Saturday, 20 June 2026

  နိုင်ငံရေးဆိုတာ ဝေးလွန်းတဲ့အရာမဟုတ်ပါဘူး - ကျွန်တော်တို့ရဲ့ တည်ငြိမ်ရေးနဲ့ အနာဂတ်အကြောင်း



မင်္ဂလာပါ။ ဒီနေ့တော့ ကျွန်တော်တို့ ဒီခေတ်ကြီးထဲမှာ နိုင်ငံရေးဆိုတဲ့ စကားလုံးကြားလိုက်တာနဲ့တင် လူတော်တော်များများက စိတ်ညစ်သွားကြတယ်၊ ဒါမှမဟုတ် “ငါနဲ့မဆိုင်ပါဘူး၊ ငါ့အလုပ်ငါလုပ်ဖို့ပဲ အရေးကြီးတယ်” ဆိုပြီး ရှောင်ဖယ်သွားကြတာမျိုး ရှိတတ်ကြပါတယ်။ ကျွန်တော်လည်း အဲ့ဒီခံစားချက်ကို နားလည်ပါတယ်။


ဒါပေမဲ့ ကျွန်တော်တို့ ဒီနေ့ ဘာလို့ ဒီအကြောင်းကို ပြောဖြစ်တာလဲဆိုတော့... တကယ်တော့ ကျွန်တော်တို့ လ္ဘက်ရည်လေးသောက်ရင်း ပြောနေတဲ့ စကားဝိုင်းကအစ၊ မနက်ဖြန် ဘာစားမလဲဆိုတဲ့ အဆုံး၊ အားလုံးက နိုင်ငံရေးရဲ့ အစိတ်အပိုင်းတွေ ဖြစ်နေလို့ပါပဲ။


 အထူးသဖြင့် ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ ပြည်သူတွေ အားလုံး လိုချင်နေကြတဲ့ “ငြိမ်းချမ်းရေး” နဲ့ “တည်ငြိမ်မှု” ဆိုတာ ဘယ်ကစမလဲဆိုတာကို အတူတူ သုံးသပ်ကြည့်ချင်လို့ပါ။


ဒီနေ့ပြောမယ့် အကြောင်းအရာက စာအုပ်ကြီးတွေထဲကအတိုင်း မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ “နိုင်ငံရေးစနစ်” ဆိုတာ ဘာလဲ၊ ဘာလို့ ဒါဟာ ကျွန်တော်တို့ရဲ့ တည်ငြိမ်ရေးအတွက် အသက်သွေးကြောဖြစ်နေရတာလဲ ဆိုတာကို ရိုးရိုးရှင်းရှင်းလေး စကားပြောသွားမှာပါ။



 လူတွေက နိုင်ငံရေးလို့ ပြောလိုက်ရင် အာဏာ၊ ထိုင်ခုံ၊ ရာထူး၊ ဒါမှမဟုတ် နိုင်ငံခြားသတင်းတွေလို့ပဲ ထင်တတ်ကြတယ်။ တကယ်တော့ နိုင်ငံရေးဆိုတာ “အဖွဲ့အစည်းတစ်ခုကို ဘယ်လိုစီမံမလဲ” ဆိုတဲ့ အနုပညာတစ်ခုပါပဲ။


ဥပမာလေးတစ်ခု ပေးပါ့မယ်။ ခင်ဗျားတို့ အိမ်မှာ လူ ၅ ယောက်ရှိတယ်ဆိုပါစို့။ အိမ်မှာ ဘယ်သူက ဘာလုပ်မယ်၊ ဝင်ငွေ ဘယ်လောက်ရှိမယ်၊ ဘယ်အချိန်မှာ ထမင်းစားမယ်၊ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေရင် ဘယ်သူ့စကားနားထောင်ပြီး ဖြေရှင်းမလဲ - ဒီစီမံခန့်ခွဲမှုက အိမ်ရဲ့ နိုင်ငံရေးပါပဲ။


နိုင်ငံရေးစနစ်ဆိုတာလည်း အဲ့ဒီအတိုင်းပါပဲ။ နိုင်ငံဆိုတဲ့ အိမ်ကြီးကို စီမံခန့်ခွဲတဲ့အခါ အဓိက စနစ်ကြီး နှစ်ခုလောက် ရှိပါတယ်။

တစ်ခုကတော့ "လူတစ်စု ဒါမှမဟုတ် လူတစ်ယောက်တည်းက အကုန်လုံးကို ဆုံးဖြတ်တဲ့စနစ်" အ-‌ေသာ်-ရီ-တဲရီးယန်း-နိဇမ်"(Authoritarianism) ပေါ့။ ဒါမျိုးက မြန်မြန်ဆန်ဆန် ဆုံးဖြတ်နိုင်တယ်လို့ ထင်ရပေမဲ့၊ တကယ်တမ်းမှာတော့ အမှားလုပ်မိရင် ပြင်ဖို့ ခက်တယ်။ ဘာလို့လဲဆိုတော့ တိုင်ပင်ဖော် တိုင်ပင်ဘက် မရှိလို့ပါ။

နောက်တစ်ခုကတော့ "ကျွန်တော်တို့ အားလုံး ပါဝင်ပြီးမှ ဆုံးဖြတ်တဲ့စနစ်" (Democracy - ဒီမိုကရေစီ) ပေါ့။ ဒါကတော့ လူတိုင်းရဲ့ အသံကို နားထောင်တယ်။ ဘာလို့ ဒီစနစ်ကို ကမ္ဘာက အားသာချက်ရှိတယ်လို့ ပြောကြတာလဲဆိုတော့၊ အမှားလုပ်မိရင်တောင် ပြင်လို့ရတဲ့ အခွင့်အရေးရှိလို့ပါ။ အမှားလုပ်တဲ့သူကို လူတွေက “ဒါ မမှန်ဘူး” လို့ ပြောလို့ရတယ်။

ဒါပေမဲ့... ကျွန်တော်တို့ဆီမှာ ပြဿနာက ဘာလဲဆိုတော့၊ စနစ်တွေက ဘယ်လောက်ပဲ ကောင်းကောင်း၊ အဲ့ဒီစနစ်ကို သုံးတဲ့သူတွေရဲ့ စိတ်ဓာတ်၊ အဲ့ဒီစနစ်ကို နားလည်တဲ့ ပြည်သူတွေရဲ့ အသိပညာက ပိုအရေးကြီးနေတာပါ။



ကျွန်တော်တို့ အခု အလိုအပ်ဆုံးက “တည်ငြိမ်မှု” ပါ။ ငြိမ်းချမ်းရေးမရှိရင် စီးပွားရေးလုပ်လို့မရဘူး၊ ပညာသင်လို့မရဘူး၊ မိသားစုနဲ့ စိတ်ချလက်ချ နေလို့မရဘူး။ ဒါဆိုရင် တည်ငြိမ်မှုဆိုတာ ဘယ်လိုရလာမလဲ? သေနတ်နဲ့ ခြိမ်းခြောက်ထားမှ တည်ငြိမ်တာလား? မဟုတ်ပါဘူး။ အဲ့ဒါက အပြင်ပန်း တည်ငြိမ်သယောင်နဲ့ အတွင်းထဲမှာ ပေါက်ကွဲနေတဲ့ တည်ငြိမ်မှုမျိုးပါ။

တကယ့်တည်ငြိမ်မှုဆိုတာ “စည်းမျဉ်း (Rule of Law)” ပေါ်မှာ အခြေခံတာပါ။

စဉ်းစားကြည့်ရအောင်။ ကျွန်တော်တို့ လမ်းကူးရင် မီးပွိုင့်စောင့်ရတယ်။ ဘာလို့လဲ? ဘယ်သူကမှ ကားတိုက်မခံချင်လို့ပါ။ အဲ့ဒီ မီးပွိုင့်က စည်းမျဉ်းတစ်ခုပဲ။ လူတိုင်းက အဲ့ဒီစည်းမျဉ်းကို လိုက်နာရင် တည်ငြိမ်တယ်။ ဒါပေမဲ့ မီးပွိုင့်က အနီရောင်ပြနေတာကို ကိုယ်က အရေးကြီးတယ်ဆိုပြီး ထဖောက်ရင်... ဘာဖြစ်မလဲ? ယာဉ်တိုက်မှု ဖြစ်မယ်၊ ရုန်းရင်းဆန်ခတ် ဖြစ်မယ်။ တည်ငြိမ်မှု ပျက်သွားပြီ။

နိုင်ငံရေးမှာလည်း ဒီအတိုင်းပါပဲ။ ဥပဒေဆိုတာ လူအားလုံးအတွက် တန်းတူဖြစ်ရမယ်။ ဘယ်သူကမှ ဥပဒေထက် မကြီးမားရဘူး။ “သူက ငါ့လူ၊ သူက မင်းလူ” ဆိုတဲ့ ခွဲခြားဆက်ဆံမှုတွေ ရှိနေသရွေ့တော့ ဘယ်စနစ်နဲ့ပဲ အုပ်ချုပ်အုပ်ချုပ် တည်ငြိမ်မှုဆိုတာ ခဏလေးပဲ ခံပါလိမ့်မယ်။

ကျွန်တော်တို့ရဲ့ အဓိက အားနည်းချက်က အဲ့ဒီနေရာမှာပါ။ ကျွန်တော်တို့က စနစ်ကို အပြစ်တင်တတ်ကြပေမဲ့၊ ကိုယ်တိုင်က အဲ့ဒီစနစ်ရဲ့ အစိတ်အပိုင်းဖြစ်နေမှန်း မေ့နေတတ်ကြတယ်။



“ငါတစ်ယောက်တည်း နိုင်ငံရေးစိတ်ဝင်စားလို့ ဘာထူးမှာလဲ” လို့ မေးချင်ကြလိမ့်မယ်။

ကျွန်တော် ပြောချင်တာတစ်ခုရှိတယ်။ နိုင်ငံတစ်ခုရဲ့ အနာဂတ်ဟာ အဲ့ဒီနိုင်ငံမှာရှိတဲ့ လူတွေရဲ့ "အတွေးအခေါ်" ပေါ်မှာ မူတည်ပါတယ်။

နိုင်ငံရေး ရေချိန် နိမ့်ပါးနေတဲ့ ပြည်သူတွေ များလေလေ၊ အာဏာရှိတဲ့သူတွေက ကိုယ်ကျိုးအတွက် လုပ်ဖို့ ပိုလွယ်လေလေပါပဲ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ တည်ငြိမ်ရေးအတွက် အဓိက သော့ချက်က "အသိပညာ" ပါ။

သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရင် ဒါက ဘာကြောင့်ဖြစ်တာလဲ? ဘယ်သူ့အတွက် အကျိုးရှိတာလဲ? ဆိုတာကို ဝေဖန်ပိုင်းခြားတတ်ဖို့ လိုပါတယ်။ စိတ်ခံစားချက်နောက်ကိုပဲ လိုက်နေမယ်ဆိုရင် ကျွန်တော်တို့က အသုံးချခံတွေ ဖြစ်သွားနိုင်ပါတယ်။ တည်ငြိမ်မှုကို လိုချင်ရင် စိတ်ခံစားမှုထက် "အချက်အလက် (data)" ကို ပိုဦးစားပေးရပါမယ်။

ဒါကို ပြောတဲ့အခါ ပညာတတ်ကြီး ဖြစ်ဖို့ မလိုပါဘူး။ ကိုယ့်ရဲ့ ဘေးပတ်ဝန်းကျင်၊ ကိုယ့်ရဲ့ လုပ်ငန်းခွင်၊ ကိုယ့်ရဲ့ ရပ်ကွက်ထဲမှာ ဖြစ်ပျက်နေတာတွေကို သတိထားကြည့်ပါ။ တရားမျှတမှုကို တန်ဖိုးထားပါ။ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူပေမဲ့ စကားပြောဆိုတဲ့ ယဉ်ကျေးမှုကို တည်ဆောက်ပါ။ ဒါဟာ နိုင်ငံရေး စနစ်ထက် ပိုအရေးကြီးတဲ့ "လူမှုရေး တည်ငြိမ်မှု" ပါ။

ခင်ဗျားတို့ရဲ့ စိတ်ထဲမှာရှိတဲ့ အငြိုးအတေးတွေ၊ အမုန်းတရားတွေနဲ့ ပုန်ကန်နေတဲ့ စိတ်ခံစားချက်တွေကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီနေ့ ပြောနေတာက “ဘယ်လို တည်ငြိမ်မှုမျိုးကို ပိုင်ဆိုင်ချင်သလဲ” ဆိုတဲ့ အနာဂတ်အကြောင်းပါ။



အခု ကျွန်တော် ပြောချင်တာက နည်းနည်းတော့ ထိရှလွယ်တဲ့ အကြောင်းအရာပါ။ ဒါပေမဲ့ ပြောပြမှ ဖြစ်တော့မှာမို့လို့ပါ။ ကျွန်တော်တို့ဆီမှာ အခုတလော နိုင်ငံရေးဆိုရင် “တော်လှန်ရေး = Revolution” နဲ့ “ပုန်ကန်ခြင်း = Rebellion ” ဆိုတာကိုပဲ ပြေးမြင်နေကြတယ်။ 

ဟုတ်ပါတယ်... ကိုယ်မကြိုက်တဲ့အရာကို တွန်းလှန်တာ၊ ဆန့်ကျင်တာဟာ လူ့သဘာဝပါပဲ။ ဒါပေမဲ့ အမုန်းတရားတစ်ခုတည်းနဲ့ တည်ဆောက်တဲ့ နိုင်ငံရေးလမ်းကြောင်းဟာ တကယ့်ကို အန္တရာယ်များပါတယ်။

ကျွန်တော်တို့ကို မေးကြည့်ပါဦး။ အမုန်းတရားက ကျွန်တော်တို့ကို ဘာပေးလိုက်သလဲ? စိတ်ပင်ပန်းမှု၊ ဒေါသ၊ ပြီးတော့ အချိန်တွေပဲ ကုန်သွားတာပါ။ အမုန်းတရားနဲ့ ပုန်ကန်တာဟာ မီးကို မီးနဲ့ ငြိမ်းသလိုပါပဲ။ နောက်ဆုံးမှာ ဘာမှ မကျန်ခဲ့ဘဲ ပြာပဲ ကျန်ခဲ့တတ်ပါတယ်။

ကျွန်တော်တို့ တစ်ချက်လောက် စဉ်းစားကြည့်ရအောင်။ ကျွန်တော်တို့ တကယ် လိုချင်တာက “အနိုင်ရဖို့” လား၊ ဒါမှမဟုတ် “ငြိမ်းချမ်းပြီး တည်ငြိမ်‌ေအးချမ်းတဲ့ နိုင်ငံ ဖြစ်ဖို့” လား။

ဒါမှမဟုတ် တစ်ခုခုကို ဖြိုချဖို့လား ဖျက်ဆီးဖို့အတွက်လား ။ 

အကယ်၍ ကျွန်တော်တို့က တဖက်ကို အမုန်းတရားနဲ့ပဲ တိုက်ခိုက်နေမယ်ဆိုရင်၊ တစ်နေ့ကျရင် ကိုယ်တိုင်လည်း အဲ့ဒီအမုန်းတရားရဲ့ အကျဉ်းသား ဖြစ်သွားနိုင်ပါတယ်။ အမုန်းတရားနဲ့ တည်ဆောက်တဲ့ အိမ်ဟာ ဘယ်တော့မှ ခိုင်ခံ့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပုန်ကန်ခြင်း၊ ဖျက်ဆီးခြင်းထက် ပိုအရေးကြီးတဲ့ လမ်းကြောင်းတစ်ခုကို ကျွန်တော်တို့ ရှာဖို့ လိုနေပါပြီ။ အဲ့ဒါကတော့ “တိုင်းပြုပြည်ပြု” ဆိုတဲ့ တိုင်းပြည်တည်ဆောက်ရေး လမ်းကြောင်းပါပဲ။



ဒါဆို တိုင်းပြုပြည်ပြု နိုင်ငံရေးဆိုတာ ဘာလဲ? နိုင်ငံရေးဆိုတာ လမ်းမပေါ်မှာ အော်ဟစ်နေတာ၊ သို့မဟုတ် တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်နေတာ သက်သက်မဟုတ်ပါဘူး။

ဦးမင်းအောင်လှိုင်ကို ထိုင်ဆဲနေတာ နိူင်ငံရေးမဟုတ်ပါဘူး ၊ ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လူထုအပေါ်ချနင်းချတာတွေ ပြည်သူကို လမ်းမှားရောက်အောင် တွန်းပို့ခဲ့တာတွေ အပြစ်ပြောနေတာတွေကလည်း နိူင်ငံရေးမဟုတ်ပါဘူး ။


တိုင်းပြုပြည်ပြု နိုင်ငံရေးဆိုတာ “ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပြီး နိုင်ငံအတွက် လက်တွေ့ အလုပ်လုပ်ပြဖို့” ပါ။ ဥပမာတစ်ခု ပြောပြမယ်။ ခင်ဗျားတို့ ရပ်ကွက်ထဲမှာ အမှိုက်တွေ ရှုပ်နေတယ်ဆိုပါစို့။ အစိုးရကိုပဲ ထိုင်စောင့်နေမလား? သို့မဟုတ် အမုန်းတရားနဲ့ အစိုးရကိုပဲ ထိုင်ဆဲနေမလား? ဒါဟာ အမုန်းတရားနဲ့ ပုန်ကန်တဲ့ပုံစံပါ။


ဒါပေမဲ့ တိုင်းပြုပြည်ပြုတဲ့သူကတော့... “ဒီအမှိုက်တွေကို ဘယ်လိုရှင်းမလဲ၊ ရပ်ကွက်ထဲမှာ စည်းကမ်းရှိရှိနဲ့ ဘယ်လိုနေမလဲ” ဆိုတာကို ကိုယ်တိုင်ဦးဆောင်ပြီး လုပ်ပြတယ်။ ဒါဟာ သေးငယ်တဲ့ ရပ်ကွက် နိုင်ငံရေးပါပဲ။ ဒါပေမဲ့ အဲ့ဒီလို လူငယ်တွေ၊ လူလတ်ပိုင်းတွေက ကိုယ့်အလုပ်ကိုယ်ကျွမ်းကျင်အောင်၊ ကိုယ့်ပညာရပ်မှာ ထူးချွန်အောင် ကြိုးစားပြီး အပြန်အလှန် လေးစားမှုရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်သွားမယ်ဆိုရင်... အဲ့ဒါကပဲ တကယ့် အနာဂတ်နိုင်ငံရေးရဲ့ အခြေခံအုတ်မြစ် ဖြစ်လာမှာပါ။


အချင်းချင်းကြားထဲ အမုန်းပွားလာအောင် ဟိုလူအပြစ်တင် ဒီလူအပြစ်ပြောနဲ့ လုပ်နေတဲ့ နိူင်ငံရေးကတော့ အောက်တန်းစားနိူင်ငံရေးပါပဲ ။ 


နိုင်ငံရေးဆိုတာ အထက်ကလူတွေ စီမံတာကိုပဲ ထိုင်စောင့်နေရမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်သူတွေ ကိုယ်တိုင်က ကိုယ့်ဘဝ၊ ကိုယ့်အလုပ်၊ ကိုယ့်အသိပညာနဲ့ ကိုယ်နိုင်ငံကို ကိုယ်ကိုတိုင် တည်ဆောက်နေရတာပါ။


ကျနော်တို့ မြန်မာပြည်က ပညာတတ် လူငယ်လူရွယ်တွေအနေနဲ့ 

“တော်လှန်ခြင်း” ကနေ “တည်ဆောက်ခြင်း” ဘက်ကို ကူးပြောင်းဖို့ အချိန်တန်ပါပြီ။ ဒါဟာ ဘယ်သူအတွက်မှမဟုတ်ပါဘူး ကျနော်တို့တိုင်းပြည်အတွက် ကျနော်တို့ရဲ့ နိူင်ငံအတွက်ဖြစ်ပါတယ် ။ ကျွန်တော်တို့ရဲ့ ခွန်အားတွေကို အမုန်းတရားနဲ့ လောင်ကျွမ်းပစ်‌ေနကြမယ့်အစား၊ ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ့် အသိပညာ၊ အတတ်ပညာ၊ စီးပွားရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံကြရအောင်။ ဒါမှသာ ကျွန်တော်တို့ လိုချင်တဲ့ “တည်ငြိမ်မှု” ငြိမ်းချမ်းမှု နဲ့ အေးချမ်းသာယာသော လူမှု့အသိုက်အဝန်း ဆိုတာ ခိုင်ခိုင်မာမာ ရလာမှာပါ။




ကဲ... စကားတွေ အများကြီး ပြောမိသွားပါပြီ။


 ကျွန်တော်တို့ မြန်မာနိုင်ငံကြီးက သမိုင်းကြောင်းအရ အလှည့်အပြောင်းတွေ များခဲ့ပါတယ်။ ပမညတ ဖဆပလ ပထစ မဆလ နဝတ နအဖ ဒီမိုကရေစီခေတ် ဦးသိန်းစိန် ဒေါ်အောင်ဆန်းစုကြည် ဦးမင်းအောင်လှိုင် အစိုးရတွေ အဆက်ဆက်ပါပဲ ။ ဘာတွေပြောင်းလဲသွားလဲ ဘာမှပြောင်းလဲလာတာမရှိဘူး ။ ခေတ်အဆက်ဆက်မှာ သူပုန်သူကန် ကွန်မြုနစ်သောင်းကျန်းသူတွေ အလံဖြုအလံနီ တောခိုလက်နက်ကိုင်ကြတာတွေ လူမျိုးစု လက်နက်ကိုင်သောင်းကျန်းသူတွေ ခေတ်အဆက်ဆက် အဖျက်သမားတွေ အများကြီးပေါ်ခဲ့ပါတယ် ။ နောက်ဆုံးဘုရာဒကာကြီး ဦးနုတောင် လက်နက်ကိုင်တောခိုတာတွေ လုပ်ဆောင်ခဲ့သေးတာပဲ ။ ဒီလိုပဲ စစ်ပွဲတွေ တိုက်ပွဲတွေနဲ့ သေကြေပျက်ဆီးမှုတွေကိုပဲ မျိုးဆက်သစ်တွေကို အမွေပေးခဲ့ကြပါ ။ ဒါပေမဲ့ ကျွန်တော်တို့ ရှေ့ဆက်ဖို့ လိုပါတယ်။

ကျနော်တို့ရဲ့ နောက်ထပ်မျိုးဆက်တွေ ကျနော်တို့အားလုံးက ဂုဏ်သိက္ခာရှိရှိ နိူင်ငံရေးလုပ်ဆောင်တတ်အောင် အသိပညာတွေ အမွေပေးခဲ့ချင်ပါတယ် ။ 

ထစ်ကနဲ့ရှိ လက်နက်စွဲကိုင် တော်လှန်သူပုန် လုပ်နေကြတဲ့ ဒုတ်ဆွဲဓားဆွဲ လူမိုက်နိူင်ငံရေးကိုတော့ ကျနော်ခေတ်မှာပဲ အဆုံးသတ်ပေးကြဖို့ မျှော်လင့်ပါတယ်ဗျာ ။ 

ငြိမ်းချမ်းရေးဆိုတာ တစ်ယောက်တည်း လုပ်လို့မရပါဘူး။ အားလုံး ဝိုင်းလုပ်မှ ရတာပါ။ နိုင်ငံရေးစနစ်တွေကတော့ ပြောင်းလဲသွားနိုင်ပါတယ်။ 

ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူတွေကြားထဲက နားလည်မှု၊ စာနာမှုနဲ့ တရားမျှတမှုကို တန်ဖိုးထားတဲ့ စိတ်ဓာတ်ကတော့ ဘယ်စနစ်ထက်မဆို ပိုပြီး အသက်ဝင်နေသင့်ပါတယ်။

ဒီနေ့ကစပြီး နိုင်ငံရေးကို စိတ်ပျက်စရာအဖြစ် မမြင်ပါနဲ့။ နိုင်ငံရေးဆိုတာ ကျွန်တော်တို့ရဲ့ အနာဂတ်၊ ကျွန်တော်တို့ လူငယ်တွေရဲ့ အနာဂတ်ကို တည်ဆောက်နေတာလို့ပဲ သဘောထားပေးပါ။ 

အဓိကပြောချင်တာက လူငယ်လူရွယ်တိုင်း ဒီနေ့ကစပြီး 

ပိုပြီး စူးစမ်းပါ၊ ပိုပြီး ဆင်ခြင်ပါ၊ ပိုပြီး တည်ငြိမ်အောင် ကြိုးစားပါ။

ကျွန်တော်တို့ အားလုံး အတူတူ ကျနော်တို့ နိူင်ငံကို ငြိမ်းချမ်း‌ေရးရရှိအောင် တည်ဆောက်နိုင်မယ်ဆိုတာ ကျွန်တော် ယုံကြည် မျှော်လင့် ပါတယ်။ ဒီနေ့အတွက်တော့ ဒီလောက်နဲ့ပဲ နားခွင့်ပြုပါ မိတ်ဆွေတို့ 

နောက်တစ်ပတ်မှာလည်း ဒီထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့၊ ကျွန်တော်တို့ ဘဝနဲ့ နီးစပ်တဲ့ န်ူင်ငံရေး အကြောင်းအရာတွေနဲ့ ပြန်လာခဲ့ပါမယ်။ အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမ

ာခြင်းနဲ့ ပြည့်စုံကြပါစေ။

မင်္ဂလာရှိသော နေ့ရက်လေး ဖြစ်ပါစေခင်ဗျာ။

Friday, 19 June 2026

 ပုဂ္ဂိုလ်ဗဟိုပြုနိုင်ငံရေးပါတီ နှင့် လမ်းစဉ်ဗဟိုပြုနိုင်ငံရေးပါတီ



MT(VOM)


နိုင်ငံတစ်ခုရဲ့ ဒီမိုကရေစီစနစ် ရှင်သန်နိုးကြားဖို့ဆိုရင် နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍက အဓိကကျပါတယ်။ ကမ္ဘာ့နိုင်ငံရေးသမိုင်းကို ပြန်ကြည့်ရင် နိုင်ငံရေးပါတီတွေကို ဖွဲ့စည်းပုံနဲ့ ဦးတည်ချက်အပေါ် မူတည်ပြီး အဓိကအားဖြင့် ပုဂ္ဂိုလ်ဗဟိုပြုပါတီ (Personality-based Party) နဲ့ လမ်းစဉ်ဗဟိုပြုပါတီ (Ideology-based Party) ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။


ပုဂ္ဂိုလ်ဗဟိုပြုနိုင်ငံရေးပါတီ (Personality-based Party)


ဒီလိုပါတီမျိုးဟာ ထက်မြက်တဲ့၊ လူထုထောက်ခံမှု အပြည့်အဝရထားတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ သြဇာတိက္ကမ (Charisma) ပေါ်မှာပဲ လုံးလုံးလျားလျား အခြေခံ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပါတီရဲ့ မူဝါဒထက် ခေါင်းဆောင်ရဲ့ စကား၊ ခေါင်းဆောင်ရဲ့ လမ်းညွှန်ချက်ကပဲ အရာရာကို ဆုံးဖြတ်ပါတယ်။ အားသာချက်ကတော့ အရေးကြုံချိန်မှာ လူထုကို ချက်ချင်း စည်းရုံးလှုံ့ဆော်နိုင်စွမ်း မြင့်မားတာ ဖြစ်ပြီး၊ အားနည်းချက်ကတော့ အဲဒီခေါင်းဆောင် မရှိတော့ရင် ပါတီပါ ပြိုကွဲသွားတတ်တာပါပဲ။


လမ်းစဉ်ဗဟိုပြုနိုင်ငံရေးပါတီ (Ideology-based Party)


ဒီပါတီမျိုးကတော့ တစ်ဦးတစ်ယောက်ရဲ့ အရှိန်အဝါထက် ပါတီက ကိုင်စွဲထားတဲ့ ဝါဒ၊ မူဝါဒနဲ့ ရေရှည်ရည်မှန်းချက် (ဥပမာ- ဆိုရှယ်လစ်ဝါဒ ၊ကွန်မြူနစ်ဝါဒ ၊ လစ်ဘရယ်ဝါဒ၊ ကွန်ဆာဗေးတစ်ဝါဒ) အပေါ်မှာ အခြေခံပါတယ်။ ခေါင်းဆောင်တွေ ဘယ်လောက်ပဲ ပြောင်းပြောင်း ပါတီရဲ့ လမ်းစဉ်ကတော့ ဆက်ရှိနေတာမို့ ရေရှည်ခိုင်မာမှု ရှိပါတယ်။ ဥပမာအားဖြင့် အမေရိကန်က ဒီမိုကရက်တစ်ပါတီနဲ့ ရီပတ်ဘလစ်ကန်ပါတီ၊ ဗြိတိန်က ကွန်ဆာဗေးတစ်ပါတီနဲ့ လေဘာပါတီတို့ဟာ လမ်းစဉ်ဗဟိုပြုပါတီတွေ ဖြစ်ကြပါတယ်။


နိုင်ငံရေးပါတီတွေ ကမ္ဘာမှာ ဘယ်တုန်းက၊ ဘယ်မှာ စတင်ပေါ် ပေါက်လာသလဲ


 ခေတ်သစ်နိုင်ငံရေးပါတီတွေဟာ ၁၉ ရာစု အစောပိုင်းမှာ ဗြိတိန် (ယူကေ) နဲ့ အမေရိကန်ပြည်ထောင်စု တို့မှာ စတင် အမြစ်တွယ် ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ ၁၇ ရာစုနဲ့ ၁၈ ရာစု ဗြိတိန်ပါလီမန်ထဲမှာကတည်းက "ဝှစ်ဂ် (Whigs)" နဲ့ "တိုရီ (Tories)" ဆိုတဲ့ နိုင်ငံရေးအုပ်စုတွေ ရှိခဲ့ပေမဲ့ အဲဒီတုန်းကတော့ အခြေခံ လူတန်းစားတွေကို စည်းရုံးတဲ့ ပါတီပုံစံမျိုး မဟုတ်ဘဲ အထက်တန်းလွှာတွေရဲ့ အုပ်စုဖွဲ့မှုသာ ဖြစ်ခဲ့ပါတယ်။ ၁၈၃၂ ခုနှစ် ဗြိတိန်ရဲ့ ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲမှု (Reform Act 1832) နောက်ပိုင်း မဲပေးခွင့်ရှိသူတွေ ပိုများလာတဲ့အခါကျမှ လူထုကို စနစ်တကျ စည်းရုံးလှုံ့ဆော်တဲ့ ခေတ်သစ်နိုင်ငံရေးပါတီတွေအဖြစ် ဗြိတိန်ရဲ့ ကွန်ဆာဗေးတစ်ပါတီနဲ့ လစ်ဘရယ်ပါတီတွေ ပီပီပြင်ပြင် ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။



နိုင်ငံတကာ နိုင်ငံရေးပါတီများ သမိုင်းအကျဉ်း


နိုင်ငံရေးပါတီတွေရဲ့ သမိုင်းကြောင်းဟာ ဒီမိုကရေစီ စနစ်တိုးတက်ပြောင်းလဲလာမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။


အမေရိကန် စနစ် 


အမေရိကန်မှာ လွတ်လပ်ရေးရပြီးနောက် ဖက်ဒရယ်စနစ်ကို လိုလားသူတွေနဲ့ ပြည်နယ်အာဏာကို ပိုလိုလားသူတွေကြား အခြေအတင်ဖြစ်ရာကနေ ပါတီစနစ် စတင်ခဲ့ပါတယ်။ နောက်ပိုင်းမှာရီပတ်ဘလစ်ကန်ပါတီနဲ့ ဒီမိုကရက်တစ်ပါတီဆိုတဲ့ နှစ်ပါတီစနစ်ဟာ အမေရိကန်နိုင်ငံရေးကို ယနေ့အထိ စိုးမိုးထားဆဲ ဖြစ်ပါတယ်။


ဥရောပ စနစ် 


ဥရောပတိုက်မှာတော့ စက်မှုတော်လှန်ရေး ပေါ်ပေါက်လာပြီးနောက် အလုပ်သမားလူတန်းစားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ဆိုရှယ်ဒီမိုကရက်တစ် ပါတီတွေနဲ့ လေဘာပါတီတွေ အားကောင်းမောင်းသန် ပေါ်ထွက်လာခဲ့ပါတယ်။


ပါတီစုံမှ ပါတီတစ်ပါတီစနစ်သို့ 


 ၂၀ ရာစု အစောပိုင်း ကွန်မြူနစ်ဝါဒနဲ့ ဖက်ဆစ်ဝါဒတွေ ထွန်းကားလာတဲ့အခါမှာတော့ ဆိုဗီယက်ယူနီယံ၊ ဂျာမနီနဲ့ အီတလီတို့မှာ ဒီမိုကရေစီနည်းကျ ပါတီစုံစနစ် မဟုတ်တော့ဘဲ အာဏာရှင်ဆန်တဲ့ ပါတီတစ်ပါတီတည်းကသာ နိုင်ငံကို ချုပ်ကိုင်တဲ့ စနစ်တွေ သမိုင်းတစ်ကွေ့မှာ ပေါ်ပေါက်ခဲ့ဖူးပါတယ်။


 ရွေးကောက်ပွဲက ပေါ်လာတဲ့ အာဏာရှင်


"ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ ကျင်းပလိုက်ရင်ပဲ အာဏာရှင်စနစ် ချုပ်ငြိမ်းသွားရောလား" ဆိုတဲ့ မေးခွန်းဟာ နိုင်ငံရေးသိပ္ပံမှာ အမြဲတမ်း သတိထားစရာ သင်ခန်းစာတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာ ပြည်သူတွေရဲ့ မဲနဲ့ တရားဝင် အာဏာရလာပြီးမှ အာဏာရှင်အဖြစ် ပြောင်းလဲသွားခဲ့တဲ့ သာဓကတွေ ရှိပါတယ်။


အထင်ရှားဆုံး ဥပမာကတော့ ဂျာမနီက အဒေါ့ဖ် ဟစ်တလာ (Adolf Hitler) ပါပဲ။ ၁၉၃၂-၃၃ ခုနှစ်တွေမှာ ဟစ်တလာရဲ့ နာဇီပါတီဟာ ဂျာမနီ ရွေးကောက်ပွဲတွေမှာ မဲအများဆုံးရရှိပြီး တရားဝင် အစိုးရဖွဲ့ခွင့် ရခဲ့တာပါ။ အာဏာရခါစမှာ ဟစ်တလာဟာ ဝန်ကြီးချုပ် (Chancellor) အဖြစ် တရားဝင် ကျမ်းသစ္စာဆိုခဲ့ပေမဲ့၊ အာဏာလက်ထဲရောက်တာနဲ့ အရေးပေါ်အခြေအနေ ကြေညာချက်တွေ၊ ဥပဒေတွေကို အသုံးချပြီး အတိုက်အခံတွေကို နှိပ်ကွပ်ကာ မိမိကိုယ်ကိုယ် အကြွင်းမဲ့ အာဏာရှင် (Führer) အဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။ဒါ့အပြင် ယနေ့ခေတ် ကမ္ဘာ့နိုင်ငံအချို့မှာလည်း ရွေးကောက်ပွဲကို အပေါ်ယံ ပုံစံပြကျင်းပပြီး ပြည်သူ့ဆန္ဒထက် အာဏာတည်မြဲရေးအတွက် ဥပဒေတွေကို စိတ်ကြိုက်ပြင်ဆင်ကာ အုပ်ချုပ်နေတဲ့ "ရွေးကောက်ခံ အာဏာရှင်" (Elective Dictatorship/Illiberal Democracy) ပုံစံမျိုးစုံကို တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။


မြန်မာ့ရှုထောင့်မှ ကြည့်ခြင်း


မြန်မာ့နိုင်ငံရေးသမိုင်းမှာ ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့တဲ့ ပါတီကြီးတွေကို အဓိက အမျိုးအစား နှစ်ခုအောက်မှာ ဒီလို ခွဲခြားသုံးသပ်နိုင်ပါတယ်။ပထမဆုံး လေ့လာကြည့်မှာ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ်) ပါ။ဖဆပလဟာ စတင်တည်ထောင်ခါစမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု၊ တိုင်းပြည်လွတ်လပ်ရေးဆိုတဲ့ တိကျတဲ့ "လမ်းစဉ်" အောက်မှာ အမျိုးသားတပ်ဦးကြီးအဖြစ် စည်းစည်းလုံးလုံး ရှိခဲ့ပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့ ပါတီဟာ ခေါင်းဆောင်ကြီးတွေရဲ့ သြဇာအာဏာအပြိုင်အဆိုင်အပေါ် အခြေခံတဲ့ "ပုဂ္ဂိုလ်ဗဟိုပြု" ပုံစံဘက်ကို ပိုယိမ်းလာပြီး နောက်ဆုံးမှာ ဦးနုရဲ့ သန့်ရှင်း (နုတင်) နဲ့ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ရဲ့ တည်မြဲဖဆပလ (ဆွေငြိမ်း)ဆိုပြီး ပုဂ္ဂိုလ်စွဲတွေကြောင့်ပဲ ဖဆပလကြီး နှစ်ခြမ်းကွဲခဲ့ရပါတယ်။


နောက်ထပ်ပါတီ တစ်ခုကတော့ မြန်မာ့နိုင်ငံရေးမှာ ချန်လှပ်ခဲ့လို့ မရတဲ့ သက်တမ်းအရှည်ဆုံး နဲ့ အခု အထိ ပုံစံ တစ်မျိုးနဲ့ ရပ်တည်နေဆဲဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ပါပဲ။ ဗကပ ဟာ မြေပေါ်ကာလ သက်တမ်း အရမ်းတိုပါတယ်။ ၁၉၄၅ ခုနှစ် ပါတီရဲ့ဒုတိယကွန်ဂရက် ကာလ ကနေ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့ထိပဲ ပါတီရဲ့ မြေပေါ်ကာလ တရားဝင်ပါတီဘဝ လို့ သတ်မှတ်နိုင်ပါတယ်။


ဗကပဟာ သဘောတရားရေးအရ မာ့က်စ်-လင်နင်ဝါဒကို အသေအချာကိုင်စွဲထားတဲ့ "လမ်းစဉ်ဗဟိုပြုပါတီ" စစ်စစ် ဖြစ်ပါတယ်။ လွတ်လပ်ရေးမတိုင်ခင်နဲ့ လွတ်လပ်ရေးရပြီးစ မြေပေါ်ပါတီအဖြစ် လှုပ်ရှားခွင့်ရခဲ့တဲ့ ကာလတွေ (ဥပမာ- ၁၉၄၇ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ ကာလများ) မှာ ဗကပဟာ ခေါင်းဆောင်ထက် ဝါဒဖြန့်ချိရေးနဲ့ လူတန်းစားလမ်းစဉ်ကို ရှေ့တန်းတင်ပြီး ရွေးကောက်ပွဲ ယန္တရားထဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။


နောက်ထပ်ပါတီကြီးတစ်ခုကတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ - မဆလပါတီပါပဲ။

မဆလဟာ ၁၉၆၂ ခုနှစ် တပ်မတော်က အာဏာသိမ်းပြီးနောက် မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ဝါဒကို လမ်းညွှန်မြေပုံအဖြစ် ကိုင်စွဲခဲ့တဲ့အတွက် ပုံသဏ္ဌာန်အားဖြင့် "လမ်းစဉ်ဗဟိုပြု" လို့ ထင်ရပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်း တစ်ဦးတည်းရဲ့ အမိန့်နဲ့ အကြွင်းမဲ့အာဏာအပေါ်မှာပဲ လည်ပတ်ခဲ့တာမို့ စစ်အာဏာရှင်စနစ်ကို ဝါဒဗန်းပြ ဖုံးအုပ်ထားတဲ့ "ပုဂ္ဂိုလ်ဗဟိုပြုပါတီ" သာ ဖြစ်ခဲ့ပြီး ဥက္ကဋ္ဌကြီး အာဏာလက်လွှတ်ရချိန်မှာ ပါတီလည်း သက်တမ်းကုန်သွားခဲ့ပါတယ်။


၁၉၈၈ အလွန် ပါတီစုံခေတ်ပြန်ရောက်တဲ့ အခါ 

နိုင်ငံရေးပါတီတွေ အပြိုင်းအရိုင်းပေါ်လကြပေမဲ့

NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) က သာလျှင် အင်အားအကောင်းဆုံး၊ မြန်မာ့နိုင်ငံရေး ကို အလွှမ်းမိုးဆုံးပါတီလို့ပြောနိုင်ပါတယ်။


NLD ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့ ခိုင်မာတဲ့ "လမ်းစဉ်" ရှိသလို၊ တစ်ဖက်မှာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာတိက္ကမ အပေါ် လုံးလုံးလျားလျား အမှီပြုခဲ့ရတဲ့ "ပုဂ္ဂိုလ်ဗဟိုပြု" အသွင်သဏ္ဌာန်လည်း အလွန်အားကောင်းတဲ့ ပါတီဖြစ်ပါတယ်။ ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်မှုတွေဟာ ခေါင်းဆောင်ရဲ့ ပုံရိပ်အပေါ် များစွာတည်မှီနေတာ တွေ့ရပါတယ်။


၂၀၁၀ ခုနှစ် အသွင်ကူးပြောင်းရေးကာလ မှာ လူမှုရေးအသင်း ဘဝ ကနေ နိုင်ငံရေးပါတီ အဖြစ်အသွင်ပြောင်းလာတဲ့USDP (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ဟာ အခု ၂၀၂၅ ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်လာပါတယ်။


USDP ကတော့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နဝတ/နအဖ) စစ်အစိုးရရဲ့ အသွင်ပြောင်း ကြံ့ခိုင်ရေးအသင်းကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ သူတို့ကတော့ အမျိုးသားရေးဝါဒနဲ့ စစ်တပ်ဦးဆောင်မှုကို လမ်းစဉ်အဖြစ် ကိုင်စွဲထားပေမဲ့ လက်တွေ့မှာတော့ စစ်ဗိုလ်ချုပ်ဟောင်း ခေါင်းဆောင်ကြီးတွေရဲ့ သြဇာညှိနှိုင်းမှုအပေါ်မှာပဲ ရပ်တည်ရတဲ့ ပါတီမျိုး ဖြစ်ပါတယ်။


 

ဒေသတွင်း နိုင်ငံရေးပါတီများ


ခေတ်သစ်ပါတီစနစ်ဟာ အနောက်နိုင်ငံတွေမှာ စတင်ခဲ့ပေမဲ့ အာရှဒေသရဲ့ နိုင်ငံရေးသမိုင်းမှာလည်း စိတ်ဝင်စားစရာ ပုံစံကွဲတွေ ရှိလာခဲ့ပါတယ်။


စင်ကာပူရဲ့ PAP (People's Action Party)ပါတီဟာ ကမ္ဘာမှာ လမ်းစဉ်နဲ့ ပုဂ္ဂိုလ်ရေးကို အအောင်မြင်ဆုံး ပေါင်းစပ်နိုင်ခဲ့တဲ့ ပါတီတစ်ခုပါ။ လီကွမ်ယု (Lee Kuan Yew) ဆိုတဲ့ ပြတ်သားတဲ့ ပုဂ္ဂိုလ်ရည်အပေါ် အခြေခံခဲ့ပေမဲ့ တစ်ချိန်တည်းမှာပဲ "အရည်အချင်းအလိုက် နေရာပေးမှု (Meritocracy)"၊ "ခြစားမှု ကင်းစင်ရေး" နဲ့ "စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး" ဆိုတဲ့ လမ်းစဉ်တွေကို အင်စတီကျူးရှင်းအဖြစ် စနစ်တကျ ချမှတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် လီကွမ်ယု ကွယ်လွန်သွားခဲ့ပေမဲ့ PAP ပါတီဟာ ဒီနေ့အထိ စင်ကာပူကို ဆက်လက် အုပ်ချုပ်နိုင်ဆဲ ဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံ က Congress ပါတီ (အမျိုးသားကွန်ဂရက်) ဟာ လွတ်လပ်ရေးကြိုးပမ်းမှု လမ်းစဉ်နဲ့ စတင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ နေရူး-ဂန္ဒီ မိသားစု (အင်ဒီရာ ဂန္ဒီ၊ ရာဂျစ် ဂန္ဒီ စသဖြင့်) ရဲ့ ပုံရိပ်ကိုပဲ အဓိက အားကိုးရတဲ့ ပုဂ္ဂိုလ်ဗဟိုပြု/မိသားစုဗဟိုပြု ပါတီအသွင် ပြောင်းလဲသွားခဲ့ပါတယ်။


BJP ပါတီ (Bharatiya Janata Party) ကတော့ လက်ရှိ အာဏာရပါတီဖြစ်ပြီး ဟိန္ဒူအမျိုးသားရေးဝါဒ (Hindutva) ကို အသည်းအသန် ကိုင်စွဲထားတဲ့ လမ်းစဉ်ဗဟိုပြုပါတီ ဖြစ်ပါတယ်။ လက်ရှိမှာ ဝန်ကြီးချုပ် မိုဒီရဲ့ ပုဂ္ဂိုလ်ရေး ဆွဲဆောင်မှု အလွန်ကြီးမားနေပေမဲ့ ပါတီရဲ့ နောက်ကွယ်မှာတော့ လမ်းစဉ်ကို ထိန်းကျောင်းတဲ့ RSS လို ခိုင်မာတဲ့ အဖွဲ့အစည်းယန္တရားကြီး ရှိနေပါတယ်။


အင်ဒိုနီးရှားက Golkar ပါတီဟာ မြန်မာ့မဆလပါတီလိုပဲ အာဏာရှင် သမ္မတ ဆူဟာတိုရဲ့ ခရိုနီတွေ၊ စစ်တပ်နဲ့ နိုင်ငံ့ဝန်ထမ်းတွေကို စုစည်းပြီး တည်ဆောက်ခဲ့တဲ့ ပုဂ္ဂိုလ်ဗဟိုပြု အာဏာရှင်ပါတီ ဖြစ်ပါတယ်။ ဒါပေမဲ့ ထူးခြားချက်က ဆူဟာတို ပြုတ်ကျသွားပြီးနောက်ပိုင်းမှာတော့ ပါတီဟာ ပုဂ္ဂိုလ်စွဲကနေ ရုန်းထွက်ပြီး နည်းပညာရှင်တွေ ဦးဆောင်တဲ့ လမ်းစဉ်ဗဟိုပြု ပါတီအဖြစ် အသွင်ပြောင်းကာ ဒီမိုကရေစီစနစ်သစ်မှာ ယနေ့အထိ ရွေးကောက်ပွဲတွေ ဝင်ပြိုင်ပြီး ရှင်သန်နေနိုင်ဆဲ ဖြစ်ပါတယ်။


ထိုင်းနိုင်ငံရေးကတော့ "ပုဂ္ဂိုလ်ဗဟိုပြု" အလွန်ဆန်ပါတယ်။ အထင်ရှားဆုံးကတော့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ပါပဲ။ သက်ဆင်ရဲ့ ပုဂ္ဂိုလ်ရေးဩဇာကြောင့် ပုထိုင်းပါတီ (Pheu Thai) အပါအဝင် သူ့ရဲ့ အရိပ်အောက်က ပါတီတွေဟာ ကျေးလက်လူထုရဲ့ ထောက်ခံမှုကို အမြဲရခဲ့ပါတယ်။ မကြာသေးမီကမှ လူငယ်တွေ ဦးဆောင်တဲ့ Move Forward (လက်ရှိ ပြည်သူ့ပါတီ - People's Party) လို တော်လှန်ပြောင်းလဲရေး မူဝါဒကို အခြေခံတဲ့ လမ်းစဉ်ဗဟိုပြုပါတီ တွေ ပေါ်ထွက်လာပြီး ထိုင်းနိုင်ငံရေး အခင်းအကျင်းကို စိန်ခေါ်လာနိုင်တာ တွေ့ရပါတယ်။


မြန်မာရော နိုင်ငံတကာ သမိုင်းကြောင်းအရပါ နိုင်ငံရေးပါတီတစ်ခု သက်တမ်းရှည်ဖို့နဲ့ တိုင်းပြည်အတွက် အကျိုးပြုဖို့ဆိုရင် ခေါင်းဆောင်တစ်ယောက်ရဲ့ ဆွဲဆောင်မှု (Personality) တစ်ခုတည်းနဲ့တင် မလုံလောက်ပါဘူး။ ပါတီတွင်း ဒီမိုကရေစီ ကျင့်သုံးမှု၊ အဖွဲ့အစည်း အင်စတီကျူးရှင်း ခိုင်မာမှုနဲ့ ပြည်သူလူထု အမှန်တကယ် လိုလားတဲ့ မူဝါဒ လမ်းစဉ် (Ideology) တွေကို အုတ်မြစ်ချ တည်ဆောက်နိုင်မှသာ ခေါင်းဆောင် ပြောင်းလဲသွားရင်တောင် တိုင်းပြည်ကို ဆက်လက်သယ်ဆောင်သွားနိုင်မယ့် ပါတီစစ်စစ်တွေ ဖြစ်လာမှာ ဖြစ်ပါတယ်။


MT(VOM)


ကိုးကား

(၁)ထင်အောင်ကျော် ရဲ့ အရှေ့တောင်အာရှနိုင်ငံ

များသမိုင်း

(၂)ဝင်းတင့်ထွန်း ရဲ့ ဗမာပြည်နိုင်ငံရေးပါတီများသမိုင်း

(၃)Wikipedia


 


Wednesday, 17 June 2026

  မြန်မာ့အနာဂတ် - အခက်အခဲများကြားက မျှော်လင့်ချက်ရောင်ခြည်


မင်္ဂလာပါခင်ဗျာ။ ဒီနေ့ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံအကြောင်းကို ဆွေးနွေးကြည့်ရအောင်ပါ။

တကယ်တော့ ကျွန်တော်တို့ နိုင်ငံ‌ေရးအ‌ေကြာင်း‌ေတွက တစ်ခါတစ်လေကျရင် တကယ့်ကို ပင်ပမ်းသလို ခံစားရတတ်ပါတယ်။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်လည်း ခက်ခဲနေသလို၊ ကိုယ့်အိမ်ထဲကို ကြည့်လိုက်ရင်လည်း ပြဿနာတွေက အများကြီးပါပဲ။ ဒါပေမဲ့ ဒီနေ့ ကျွန်တော် ပြောချင်တာက အဲ့ဒီ အခက်အခဲတွေကြားထဲကနေ ဘယ်လိုမျိုး "မျှော်လင့်ချက်ရောင်ခြည်" တွေ ပေါ်ထွက်လာနိုင်လဲဆိုတဲ့ အကြောင်းပါ။ ကျွန်တော်တို့ အားလုံးရဲ့ မြန်မာနိုင်ငံလေး ပြန်လည်ပြီးတော့ ရုန်းထလာနိုင်ဖို့၊ အရင်လို အေးချမ်းတဲ့ နေ့ရက်တွေဆီ ပြန်‌ေရာက်သွားဖို့ ဆန္ဒရှိကြတယ် မဟုတ်လား။ အဲ့ဒီတော့ ဒီနေ့ အကြောင်းအရာကို ကျွန်တော်နဲ့အတူတူ စဉ်းစားကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။


ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံကို ကမ္ဘာမြေပုံပေါ်မှာ ကြည့်လိုက်ရင် သေးသေးလေးပါ။ အိမ်နီးချင်း အင်အားကြီးနိုင်ငံတွေကြားမှာ ကျွန်တော်တို့ နိူင်ငံ ရှိနေတာဟာ အားသာချက်လည်း ဖြစ်နိုင်သလို၊ အခက်အခဲလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ မြင်တွေ့နေရတာက ဒီအင်အားကြီးနိုင်ငံတွေနဲ့ ဆက်ဆံရေးဟာ အရင်ကထက် ပိုမိုနီးကပ်၊ ပိုမိုပွင့်လင်းလာတာကို တွေ့ရပါလိမ့်မယ်။

စဉ်းစားကြည့်ရအောင်၊ ကျွန်တော်တို့ နိုင်ငံရဲ့ အိမ်နီးချင်းနိူင်ငံတွေက ကမ္ဘာ့အဆင့် အင်အားကြီးတွေပါ။ သူတို့နဲ့သာ ကျွန်တော်တို့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနိုင်မယ်၊ သံတမန်ရေးအရ တည်ငြိမ်မှု အောင်မြင်မှု ရရှိမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံအတွက် အခွင့်အလမ်းတွေက အများကြီးရှိပါတယ်။ အခု လက်ရှိကျ‌ေနာ်တို့အစိုးရရဲ့ နိုင်ငံတကာဆက်ဆံရေးကို ကြည့်လိုက်ပါ။ အရင်ကထက်စာရင် ပိုပြီးတော့ အားကောင်းလာတာကို အားလုံးသတိထားမိမှာပါ။

နိူဂ်ငံတော်သမ္မတကြီးရဲ့ နိုင်ငံခြားခရီးစဉ်တွေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ သွားရောက်ဆွေးနွေးတာတွေဟာ အလကားမဟုတ်ပါဘူး။ ဒါတွေက နိုင်ငံတကာရဲ့ ယုံကြည်မှုတွေကို ပြန်လည်တည်ဆောက်နေတာပါ။ အဲ့ဒီ ယုံကြည်မှုတွေ ပြန်ရလာပြီဆိုရင် ပြည်တွင်း စီးပွားရေးတွေ လမ်းပွင့်လာမယ်၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်။ ဒီအချက်တွေက ကျွန်တော်တို့ နိုင်ငံ ပြန်လည်ရုန်းထလာဖို့အတွက် အရေးအကြီးဆုံး အခြေခံစီးပွား‌ေရးအုတ်မြစ်တွေပဲ ဖြစ်ပါတယ်။


နိုင်ငံတကာနဲ့ ဆက်ဆံရေး အဆင်ပြေလာပြီဆိုရင် ဘာတွေဆက်ဖြစ်လာမလဲ။ အဓိကကတော့ စီးပွားရေးပါပဲ။ ခင်ဗျားတို့ သတိထားမိကြမှာပါ။ နိူင်ငံတကာ ကုန်သွယ်မှုတွေ လမ်းကြောင်း‌ေတွ ပွင့်လာမယ်၊ ပြည်တွင်းက ကုန်စည်တွေ နိုင်ငံတကာကို တင်ပို့ရောင်းချရမယ်။ ဒီအခါမှာ ကျွန်တော်တို့ပြည်သူ‌ေတွရဲ့ စီးပွားရေးက အလိုလိုနေရင်းနဲ့ ဖွံ့ဖြိုးလာမှာပါ။ အဲ့ဒီလို ဖွံ့ဖြိုးလာပြီဆိုရင် ပြည်တွင်းမှာ အလုပ်အကိုင်တွေ ပေါများလာမယ်။ အလုပ်အကိုင် ပေါများလာရင် ဘာဖြစ်မလဲ။ လူတွေက စားဝတ်နေရေး အဆင်ပြေလာမယ်။ အဲ့ဒီအခါမှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း အပြောင်းအလဲတစ်ခုက အလိုလို ရလာပါလိမ့်မယ်။ အလုပ်အကိုင်မရှိတဲ့လူ‌ငယ်တွေက တောခိုလက်နက်ကိုင်တာတွေ လျှော့ပါးလာပါလိမ့်မယ် ။ 

စီးပွားရေးကောင်းရင်၊ လူတွေ စိတ်အေးချမ်းသာ ရှိရင် တိုက်ပွဲတွေ၊ ပဋိပက္ခတွေကို မလိုချင်ကြတော့ပါဘူး။ 

ဒါကြောင့် အခု နိူင်ငံတော်သမ္မတကြီးရဲ့ နိုင်ငံခြားခရီးစဉ်တွေ၊ နိုင်ငံတကာဆက်ဆံရေးတွေဟာ တကယ်တော့ ကျွန်တော်တို့ ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ တိုက်ရိုက်ပတ်သတ်ဆက်စပ်နေတာပါ။ ဒါကို ကျွန်တော်တို့က အကောင်းမြင်တဲ့ ရှုထောင့်ကနေ မြင်ပေးကြဖို့ တော့လိုအပ်ပါတယ်။


ဒါပေမဲ့ဗျာ... အခြေအနေက ဒီလောက်လဲ မရိုးရှင်းပါဘူး။ ကျွန်တော်တို့နိုင်ငံကို အဝေးကနေ ကြည့်လိုက်ရင် မြေပြင်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေက ပြည်တွင်းရေးသက်သက်လို့ ထင်ရပေမဲ့၊ တကယ်တမ်းတော့ နိုင်ငံတကာရဲ့ ပထဝီနိူင်ငံရေး စစ်တုရင်ကစားကွက်တွေ ရောယှက်နေတာကို တွေ့ရပါလိမ့်မယ်။

အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ (EAOs) ကို ကြည့်လိုက်ပါ။ ကျွန်တော်တို့ သတိထားမိဖို့ လိုတာက တချို့သော အဖွဲ့တွေဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ကျောထောက်နောက်ခံ၊ သို့မဟုတ် သြဇာလွှမ်းမိုးမှုအောက်မှာ ရှိနေကြသလို၊ လက်နက်ခဲယမ်း စစ်နည်းဗျုဟာ တွေကလည်း အဲ့ဒီမျက်နှာဖြုတွေဆီက သင်ယူထားပါတယ် တချို့တွေဆို မြန်မာပြည်အထိလာပြီး စစ်သင်တန်းပေးတာ လေ့ကျင့်ပေးနေတာတွေ အများကြီး ရှိပါတယ် ။ 

 တချို့အဖွဲ့တွေကျတော့လည်း တရုတ်နိုင်ငံရဲ့ သြဇာသက်ရောက်မှုအောက်မှာ ရှိနေတာကို တွေ့ရပါတယ်။

တရုတ်ဘာသာစကားပြောတယ် တရုတ်ငွေကြေးသုံးတယ် တရုတ်စာကို ရုံးသုံးအနေနဲ့အသုံးပြုတယ် မြန်မာတိုင်းရင်းသားလို့သာပြောနေကြတာ လူတွေကတောင် တရုတ်တွေလိုဖြစ်နေကြတော့တာ တွေ့ရပါလိမ့်မယ် 

 ဒါဟာ ဘာကိုပြသလဲဆိုတော့ ကျွန်တော်တို့မြေပြင်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေက တကယ်တော့ နိုင်ငံကြီးတွေရဲ့ အကျိုးစီးပွား အားပြိုင်မှုတွေနဲ့လည်း အများကြီး ဆက်စပ်နေတယ်ဆိုတာပါပဲ။ ကမ္ဘာအင်အားကြီးနိူင်ငံတွေရဲ့ ကြီးမားကျယ်ပြန့်သော ပါဝင်ပတ်မှုတွေ ရှိနေတယ် ဆိုတာ လုံးဝ သတိပြုကြဖို့ လိုအပ်ပါတယ် ။

ကျွန်တော်တို့အနေနဲ့ ဒီအချက်ကို လျစ်လျူရှုထားလို့ လုံးဝလုံးဝ မရပါဘူး။ အဲ့ဒီ EAOs တွေဘက်က ကြည့်ရင်လည်း သူတို့ရဲ့ မူဝါဒတွေ၊ သူတို့ရဲ့ ရပ်တည်ချက်တွေဟာ ဒီနိုင်ငံကြီးနှစ်ခုကြားမှာ ဘယ်လိုချိန်ခွင်လျှာညှိမလဲဆိုတဲ့အပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးလမ်းကြောင်းကို သွားမယ်ဆိုရင်တောင်မှ ဒီအင်အားကြီးနိုင်ငံနှစ်ခုကြားက ကစားကွက်တွေကို အစိုးရအနေနဲ့ ဘယ်လိုညှိနှိုင်းယူမလဲ၊ ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဘယ်လိုကာကွယ်ရင်းနဲ့ သူတို့နဲ့ ရေရှည်အဆင်ပြေအောင် လုပ်ကြမလဲဆိုတာကလည်း တကယ့်ကို ကြီးလေးတဲ့ စိန်ခေါ်မှုကြီးတစ်ခုပါပဲ။


နောက်တစ်ခု ကျွန်တော် အလွန်စိတ်ဝင်စားတဲ့ အချက်ရှိတယ်။ အဲ့ဒါကတော့ အနောက်ဥရောပနဲ့ အမေရိကန်နိုင်ငံတွေနဲ့ ကျွန်တော်တို့ အစိုးရရဲ့ သံတမန်ဆက်ဆံရေးပါ။ 

လက်ရှိအချိန်ထိ အစိုးရဘက်က ဒီအပေါ်မှာ သိပ်ပြီး ထူးထူးခြားခြား ထုတ်ပြန်တာမျိုး၊ ခြေလှမ်းကြီးကြီးတွေ လှမ်းတာမျိုး မတွေ့ရသေးဘူး။

လူအများကတော့ ထင်ကြမှာပေါ့၊ "ဘာလို့ တိတ်ဆိတ်နေတာလဲ၊ ဘာလို့ ဘာမှမလုပ်တာလဲ" ဆိုပြီးတော့။ ဒါပေမဲ့ ကျွန်တော့်အမြင်ကတော့ ဒါဟာ "အားနည်းချက်" မဟုတ်ဘဲ "ဗျူဟာမြောက် စောင့်ကြည့်‌ေနခြင်း" ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ မြင်မိပါတယ်။

ဘာလို့လဲဆိုတော့ နိုင်ငံတကာမှာ အခြေအနေတွေက တနေ့နဲ့တနေ့ မတူပါဘူး။ အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒတွေကလည်း တဖြည်းဖြည်းနဲ့ အပြောင်းအလဲ‌ေတွ ရှိလာနိုင်ပါတယ်။ ကျနော်တို့ အစိုးရအနေနဲ့ အခုအချိန်မှာ အသံတိတ်နေတာဟာ ဟိုဘက် ဒီဘက် အခြေအနေတွေကို အကဲခတ်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကမ္ဘာ့နိုင်ငံရေးမှာ တစ်ခါတစ်လေကျရင် "ဘာမှမလုပ်ခြင်း" ဟာ အကောင်းဆုံးလုပ်ရပ် ဖြစ်နေတတ်ဆိုတာ ကမ္ဘာနိူင်ငံ့ခေါင်းဆောင်အတော်များများက အမြဲပြောတတ်ကြပါတယ်။

အနေက်ဥရောပနဲ့အမေရိကန်ရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ။

 တကယ်ပဲ အခြေအနေမှန်ကန်လာမယ့်အချိန်ကို စောင့်နေတာလား၊ 

ဒါမှမဟုတ် နောက်ကွယ်ကနေ တိတ်တိတ်လေး ညှိနှိုင်းနေတာလား။

 ဒီအချက်ကို ကျွန်တော်တို့ စောင့်ကြည့်ဖို့ လိုပါတယ်။

 အစိုးရအနေနဲ့ အနောက်အုပ်စုနဲ့ ဆက်ဆံရေးကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားလာပြီဆိုရင်တော့၊ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဟာ အခုထက် အများကြီး ပိုပြီးတော့ အသက်ဝင်လာမှာတော့ အသေအချာပါပဲ။



ဒါပေမဲ့ဗျာ... ကျွန်တော်တို့ လက်တွေ့ကိုလည်း အမှန်အတိုင်း ကြည့်ဖို့ လိုပါတယ်။ 

အခုလို အားကောင်းတဲ့ မျှော်လင့်ချက်တွေ ရှိနေပေမဲ့ ကြားထဲမှာ ကြီးမားတဲ့ အခက်အခဲကြီးတစ်ခု ရှိနေပါသေးတယ်။ 

အဲ့ဒါကတော့ ပြည်တွင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေပါပဲ။

အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နောက်ပြီး အညာဒေသဘက်မှာ ဖြစ်ပွားနေတဲ့ NUG၊ PDF အကြမ်းဖက် အဖွဲ့တွေရဲ့ တော်လှန်ပုန်ကန်မှုတွေ ရှိနေပါသေးတယ် ။ 


ကျွန်တော် ဒီနေရာမှာ ရိုးရိုးသားသားပဲ ပြောချင်ပါတယ်။ ဒီအဖွဲ့တွေအနေနဲ့ အခု အချိန်မှာ ရွေးချယ်စရာ လမ်းနှစ်ခုပဲ ရှိပါတယ်။

လမ်းတစ်ခုကတော့ အတိတ်က "ဗမာပြည်ကွန်မြူနစ်ပါတီ" ရဲ့ အဖြစ်ဆိုးမျိုးပါ။ 

အဲ့ဒီတုန်းက သခင်သန်းထွန်း သခင်ဇင်တို့ ဘာလုပ်ခဲ့လဲ။ လက်နက်မချခဲ့ဘူး။ အစိုးရကို ဆက်ပြီး ပုန်ကန်ခဲ့တယ်။ အဆုံးမှာ ဘာဖြစ်သွားလဲ။ အမြစ်ပြတ် ခြေမှုန်းခံခဲ့ရတာပါ။ အဲ့ဒီလိုမျိုး လမ်းစဉ်ကို ရွေးမလား။ ဒါမှမဟုတ်ရင် နောက်လမ်းတစ်ခုကတော့ လက်နက်တွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆီ တက်လာပြီး နိုင်ငံရေးအရ အဖြေရှာမလား။

ဒီနေရာမှာ ကျွန်တော် တောင်းဆိုချင်တာကတော့၊ လက်နက်ကိုင်ဆောင်ထားတဲ့ လူငယ်တွေ၊ တိုင်းရင်းသားတွေအနေနဲ့ "တိုက်ပွဲတွေ "စစ်ပွဲ တွေကြောင့် ဘယ်တော့မှ မြန်မာ့တပ်မတော်ကို မနိုင်ဘူးဆိုတာကို သိဖို့ လိုပါတယ်။ အခုသွားနေတဲ့ လမ်းကြောင်းဟာ မနိူင်နိူင်တဲ့စစ်ပွဲကို တိုက်နေတာလား နိုင်ငံကို ပိုပြီးတော့ နစ်မွန်းစေတာလား၊ ဒါမှမဟုတ် ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် အထောက်အကူ ဖြစ်သလားဆိုတာကို အေးအေးဆေးဆေး ပြန်တွေးကြည့်တတ်ကြဖို့ လိုအပ်နေပါပြီ။


အခု ကျနော်တို့ အစိုးရဘက်ကရော ဘယ်လိုမျိုး တုံ့ပြန်လာမလဲ။ ဒါကလည်း စောင့်ကြည့်ရမယ့် ကိစ္စပါ။ 

စစ်ရေးအရပဲ ပိုပြီး ဖိအားပေးလာမလား၊ ဒါမှမဟုတ် တိုင်းပြည်အတွက် ငြိမ်းချမ်းရေးတံခါးတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ပေးမလား။ 

ဒါကတော့ အခြေအနေအရပ်ရပ်ပေါ်မှာ မူတည်နေပါလိမ့်မယ်။

ဒါပေမဲ့ ကျွန်တော့်အမြင်ကို ပြောရရင်တော့... ငြိမ်းချမ်းရေးဆိုတာ တစ်ဖက်တည်းနဲ့ လုပ်လို့မရပါဘူး။ နှစ်ဖက်လုံးက အပြန်အလှန် ညှိနှိုင်းကြဖို့ လိုပါတယ်။ လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေကလည်း အခုလက်ရှိ နိုင်ငံတကာ အခြေအနေ၊ ပထဝီနိုင်ငံရေး အခြေအနေတွေကို နားလည်ပြီးတော့ "ငြိမ်းချမ်းရေး" ဆိုတဲ့ ပြည်ထောင်စု အိမ်ကြီးထဲကို ပြန်ဝင်လာဖို့ လိုအပ်နေပါပြီ။

ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအားလုံးဟာ စစ်ပွဲတွေ၊ သေနတ်သံတွေကို ငြီးငွေ့နေကြပါပြီ။

အညာဒေသမှာလည်း ကျေးဇူးရှင်ကို ဟိုအကောင်နဲ့နှိုင်းကြလို့ ပြာပုံဘဝရောက်ကုန်ကြပါပြီး မွဲချင်တဲ့ခွေး ပြာပုံတိုးတဲ့ မြန်မာစကားပုံ ရှိပြီးသားပါ ။ တိုင်းရင်းသားဒေသ‌ေတွမှာလည်း မြိုပျက်ကြီးတွေ ဖြစ်သွားကြတာ အားလုံးလဲ အသိပဲဖြစ်ပါတယ် ။ 


 ကျွန်တော်တို့ လိုချင်တာက ငြိမ်းချမ်းရေး တိုးတက်ရေး အ‌ေခြခံလက်လုပ်လက်စားတွေ စားဝတ်နေရေး အဆင်ပြေမယ့်၊ သားသမီးတွေ အေးအေးဆေးဆေး ကျောင်းတက်နိုင်မယ်၊ မိသားစုတွေ အေးချမ်းမယ်။ ဒီအိပ်မက်လေးတွေကို အကောင်အထည်ဖော်ဖို့အတွက် အခုလက်ရှိ အခွင့်အရေးကို အသုံးချတတ်ကြဖို့ လိုအပ်ပါတယ် ။

နိုင်ငံတကာနဲ့လည်း ပေါင်းမယ်၊ပြည်တွင်းက သူပုန်သူကန် အကြမ်းဖက်သမားတွေနဲ့ လူမျိူစု လက်နက်ကိုင် မူးယစ်ရာဇာ ရာဇဝတ်ဂိုဏ်းတွေ ကို အပြုတ်တိုက်အပြတ်ရှင်းမယ် ဒါဆိုရင် ပြည်တွင်းမှာလည်း စည်းလုံးညီညွတ်မှုရမယ်၊ ပြီးရင် စီးပွားရေးကို အားစိုက်လုပ်လို့ရမယ်။ 


ဒီနည်းလမ်းကလွဲပြီး တခြားသော "ပဋိပက္ခ" လမ်းကြောင်းတွေကတော့ ကျွန်တော်တို့ နိုင်ငံအတွက် အဆုံးသတ်ကောင်းမှာ မဟုတ်ပါဘူး။


ဟုတ်ကဲ့... ကျွန်တော့်ရဲ့ အမြင်တွေကို ဒီလောက်နဲ့ပဲ ရပ်နားပါမယ်။ ခင်ဗျားတို့ရော ဘယ်လိုထင်ပါသလဲ။ ကျွန်တော် ပြောပြတဲ့အချက်တွေအပေါ်မှာ ဘယ်လိုမြင်လဲ၊ ဘယ်လိုမျိုး အကြံပြုချင်လဲ။ အောက်က Comment Box မှာ လွတ်လွတ်လပ်လပ် ဆွေးနွေးပေးခဲ့ကြပါဦး။ နောက်လာမယ့် ဗီဒီယိုမှာလည်း ကျွန်တော်တို့ တိုင်းပြည်အကြောင်း၊ နိုင်ငံရေးအကြောင်းတွေကို ဆက်လက်ပြီး အမြင်ချင်း ဖလှယ်လို့ရပါတယ် ။

အားလုံးပဲ ကျေးဇူးတင်

ပါတယ်။ နောက်တစ်ခေါက်မှာ ပြန်တွေ့မယ်နော်။


Tuesday, 16 June 2026

ပညာရေး

  "ကျွန်တော်တို့ကလေးတွေရဲ့ ကျောင်းပညာရေး - အခက်အခဲနဲ့ အဖြေရှာခြင်း"


"မင်္ဂလာပါ။ ဒီနေ့တော့ ကျွန်တော်တို့ရဲ့ အနာဂတ်ဖြစ်တဲ့ ကလေးတွေရဲ့ ပညာရေးအကြောင်း၊ အထူးသဖြင့် မိဘတိုင်း ရင်ခုန်၊ စိုးရိမ်၊ ခေါင်းစားနေကြရတဲ့ 'အစိုးရကျောင်းလား၊ ကိုယ်ပိုင်ကျောင်းလား' ဆိုတဲ့ မေးခွန်းကို အခြေခံပြီး အကြံပေးစကား‌နည်းနည်း‌ေပြာချင်ပါတယ်။

တကယ်တော့ ဒါဟာ ပညာရေးမူဝါဒတွေ၊ စာသင်ခန်းတွေအကြောင်းတင်မကဘူး၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်အကြောင်း ပြောနေတာပါ။ ကျွန်တော်တို့ဆီမှာ ကိုယ်ပိုင်ကျောင်းတွေ ခေတ်စားလာတယ်၊ အစိုးရကျောင်းတွေမှာလည်း အခက်အခဲတွေ ရှိနေတယ်။ ဘာလို့ ဒီလိုဖြစ်လာတာလဲ၊ ကျွန်တော်တို့ ဘာတွေ ပြင်ဆင်နိုင်မလဲဆိုတာကို ဒီနေ့ အတူတူ ဆွေးနွေးကြည့်ရအောင်။ 


"ပထမဆုံးအနေနဲ့၊ ဘာကြောင့် ကျောင်းသား မိဘတွေက ကိုယ်ပိုင်ကျောင်းတွေကို ပိုပြီး အားကိုးလာကြတာလဲ? တစ်ချက်ချင်း ကြည့်ရအောင်ပါ။

ပထမအချက်က 'စနစ်တကျရှိမှု' ပါ။ ကိုယ်ပိုင်ကျောင်းတွေမှာ ကျောင်းသားဦးရေ နည်းတယ်။ ဆရာတစ်ယောက်နဲ့ ကျောင်းသားဦးရေ အချိုးညီတော့ ကလေးတစ်ယောက်ချင်းစီရဲ့ အားသာချက်၊ အားနည်းချက်ကို ဆရာတွေ ပိုဂရုစိုက်နိုင်တယ်။ ပြီးတော့ သင်ခန်းစာတွေအပြင် အပိုသင်တန်းတွေ၊ အားကစား၊ အနုပညာ စတဲ့ ဘက်စုံဖွံ့ဖြိုးမှုတွေကို အချိန်ပေး လုပ်ဆောင်နိုင်တာမျိုးက မိဘတွေကို စိတ်ချလက်ချ ဖြစ်စေတယ်။

နောက်တစ်ခုက 'ဆက်သွယ်ရေး' ပါ။ မိဘနဲ့ကျောင်းကြားမှာ သတင်းအချက်အလက် စီးဆင်းမှု မြန်ဆန်တယ်။ ကလေးရဲ့ အခြေအနေကို ချက်ချင်း သိနိုင်တယ်။ အုပ်ချုပ်မှုပိုင်းမှာလည်း ပိုပြီး ပြောင်းလွယ်ပြင်လွယ် ရှိတော့ ပြဿနာတစ်ခုခု ရှိရင် အမြန်ဆုံး ဖြေရှင်းနိုင်တယ်။ ဒါတွေကို မြင်တဲ့အခါ မိဘတွေက ငွေကြေး အကုန်အကျခံပြီးတော့တောင် ကိုယ်ပိုင်ကျောင်းကိုပဲ ရွေးချယ်လာကြတာ ဖြစ်ပါတယ်။"


"ဒါဆို အစိုးရကျောင်းတွေမှာရော ဘာတွေ အားနည်းနေလို့လဲ? ကျွန်တော်တို့ အစိုးရကျောင်း ဆရာ၊ ဆရာမတွေကို အပြစ်တင်ချင်တာ မဟုတ်ပါဘူး။ သူတို့လည်း အတတ်နိုင်ဆုံး ကြိုးစားနေကြတာပါ။ ဒါပေမဲ့ 'စနစ်' အရ အခက်အခဲတွေ အများကြီး ရှိနေတာလည်း ဖြစ်နိူင်ပါတယ်။


ကျနော်အမြင်အရဆိုရင်တော့ 

တစ်ခုက '‌ေကျာင်းသားဦးရေ များလွန်းခြင်း' ပါ။ စာသင်ခန်းတစ်ခန်းမှာ ကလေး ၅၀၊ ၆၀ လောက် ရှိနေတဲ့အခါ ဆရာတစ်ယောက်အနေနဲ့ ကလေးအားလုံးကို စိတ်ပါဝင်စားဖို့၊ နားလည်အောင် သင်ပေးဖို့ဆိုတာ အင်မတန် ခက်ခဲပါတယ်။ ဒါဟာ အုပ်ချုပ်မှုပိုင်းမှာသာမက ဆရာတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေပါတယ်။ ပြောရရင်ဗျာ ဆရာ ဆရာမအင်အားနဲ့ ကျောင်းသားဦးရေ မညီမှျခြင်းပါပဲ ။


ပြီးတော့ 'အရင်းအမြစ်' လိုအပ်ချက်။ သင်ထောက်ကူ ပစ္စည်းတွေ မလုံလောက်တာ၊ စာသင်ခုံနဲ့ စာသင်ဆောင် အဆောက်အအုံ‌ေတွ မလုံလောက်တာတွေက သင်ကြားရေးအရည်အသွေးကို ကျဆင်းစေပါတယ်။

 နောက်ဆုံး တစ်ချက်ကတော့ 'ဆရာတွေရဲ့ လုပ်ခလစာ' ပါ။ စီးပွားရေး အခြေအနေအရ ဆရာတွေရဲ့ လစာဟာ သူတို့ရဲ့ ရပ်တည်မှုအတွက် လုံလောက်မှု မရှိတဲ့အခါ၊ သူတို့ရဲ့ စိတ်ဓာတ်နဲ့ အာရုံစိုက်မှုတွေဟာ စာသင်ခန်းထဲမှာ အပြည့်အဝ မရှိနိုင်တော့ပါဘူး။ ဒါဟာ အစိုးရကျောင်းတွေရဲ့ အဓိက အားနည်းချက်တွေပဲ ဖြစ်ပါတယ်။"


"နောက်တစ်ခုက ဒီဘက်ခေတ်မှာ အမြဲကြားနေရတဲ့ ကျွန်တော်တို့ စိတ်မကောင်းစရာ အဖြစ်ရဆုံးဖြစ်တဲ့ ကျောင်းတွင်း အကြမ်းဖက်မှုတွေ၊ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပွားမှုတွေပါပဲ။ ဒါကို ဘယ်လိုဖြေရှင်းမလဲ?

ပထမဆုံးအနေနဲ့ 'ကျောင်းတွင်း စည်းကမ်းနဲ့ ပတ်ဝန်းကျင်' ကို ပြန်ကြည့်ရမယ်။ ကျောင်းသားတွေကြားမှာ ခိုက်ရန်ဖြစ်ပွားမှုတွေ များလာတာဟာ သူတို့ရဲ့ စိတ်ဖိစီးမှုနဲ့ အတုယူစရာ ပုံစံကောင်း မရှိလို့လည်း ဖြစ်နိုင်ပါတယ်။ ကျောင်းတွေမှာ ကောင်စီစနစ်တွေ၊ ကျောင်းသားရေးရာ အကြံပေးအဖွဲ့တွေ ထူထောင်ပြီး ကျောင်းသားတွေရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ပေးဖို့ လိုပါတယ်။

'ဆရာ၊ ဆရာမတွေရဲ့ လုပ်ခလစာ' နဲ့ 'သင်ထောက်ကူပစ္စည်း' အားနည်းချက်တွေအတွက်တော့ ဒါဟာ အစိုးရပိုင်းက တာဝန်ယူရမယ့်ကိစ္စပါ။ 

ဒါပေမဲ့ ကျွန်တော်တို့ လူမှု့ အသိုင်းအဝိုင်းအနေနဲ့ ဘာလုပ်ပေးနိုင်မလဲ? မိဘဆရာအသင်း (PTA) ကို ပိုပြီး အသက်ဝင်အောင် လုပ်‌ေဆာင်‌ေပးရပါမယ်။ ကျောင်းအတွက် လိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေကို လူထုအခြေပြုစနစ်နဲ့ ဝိုင်းဝန်း ဖြည့်ဆည်းပေးတာမျိုးတွေ ကျောင်းသားတွေတင်မက ဆရာဆရာမတွေကို ဂုဏ်ပြုတဲ့ အစီအစဉ်တွေ လုပ်တာမျိုးကတစ်ဆင့် အခက်အခဲတွေကို ဖြေရှင်းနိုင်ပါတယ်။

 အဓိကကတော့ စာသင်ကျောင်းဟာ ကျွန်တော်တို့ ရပ်ကွက်အများပြည်သူတွေ ပိုင်ဆိုင်တဲ့ နေရာဆိုတဲ့ စိတ်ဓာတ်နဲ့ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြဖို့ လိုအပ်အပ်ပါတယ် ။"


"နိုင်ငံတကာမှာဆိုရင် 'Parent-Teacher Partnership' PTP က တကယ့်ကို ထိရောက်ပါတယ်။ အဲဒီမှာ မိဘဆိုတာ ကျောင်းရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကျောင်းမှာ ဘာ‌ေတွသင်နေလဲ၊ ကလေးက ဘာကို စိတ်ဝင်စား‌ေနလဲဆိုတာ‌ေတွကို ဆရာနဲ့ မိဘက အမြဲတမ်း ဆွေးနွေးကြတယ်။ တိုင်ပင်ကြတယ် ။ ဘယ်လိုဖြေရှင်းကြမလဲ ဆိုပြီး အဖြေရှာတတ်ကြပါတယ် ။ 

ကျွန်တော်တို့ဆီမှာကျတော့ 'စာမေးပွဲနီးမှ၊ အမှတ်စာရင်းထွက်မှ' ဆရာနဲ့ မိဘ တွေ့ကြတာမျိုး ဖြစ်နေတယ်။ ဒါ‌ေတွကို ပြောင်းလဲနိူင်ရင် အခြေအနေတစ်ခုတော့ ပြောင်းလာမယ် ထင်ပါတယ်။

 မိဘဆရာ ပုံမှန် ဆွေးနွေးခြင်း:ဆိုတာက လစဉ် သို့မဟုတ် သုံးလတစ်ကြိမ် ကလေးရဲ့ အခြေအနေကို စာသင်ခန်းအပြင်ဘက်မှာပါ ဆွေးနွေးသင့်ပါတယ်။

 မိဘတွေအနေနဲ့ ကျောင်းလှုပ်ရှားမှုမှာ ပါဝင်ဖို့လိုအပ်ပါတယ်: ကလေးရဲ့ ကျောင်းပွဲတွေ၊ အားကစားပွဲတွေကို မိဘတွေက တက်တက်ကြွကြွ ပါဝင်ပေးပါ။ ဒါဟာ ကလေးကို အားပေးရာရောက်သလို၊ ဆရာ‌ေတွနဲ့လည်း ပိုပြီးရင်းနှီးစေပါတယ်။

 မိဘတွေ‌ေရာ ဆရာတွေကပါ အပြန်အလှန် လေးစားမှု ရှိဖို့လိုအပ်ပါတယ် ။: ဆရာတွေကို လေးစားမှုရှိခြင်းဟာ ကလေးကို ပညာရေးအပေါ် စိတ်ဝင်စားစေတဲ့ အဓိကအချက်ဖြစ်ပါတယ်။ မိဘက ဆရာကို လေးစားရင် ကလေးကလည်း ဆရာကို လေးစားလာမှာပါ။"


"ဒီနေရာမှာ ကျွန်တော် အလေးအနက်ထားပြီး ပြောချင်တဲ့ အချက် ၃ ချက် ရှိပါတယ်။ 

၁။ အစိုးရကိုပဲ မျှော်ကိုးမနေကြပါနဲ့တော့ - ကျွန်တော်တို့ ရပ်ရွာရဲ့ ကျောင်းဟာ ကျွန်တော်တို့ အားလူံးရဲ့ ပိုင်ဆိုင်မှုပါပဲ

"အစိုးရတစ်ဖွဲ့တည်း၊ ပညာရေးဌာနတစ်ခုတည်းကနေ အရာအားလုံးကို ဖြည့်ဆည်းပေးနိုင်ဖို့ဆိုတာ လက်ရှိအခြေအနေမှာ အင်မတန် ခက်ခဲပါတယ်။ ဒါကို ကျွန်တော်တို့ လက်ခံရပါမယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကလေးတွေရဲ့ အနာဂတ်အတွက် အစိုးရလုပ်ဆောင်ပေးတာကိုပဲ စောင့်ဆိုင်းနေလို့ ရပါ့မလား? မရပါဘူး။

ကျွန်တော်တို့ ရပ်ရွာမှာ ရှိတဲ့ ကျောင်း၊ ကျွန်တော်တို့ ကလေးတွေ တက်နေတဲ့ စာသင်ဆောင်တွေဟာ ကျွန်တော်တို့အားလံုးရဲ့ ပိုင်ဆိုင်မှု‌ေတွပါ။ မိဘတွေ၊ ရပ်မိရပ်ဖတွေ စုပေါင်းပြီးတော့ ကိုယ့်ဒေသက စာသင်ကျောင်းလေး လှပဖို့၊ စာသင်ခုံလေးတွေ ပြုပြင်ဖို့၊ ပတ်ဝန်းကျင် သန့်ရှင်းဖို့အတွက် ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြဖို့ လိုအပ်ပါတယ်။ကျနော်တို့ တစ်ယောက်ချင်းစီက နီးစပ်ရာ စာသင်ကျောင်းကို နိုင်သလောက်လေး ဝိုင်းကူကြမယ်ဆိုရင် ကျွန်တော်တို့ကျောင်းလေးတွေဟာ မနေ့ကထက် ပိုကောင်းလာမှာ အသေအချာပါပဲ။"


၂

"ကျွန်တော်တို့နိုင်ငံမှာ အားကောင်းတဲ့ ပရဟိတအသင်းအဖွဲ့တွေ အများကြီး ရှိပါတယ်။ သူတို့ကို ကျွန်တော် လေးစားပါတယ်။ ဒါပေမဲ့ တစ်ခုလောက် မေတ္တာရပ်ခံချင်တာက - ပညာရေးကို ကျွန်တော်တို့ရဲ့ 'ပထမဦးစားပေး' အဖြစ် သတ်မှတ်ပေးကြပါ။

ကလေးငယ်တွေရဲ့ ပညာရေးအတွက်၊ သူတို့ လုံလုံခြုံခြုံနဲ့ စာသင်နိုင်ဖို့အတွက် လိုအပ်တဲ့ အထောက်အကူပြုပစ္စည်းတွေ၊ စာကြည့်တိုက်တွေ၊ ကျောင်းအဆောက်အအုံတွေကို ပြုပြင်မွမ်းမံပေးတဲ့နေရာမှာ အားတက်သရော ပါဝင်ပေးကြပါ။ ငွေကြေးတတ်နိူင်တဲ့ မိဘတွေက 

စာသင်ခုံတွေ လှုတန်းပေးတာမျိုး စာသင်ကျောင်းအတွက်လိုအပ်တဲ့ အားကစားပစ္စည်းတွေ လှုတန်းပေးတာမျိုး 

ဒါဟာ အရေးပေါ် ကူညီတာထက် ပိုပြီး ရေရှည်အကျိုးရှိတဲ့ အရင်းအနှီးပါ။ 

ကျွန်တော်တို့ရဲ့ ကလေးတွေကို အဆင့်အတန်းမြင့်မြင့်၊ လုံခြုံတဲ့ ပတ်ဝန်းကျင်မှာ စာပေကို သင်ယူစေချင်တယ်ဆိုရင် ဒါဟာ ပရဟိတအဖွဲ့အစည်းတွေအနေနဲ့ အခုချက်ချင်း ဆောင်ရွက်သင့်တဲ့ အလုပ်ပါ။"


၃

"နောက်ဆုံးတစ်ခုကတော့ ကျွန်တော်တို့ရဲ့ ပန်းတိုင်ပါ။ ကျွန်တော်တို့က 'ကမ္ဘာ့အဆင့်မီ' ဖြစ်ဖို့ အခုချက်ချင်း မလိုသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရပ်ရွာမှာရှိတဲ့ ကိုယ်ပိုင်ကျောင်းတွေနဲ့ အဆင့်အတန်း တူညီအောင်၊ တန်းတူယှဉ်နိုင်အောင် လုပ်လို့ရပါတယ်။ ဘယ်လိုလုပ်မလဲ?

အဲဒါကတော့ 'မိဘနဲ့ ဆရာ' စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်ခြင်းပါပဲ။ ဆရာတွေက စာသင်ပေးတယ်၊ မိဘတွေက ကျောင်းကို အားပေးတယ်။ ကလေးရဲ့ အားနည်းချက်ကို ဆရာနဲ့ မိဘ ညှိနှိုင်းပြီး ချက်ချင်း ကုစားကြတယ်။ ဒီလို စည်းစည်းလုံးလုံးနဲ့ အပြန်အလှန် ပူးပေါင်းမှုသာ ရှိမယ်ဆိုရင် အစိုးရကျောင်းတွေဟာ အံ့ဩစရာကောင်းလောက်အောင် အလျင်အမြန် ဖွံ့ဖြိုး တိုးတက်လာမှာပါ။ ကျွန်တော်တို့ အားလုံး လုပ်နိုင်ပါတယ်။ စိတ်တူကိုယ်တူနဲ့ စုပေါင်းအင်အားကို သုံးမယ်ဆိုရင် ကိုယ်ပိုင်ကျောင်းတွေရဲ့ အားသာချက်ကို ကျွန်တော်တို့ အစိုးရကျောင်းတွေမှာလည်း ရယူနိုင်ပါတယ်။"

"နိဂုံးချုပ်ပြောရရင်၊ အစိုးရကျောင်းပဲ ဖြစ်ဖြစ်၊ ကိုယ်ပိုင်ကျောင်းပဲ ဖြစ်ဖြစ်၊ အဓိကကတော့ 'အရည်အသွေးရှိတဲ့ ပညာရေး' နဲ့ 'လုံခြုံတဲ့ ပတ်ဝန်းကျင်' ပါပဲ။

အစိုးရကျောင်းတွေမှာ အားနည်းချက်ရှိနေတာကို အပြစ်တင်နေရုံနဲ့ မပြီးပါဘူး။ ကျွန်တော်တို့ မိဘတွေ၊ ဆရာတွေ၊ ပြည်သူတွေအားလုံးက အသိတရားနဲ့ ဝိုင်းဝန်းကူညီမှသာ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မှာပါ။

ကိုယ်ပိုင်ကျောင်းတွေ တိုးတက်နေတာကို အတုယူစရာရှိတာယူပြီး၊ အစိုးရကျောင်းတွေကိုလည်း ကျွန်တော်တို့အားလံုးရဲ့ အားထုတ်မှုနဲ့ ပြန်လည်မြှင့်တင်ကြရင် မဖြစ်နိူင်စရာမရှိပါဘူး။ 

ဒီနေ့ ဆွေးနွေးချက်လေးက မိဘတွေအတွက် စဉ်းစားစရာလေးတွေ ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။

 သားသမီးတွေရဲ့ အနာဂတ်အတွက် ကျွန်တော်တို့ အတူတူ ကြိုးစားကြမယ်လေနော်။ နောက်ထပ်လည်း ပညာရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အကြောင်းအရာတွေကို အမြဲတမ်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ် ။ 

အားလုံးပဲ ကျေးဇူးတင်ပါတယ်။ နောက်

အစီအစဥ်‌ေတွမှာ ပြန်လည်တွေ့ကြပါ့မယ်!"


Monday, 15 June 2026

  ထိုင်းနဲ့ မြန်မာ - နိုင်ငံရေးယဉ်ကျေးမှုမှာ ဘာတွေကွာခြားနေလဲ?


အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့တော့ ကျွန်တော်တို့ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေ၊ နိုင်ငံရေးသမားတွေရဲ့ လုပ်ရပ်တွေကို ယှဉ်ပြီး သုံးသပ်ကြည့်ကြရအောင်။


မိတ်ဆွေတို့... ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာ ဘယ်နှစ်ကြိမ်ရှိပြီလဲဆိုတာတောင် ရေတွက်ရခက်ပါတယ်။ ဒါပေမဲ့ တစ်ခုသတိထားမိလား? အာဏာသိမ်းတိုင်းလည်း ထိုင်းနိုင်ငံကြီး ပျက်စီးသွားတာမျိုး မရှိဘူး။ ဘာလို့လဲ? ကျွန်တော်တို့ စဉ်းစားရမှာက နိုင်ငံရေးသမားတွေရဲ့ "စိတ်ဓာတ်" နဲ့ "ပညာဉာဏ်" ပါ။

ထိုင်းနိုင်ငံက နိုင်ငံရေးသမားတွေမှာ အခြေခံမူတစ်ခု ရှိတယ်။ သူတို့ ဘယ်လောက်ပဲ အာဏာလုကြ၊ အာဏာသိမ်းကြပါစေ၊ နောက်ဆုံးတော့ ရွေးကောက်ပွဲ ပြန်လုပ်မှာပဲဆိုတာကို သူတို့ သိတယ်။ အဲဒီအတွက် သူတို့နိုင်ငံကို အမြစ်ဖြတ် ဖျက်စီးပစ်လိုက်တာမျိုး သူတို့ မလုပ်ဘူး။ ကိုယ့်နိုင်ငံကို အနာတရဖြစ်စေမယ့် တိုက်ပွဲတွေ စစ်ပွဲတွေ ဖြစ်စေတဲ့ လုပ်ရပ်မျိုးကို ရှောင်ကြဉ်ကြတယ်။ နိူင်ငံရေးသမားကောင်း ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုတဲ့ စကားလုံးက သူတို့အတွက် အလုပ်လုပ်ပြနေတာပါ။


အဲဒီမှာ ကျွန်တော်တို့ဘက်ကို ပြန်ကြည့်ရအောင်။ ကျွန်တော်တို့ဆီမှာကျတော့ အခြေအနေက လုံးဝတစ်မျိုး ဖြစ်နေတယ်။ နိုင်ငံရေးဆိုတာ တာဝန်ယူမှုရှိရမယ်၊ ပွင့်လင်းမြင်သာမှု ရှိရမယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပျက်နေတာက 2020ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ဖြစ်လာတော့လည်း အဲဒါကို ပွင့်လင်းမြင်သာမှုရှိရှိ မရှင်းပြဘဲနဲ့ အစိုးရဖွဲ့ပြီး ဆက်လုပ်ချင်နေကြတယ်။

နိုင်ငံရေးသမားဆိုတာ "စောက်ခွက်ပြောင်" လို့ မရပါဘူးဗျာ။ တာဝန်မကျေတဲ့အခါ၊ အမှားတစ်ခုခု ဖြစ်လာတဲ့အခါ တာဝန်ခံရဲဖို့ လိုတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီက အချို့သော နိုင်ငံရေးသမားတွေမှာကျတော့ စစ်တပ်က အာဏာသိမ်းလိုက်တာနဲ့ တစ်ပြိုင်နက်တည်း သူတို့ရဲ့ အတွင်းစိတ်ထဲက "ယုတ်ကမ်းမှု" တွေ ပေါ်လာတော့တယ်။ တိုင်းပြည်ကို တည်ဆောက်ဖို့ထက် ကိုယ့်ရဲ့ အတ္တအတွက်၊ ကိုယ့်ရဲ့ အာဏာရရေးအတွက်ပဲ ဦးတည်ပြီး တောခိုတာတွေ၊ လက်နက်ကိုင်တာတွေ ဆူပူအုံကြွမှုတွေတွေ အကြမ်းဖက်မှုတွေကို အများအပြား လုပ်လာကြတယ်။


ကျွန်တော် ပြောချင်တာက... နိုင်ငံရေးသမားတစ်ယောက် တောခိုတယ်ဆိုတာ ကိုယ့် နိူဂ်ငံရေးသေတွင်း ကိုယ်တူး‌ေနကြတာပါ။ နိုင်ငံရေးသင်းချိုင်းဆီကို ကိုယ့်ခြေထောက်နဲ့ကိုယ် လျှောက်လှမ်းသွားတာပါပဲ။

ဥပမာတစ်ခု ပြောပြမယ်။ ထိုင်းက သက်ဆင်တို့၊ ယင်လက်တို့ဆိုတာ နိုင်ငံရေးလောကထဲကို ဘာကြောင့် ပြန်ဝင်နိုင်တာလဲ? သူတို့က လက်နက်ကိုင်သူပုန် မထခဲ့လို့ပဲ။ အခြေအနေမပေးတဲ့အခါ ခေတ္တရှောင်ပေးတယ်၊ နိုင်ငံနဲ့ပြည်သူကို အနာမခံဘူး၊ ပါတီကိုလည်း အထိမခံဘူး။ ဒါက သူတို့ရဲ့ နိုင်ငံရေးကစားကွက်နဲ့ နိူင်ငံအပေါ်တာဝန်ယူမှုပဲ။

မြန်မာပြည်က NLD တွေနဲ့ NUG တွေကျတော့ ဘာဖြစ်သွားလဲ? အာဏာသိမ်းတဲ့အခါ နိုင်ငံရေးအရ မဖြေရှင်းဘဲ တောခို၊ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်ကြတယ် ပြည်ပထွက်‌ေပြးပြီး နိူင်ငံတော်ပျက်ဆီးအောက် နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ဆောင်တဲ့အတွက် သူတို့ဘဝတွေက ဒီတစ်သက် နိုင်ငံမဲ့သွားပါပြီ။ သူတို့လမ်းသူတို့ ရွေးချယ်ခဲ့တာပါ၊ ဘယ်သူမှ မတိုက်တွန်းခဲ့တာပါ။

နိုင်ငံရေးသမားတစ်ယောက် တောခိုခြင်းဆိုတာ အပြန်အလှန် ညှိနှိုင်းမှုတွေနဲ့ ဖြေရှင်းရမယ့် နိုင်ငံရေးလမ်းကြောင်းကို ပိတ်ပင်လိုက်ပြီး၊ အကြမ်းဖက်မှုတွေနဲ့ အစားထိုးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်က နိုင်ငံရေးသမားတစ်ယောက်အတွက် သူတို့ရဲ့ "နိုင်ငံရေးသက်တမ်း" ကို အဆုံးသတ်လိုက်တာနဲ့ တူပါတယ်။ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်တဲ့အခါမှာတော့ သူတို့ဟာ နိုင်ငံရေးစားပွဲဝိုင်းမှာ နေရာမရှိတော့ဘဲ တရားဥပဒေရဲ့ အပြင်ဘက်ကို ရောက်သွားပါတော့တယ်။ 


 နိုင်ငံရေးဆိုတာ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းအ‌ေဖြရှာရတဲ့ အနုပညာတစ်ခုပါ။ 

အခုဆိုရင် တောခိုလက်နက်ကိုင် သူပုန်သူကန် အဲဒီလို လမ်းမှား ရွေးချယ်ခဲ့တဲ့သူတွေရဲ့ အနာဂတ်က အတော်လေး ဝမ်းနည်းစရာ ကောင်းသွားပါပြီ။

နိုင်ငံရေးသမားတွေ တောခိုခြင်းဟာ နိုင်ငံရဲ့ တည်ငြိမ်မှုကို ပျက်စီးစေပြီး၊ မျိုးဆက်တစ်ခုလုံးကို ပဋိပက္ခတွေကြားထဲ တွန်းပို့လိုက်သလို ဖြစ်စေပါတယ်။ နိုင်ငံရေးသမားတွေအနေနဲ့ ထွက်ပေါက်ရှာဖို့ တောခိုတာမျိုးဟာ တိုင်းပြည်အတွက် တာဝန်မဲ့ရာကျပါတယ်။ အမှန်တကယ်တော့ နိုင်ငံရေးသမားဆိုတာ အခက်အခဲတွေကြားထဲမှာတောင် နိုင်ငံကို အနာတရမဖြစ်အောင် ထိန်းသိမ်းသွားရမယ့်သူတွေပါ။ ဒါပေမဲ့ ကိုယ့်ရဲ့ အတ္တ၊ ကိုယ့်ရဲ့ အာဏာရရေးအတွက်နဲ့ နိုင်ငံကို ပဋိပက္ခလမ်းကြောင်းပေါ် တွန်းတင်လိုက်တဲ့အခါမှာတော့ တိုင်းပြည်က ဆယ်စုနှစ်နဲ့ချီပြီး နောက်ပြန်ဆွဲခံရသလို၊ အဲဒီနိုင်ငံရေးသမားတွေကိုယ်တိုင်လည်း သမိုင်းရဲ့ တရားခံ သူပုန်သူကန်သောင်းကျန်းသူစာရင်းထဲကိုပဲ ကျရောက် သွားရတော့မှာ ဖြစ်ပါတယ်။


မိတ်ဆွေတို့... ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် နိုင်ငံရေးသမားဆိုတာ တိုင်းပြည်အပေါ် စေတနာထားတဲ့ စိတ်ဓာတ် ဘယ်လောက်အရေးကြီးသလဲဆိုတာ ရှင်းနေပါတယ်။ နိုင်ငံရေးသမားချင်းတူပေမယ့် စေတနာချင်းမတူရင် တိုင်းပြည်ရဲ့ အနာဂတ်က အခုလိုပဲ ကွာခြားသွားမှာပါ။

ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်နားပါရစေ။ ကျွန်တော် ပြောသွားတဲ့ အချက်တွေအပေါ်မှာ မိတ်ဆွေတို့ရဲ့ အမြင်က ဘယ်လိုရှိလဲ? Comment မှာ ဆွေးနွေးပေးသွားကြပါဦး။ နောက်တစ်ခါမှာလည်း စိတ်ဝင်စားစရာ အကြောင်းအရာတွေနဲ့ ပြန်လာခဲ့ပါမယ်။ အားလုံးပဲ 

ကျေးဇူးတင်ပါတယ်။

 : မြန်မာပြည်ရဲ့ ခမာနီလက်သစ်ဝါဒီများ - တကယ်ဖြစ်ပျက်နေတဲ့ အမှန်တရား


မင်္ဂလာပါ။ ဒီနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အများစုက တစ်ဖက်သတ်အမြင်တွေပဲ မြင်နေရတဲ့ အချိန်မှာ၊ ဒီနေ့ ကျွန်တော်တို့ အမှန်တရားရဲ့ နောက်ကွယ်က အခြားတစ်ဖက်ကို ကြည့်ဖို့ ကြိုးစားကြရအောင်။

ကျွန်တော် ဒီနေ့ တင်ပြမယ့်အကြောင်းအရာက ခ ကျွန်တော်တို့ ပြည်သူတွေ လက်ရှိကြုံတွေ့ ခံစားနေရတဲ့ အသက်ရှင်သန်မှု အရေးကိစ္စတစ်ခုပါ။


မိတ်ဆွေတို့... မေးခွန်းထုတ်စရာဖြစ်နေတဲ့ ကိစ္စတစ်ခုရှိပါတယ်။ "ဘာလို့ တပ်မတော်က လေကြောင်းကနေ ဗုံးကြဲရှင်းလင်းနေရတာလဲ" ဆိုတာပါ။ အများစုက ဒါကို အလွယ်တကူပဲ ပြောကြတယ်။ ဒါပေမဲ့ ဒီဗီဒီယိုဖိုင်တွေ၊ အထောက်အထားတွေကို သေချာကြည့်မယ်ဆိုရင် အဖြေက ရှင်းပါတယ်။

အကြမ်းဖက်မှုဆိုတာ ဘယ်သူပဲလုပ်လုပ်၊ ဘယ်ပုံစံနဲ့ပဲ ဖြစ်ဖြစ် လက်မခံသင့်တဲ့အရာပါ။ PDF လို့ခေါ်တဲ့ အဖွဲ့အစည်းတွေဟာ တိုင်းပြည်ကိုတည်ငြိမ်စေဖို့ မဟုတ်ဘဲ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်နေတဲ့အခြေအနေမျိုး ဖြစ်လာတဲ့အခါ တပ်မတော်အနေနဲ့ သူ့ရဲ့ အဓိကတာဝန်ဖြစ်တဲ့ "ပြည်သူ့အသက်အိုးအိမ် ကာကွယ်ရေး" ကို မလုပ်လို့ မရတော့ဘူးလေ။ လေကြောင်းကနေ ဗုံးကြဲတယ်ဆိုတာဟာ စစ်ရေးအရ အထိအခိုက်နည်းအောင်နဲ့ အကြမ်းဖက်အုပ်စုတွေကို ထိရောက်စွာ တားဆီးဖို့အတွက် အခြေအနေအရ ရွေးချယ်ရတဲ့ နည်းလမ်းတစ်ခုသာ ဖြစ်ပါတယ်။ 



အခု ကျွန်တော် ပြချင်တဲ့ အချက်အလက်တစ်ခုရှိပါတယ်။ ဒီဓာတ်ပုံကို ကြည့်ပါ။


ဒီပုံကို ကြည့်လိုက်တာနဲ့ မိတ်ဆွေတို့ ဘာမြင်လဲ။ ကမ္ဘောဒီးယားမှာ တချိန်က လူသန်းနဲ့ချီပြီး သတ်ဖြတ်ခဲ့တဲ့ ပိုပေါ့ရဲ့ ခမာနီဝါဒတွေ၊ မြန်မာပြည်မှာ ပြန်လည်မွေးဖွားလာနေတာကို တွေ့ရပါလိမ့်မယ်။


ဒီ PDF အဖွဲ့တွေဟာ သူတို့ရဲ့ အတွေးအခေါ်၊ သူတို့ရဲ့ လုပ်ရပ်တွေက ခမာနီတွေနဲ့ တစ်ထပ်တည်းကျနေပါတယ်။ "ကိုယ်နဲ့အမြင်မတူရင် အကုန်သတ်မယ်၊ ဖျက်ဆီးမယ်" ဆိုတဲ့ ဝါဒမျိုးပါ။ ဒီပုံထဲက သက်သေတွေကို ကြည့်ပါ၊ ဒါဟာ ဒီနေ့ မြန်မာပြည်ရဲ့ လက်တွေ့ဘဝပါ။ သူတို့ဟာ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေ မဟုတ်တော့ဘဲ၊ ပြည်သူကို ဓားစာခံလုပ်ပြီး အကြမ်းဖက်နေတဲ့ လက်သစ် ခမာနီတွေ ဖြစ်နေပါပြီ။


ဒီဗီဒီယိုထဲမှာပါတဲ့ သူတွေကို ကြည့်လိုက်ပါ။ အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ...။ သူတို့မှာ ဘာအပြစ်ရှိလို့လဲ။ သူတို့ဟာ ဘယ်အကြမ်းဖက်အုပ်စုကိုမှ ထောက်ခံတာမဟုတ်ဘူး။ သူတို့လိုချင်တာက အေးအေးဆေးဆေး နေချင်တဲ့ ဘဝလေးပါ။

ဒါပေမဲ့ PDF တွေက သူတို့ရွာတွေကို လက်နက်အင်အားနဲ့ ဝင်စီးတယ်။ မီးရှို့တယ်။ အိုးအိမ်မဲ့ဖြစ်အောင် လုပ်တယ်။ အဲဒီနောက်မှာ သူတို့ရဲ့ အမျိုးသားတွေကို၊ အရွယ်ရောက်ပြီးသား လူငယ်တွေကို အတင်းအဓမ္မ ခေါ်ထုတ်သွားတယ်။ ဘာကြောင့်လဲ? သူတို့ကို အသုံးချဖို့၊ ဒါမှမဟုတ် သူတို့မလိုလားတဲ့ လူတွေကို သတ်ဖြတ်ဖို့ပေါ့။

မိတ်ဆွေတို့... စဉ်းစားကြည့်ပါ။ ကိုယ့်အိမ်မှာ ကိုယ်နေရင်းနဲ့ ကိုယ့်သား၊ ကိုယ့်လင်ကို အတင်းဆွဲခေါ်သွားပြီး မတရားသတ်ဖြတ်နေတာကို ကြည့်နေရတဲ့ မိခင်တစ်ယောက်ရဲ့ ရင်ထဲမှာ ဘယ်လိုခံစားရမလဲ။ ဒါကို ကျွန်တော်တို့ ဘာလို့ အသံတိတ်နေရမှာလဲ။

ဒီနေရာမှာ ကျွန်တော် အလေးအနက်ပြောချင်တာတစ်ခုရှိတယ်။ ဒီ "ခမာနီလက်သစ်ဝါဒ" ဆိုတာကို ကျွန်တော်တို့ ဘာကြောင့် တစ်ညီတညွတ်တည်း ဆန့်ကျင်ကြရမှာလဲ။

မိတ်ဆွေတို့... ခမာနီတွေရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ပါ။ သူတို့ဟာ "လူသစ်၊ လူဟောင်း" လို့ ခွဲခြားပြီး ကိုယ်နဲ့အမြင်မတူသူမှန်သမျှ၊ ကိုယ့်လမ်းစဉ်ကို မလိုက်သူမှန်သမျှကို ရန်သူလို့ သတ်မှတ်ခဲ့ကြတယ်။ အခု မြန်မာပြည်မှာ ဖြစ်နေတာလည်း အဲဒီပုံစံအတိုင်းပါပဲ။ PDF အကြမ်းဖက်အုပ်စုတွေဟာ ရွာထဲကို ဝင်လာတယ်၊ အပြစ်မဲ့တဲ့ ပြည်သူတွေကို ဖမ်းဆီးတယ်၊ လူငယ်တွေကို သီးခြားခေါ်သွားပြီး မတရားသတ်ဖြတ်တယ်။ ဘာအကြောင်းပြချက်နဲ့လဲ? အကြောင်းပြချက်တွေကတော့ အမျိုးမျိုးပေါ့။ ဒါပေမဲ့ အနှစ်ချုပ်လိုက်ရင်တော့ "ငါ့ကို မထောက်ခံရင် မင်းတို့မှာ အသက်ရှင်ခွင့်မရှိဘူး" ဆိုတဲ့ သွေးအေးတဲ့ လူသတ်ဝါဒပါပဲ။

ဒီလို ဝါဒမျိုးကို ကျွန်တော်တို့ လက်ခံလိုက်ပြီဆိုရင်၊ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်၊ ကျွန်တော်တို့ရဲ့ ရပ်ရွာ၊ နောက်ဆုံး ကျွန်တော်တို့ရဲ့ အိမ်တိုင်ရာရောက် ဒီမီးတောက်တွေ ရောက်လာပါလိမ့်မယ်။ ဒါဟာ နိုင်ငံရေးမဟုတ်တော့ပါဘူး၊ ဒါဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းပါ။ ဒီ ခမာနီလက်သစ်ဝါဒဟာ မြန်မာ့မြေပေါ်မှာ ရှင်သန်ခွင့်မရှိပါဘူး။ ဒါကြောင့်လည်း ကျွန်တော်တို့ အားလုံးက ဒီအကြမ်းဖက်မှုတွေကို၊ ဒီအတွေးအခေါ်ဆိုးတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ လိုအပ်နေတာပါ။ ဒီအဆိပ်အတောက်ကို အခုချက်ချင်း မဖယ်ရှားနိုင်ရင်၊ ကျွန်တော်တို့ရဲ့ နောင်လာနောက်သားတွေဟာ ဒီလို လူမဆန်တဲ့ သတ်ဖြတ်မှုတွေရဲ့ အရိပ်အောက်မှာပဲ နေသွားရပါလိမ့်မယ်။


ဒီနေ့ ကျွန်တော် ဒီအကြောင်းကို ပြောရတာက တစ်စုံတစ်ယောက်ကို ထောက်ခံဖို့ မဟုတ်ပါဘူး။

 အမှန်တရားကို ဖော်ထုတ်ဖို့ပါ။ ဒီ ခမာနီလက်သစ်တွေရဲ့ လုပ်ရပ်တွေကို ကမ္ဘာကြီးက သိဖို့ လိုနေပါပြီ။

ကျွန်တော်တို့ရဲ့ မြန်မာပြည်ဟာ အခုလို အကြမ်းဖက်ဝါဒတွေ၊ လူမဆန်တဲ့ သတ်ဖြတ်မှုတွေနဲ့ ပျက်စီးသွားတာကို ဘယ်သူမှ မလိုလားပါဘူး။ 

ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု၊ ကျွန်တော်တို့ရဲ့ သံယောဇဉ်တွေဟာ ဒီလို လူမဆန်တဲ့ လုပ်ရပ်တွေအောက်မှာ ပျောက်ဆုံးသွားဖို့ မထိုက်တန်ပါဘူး။

မိတ်ဆွေတို့... ဒီဗီဒီယိုကို ကြည့်ပြီးတဲ့အခါ တစ်ခဏလောက် စဉ်းစားပေးပါ။ 

ဒီအဖြစ်အပျက်တွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တကယ်ဖြစ်နေတဲ့ အမှန်တရားပါ။ ဒီအကြောင်းအရာတွေကို အများပြည်သူသိအောင်၊ နိုင်ငံတကာက နားလည်လာအောင် ကျွန်တော်တို့ အားလုံး ဝိုင်းဝန်း ပြောပြပေးကြဖို့ တောင်းဆိုချင်ပါတယ်။


နောက်ဆုံးအနေနဲ့ ကျွန်တော် ပြောချင်တာကတော့... အကြမ်းဖက်မှုဆိုတာ ဘယ်တော့မှ အဖြေမဟုတ်ပါဘူး။ အေးချမ်းတဲ့ မြန်မာနိုင်ငံကို ပြန်လည်တည်ဆောက်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ အားလုံး အမှန်တရားဘက်က ရပ်တည်ပြီး၊ ဒီလို ခမာနီလက်သစ်ဝါဒတွေကို တညီတညွတ်တည်း ဆန့်ကျင်ကြဖို့ လိုအပ်ပါတယ်။


ဒီနေ့အတွက်တော့ ဒီလောက်နဲ့ပဲ ရပ်နားပါရစေ။ နောက်ထပ်လည်း ဒီလိုမျိုး ထဲထဲဝင်ဝင် ရှိတဲ့ အချက်အလက်တွေကို ကျွန်တော် ထပ်ပြီး တင်ပြပေးသွားပါဦးမယ်။ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

ကျေးဇူးတင်ပါတယ်။

  "ကျွန်စိတ် နှင့် တိုင်းရင်းသားအရေး - ဘယ်လိုအမြင်မျိုး ထားသင့်သလဲ"


အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ ကျွန်တော် ပြောချင်တဲ့ အကြောင်းအရာက တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ အမြင်၊ သူတို့ရဲ့ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားရမလဲဆိုတဲ့ အချက်ပါပဲ။


ကျွန်တော်တို့ကြားနေရတာကြာပြီ။ "တိုင်းရင်းသားတွေကို ကျွန်လို ဆက်ဆံတယ်" ဆိုတဲ့ စွပ်စွဲချက်မျိုးပေါ့။ ဒါပေမဲ့ တကယ်ရော ဟုတ်ရဲ့လား။ ဗမာလူမျိုးတွေထဲမှာရော တိုင်းရင်းသားတွေကို ကျွန်လို့ သတ်မှတ်တဲ့သူ ဘယ်နှစ်ယောက်များ ရှိလို့လဲ။ ဒါကို အေးအေးဆေးဆေး ပြန်တွေးကြည့်စေချင်တယ်။


ကျွန်တော်တို့ အခုထိ အငြင်းပွားနေတဲ့အချက်က "တိုင်းရင်းသားတွေက ဘာလို့ လက်နက်ကိုင်နေကြတာလဲ" ဆိုတာပါပဲ။ တချို့ကပြောတယ်၊ လွတ်လပ်ရေးအတွက်၊ ကိုယ့်ပိုင် အုပ်ချုပ်ခွင့်ရဖို့အတွက်တဲ့။ ဒါပေမဲ့ အဲ့ဒီနောက်ကွယ်မှာ တကယ်တော့ သူတို့ရဲ့ စိတ်ထဲမှာ "ငါတို့ တိုင်းရင်းသားတွေက ဗမာတွေရဲ့ ကျွန်တွေ" ဆိုတဲ့ စိတ်ဓာတ်မျိုး ကိန်းအောင်းနေတာလား။

 အဲ့ဒါကတော့ "လွတ်မြောက်ရေး" ဆိုတဲ့ စကားလုံးနောက်ကွယ်မှာ တကယ်တမ်း ဘာတွေ လှုပ်ရှားနေတာလဲဆိုတာပါပဲ။

ကျွန်တော်တို့ အခုတလော ကြားနေရတာက "လွတ်မြောက်ရေး" တဲ့။ "ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်" တဲ့။ ဒါပေမဲ့ အဲ့ဒီစကားလုံးတွေရဲ့ နောက်ကွယ်မှာ အမှန်တကယ် လုပ်ဆောင်နေတာက "ခွဲထွက်ရေး" ဆိုတဲ့ အစီအစဉ်တွေ ဖြစ်နေတာကို ကျွန်တော်တို့ သတိထားမိဖို့ လိုပါတယ်။ အဲ့ဒီခွဲထွက်ရေးဆိုတာ ပြည်ထောင်စုကို ပြိုကွဲအောင် လုပ်ဆောင်ကြတဲ့လုပ်ရပ်တွေပါပဲ ။ 

ကျွန်တော်တို့ ဗမာတွေက ဘယ်တုန်းကမှ တိုင်းရင်းသားတွေကို ကျွန်လို့ မသတ်မှတ်ခဲ့ပါဘူး။


 ဒါပေမဲ့ ဒီနေ့ခေတ်မှာ သူတို့ကိုယ်သူတို့ ကျွန်လို့ သတ်မှတ်ပြီး "ငါတို့ လွတ်မြောက်ဖို့ လိုတယ်" ဆိုပြီး လက်နက်ကိုင်နေကြတာ။ အဲ့ဒီတော့ ဒီနေရာမှာ ကျွန်စိတ်က ဘယ်သူ့‌ေတွဆီမှာ ရှိနေတာလဲ။ တကယ်တမ်းကျတော့ ကိုယ့်ကိုယ်ကို ကျွန်လို့ ခံယူထားတဲ့သူတွေရဲ့ စိတ်ထဲမှာပဲ ဒီစိတ်ဓာတ်တွေ လည်ပတ်နေတာ မဟုတ်လား။


မိတ်ဆွေတို့၊ တစ်ခါတလေကျရင် သူငယ်ချင်းတွေ၊ ဒါမှမဟုတ် အပြင်က လူတွေနဲ့ စကားပြောရင်း တိုင်းရင်းသား လက်နက်ကိုင်တွေကို ထောက်ခံနေတဲ့သူတွေနဲ့ တွေ့လိမ့်မယ်။ သူတို့က "ဗမာတွေက ငါတို့ကို အနိုင်ကျင့်တယ်၊ ဗမာတွေက ငါတို့ကို ကျွန်ပြုထားတယ်" ဆိုပြီး ပြောလာရင် ဘယ်လိုလုပ်မလဲ။


ကျွန်တော် အကြံပေးချင်တာကတော့ ပြိုင်ပြီး စကားနိုင်လု ငြင်းမနေပါနဲ့။ ဘာလို့လဲဆိုတော့ သူတို့က "ကျွန်စိတ်" ပေါက်နေကြလို့ပါပဲ။ ကျွန်စိတ်‌ေပါက်နေတဲ့သူကို စကားနဲ့ နိုင်အောင်ပြောဖို့ မလွယ်ဘူး။ အဲ့ဒီတော့ အေးအေးဆေးဆေးပဲ "ကောင်းပြီလေ၊ မင်းတို့က ကျွန်လို့ ခံစားနေရရင်လည်း ကျွန်လိုပဲ ဆက်ဆံလိုက်မယ်၊ ဒါမှမဟုတ် မင်းတို့ ဘိုးဘေးဘီဘင်ကတည်းက ဗမာတွေက ကျွန်ပြုထားတယ်လို့ ယူဆနေရင်လည်း အဲ့ဒီအတိုင်းပဲ ဆက်တွေးနေလိုက်ပါ" လို့ ပြောလိုက်ပါ။

မိတ်ဆွေတို့ရေ.တိုင်းရင်းသားတွေ ကြက်တူရွေးရွတ်သလို ရွတ်နေတဲ့.. လွတ်မြောက်ရေးဆိုတာ တကယ့်ကို အဓိပ္ပာယ်ရှိတဲ့ စကားလုံးပါ။ လူတိုင်း လွတ်လပ်ချင်ကြတာပဲ။ ဒါပေမဲ့ ကိုယ်နေထိုင်တဲ့ တိုင်းပြည်၊ ကိုယ်စားနေတဲ့ နယ်မြေကနေ ခွဲထွက်ဖို့အတွက်ကိုပဲ "လွတ်မြောက်ရေး" လို့ အမည်တပ်ပြီး လက်နက်ကိုင်နေတာမျိုးကတော့ ဒါဟာ "လွတ်မြောက်ခြင်း" မဟုတ်ဘဲ "နိုင်ငံကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် လုပ်နေတာ" သက်သက်ပဲ။

သူတို့ အမြဲပြောနေတဲ့ စကားလုံးတစ်ခု ရှိတယ် - "ဗမာတွေက ငါတို့ကို ဖိနှိပ်ထားတယ်" တဲ့။ ဒါပေမဲ့ ကျွန်တော် ပြန်မေးချင်တယ်။ ဘယ်တုန်းက ဖိနှိပ်ခဲ့တာလဲ။ တိုင်းရင်းသားတွေနဲ့ ဗမာတွေဟာ ဒီမြေပေါ်မှာ ရာစုနှစ်ပေါင်းများစွာ အတူတူ နေထိုင်လာခဲ့တာ။ အခုမှ "လွတ်မြောက်ရေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ လက်နက်ကိုင်၊ တောခို၊ ပြည်သူတွေကို ဒုက္ခပေးနေတာက ဘယ်သူတွေလဲ။

ဒီနေရာမှာ ကျွန်တော် ဆိုလိုတာက အငြင်းပွားမှုတွေမှာ ကိုယ့်ကိုယ်ကို အချိန်မဖြုန်းပါနဲ့။ သူတို့ရဲ့ အမြင်က သမိုင်းအမှားတွေ၊ ဒါမှမဟုတ် သူတို့ ဖန်တီးထားတဲ့ စိတ်ကူးယဉ် အတိတ်တွေပေါ်မှာ အခြေခံနေရင် အဲ့ဒီအမြင်ကို ပြင်ဖို့က ကျွန်တော်တို့ တာဝန်မဟုတ်ပါဘူး။


ကျွန်တော်တို့ ဗမာတွေက အေးဆေးသမားတွေပါ။ ကျွန်တော်တို့က ဘယ်တိုင်းရင်းသားကိုမှ ကျွန်ပြုဖို့ စိတ်ကူးမရှိသလို၊ အနိုင်ကျင့်ဖို့လည်း စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ တိုင်းရင်းသား‌ေတွဖက်က "မင်းတို့ ငါ့ကို ကျွန်ပြုထားတယ်" ဆိုတဲ့ စွပ်စွဲချက်ကို အမြဲတမ်း ပုံစံခွက်ထဲ ထည့်ပြီး ပြောနေမယ်ဆိုရင်တော့ ဒီပြဿနာက ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ဘူး။


ကျွန်တော်တို့ ဗမာတွေအနေနဲ့ ဒီလို တိုင်းရင်းသားအမည်ခံတွေကို ပြောပြရလိမ့်မယ်။ "မင်းတို့ ခွဲထွက်ချင်တာလား၊ လွတ်မြောက်ချင်တာလား ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပါ။ ဒါပေမဲ့ မင်းတို့ရဲ့ အဲ့ဒီ 'ခွဲထွက်ရေး' ဆိုတဲ့ အစီအစဉ်တွေကြောင့် တစ်နိုင်ငံလုံး ဒုက္ခရောက်နေတာကိုတော့ ကျွန်တော်တို့ဗမာ‌ေတွအားလံုးက မေ့မထားဘူး" လို့ ပြောလိုက်ပါ။


ဒါကြောင့် နောက်တစ်ခါ ဘယ်သူပဲ ဖြစ်ဖြစ်၊မင်းတို့ ဗမာတွေ ဘာဖြစ်တယ်ညာဖြစ်တယ် လာပြောရင် -

 * "ဒါက မင်းတို့ တိုင်းရင်းသားရဲ့ ကျွန်စိတ်ကြောင့် ဖြစ်လာတဲ့ အမြင်ပဲ"

 * "သမိုင်းကို ကိုယ့်စိတ်ကြိုက် ပုံဖော်ပြီး အပြစ်တင်နေတာကို ရပ်လိုက်ပါ"

   ဆိုတဲ့ စကားကို ပြတ်ပြတ်သားသား ပြောသင့်ပါပြီ။

တကယ်တော့ မင်းတို့တိုင်းရင်းသား‌ေတွ လုပ်နေတာက လွတ်မြောက်ရေး လူံးဝ မဟုတ်ပါဘူး။ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက်၊ သူတို့ရဲ့ အာဏာစက်ကို တည်ဆောက်ဖို့အတွက် "ခွဲထွက်ရေး" ကို အရှိန်မြှင့်နေတာပါ။ 

ဗမာလူမျိုးတွေကတော့ ညီညွတ်ရေးကိုပဲ အမြဲတမ်း ရှေးရှုခဲ့တယ်။ ထပ်ပြောမယ်နော် သေသေချာချာလေး နားထောင်ပေးပါ ငါတို့ ဗမာလူမျိုးတွေက ညီညွတ်ရေးနဲ့ စည်းလုံးဖို့ကိုပဲ အမြဲတမ်း ရှေးရှုခဲ့တယ်။ 

ဒါပေမဲ့ တစ်ဖက်က ခွဲထွက်ချင်တဲ့ စိတ်ဆန္ဒနဲ့ "လွတ်မြောက်ရေး" ဆိုတဲ့ စကားလုံးကို လက်နက်သဖွယ် သုံးနေတဲ့အခါမှာတော့ ကျွန်တော်တို့က ငြိမ်ခံနေစရာ မလိုတော့ဘူး။

သူတို့ ပြောတဲ့ လွတ်မြောက်ရေး ဆိုတာက ဘာတွေလဲ?

ကိုယ့်နယ်မြေမှာ ကိုယ့်အာဏာစက်ပဲ ရှိရမယ်ဆိုတဲ့ အယူအဆလား?

နိုင်ငံတစ်ခုလုံး ပြိုကွဲသွားရင်တောင် ကိုယ့်နယ်မြေရရင် ပြီးရောဆိုတဲ့ အတ္တမျိုးလား?

ဒါတွေအားလုံးက အတိတ်က အဖြစ်အပျက်တွေကို အကြောင်းပြပြီး ပစ္စုပ္ပန်မှာ အမှားတွေ ထပ်ကျူးလွန်နေတာလို့ပဲ ပြတ်ပြတ်သားသားပြောချင်ပါတယ် ။ 


မိတ်‌ေဆွတို့ရေ၊ ကျွန်တော်တို့ ဗမာတွေဟာ သဘောထားကြီးပါတယ်။ ဒါပေမဲ့ သဘောထားကြီးတာကို အခွင့်ကောင်းယူပြီး "ငါတို့ တိုင်းရင်းသားက ကျွန်တွေပါ"" မင်းတို့က စစ်ကျွန်တွေပါ " ဆိုတဲ့ ပုံစံမျိုးနဲ့ အမြဲတမ်း လက်နက်ကိုင်၊ အမြဲတမ်း ပုန်ကန်နေတာမျိုးကိုတော့ သည်းခံစရာ မလိုတော့ဘူး။ 

သီးခံရမယ့် အတိုင်းအတာကလည်း ကျော်လွန်သွားပါပြီ ။ 

"လွတ်မြောက်ရေး" ဆိုတဲ့ စကားလုံးကို အလွဲသုံးစားလုပ်ပြီး တိုင်းပြည်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် လုပ်နေတဲ့ တိုင်းရင်းသားလက်နက်ကုိင်ဆိုသူတွေကို ကျွန်တော်တို့က အသိတရားနဲ့ ယှဉ်ပြီးတော့ ပြန်လည် ချေပဖို့ လိုအပ်‌ေနပါပြီ။ 

သူတို့က ခွဲထွက်ချင်နေသရွေ့၊ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာ၊ ကျွန်တော်တို့ရဲ့ တည်ငြိမ်မှုကို ပိုပြီးတော့ ခိုင်မာအောင် တည်ဆောက်သွားရမှာပါ။

ကျွန်တော်တို့ဟာ တစ်နိုင်ငံထဲမှာ အတူတူ နေထိုင်နေကြတဲ့သူတွေပါ။ ခွဲထွက်တာဟာ ဖြေရှင်းချက် မဟုတ်သလို၊ လွတ်မြောက်ရေး ဆိုတဲ့ နာမည်ခံပြီး လက်နက်ကိုင်တာဟာလည်း ဘယ်တော့မှ အဖြေထွက်မလာမယ့် လမ်းကြောင်းပဲ" ဆိုတာကို ပြတ်ပြတ်သားသား သတိပေးဖို့ လိုအပ်ပါတယ်။


ကျွန်စိတ်ဆိုတာ ကိုယ့်ဘာသာကိုယ် ဖန်တီးထားတဲ့ အကျဉ်းထောင်တစ်ခုပါ။ သူတို့ အဲ့ဒီထောင်ထဲမှာပဲ နေချင်တယ်ဆိုရင်လည်း နေကြပါစေ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အဲ့ဒီအမြင်တွေကို လက်ခံပေးစရာ လုံးဝ လုံးဝ မလိုတော့ဘူး။

 ပြတ်ပြတ်သားသား ပြောရမယ့်အချိန် 

ပြတ်ပြတ်သားသား လုပ်ဆောင်ရမယ့်အချိန်

 ပြတ်ပြတ်သားသား ချေမှုန်းပစ်ရမယ့်အချိန် ရောက်ပြီလို့ ကျွန်တော် ထင်ပါတယ်။

ဒီနေ့ ဗီဒီယိုလေးကတော့ ဒီလောက်ပါပဲ။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ပရိသတ်တို့ရဲ့ အမြင်တွေကိုလည်း comment မှာ

 ရေးသွားပေးကြပါဦး။ အားလုံးပဲ ကျေးဇူးတင်ပါတယ်။

Sunday, 14 June 2026

 ရခိုင်ကစားကွင်းကြီးထဲက

ဇာတ်ကောင်များ

++++++++++++++++++++


ရခိုင်ပြည်နယ်အရေးကိုသုံးသပ်တဲ့အခါ အရင်ကလို ပြည်တွင်းစစ်မျက်နှာတစ်ခုတည်းကြည့်လို့မရတော့ပါဘူး။ 

ရခိုင်ပြည်နယ်ဟာ လက်ရှိ ၂၀၂၆ ခုနှစ်မှာ ဒေသတွင်း ပထဝီနိုင်ငံရေးနဲ့ ပထဝီစီးပွားရေး အားပြိုင်မှုအပြင်းထန်ဆုံးစုဆုံရာနေရာကြီးတစ်ခုဖြစ်လာပါတယ်။


ရခိုင်မှာနေရာယူနေတဲ့ဇာတ်ကောင်တွေဟာများပြားရှုပ်ထွေးလှပါတယ်။ ကျွန်တော်တို့ဇာတ်ကောင်တစ်ယောက်ချင်းစီနဲ့သူတို့ရဲ့အကျိုးစီးပွားတွေကိုစိတ်ပိုင်းသုံးသပ်ကြည့်ဖို့လိုပါတယ်။


(က) မြန်မာအစိုးရ


ပြီးခဲ့တဲ့ ၂၀၂၆ မေ ၃၀ ရက်မှ ဇွန် ၃ ရက် အထိ ၅ ရက်ကြာသွားခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ဟာ လက်ရှိပထဝီနိုင်ငံရေးရေစီးကြောင်းသစ်ကို အထင်အရှား ပြသနေပါတယ်။


ဒီခရီးစဉ်ဟာမြန်မာအစိုးရအတွက် ကာလကြာ နိုင်ငံတကာအထီးကျန်ဖြစ်မှုကနေ မဟာဗျူဟာမြောက် ပြန်လည်ထွက်ခွာလာတဲ့ ပထမဆုံးပြည်ပခရီးစဉ်ဖြစ်သလို၊ အိန္ဒိယဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး ဒေသတွင်းစီမံကိန်းကြီးတွေကို အရှိန်မြှင့်ဖို့ သဘောတူညီချက်တွေ ရယူနိုင်ခဲ့တဲ့အတွက် သံတမန်ရေးအရ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုလို့ ဆိုရမှာပါ။ မြန်မာအစိုးရက တရုတ်နဲ့အိန္ဒိယတို့ရဲ့နိုင်ငံရေးအရအပြည့်အဝထောက်ခံမှုကိုရယူပြီး ရခိုင်အရေးမှာ သံခင်းတမန်ခင်းဗျူဟာကစားကွက်ကိုအသုံးချနေမဲ့သဘောတွေ့ရပါတယ်။


(ခ) AA


လက်ရှိမှာရခိုင်ပြည်နယ်ရဲ့ဒေသအများစုကိုထိန်းချုပ်ထားနိုင်တဲ့ အဓိကအဖွဲ့အဖြစ်ရှိနေပါတယ်။ AA ဟာ ဒေသတွင်း တရုတ်နဲ့အိန္ဒိယရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ပေးမယ်လို့ ကတိပြုထားပြီးတရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုခံရဖို့ကြိုးစားနေတဲ့အကျိုးစီးပွားရှိပါတယ်။


AA ကတော့ သူတို့ထိန်းချုပ်နယ်မြေ ဖွံ့ဖြိုးတိုးတက်ဖို့၊ အခွန်အခရရှိဖို့နဲ့ တရားဝင်ဖို့အတွက် တရုတ်ရော၊ အိန္ဒိယရောလုပ်မဲ့စီမံကိန်းတွေကိုပူးပေါင်းဆောင်ရွက်မယ်လို့ပြောထားပါတယ်။ ဥပဒေကြောင်းအရ ရှုပ်ထွေးနိုင်ပေမဲ့ ၂၀၂၇ မှာတော့ တစိတ်တပိုင်း စတင်လည်ပတ်လာနိုင်ခြေ ရှိပါတယ်။


(ဂ) ARSA နဲ့မူဆလင်လက်နက်ကိုင်များ


ဒေသတွင်းမတည်ငြိမ်မှုတွေကိုပိုမိုဆိုးအောင်ဖန်တီးပြီး AA ရဲ့ နယ်မြေစိုးမိုးမှုကို စိန်ခေါ်ဖို့နဲ့ မူဆလင်လူထုကြားထဲမှာ အစွန်းရောက်ဝါဒ ဖြန့်ချိဖို့ကြိုးစားနေပါတယ်။ ဘူးသီးတောင်၊ မောင်တောကို ဘ င်္ဂ လီ တွေ နေရပ်ပြန်ရေးဖြစ်မြောက်လာရင် နောင်တစ်ချိန်မှာ ARSA ရဲ့အခြေခံနယ်မြေဖြစ်လာပြီး မြန်မာနိုင်ငံနဲ့ရခိုင်ပြည်နယ်အချုပ်အာဏာနဲ့ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးအန္တရယ်ဖြစ်လာနိုင်ပါတယ်။


(ဃ) တရုတ်


ရခိုင်ပြည်နယ်ဟာတရုတ်အတွက် မလက္ကာရေလက်ကြား ရှောင်ကွင်းလမ်းတရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ရဲ့အသက်သွေးကြောဖြစ်ပါတယ်။ အစိုးရနဲ့တရားဝင်ထိတွေ့ဆက်ဆံမှုလုပ်နေသလို ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ ပိုက်လိုင်းတွေကို မထိခိုက်စေဖို့အတွက် မြေပြင်စိုးမိုးထားတဲ့ AA နဲ့ပါ ဆက်ဆံရေးတည်ဆောက်နေပုံရပါတယ်။


(င) အိန္ဒိယ


မြန်မာခရီးစဉ်အတွင်းအိန္ဒိယဟာ သူတို့ရဲ့ "Neighborhood First" နဲ့ "Act East" မူဝါဒတွေအရ စီမံကိန်းကြီးနှစ်ခုကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ သဘောတူခဲ့ပါတယ်။


ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း Kaladan Project။ ဒီစီမံကိန်းကို လာမယ့် ၂၀၂၇ ခုနှစ်မှာ အပြည့်အဝ စတင်လည်ပတ်နိုင်ဖို့ရည်မှန်းထားပါတယ်။ မြေပြင်မှာ စစ်တွေဆိပ်ကမ်းကိုအစိုးရကထိန်းချုပ်ထားပေမဲ့ ကျန်ကုလားတန်မြစ်ကြောင်းတစ်လျှောက်၊ ပလက်ဝနဲ့ ကျောက်တော်အပါအဝင် ကုန်းလမ်းပိုင်း အများစုကို AA ထိန်းချုပ်ထားတာပါ။ အနေအထားအရ စီမံကိန်းလည်ပတ်အောင်မြင်ဖို့ဆိုရင် အိန္ဒိယဟာ မြန်မာအစိုးရနဲ့ သဘောတူညီချက်ရယူထားရုံနဲ့မရဘဲ မြေပြင်က AA သဘောထားအပေါ် အများကြီးမှီခိုနေရပါတယ်။


အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ကုန်းလမ်းစီမံကိန်း Trilateral Highway။ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ကနေ မြန်မာနိုင်ငံကိုဖြတ်ပြီး ထိုင်းနိုင်ငံ မဲဆောက်အထိ ကီလိုမီတာ ၁,၄၀၀ ရှည်လျားမယ့် ဒီအဝေးပြေးလမ်းမကြီးဟာ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နှစ်ပေါင်းများစွာ ကြန့်ကြာနေခဲ့တာပါ။ ပြီးခဲ့တဲ့ သမ္မတခရီးစဉ်မှာတော့ ဒီလမ်းမကြီးကို အမြန်လမ်းကြောင်း (Fast-Track) အဖြစ် အမြန်ဆုံးအပြီးသတ်ဖို့ နှစ်ဖက်ခေါင်းဆောင်တွေ အဓိကသဘောတူခဲ့ကြပါတယ်။


စီမံကိန်းရဲ့ အဓိကအပိုင်းတွေဖြစ်တဲ့ ကလေးဝ-ယာကြီး လမ်းပိုင်းနဲ့ တံတားတွေ အဆင့်မြှင့်တင်ဖို့ အိန္ဒိယဘက်က နည်းပညာနဲ့ငွေကြေးအပြည့်စိုက်ထုတ်နေပါတယ်။ လမ်းကြောင်းဖြတ်သန်းရာ စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ် (မြဝတီ-မဲဆောက်နယ်စပ်) တွေမှာ စစ်ရေးမတည်ငြိမ်မှုတွေရှိနေဆဲဖြစ်လို့ စာရွက်ပေါ်မှာ အရှိန်မြှင့်ဖို့သဘောတူထားပေမဲ့ လက်တွေ့မြေပြင်မှာ လမ်းကြောင်းတလျှောက် လုံခြုံရေးအပြည့်အဝမရမချင်း စတင်လည်ပတ်ဖို့ ရုန်းကန်ရဦးမှာ ဖြစ်ပါတယ်။


အိန္ဒိယအတွက် ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (Kaladan Project) နဲ့ စစ်တွေဆိပ်ကမ်းဟာ တရုတ်ကိုတန်ပြန်ဖို့ရော၊ သူတို့ရဲ့ အရှေ့မြောက်ဘက်ပြည်နယ်တွေကို ပင်လယ်ထွက်ပေါက်ပေးဖို့ပါ မရှိမဖြစ် အရေးကြီးပါတယ်။ ဒါကြောင့် ရခိုင် reset အနေနဲ့ မြေပြင်က AA နဲ့အောက်ခြေအဆင့်ဆက်သွယ်ဆွေးနွေးမှုပြုလုပ်လာပါတယ်။


(စ) ဘင်္ဂလားဒေ့ရှ်


ဒုက္ခသည် ၁ သန်းကျော်ကိုနေရပ်ပြန်ပို့ရေးက ပဓာနရည်မှန်းချက်ပါ။ အစိုးရနဲ့အဆက်အသွယ်ရှိနေသလို နယ်စပ်လုံခြုံရေးနဲ့ ဒုက္ခသည်အရေးအတွက် မြေပြင်ထိန်းချုပ်ထားတဲ့ AA နဲ့ ပိုပြီးနီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်လာရပါတယ်။


(ဆ) အမေရိကန် (US-Bangladesh Reset)


တရုတ်နဲ့အဆင်သင့်တဲ့ ရှိတ်ဟာဆီနာ အစိုးရပြုတ်ကျပြီးနောက် အမေရိကန်နဲ့ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေးဟာ သိသိသာသာ ပြောင်းလဲသွားပါတယ်။ အမေရိကန်ဟာ ဘင်္ဂလားပင်လယ်အော်မှာဩဇာလွှမ်းမိုးမှုကို တိုးမြှင့်ဖို့ "Quad Ports for Future" အစီအစဉ်အောက်ကနေ ဘင်္ဂလားဒေ့ရှ်မှာ ဆိပ်ကမ်းစီမံကိန်း ဝင်ရောက်လုပ်ကိုင်ဖို့ ပြင်ဆင်နေသလို၊ ၂၀၂၆ ဖေဖော်ဝါရီလမှာလည်း အပြန်အလှန်ကုန်သွယ်ရေး သဘောတူညီချက် (ART) ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။


အဆန်းသစ်ဆုံး ခြေလှမ်းအနေနဲ့ ဘင်္ဂလားဒေ့ရှ့်ဟာ အမေရိကန် စစ်သင်္ဘောတွေကို သူတို့ရဲ့ ဆိပ်ကမ်းတွေထဲ ဝင်ရောက်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ထပ်တိုးရှုထောင့်အရလည်း ရခိုင်ကမ်းရိုးတန်း နတ်မြစ်ဝနဲ့ အရမ်းနီးတဲ့ ဘင်္ဂလားဒေ့ရှ်ပိုင် ဆန်မာတင် St. Martin သန္တာကျွန်းပေါ်မှာ အမေရိကန်စစ်အခြေစိုက်စခန်း တည်ဆောက်ဖို့ ခြေလှမ်းပြင်နေတယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိနေပါတယ်။ ဒါဟာရခိုင်ပြည်နယ်ကတရုတ်ရေနက်ဆိပ်ကမ်းနဲ့ ရေနံလိုင်းတွေကိုပိတ်ဆို့တဲ့ barricade ချလိုက်တာပါပဲ။ အရမ်းအန္တရာယ်ကြီးပါတယ်။


ရခိုင်ဒေသအနာဂတ်အလားအခါ


အထက်ပါအခြေအနေတွေကိုကြည့်ရင်

ရခိုင်ဒေသဟာပြည်တွင်းလက်နက်ကိုင်အရေးတစ်ခုတည်းမဟုတ်တော့ဘဲနဲ့ ဇာတ်ကောင် ၇ ဦးရဲ့ အပြန်အလှန်လှုပ်ရှားမှုတွေကြောင့် အလွန်ရှုပ်ထွေးနေတာတွေ့ရပါတယ်။ အချက်အလက်တွေကိုချိန်ထိုးကြည့်ရင် ရခိုင်ဒေသရဲ့အနာဂတ်ဟာ အောက်ပါအတိုင်း ဖြစ်နိုင်ခြေသုံးရပ်ရှိနေပါတယ်။


(က) AA ရဲ့ De Facto


ရခိုင်ပြည်နယ်ကိုအစိုးရကအလုံးစုံပြန်သိမ်းနိုင်ဖို့အရင်းအမြစ်အများကြီးလိုပါတယ်။ အခြားရှုထောင့်အရလည်း မြန်မာအစိုးရရော တရုတ်နဲ့အိန္ဒိယရဲ့လိုလားချက်ကပါ ဒေသတွင်းစစ်ရေးပြင်းထန်မှုထက်အပစ်ရပ်ရေး၊ စီမံကိန်းတွေအပြည့်အဝလည်ပတ်ရေးဦးစားပေးပါ။ ဘင်္ဂလားဒေ့ရှ်ကလည်းမြေပြင်ဆင်ဆံရေးထူထောင်မဲ့အလားအလာရှိပါတယ်။ ဒီလိုဆိုရင် AA ဟာအနိမ့်ဆုံးအဆင့် 'ဝ' လိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအထိတည်ဆောက်သွားပါလိမ့်မယ်။


AA ခေါင်းဆောင်ဟာ The diplomat သတင်းနဲ့အမေးအဖြေမှာ ၁၇၈၄ ခုနှစ် ကို အတိအကျရည်ညွှန်းသွားတာကလဲ AA မှာပိုကြီးတဲ့ရည်မှန်းချက်ရှိနေသလားတွေးရမှာပါ။ ဘိုးတော်ဘုရား လက်ထက်မှာ ရခိုင်ဘုရင်နိုင်ငံအသိမ်းခံခဲ့ရတဲ့ခုနှစ်ဖြစ်ပါတယ်။ ၁၇၈၄ ကို ပြန်အစ ဖော်လိုက်တာဟာ သာမန်ဖက်ဒရယ်ပြည်ထောင်စုအဆင့်ထက်ကျော်လွန်ပြီး ခွဲထွက်ရေးဘက်ကို သိသိသာသာ ခြေလှမ်းပြင်နေတယ်ဆိုတာ နိုင်ငံတကာကို မက်ဆေ့ခ်ျ (Message) ပေးလိုက်တာလို့ သုံးသပ်စရာပါ။


(ခ) ဘ င်္ဂ လီ အရေး


ရခိုင်နဲ့မူဆလင်တွေကြားမှာလူမျိုးရေးပဋိပက္ခတွေချက်ချင်းအေးငြိမ်းသွားဖို့ ခက်ခဲဦးမှာပါ။ ဒုက္ခသည် နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်တွေဟာ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ AA တိုက်ရိုက်သဘောတူညီချက်တွေအကောင်အထည်ဖော်လာနိုင်ပြီး၊ AA ဘက်ကလည်း နိုင်ငံတကာရဲ့ ထောက်ခံမှုရဖို့ မူဆလင်တွေကို လူ့အခွင့်အရေးအရ အကာအကွယ်ပေးတဲ့ မူဝါဒကို ခင်းကျင်းပြသလာနိုင်ပါတယ်။


(ဂ) အမေရိကန်-တရုတ်အားပြိုင်မှုရဲ့ ဗဟိုချက် (Flashpoint)


အမေရိကန်ကဘင်္ဂလားပင်လယ်အော်ကိုစိုးမိုးဖို့ကြိုးစားလာတာဟာ တရုတ်ကို အကြီးအကျယ်ခြိမ်းခြောက်ရာ ရောက်ပါတယ်။ ရခိုင်ဒေသဟာ အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်မဟာမိတ်ကွန်ရက်နဲ့ တရုတ်ရဲ့ပိုးလမ်းမ (BRI) တို့ တိုက်ရိုက်ထိပ်တိုက်တွေ့တဲ့ ပဋိပက္ခဆုံချက်ကြီးအဖြစ် ပိုမိုပုံပေါ်လာနိုင်တာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။


၁၁-၆-၂၀၂၆

Geopolitics Admin

 စစ်ဥပဒေ


Subtitle: သာရာစီး

** တရားဥပဒေကို နားမလည်သော တောသား လက်နက်ကိုင်တပ်၊ ထို့ပြင် အသိ(sense) နှင့် သညာ(concept) ကင်းမဲ့နေသော သာရာစီး မီဒီယာများ**


အညာမြေတပ်ပေါင်းစု ဆိုတဲ့ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ‘ပျူရွာ’ လို့ ၄င်းတို့ သတ်မှတ်‌ခေါ်တွင်တဲ့ ရွာတရွာက လူတွေကို သက်ကြီးရွယ်အိုများနဲ့ ကလေးသူငယ်များ အပါအဝင် (သမီးမိန်းကလေးတွေ ပါ မကျန်) အုပ်လိုက် ဖမ်းဆီးတဲ့ ဗွီဒီယိုကို တွေ့လိုက်ရတယ်။ သက်ထွေးနိုင် သတင်းကြေငြာချက်အရ ဖမ်းဆီးခံထားရသူတွေကို Geneva Convention အရ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ တွေ့ရပြန်ပါတယ်။


ပထမဆုံး ပြောချင်တာက Geneva Convention ကို လက်လွတ်စပယ် ချိုးဖောက်နေတဲ့ action (လုပ်ရပ်) တွေကို (ဂုဏ်ယူဝင့်ကြွားစွာ ဗွီဒီယိုရိုက်) ပြသပြီး ဂျနီဗာ ကွန်ဗန်းရှင်းကို လိုက်နာလုပ်ဆောင်နေ ပါတယ် ဆိုတာ လုံးဝ(လုံးဝကို) လွဲချော်နေပါတယ်။ ဒါကြောင့် ၄င်းတပ်ပေါင်းစုရဲ့ စစ်ရာဇဝတ်မြောက် လုပ်ဆောင်ချက်တွေအတွက် ၄င်းအဖွဲ့ဟာ နုဂျီအစိုးရအဖွဲ့ ရဲ့ လက်အောက်ခံဆိုရင် ၄င်းအဖွဲ့ရဲ့ စစ်ဥပဒေချုပ်က တာဝန်ယူပြီး action ကျုးလွန်ခဲ့သူတွေကို တရားစွဲဆို အပြစ်ပေးရမှာ ဖြစ်သလို မတရား ဖမ်းဆီးညှင်းပန်းခံရတဲ့ အရပ်သားတွေ အတွက် လျော်ကြေးကို တာဝန်ယူ ပေးဆောင်ရမှာ ဖြစ်တယ်။ တကယ်လို့ ၄င်းအဖွဲ့ဟာ ဒေသန္တရ လက်နက်ကိုင်’တော်လှန်ရေး’ အဖွဲ့ ဖြစ်ခဲ့တယ် ဆိုရင်လဲ အညာမြေကို မိမိတို့ရဲ့ ထိန်းချုပ်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့အတွက် နုဂျီအဖွဲ့ကပဲ ကျုးလွန်သူတွေကို ဖမ်းဆီးအပြစ်ပေးဖို့ တာဝန်ယူရမှာ ဖြစ်တယ်။ ဖမ်းဆီးခံခဲ့ရတဲ့ ကလေးသူငယ်တွေဟာ ဘဝတလျှောက်လုံး အဖတ်ဆယ်မရအောင် စိတ်ဒဏ်ရာ ဝေဒနာတွေ ခံစားနေခဲ့ရတယ် ဆိုရင်လဲ ၄င်းကလေးသူငယ်တွေအတွက် တဘဝလုံးစာ ဆေးကုဖို့ငွေကြေးကို တော်လှန်ရေးအစိုးရဆိုတဲ့ နုဂျီနိုင်ငံတော်ကပဲ တာဝန်ခံပေးဆောင်ရမှာ ဖြစ်တယ်။


၄င်းလက်နက်ကိုင်အဖွဲ့ဟာ ကွန်ဗန်းရှင်းပါအချက်တွေ ဘာတွေ ဖောက်ဖျက်ခဲ့သလဲ၊ ဂျနီဗာ ကွန်ဗန်းရှင်း လက်နက်ကိုင်စစ်တပ်တွေရဲ့ action တွေနဲ့ ပတ်သက်ပြီး ဘာတွေကို တားမြစ်ထားသလဲ၊ တိတိကျကျ ကျနော် မီးမောင်းထိုးပြပါမယ်။ 


၁. အရပ်သားများအပေါ် လက်နက်ကိုင်စွဲ တိုက်ခိုက်သူများနှင့် ရောနှောပြီး လူအုပ်လိုက် အပြစ်ပေးခြင်းကို တားမြစ်ခြင်း (The Ban on Collective Punishment)


ဂျနီဗာ ကွန်ဗန်းရှင်းရဲ့ စတုတ္ထ စာချုပ် - အပိုဒ် ၃၃ (Article 33 of GC IV) ဟာ သည်စည်းမျဥ်းကို တိတိကျကျ ဖော်ပြထားပါတယ်

“ကာကွယ်စောင့်ရှောက်ခံ (အရပ်သားပြည်သူ) မည်သူမဆိုကို သူ မကျုးလွန်သော တိုက်ခိုက်မှုအတွက် အပြစ်ပေးခြင်း မပြုရ။ (လူတွေကို) တစုတဝေးတည်း စုပေါင်းအပြစ်ပေးခြင်း နှင့် တကွ အလားတူလုပ်ဆောင်ချက်များ ဖြစ်သော ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ အကြမ်းဖက်ခြင်းတို့ကို **မည်သည့်နည်းလမ်း**နှင့်မှ လုပ်ဆောင်ခွင့် မပြု”


နိုင်ငံတော်စစ်တပ်တခုဟာ ၄င်းနဲ့ ယှဥ်ပြိုင်တိုက်ခိုက်နေတဲ့ ရန်သူတပ်သားရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးထိန်းသိမ်းခွင့် (လုံးဝ-လုံးဝ) မရှိပါဘူး။ ထို့အတူပဲ ပျူစောထီးတပ်သားနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူ့အသိုင်းအဝိုင်းဆိုပြီး လူတွေကို အပြုံလိုက်ဖမ်းဆီးခြင်းကို တရားဥပဒေနဲ့ စစ်ပွဲဆိုင်ရာ ပဋိဥာဥ်စာချုပ်တွေက လုံးဝ-လုံးဝ ခွင့်မပြုထားပါဘူး။ လူ့အသိုင်းအဝိုင်းတခုကို ရန်သူတပ်နဲ့ ဆက်နွယ်လို့ ဆိုပြီး တစုံလုံးအပြစ်ပေးတာဟာ တကယ်ကတော့ ဗမာပြည်က အဖွဲ့ရဲ့ လုပ်ရပ်ဟာ ဖတ်စာအုပ်ထဲမှာ (အရှက်တကွဲ) ဖော်ပြခံရမယ့် စံနမူနာပြ တရားဥပဒေချိုးဖောက်မှု၊ ရာဇဝတ်မှု ကျုးလွန်တဲ့ လုပ်ရပ်ပါပဲ။


၂. စစ်ပွဲတွင် ‘တိုက်ရိုက်ပါဝင်တိုက်ခိုက်သူ’ ဟု စွဲဆိုရန်အချက်သည် ဘားတန်း အလွန်မြင့်ပြီးလျှင် မခိုင်မာသော ခွဲခြမ်းချက်များနှင့် အပြစ်မပေးနိုင်ခြင်း (The Need of Distinction)


ဘီဘီစီသတင်းမှာ ၄င်းလက်နက်ကိုင်စစ်အဖွဲ့က တိုက်ရိုက်ပေးပို့ထားပုံရတဲ့ ဆင်ခြေပြချက်တွေ ပါဝင်လာတာ တွေ့ရတယ်။ အဲသည်မှာ ဘာပါသလဲ ဆိုရင် “ပျူစောထီး ပျူစောမတွေဟာ အဆုံးအထိ လက်နက်ကိုင်ပြီးတော့ ခုခံတယ်။ ဖမ်းမိတဲ့ အချိန်ထိတောင် အရူံးမပေးဘဲနဲ့ လက်နက်နဲ့ ထွက်ပြေးတာ ဖြစ်တယ်၊ ၄င်းတို့ကို စစ်သုံ့ပန်းအဖြစ် သတ်မှတ်ပြီး ဂျနီဗာ ကွန်ဗန်းရှင်းအတိုင်း အကာအကွယ် ပေးထားပါတယ်တဲ့”။ 


ဗွီဒီယိုမှာ ပြသနေတာက တုန်တုန်ချိချိ အဖိုးကြီး အဖွားကြီးတွေ။ နောက်ပြီး ကလေးအမေတွေနဲ့ အခါလည် ကလေးငယ်တွေ၊ ဆယ်နှစ်တောင် မပြည့်နိုင်သေးတဲ့ မိန်းကလေးတယောက်။ အဲသည်လူတွေက အရူံးမပေးနဲ့ နောက်ဆုံးအချိန်ထိ လက်နက်ကိုင်ခုခံတယ် ဆိုတာ ဘယ်လိုနည်းနဲ့မှ ယုတ္တိတန်မနေဘူး။ လုံးဝတိတိကျကျ ဖြစ်ပေါ်နေတဲ့ မြင်ကွင်းကတော့ (ရွာလုံးကျွတ် သို့မဟုတ် နေရာတနေရာမှာ ရှိသူများ) ကို အုပ်စုလိုက် ငါးတွေ အထွေးလိုက် ပိုက်ကွန်နဲ့ ဖမ်းသလို ဖမ်းလာတာပဲ။ 


ဂျနီဗာကွန်ဗန်းရှင်း နဲ့တကွ နိုင်ငံတကာ လူလူချင်း စာနာရိုင်းပင်းမှု ဥပဒေ(International Humanitarian Law) တို့ဟာ စစ်ပွဲတွင် တိုက်ရိုက်ပါဝင်သူလို့ သတ်မှတ်ဖို့ ဘားတန်းကို ဂိတ်ဆုံးထိ မြှင့်တင်ထားတယ်။ တဦးတယောက်ဟာ တိုက်ရိုက်ရန်ပြုတိုက်ခိုက်မှုတွင် မပါဝင်ဘူး ဆိုလျှင် ၄င်းရဲ့ ဂုဏ်ရည်ဟာ ကာကွယ်စောင့်ရှောက်ခံ အရပ်သား (civilian) အဖြစ်သာလျှင် သတ်မှတ်ရတာ ဖြစ်တယ်။ ရန်သူတပ် (သို့) ရန်သူအုပ်စုနဲ့ အတူ တွေ့ရတယ်ဆိုပြီး ပစ်ခတ်သတ်ဖြတ်ခွင့်၊ မိမိတို့ စိတ်ထင်သလို ဖမ်းဆီးထိန်းသိမ်းခွင့်၊ အပြစ်ပေးချင်သလို အပြစ်ပေးပိုင်ခွင့်၊ အထူးသဖြင့် ညှင်းစဲပိုင်ခွင့် မရှိဘူး။


၃. အရပ်သားများအား ဖမ်းဆီးထိန်းသိမ်းခွင့်သည် case-by-case (တဦးချင်း အမှုတခုချင်း) သုံးသပ်ချက်ဖြင့်သာ သက်သေထူပြီး လုပ်ဆောင်ခွင့် ရှိခြင်း (The Need to Assess on Individual Basis)


ပြည်တွင်းစစ်ပွဲတွေမှာ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ဟာ တသီးပုဂ္ဂလ ပုဂ္ဂိုလ်တယောက်ကို မိမိတို့အတွက် လုံခြုံရေး အကြောင်းပြချက်နဲ ဖမ်းဆီးထိန်းသိမ်းနိုင်ပါတယ်။ ဒါပေမယ့် ၄င်းထိန်းသိမ်းမှုဟာ မှုခင်းတခုချင်း၊ လူတဦးချင်းကို ဗဟိုပြုပြီး သုံးသပ်ချက်ကို ပြုလုပ်၍သာ လုံလောက်တဲ့ (မှုခင်းတခုခင်း လူတဦးချင်း) အကြောင်းပြချက်နဲ့ ထိန်းသိမ်းနိုင်တာ ဖြစ်တယ်။ ခုလိုမျိုး ရွာလုံးကျွတ် လူတွေကို အစုအပြုံလိုက် ဖမ်းဆီးတာဟာ ထိန်းသိမ်းမှုဟာ စိတ်ထင်စိတ်ကျသလို ဖမ်းချုပ်တာ (arbitrary detention) ပဲ ဖြစ်ပြီး တရားဥပဒေပြင်ပ - ဥပဒေမဲ့ လုပ်ဆောင်တဲ့ လုပ်ရပ်သာလျှင် ဖြစ်တယ်။


သည်ဥပဒေပြဌာန်းထားချက်ကို အနှစ်ချုပ်ပေးရရင် သာမန်တရားဥပဒေမှာရော ဂျီနီဗာကွန်ဗန်းရှင်းရောဟာ အမှုတခုချင်း ပုဂ္ဂလိက လူတဦးချင်း မခွဲခြမ်းမသုံးသပ်ပဲ အုပ်စုလိုက် တစုတပြုံတည်း ထိန်းသိမ်းမှုကို ခွင့်မပြုထားပါဘူး။


၄. လူတွေကို အုပ်စုလုံးကျွတ် ထိန်းသိမ်းမှုသည် ဓားစာခံ (သို့) လူသားဒိုင်း အဖြစ် အသုံးချလုပ်ဆောင်မည့် အလားအလာ ရှိနေခြင်း (Crossing into Hostage-Taking and Taking Human-shield)


သာမန်အရပ်သား အကာကွယ်ခံ status (ဂုဏ်ရည်) မှာ ရှိနေတဲ့ လူတွေကို ခုလို အုပ်စုလုံးကျွတ် ခေါ်ဆောင် ထိန်းသိမ်းတာဟာ ၄င်းလက်နက်ကိုင်တပ်ဖွဲ့ဟာ မိမိရဲ့ လုံခြုံရေးအတွက် သည်လူတွေကို စိတ်မချရလို့ ဆိုတာထက် အထိန်းသိမ်းခံ လူတွေကို ဓားစာခံ (သို့မဟုတ်) လူသားဒိုင်းအနေနဲ့ အသုံးပြုပြီး မိမိကိုယ်ကို အကာအကွယ် ယူထားတဲ့ အခြေအနေ ကို ကူးသန်းဖြတ်ပြောင်းသွားဖို့ ရှိနေရင်လည်းရှိ၊ ဒါမှ မဟုတ်လည်း အဲသလို လူသားဒိုင်းတွေ ရအောင် တမင်ပြုလုပ်နေတာလို့လည်း အင်မတန်မှပင် ဖြစ်နိုင်ပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေက ဒါမျိုးလုပ်ရပ်တွေဟာ စစ်ပွဲတွေမှာ အနဃမက ပေါ်ပေါက်ပြီး ဖြစ်တဲ့ အတွက် ၁၉၇၇ မှာ ထွက်ပေါ်လာခဲ့တဲ့ ဂျီနီဗာကွန်ဗန်းရှင်း ရဲ့ အပိုဆောင်းစည်းမျဥ်းများ(Additional Protocols)မှာ ဒါနဲ့ ပတ်သက်လို့ လက်နက်ကိုင်စွဲ တိုက်ခိုက်နေကြတဲ့ တပ်တွေကို ရှောင်ရန် လို့တောင်မဟုတ် **ဆောင်ရန်** လို့ပင် တိတိကျကျ လမ်းညွှန်ထားပါတယ်။


သည်လမ်းညွှန်ချက်က စစ်တပ်တွေကို ဘယ်လို တင်းတင်းကြပ်ကြပ် စည်းမျဥ်းထားရှိသလဲ ဆိုရင် စစ်ပွဲစည်းဝိုင်းကြား (သို့) စစ်မက်ဇုံတခုတွင်း ရန်သူ့တပ်တွေ၏ ဝန်းရံခံရကာ ပိတ်မိနေသော အရပ်သား ပြည်သူများ အထူးသဖြင့် ထိလွယ်ရှလွယ်နေသည့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ နှင့် သက်ကြီးရွယ်အိုများကို စစ်ဇုံ အဝန်းအဝိုင်းမှ ထွက်ခွင့်ပြုဖို့ တာဝန်ရှိသည် တဲ့။ BBC က အယ်ဒီတာ နဲ့ ကိုသက်ထွေးနိုင်တို့နဲ့၊ ခင်ဗျားတို့လဲ ပညာရေးကောင်းကြတဲ့ သူတွေပဲ၊ ဗွီဒီယိုနဲ့ ဓာတ်ပုံတွေမှာ ကြော်ငြာပြသနေတဲ့ မြင်ကွင်းဟာ ကွန်ဗန်းရှင်း နဲ့ ပြောင်းပြန်လား အတည့်လား ဆိုတာ ခင်ဗျားတို့ဘာသာ (နိချာ ပြောသလို ကိုယ့်ကျောက်တုံး ကိုယ်ထမ်းတင်ဖို့ တာဝန်ယူရဲရင်) စဥ်းစားနိုင်ပါလိမ့်မယ်။ 


၅. ပြည်တွင်းစစ်တို့တွင် စစ်သုံ့ပန်း ဟု တရားဥပဒေသတ်မှတ်ခွင့်ပြုချက် မရှိခြင်း (No War Prisoner Status in Internal Conflicts)


သည်နေရာမှာလည်း အများပြည်သူအတွက် သတင်းမှန်ရရှိသုံးသပ်နိုင်ဖို့ရန် တာဝန်ခံယူတဲ့ မီဒီယာသမားကြီးတွေ လုပ်ပြီး သတင်းတခုအတွက် ကြော်ငြာဖြန့်ဖို့ ပေါက်ဖို့ကိုပဲ အားစိုက်တတ်တဲ့ လူတွေကို စစ်ဥပဒေဆိုင်ရာ အခြေခံသဘောတရားတွေကို သေသေချာ လေ့လာဖို့ တိုက်တွန်းချင်ပါတယ်။ ခင်ဗျားတို့ကို တောသားတပ်ဖွဲ့တခုက ဂျီနီဗာ ကွန်ဗန်းရှင်း အရ စစ်သုံ့ပန်း (Prisoners of War) တွေကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ် ဆိုတာကို ခင်ဗျားတို့က ပြည်သူ့မျက်နှာဖုံး မီဒီယာကြီးတွေ ဖြစ်နေပါလျက်နဲ့ အတုံးလိုက်ကြီး တင်ဆက်တာပဲ။ စစ်သုံ့ပန်းဆိုတဲ့ နိုင်ငံတကာ တရားဥပဒေက နှင်းအပ်ထားတဲ့ ဂုဏ်ရည်ဟာ ပြည်တွင်းစစ်တွေမှာ အဲသည် ဂုဏ်ရည်အခြေအနေဟာ မရှိဘူး။ တိုင်းပြည်တခုနဲ့ တခုကြား စစ်ဖြစ်ရင် International War လို့ သတ်မှတ်ခေါ်တွင်ပြီး အဲသည်မှာမှ စစ်သုံ့ပန်းဆိုတဲ့ တရားဥပဒေက အတည်ပြုသတ်မှတ်ထားတဲ့ ဂုဏ်ရည်အခြေအနေဟာ တည်ရှိတာ ဖြစ်တယ်။ ပြည်တွင်းစစ်မှာ စစ်တပ်က ပီဒီအက် လက်နက်ကိုင်ကို ဖမ်းဆီးတာပဲ ဖြစ်ဖြစ်၊ ပီဒီအက်လက်နက်ကိုင်တပ်က စစ်တပ်က စစ်သားဗိုလ်မှူးကို ဖမ်းတာပဲ ဖြစ်ဖြစ် ၄င်းတို့မှာ နိုင်ငံတကာက ပေးထားတဲ့ Prisoners of War ဆိုတဲ့ ဥပဒေဆိုင်ရာ ဂုဏ်ရည်ဟာ ရှိလို့မနေဘူး။ 


နိုင်ငံတကာဥပဒေမှာ Prisoners of War တွေဟာ စစ်ပွဲပြီးတဲ့အထိ ကောင်းမွန်စွာ ထိန်းသိမ်းထားရပြီး စစ်ပွဲပြီးတဲ့ အခါ စစ်မက်ယှဥ်ပြိုင်ခဲ့တဲ့ နိုင်ငံဆီကို ပြန်လွှတ်ပေးရတာ ဖြစ်တယ်။ ပြည်တွင်းစစ်တွေမှာ ကျတော့ ရန်သူ့ဖက်က ဖမ်းဆီးခံရတဲ့ တပ်သားတွေဟာ ဖမ်းဆီးလိုက်တဲ့ ဖက်က သက်ဆိုင်ရာ တရားဥပဒေနဲ့ စီရင်ခွင့် အပြစ်ပေးပိုင်ခွင့် ရှိနေတာ ဖြစ်တယ်။ 


သို့သော် အဲသလို အပြစ်ပေးပိုင်ခွင့် ရှိနေတယ် ဆိုရာမှာလဲ ၄င်းဟာ arbitrary detention (စိတ်ထင်သလို ထိန်းသိမ်းထားပိုင်ခွင့် ရှိတယ်) ၊ reckless punishment (ရမ်းချင်သလို ရမ်းပြီး စီရင်နိုင်တယ် လို့ ဆိုလိုနေတာ မဟုတ်ဘူး။ လက်နက်ကိုင်တပ်တွေရဲ့ လုပ်ဆောင်ချက်တွေဟာ ‘ပြည်တွင်းဥပဒေနဲ့ အပြစ်ပေးပိုင်ခွင့် ရှိသည်’ (ဥပမာ Terrorism စွဲချက်လိုမျိုး) ဆိုတာကလွှဲရင် အားလုံးဟာ International Humanitarian Law, Geneva Convention စတဲ့ ရှေးထုံးစဥ်လာ ရှေ့ကလာပြီး ကြိုတင်ကန့်သတ်တဲ့ စစ်ပွဲဆိုင်ရာ စည်းမျဥ်းဥပဒေကို တိကျစွာ နားလည်လိုက်နာနိုင်ရတာ ဖြစ်တယ်။


ပြည်တွင်းစစ်တွေနဲ့ ပတ်သက်လာရင် စစ်မက်ဖြစ်ပွားမှုအတွက် ဖမ်းဆီးထိန်းသိမ်းခံရသူကို တရားဥပဒေဆိုင်ရာ သတ်မှတ်စကားလုံးက “မိမိ၏ လွတ်လပ်ခွင့်ကို ရုတ်သိမ်းခံရသူ” လို့ ဖော်ပြတယ်။ သည်တော့ နိုင်ငံသားတယောက်ရဲ့ လွတ်လပ်ခွင့်ကို ရုတ်သိမ်းဖို့ဆိုတာ လက်လွတ်စပယ် စွဲဆိုချက်၊ ဘီဘီစီ တို့ သက်ထွေးနိုင်တို့ကို သတင်းပို့ချက်တွေနဲ့ လုပ်လို့ရတာ မဟုတ်ဘူး။ ကျနော် အပေါ်မှာ ဖော်ပြထားတဲ့အတိုင်း လူတဦးချင်းကို ဗဟိုပြုအခြေခံပြီး သုံးသပ်သက်သေပြုချက်တွေ ရှိမှသာလျှင် ဖမ်းဆီးထိန်းသိမ်းနိုင်တာ ဖြစ်တယ်။


သည်နေရာမှာလည်း အညာတပ်ပေါင်းစု ဆိုတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ရဲ့ အသိသညာ ဦးတည်မှုနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ တချက်တွေ့ရတာက ၄င်းတို့ဟာ လူတွေရဲ့ လွတ်လပ်မှုကို ၄င်းတို့က ရုတ်သိမ်းပစ်နေတာကို **အကုန် စစ်သုံ့ပန်းတွေချည်းပဲ** - အားလုံးဟာ စစ်ပွဲဆင်နွဲနေရလို့ ဖြစ်တာပဲလို့ တိုင်းပြည်တပြည်နဲ့ တပြည်ကြား စစ်ကြီး ဖြစ်နေသည့်သဖွယ် သူတို့စိတ်ကျရာ ဘယ်သူမဆိုကို ‘စစ်’မူဘောင်ထဲ ဆွဲသွင်းသတ်မှတ်တာ ဖြစ်တယ်။ သူတို့က အညာ တောသား -နုဂျီက စစ်ဥပဒေချုပ်ရဲ့ ကချွတ်ကလားတွေကို အလွတ်မှတ်ပြီး အရှက်အရွံ့ မရှိ ပြောနေတယ်ပဲ ထားဦးတော့၊ တောသားတွေ ပြောတာဟာ တကယ် ဟုတ်မဟုတ်၊ တရားဥပဒေကြောင်း အရမှန်မမှန် ပြည်သူကို အမှန်အတိုင်း တင်ပြဖို့ဟာ ပညာတတ်ပါတယ်ဆိုတဲ့ ကိုယ့်မီဒီယာ ဆရာသမားတွေရဲ့ တာဝန်မဟုတ်ဘူးလား။ ခင်ဗျားတို့ဟာ အများပြည်သူအပေါ်မှာ ထားရှိကျေပွန်ရမယ့် တာဝန်မှာ သော်လည်းကောင်း၊ မိမိကိုယ်ပိုင် အရည်အချင်းကို ကြိုးစားတိုးမြှင့်ဖို့ရန်သော်လည်းကောင်း အသိတရား (sense) နဲ့ ဦးတည်မှု(Gospel)မရှိ၊ ‌တောသားတသိုက်ရဲ့ ဂုဏ်ဖော်ဂုဏ်ဇော်တွေ နဲ့အတူ သာရာစီးလိုက်နေတဲ့ Last Man တွေလို့ပဲ ပြောလိုက်ချင်ပါတော့တယ်။