ရစ်ခဲ့မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ တိုင်းပြည်ရဲ့ အမှန်တရားကို မျက်ကွယ်မပြုဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖို့ အချိန်တန်ပါပြီ။
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့... အခုလို ခေတ်ကာလမှာ အမှန်တရားကို ပွင့်ပွင့်လင်းလင်း ပြောေနဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ထပ်ပြီး ပြောနေဖို့၊ ဒီလို မှန်ကန်တဲ့ အသိအမြင်တွေကို ဆက်လက် မျှဝေနေဖို့အတွက် မိတ်ဆွေတို့ရဲ့ တွန်းအားတွေ အမြဲလိုအပ်နေတယ်လို့ အဆုံးသတ်မှာ ပြောချင်ပါတယ်။ အဆုံးထိ နားထောင်ပေးခဲ့တဲ့အတွက် အားလုံးကို
ကျေးဇူးတင်ပါတယ်။ အသိအမြင်သစ်တွေနဲ့ ရှေ့ဆက်နိုင်ကြပါစေ။

No comments:
Post a Comment