©သိမ့်ချစ်တာပေါ့ ရှင်နွေရယ် ၂
ဟုတ်ပါတယ် ရှင်နွေ.......
ငါဟာ တစ်ယူသံ အချစ်တွေ ကြားထဲမှာ
တစ်ဖက်သတ် ရေးစပ်ခဲ့တဲ့ အချစ်ကဗျာတွေဟာ နင့်ရဲ့ရင်ဘတ်ထဲကို
မရောက်နိုင်ပါဘူး.......
အပြုံးတွေနဲ့ နယ်ချဲ့ပြီး
အမုန်းတွေနဲ့ အုပ်ချူပ်မှုစနစ် ရဲ့
စကားလုံးတွေက အခုထိ အကျဆုံးသေပေမယ့် ၊
ရေကုန်ရေခမ်း နှလုံးသားတစ်စုံ အတွက် အခုချိန်ထိ တစ်ကိုယ်တော် တိုက်ပွဲတွေ ဆင်နွှဲ့နေရဆဲပါပဲ.........!!!
ရှင်နွေ.......!!နင်အစဉ်မှပြေရဲ့လား..¿¿
နယ်မြေအသစ်မှာ အုပ်ချူပ်မှုစနစ် အသစ်နဲ့ နင်က နင့်ချစ်သူအသစ်ကို နင်ရဲ့ နှခမ်းဖျားက အာဏာတွေနဲ့ ဖုံးအုပ်ထားလို့ ရနိုင်သေးလား မိရှင်နွေလေး.........
သဘာဝမကျတဲ့ အလွမ်းပြဇာတ်တွေကို က ပြနေရတဲ့ အလွမ်းသအားတစ်ယောက်အနေနဲ့ ကျွန်တော် ဆက်မကပြချင်တော့ဘူး မိရှင်နွေ.........
ဪ.......ရှင်နွေလေးရယ်......!!!
အချစ်သစ်နဲ့ နေရာသစ်မှာ နင်ပျော်နေမှာပေါ့.......
နင်ရဲ့ ကျေနပ်စရာ ပျော်ရွှင်မှုတွေက. ငါအတွက်ကြေကွဲစရာ ကဗျာတွေကို ရေရွတ်ပြီး....
ကောင်းကင်က ကြယ်တာရာတွေကို
အဝေးကနေ ငေမောပြီး အတွေးတွေနဲ့ နှလုံးသားကို ဆွေးမြေ့စေတာပါပဲ.......
ရောင်စင်ခုနှစ်သွယ် လင်းလက်တဲ့ ကောင်းကင်ယံမှာ အလွမ်းမိုးတွေ ရွာချနေသလို ပူပြင်းတဲ့ နေရောင်ခြည် အမုန်းတွေကလည်း ပွင့်လန်းလာပြီ.......
ဒီထက်လှတဲ့ အပြုံးတွေ
ဒီထက်ပြင်းတဲ့ ညှိ့အားတွေနဲ့ ကျွန်တော်နှလုံးသားကို တခါပြန်လည် ဖန်းစားပေးပါအုံး မိရှင်နွေလေး......!!!
ဆိုးဆေးကာလာစုံနဲ့ တစိုးတဆေ့နဲ့ နီမြန်းနေသော နှခမ်းတွေက အကြင်နာမဲ့ စကားတွေ အများကြီး မပြောပါနဲ့တော့.. ......
ကျွန်တော်တကယ် တစ်ခါတစ်ရံ မှာ နင်ကို လွမ်းတတ်လာအောင် နှင်းဆီပန်းတွေနဲ့တူတဲ့ ရှင်နွေ နှခမ်းဖျားတွေက ဖြားရောင်းသွေးဆောင်ကာ အလွမ်းကဗျာတွေဆီကို ခေါ်ဆောင်ကာ ခရီှးင်နေကြတယ်........

အဓိပတိ ကမ္မ
9-12-2017
Monday, 9 December 2019
Tuesday, 3 December 2019
ရှင်နွေ
ကြယ်တွေ လတွေစုံတဲ့ မီးပုံပွဲ
ညတွေကို နံက်ရောင်နီလာ
မိုးသောက်ချိန်က
ဝါးမြိုလိုက် သလိုပဲ အချစ်က
နှလုံးသားကို ဝါးမြိုလိုက်ပြီ.........
ချမ်းအေးတဲ့
ဆောင်းတွင်းမိုးသောက် ချိန်တွေမှာ
အချစ်ကို အဖော်ပြုပြီး
ရှင်နွေလာတဲ့ရွာလမ်းတွေမှာ
ကျွန်တော်ဟာ
အေးချမ်းတဲ့ မေတ္တာ တွေရဖို့
နံနက်ခင်း ချိန်တိုင်းမှာ
မျှော်လင့်ချက်တွေနဲ့
လမ်းလျှောက်နေပြီ........
အချစ်ရဲ့
လက်ကိုင်တုတ်တစ်ချောင်းကို
ကိုင်ပြီး နှလုံးသားကို
ရိုက်နှက်ထုခွဲနေတဲ့ အထဲမှာ
ရှင်နွေတစ်ယောက်
မပါ နိုင်ပါဘူး.. ..လို့.....
ငါတွေးနေရတယ် ......
ထားပါ........
ဒါဟာ အချစ်နဲ့ မပတ်သတ်ပါဘူး
မုတ်သုံလေ တွေတောင်
နှုတ်ဆိတ်နေပြီ .......
ဘာအတွက်ကြောင့်
မာန်မာနတွေ
မဆိတ်သုံးသေရတာပါလိမ့်.......
ကြယ်တွေကြွေတာကို
စောင့်ကြည့်ရင်း
နှလုံးသားတွေ ကြေမွခဲ့တာကို
ကျွန်တော်တို့ နှစ်ယောက်
သတိမထားခဲ့ကွမိဘူး.......
ဒီတစ်ခါ
ဆောင်းဝင်လို့ နှင်းကြွေတဲ့
ညတွေကို တစ်ယောက်တစ်နေရာ
ဖြတ်သန်းပြီး.......
ရင်ဘတ်ထဲက
အချစ်စပယ်ပန်းတွေ
ပွင့်လန်းဖို့ဟာ
ငါတို့အတူ နိုးထရဖို့
နှလုံးသားက
အချက်ပြသံကြားတာနဲ့
နိုးထကြရအောင် မိရှင်နွေ..........
တစ်မိနစ်စာ ကဗျာတွေ ဖတ်ဖို့
ငါရဲ့တစ်မနံက်တာ
အချိန်တွေကို ကဗျာထဲမှာ
ထည့်သိမ်းထားခဲ့တယ်......
ရှင်နွေ......
နင်သိမလား မသိမလားတော့
ကျွန်တော်မသိဘူး......
မသိချင်ယောင်ဆောင်ပြီး
ရှင်နွေ ရှေ့ကနေအမြဲ
ငါဖြတ်ပြေးနေချင်တယ်......
နင့်အပြုံးတွေဟာ ငါအတွက်
ပျော်ရွှင်မှုတွေနဲ့
နိုးထစေတဲ့ အိမ်မက်တွေပါ
မိရှင်နွေ.......
ကျွန်တော်ရဲ့ ညတွေမှာ ရှင်နွေဟာ
တံခါးလာခေါက်ပြီး
နံက်ခင်း အချိန်တွေမှာ
ကျွန်တော်အိမ်မက်ထဲကနေ
တံခါးမပိတ်ပဲ ပြန်ပြန်သွားတာကို
ကျွန်တော်ရပ်ကြည့်နေမိတယ်......
လှောင်ပြုံး ပြုံးနေတဲ့ ရှင်နွေ
အမုန်းတွေကို ရှောင်ပုန်းနေမိတာ ငါ
အပြစ်မှ မဟုတ်တာ
မိရှင်နွေရယ်.......
အပြစ်တွေပေးပြီး အချစ်တွေ မကွယ်ဝှက်ချင်ပါနဲ့တော့ ......။
အနှစ်မရှိတဲ့ ဒီခရီးကြမ်း
ငါတစ်ယောက်တည်း
လှောက်လှမ်းမှတော့ မနှစ်ကလို
အနှစ်မရှိတဲ့ ခံစားမှုရသတွေပဲ
အချစ်က ပုံဖော်ပေးမှာပေါ့........
မနှစ်မြိုဖွယ် ခံစားမှု ရသတွေ
လဲပြိုကျလာမှာကို လမ်းစုံလမ်းခွတွေ ရဲ့
ဘေးမှာ ရပ်ကြည့်ရင်း
ကျွန်တော် အချစ်ခရီး ကောင်းကောင်း ခရီးမပေါက်ခဲ့ဘူး........
တစ်ယူသံ အချစ်တွေနဲ့
အ
ယူခံဝင်ကာ ဆက်ချစ်နေမယ့်
ငါဟာ အချစ်ရဲ့ ကြိုးမိန့်ပေးခြင်း
ခံရမယ့် နှလုံးသားငယ်မှ
မဟုတ်တာ
ငါဘာတွေတွေးပြီး
ကြေကွဲနေရမှာလည်း........မိရှင်နွေရယ်...
အဓိပတိကမ်မ
3-12-2017

#ညရဲ့တွေဝေဝေအတွေးများ

#ညရဲ့တှဝေဝေအေတှေးမြား
#အဓိပတိကမ်မ
16NOV2018
.
.
.
.
UNICODE

#အဓိပတိကမျမ
16NOV2018
အာသာဖြေခြင်းနှင့် စိတ်ဓာတ်ကျဝေဒနာ
အာသာဖြေခြင်းနှင့် စိတ်ဓာတ်ကျဝေဒနာ
အာသာဖြေခြင်းကို အမျိုးသားတိုင်းပြုလုပ်ကြပါတယ်။ အာသာဖြေခြင်းသည် ကျန်းမာရေးအတွက်ရော စိတ်ကျေနပ်မူပါ များစွာကောင်းကျိုးပေးနိုင်သော အချက်များရှိပါတယ်။အာသာဖြေခြင်းနှင့် စိတ်ဓာတ်ကျရောဂါ ဆက်စပ်မူရှိပါသလား? ဟု လူအများစိတ်ဝင်စားကြပါတယ်။ အချို့လူများသည် အာသာဖြေခြင်းသည် စိတ်ကျန်းမာရေးချို့တဲ့စေသည်ဟု ယူဆကြပါတယ်။ သို့သော်အပြန်အလှန်အားဖြင့် စိတ်ဓာတ်ကျခြင်းသည် အာသာဖြေခြင်းနှင့် လိင်ဆက်ဆံမအပေါ်သက်ရောက်မှုဖြစ်စေသည်ဟုလည်း ပြောကြပါတယ်။
အာသာဖြေခြင်းသည် စိတ်ဓာတ်ကျရောဂါဖြစ်စေသလား?
အာသာဖြေခြင်းသည် စိတ်ဓာတ်ကျရောဂါကိုမဖြစ်စေပါ။ အာသာဖြေခြင်းအပြုအမူသည် စိတ်ကျေနပ်မှုရစေသောအပြုအမူတစ်ခုဖြစ်ပါတယ်။ မိမိကိုယ်မိမိ လိင်ဆက်ဆံရာတွင် အထောက်အကူပြုပါတယ်။ အချို့လူများအဖို့ကတော့ အာသာဖြေခြင်းသည် စိတ်တိုဒေါသထွက်မှုကို ဖြစ်သေည်ဟုယူဆကြပါတယ်။ 1800 ခုနှစ်အစောပိုင်းကာလတွင် အာသာဖြေခြင်းသည် စိတ်ကျန်းမာရေးရောဂါများနှင့် ဆက်စပ်မှုရှိသည်ဟု ယူဆကြပါတယ်။1900 ခုနှစ်ရောက်လာသောအခါ အဆိုပါဆက်စပ်မှုကို ရှာဖွေလေ့လာခဲ့ကြပါတယ်။ အာသာဖြေခြင်းသည် လိင်ဆက်ဆံမှုနှင့် ဆက်စပ်သော ကျန်းမာရေးကောင်းကျိုးအများအပြားပေးပါတယ်။ သို့သော် အချို့ဘာသာတရားနှင့် ယဉ်ကျေးမူအရတားမြစ်မူတွေရှိနေပါတယ်။
အာသာဖြေခြင်းသည် စိတ်ဓာတ်ကျရောဂါကို ဖြစ်စေမူမရှိသော်လည်း လူတစ်ဦးချင်းစီရဲ့ ကိုးကွယ်မှုဘာသာတရား၊ ယဉ်ကျေးမှုထုံးစံနှင့် လူမှုပတ်ဝန်ကျင်အနေအထားအရ ဆိုးရွားမှုတစ်ခုဟု အဆိုးမြင်ထားပါတယ်။
၂၀၁၈ခုနှစ် လေ့လာချက်အရ စိတ်ဓာတ်ကျရောဂါရှိသူ အမျိုးသားဦးရေ ၆၂.၅ ရာခိုင်းနှုန်းသည် အချို့သောလိင်ဆက်ဆံမှု ပြဿနာများနှင့် ရင်ဆိုင်နေကြောင်းတွေ့ရှိရပါတယ်။ စိတ်ဓာတ်ကျရောဂါရှိသူအများစုတွင် အာသာဖြေခြင်းနှင့်ပတ်သတ်သော ပြဿနာများစွာတွေ့ရှိနိုင်သည်ဟု ယူဆနေကြပါတယ်။ အာသာဖြေခြင်းသည် စိတ်ဓာတ်ကျရောဂါရှိသူမျာအပေါ်တွင် မည်သည့်သက်ရောက်မှုမှ မရှိနိုင်ပါ။ သို့သော်စိတ်ဓာတ်ကျရောဂါရှိသူများတွင် လိင်ဆက်ဆံလိုစိတ်နည်းပါးကာ ဆက်ဆံခြင်းကို စိတ်မဝင်စားသလို အာသာဖြေခြင်းကိုလည်း စိတ်ဝင်စားမှုမရှိကြပါ။
စိတ်ဓာတ်ကျရောဂါသည် လိင်ဆက်ဆံချင်စိတ်အပေါ်သက်ရောက်မှု
စိတ်ဓာတ်ကျရောဂါရှိသူသည် လိင်ဆက်ဆံခြင်းအပါအဝင် မည်သည့်လူပ်ရှားမှု အပြုအမူမဆို စိတ်ဝင်စားမှုမရှိတော့ပါ။ ထိုအခါမျိုးတွင် လိင်ဆက်ဆံဖော်ရဲ့ အကူအညီအပေါ် များစွာမူတည်ပါတယ်။ မိမိဆက်ဆံဖော်တွင် စိတ်ဓာတ်ကျပြီး လိင်ဆက်ဆံမှုမရှိသောအခါ အကြောင်းအရင်းကို သေချာရှာဖွေထိန်းသိမ်းရန် အထူးလိုအပ်ပါတယ်။ စိတ်ဓာတ်ကျရောဂါကု ဆေးဝါးသောက်သုံးခြင်းသည်လည်း ဆေးဝါးများဆိုးကျိုးကြောင့် ဆက်ဆံမှုကိုထိခိုက်စေပါတယ်။
လိင်ဆက်ဆံမှုအပေါ် စိတ်ဝင်စားမှုနည်းခြင်းအပြင် စိတ်ဓာတ်ကျနေသူသည် ဝမ်းနည်းမှု၊ အားငယ်မှု၊ မျော်လင့်ချက်နည်းမှု စသောခံစားမှုများပါ ခံစားကြရပါတယ်။စိတ်ဓာတ်ကျသူသည် မဖော်ပြနိုင်သော နာကျင်ခက်ခဲမှုပါ ခံစားရပါတယ်။
စိတ်ဓာတ်ကျခြင်းကို သက်သာပျောက်ကင်းစေရန် လူနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် စိတ်ဖိဆီးမှုပျောက်စေသော အပြုအမူလျော့စေရန် အောက်ပါနည်းလမ်းများကိုလိုက်နာပါ။
– လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း
– လုံလောက်စွာအိပ်စက်ခြင်း
– ကျန်းမာရေးနှင့်ကိုက်ညီသော အာဟာရပြည့်ဝသော အစာအစားစားခြင်း
– အရက်သောက်ခြင်းကို ရှာင်ခြင်း
– တရားထိုင်ခြင်း
– ခရီးထွက်ခြင်းနှင့်
– သူငယ်ချင်းများနှင့်အချိန်ပေးခြင်း စသည်တို့ဖြစ်ပါတယ်။
အာသာဖြေခြင်းရဲ့ကျန်းမာရေးအကျိုးရလဒ်များမှာ ……
– အိပ်ရေးဝဝအိပ်စက်နိုင်ခြင်း
– လိင်ဆက်ဆံရာတွင်ကျေနပ်မှုရရှိခြင်း
– လိင်ဆက်ဆံမှု စိတ်ဝင်စားမှုပိုခြင်း
– မိမိကိုယ်ကို ယုံကြည်မှုရရှိစေခြင်း
– ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုနှုန်း လျော့ခြင်းတို့ ဖြစ်ပါတယ်။
Dr. Pyae Shin

Tuesday, 12 November 2019
politics
အစုိးရသည် လူထုကို မွဲဆေးဖော်ပေးနေသော လူထုအစိုးရဖြစ်သည် ။
လူထုက ပေးထားသော ဒီမိုကရေစီကို အစိုးရအရာရှိကြီး တွေက ပိတ်ပင်တားဆီးထားသည် ၊
လူထုကို တရားစဲွ ထောင်ချ မီဒီယာသမားတွေကို တရားစဲွထောင်ချ အမျိုးသားရေး သမားတေွ ဆရာတော်ရဟန်းသံဃာတွေကို တရားစဲွထောင်ချ (တချို့တစ်ဝက် က ဝမ်းရမ်းပြေးြဖစ်)
ဒါဟာ လူထုခေါင်းဆောက် အောင်ဆန်းစုကြည် အစုိးရ က ဒီမိုကရေစီ စိတ်သုန်းအောင် ပြုလုပ်နေခြင်ပင် ြြြြြြြြဖစ်သည် ။
ငြိမ်းချမ်းစွာ စီတန်း လှည့်လည နေခြင်းတွေကို တားဆီး ဖျက်ဆီးတာတွေ ကျောင်းသားများကို တရားစွဲဆိုသည့်အမှု တွေကို ကြည့်ရင် အာဏာရှက် အငွေ့အသက်တွေ ပြန်လည် လို့အသက်သွင်းနေတာပဲလို့ ကျနော်ပြောချင်ပါတယ် ။
ေခြဥပြင်ဆင်ရေးနဲ့ ပတ်သတ်ပြီး ပြောရမည်ဆိုရင် NLD ဟာ ပြင်ချင််။ ပုံမပေါ်ဘူးလို့ပဲ ရှင်းရှင်းလင်းလင်း ပြောချင်တယ် ။
အမှန်တကယ်သာ ပြင်ချင်တယ်ဆိုရက် ပြင်ချင်ဖို့ အလုပ်ဖြစ်နူိင်သော နည်းလမ်းနဲ့ စေ့စပ် ညှိနှိုင်း ရေးလမ်းကိုသာ ရေွးချယ်သင့်ပါတယ် ။
ခြေဥပြင်ဆင်ရေးလည်း ဟန်ပြ
ငြမ်းချမ်းရေးလည်း ဟန်ပြ
စီးပွားရေးလည်း ဟန်ပြ
အမျိုးသားပြန်လည်သင့်မြတ်ရေးလည်း ဟန်ပြ
ပညာရေး ပြုပြင်ပြောင်းလဲရေးလည်း ဟန်ပြ
အောင်ဆန်းစုကြည် အြပ်ချုပ်သော လက်ရှိ NLD အစိုးရအဖွဲ့ ကို ဟန်ပြ အစိုးရလို့ ကျနော် ပြောချင်ပါတယ် ။
အဓိပတိကမ္မ
PyaePhyoAungKM
12NOVEMBER 2019
Friday, 8 November 2019
လူထုကို လက္ညႇိဳးထိုး တဲ့အစိုးရက
လူထုနဲ့ တသားတည်းကျတဲ့ အစိုးရ
မဖြစ်နိုင်ပါ ။
လူထုကို အပြစ်ပြောတဲ့ အစိုးရသည်လည်း
လူထုအတွက် မဖြစ်နိုင်ပါ ။
အစိုးရအဖွဲ့ကို အကာအကွယ်ပြုပြီး ပြောဆိုနေသော
လူထုခေါင်းဆောင်းသည်လည်း လူထုအတွက် မဖြစ်နိုင်ပါ ။
အစိုးရသည် လူထုကို လေးစားရပါမည် ၊
ဒါမှ လူထုအစိုးရ ပီသမည် ဖြစ်သည် ။
လူထုခေါင်းဆောင်သည် လူထုဘက်မှ အမြဲရပ်တည်ပေးရမည် ၊
ဒါမှ လူထုခေါင်းဆောင် ပီသမည် ဖြစ်သည် ။
ဒီမိုကရစေီ အစိုးရသည် လူထုကို အခြေပြုပြီး ဖြစ်တည်လာတာ ဖြစ်သည် ၊
လူထုကို မလေးမစားလုပ်သော စကားအသုံးအနှုန်း ကို ရှောင်ကျဉ်ရမည် ဖြစ်သည် ။
ဒါမှ ပြည်သူ့ဒီမိုကရေစီ အဓွန့်ရှည် မည် ဖြစ်သည် ။
ပြည်သူ့အစိုးရသည် ပြည်သူကို တန်ဖိုးထားတဲ့ အစိုးရဖြစ်စေချင်ပါသည် ။
ပြည်သူကို မျက်ကွယ်ပြုပြီး နိုင်ငံရေး ပါတီအကျိုး မဆောင်ရွက်သင့်ပါ ။
နိုင်ငံရေး ပါတီအကျိုး ဆောင်ရွက်ကြမည် ဆိုလျှင် အစိုးရအဖွဲ့မှ နှုတ်ထွက်သင့်ပါသည် ။
နိုင်ငံတစ်ခု အတွက် လူထုကတင်မြှောက်ထားသော အစိုးသည် နိုင်ငံအတွက် ဖြစ်ပါသည် ၊
နိုင်ငံရေးပါတီတစ်ခု အတွက် မဟုတ်ပါ ။
ပြည်သူကို လေးစားပါ ၊ ပြည်သူကို အလေးထားပါ ။
ဒါမှ ပြည်သူ့အစိုးရ ပီသမည် ဖြစ်သည် ။
#အဓိပတိကမ္မ
8NOV2018
.
.
.
UNICODE
.
.
.
လူထုကို လက်ညှိုးထိုး တဲ့အစိုးရက
လူထုနဲ့ တသားတည်းကျတဲ့ အစိုးရ
မဖြစ်နိုင်ပါ ။
လူထုကို အပြစ်ပြောတဲ့ အစိုးရသည်လည်း
လူထုအတွက် မဖြစ်နိုင်ပါ ။
အစိုးရအဖွဲ့ကို အကာအကွယ်ပြုပြီး ပြောဆိုနေသော
လူထုခေါင်းဆောင်းသည်လည်း လူထုအတွက် မဖြစ်နိုင်ပါ ။
အစိုးရသည် လူထုကို လေးစားရပါမည် ၊
ဒါမှ လူထုအစိုးရ ပီသမည် ဖြစ်သည် ။
လူထုခေါင်းဆောင်သည် လူထုဘက်မှ အမြဲရပ်တည်ပေးရမည် ၊
ဒါမှ လူထုခေါင်းဆောင် ပီသမည် ဖြစ်သည် ။
ဒီမိုကရစေီ အစိုးရသည် လူထုကို အခြေပြုပြီး ဖြစ်တည်လာတာ ဖြစ်သည် ၊
လူထုကို မလေးမစားလုပ်သော စကားအသုံးအနွုန်း ကို ရှောင်ကျဉ်ရမည် ဖြစ်သည် ။
ဒါမှ ပြည်သူ့ဒီမိုကရေစီ အဓွန့် ရှည် မည် ဖြစ်သည် ။
ပြည်သူ့အစိုးရသည် ပြည်သူကို တန်ဖိုးထားတဲ့ အစိုးရဖြစ်စေချင်ပါသည် ။
ပြည်သူကို မျက်ကွယ်ပြုပြီး နိုင်ငံရေး ပါတီအကျိုး မဆောင်ရွက်သင့်ပါ ။
နိုင်ငံရေး ပါတီအကျိုး ဆောင်ရွက်ကြမည် ဆိုလျှင် အစိုးရအဖွဲ့မှ နွုတ်ထွက်သင့်ပါသည် ။
နိုင်ငံတစ်ခု အတွက် လူထုကတင်မြှောက်ထားသော အစိုးသည် နိုင်ငံအတွက် ဖြစ်ပါသည် ၊
နိုင်ငံရေးပါတီတစ်ခု အတွက် မဟုတ်ပါ ။
ပြည်သူကို လေးစားပါ ၊ ပြည်သူကို အလေးထားပါ ။
ဒါမှ ပြည်သူ့အစိုးရ ပီသမည် ဖြစ်သည် ။
#အဓိပတိကမ်မ
8NOV2018
Thursday, 7 November 2019
Friday, 1 November 2019
အိမ်ထောင်ရေး
လူတစ်ယောက်နဲ့ တစ်ယောက်
ပေါင်းစပ်ဖို့ဆိုတာ အကျင့်တူ၊ ဝါသနာတူ၊
ရည်မှန်းချက်တူမှ ပျော်ရွှင်စရာကောင်းတဲ့
အိမ်ထောင်ရေး ဖြစ်မှာပါ။
သင်နဲ့ တူညီတာမရှိဘဲ အရာရာ
ဆန့်ကျင်ဘက်တွေချည်း ဖြစ်နေရင် ရန်ပွဲတွေချည်း အမြဲဖြစ်နေရမှာ ဖြစ်ပါတယ်။
အဲဒီပြဿနာတွေကြောင့် ချစ်သူဘဝမှာတောင
် အမြဲ တကျက်ကျက် ဖြစ်နေတာ၊
အိမ်ထောင်ပြုလိုက်ရင် အားလုံး တည်ငြိမ်သွားမယ်လို့
မတွေးလိုက်ပါနဲ့။
အမှားကြီး မှားသွားပါလိမ့်မယ်။
အဓိပတိကမ္မ
မြန်မာ့ငြိမ်းချမ်းရေးခရီးက JMC လို
ကားနဲ့သွားတာတောင် ခရီးမပေါက်တာ
ဘယ်လို ၂၁ ရာစုကားနဲ့ သွားချင်နေရသေးတာလည်း ။
ဆီးဖိုးကုန်တယ် ။ လိုက်လာတဲ့လူ တက်လိုက်ပြီး လမ်းကြုံစီးတဲ့လူ ။ ကားသမား စပယ်ယာ တွေ ကိုပေးရတဲ့ငွေ ကျွေးရတဲ့စရိတ် မနည်းမနော ကုန်နေတယ် ။
ငြိမ်းချမ်းရေးကားကတော့ ရှေ့ကိုရွေ့ဖို့ မပြောနဲ့ နောက်ကိုသာ တအိအိလိမ့်ကျနေပါတော့သည်။
ဘေးကလည်း ဒီလိုမောင်းဟေ့ ရှေ့ကလည်း ဟိုလိုမောင်းဟေ့
ငြိမ်းချမ်းရေးခရီးသွားတွေကလည်း ဒီဘက်လမ်းကမောင်းစေချင်တယ် တဲ့
တစ်ဖက်ကလည်း တစ်ဖက်ပိတ်အသိတွေနဲ့ ဒါမှဒါပဲ ၊
ငါတို့ဘက်ကတော့မပြင်နိုင်ဘူး မင်းတို့ဘက်က ပြင်ပေးမှ ငြိမ်းချမ်းရေး အဓွန့်ရှည် လာမှာနဲ့
အချိန်တွေဖြုန်း ငွေတွေကုန် ချိုးဖြုငှက်တောင် အတောင်တွေဆွေးကုန်ပြီ အခုထိ လှောင်အိမ်သော့ဖွင့်ဖို့နေနေသာသာ သော့ကိုရေလးနေလို့
မပြီးသေးဘူး.။ အပြီးသတ် ဆုံးဖြတ်ချက်က အထက်အမိန့်ရမှ ဒေသခံတွေရဲ့ ဆန္ဒတွေ နဲ့ ဝေ့လည်ကြောင်ပတ် လုပ်နေတာတွေများပြီ။
ဘယ်တော့လောက်ဆို ငြိမ်းချမ်းရေး ရမှာပါ
ဘယ်အချိန်လောက်ဆို ငြိမ်းချမ်းရေး စစ်မှန်လာမှာပါ ။
အသံကောင်းဟစ်ပြီး ပြည်သူတွေကို ညာနေကြသော ဝေလည်ကြောင်ပတ် မလိမ့်တပတ် ပြောနေတာတွေ ရပ်ပြီး စစ်ပြေးဒုက္ခသည် တွေရဲ့ မျက်နှာလေးတွေ.အနာဂတ် တွေကို ငဲ့ကြည့်ပေးစေချင်တယ် ။
ဒရိုင်ဘာကလည်း ကားစုတ်တာကို အပြစ်ပုံချနေတယ် ။
မောင်းချင်ပါတယ်ဆိုပြီး မဲပေးခိုင်းတာလည်း သူတို့ပဲ။
အချိန်ယူရမည်တဲ့ ရယ်လိုက်ချင်တယ် ဗျာ
ငြိမ်းချမ်းရေး ငတ်နေသော
ပြည်သူကို နှစ်ခါမညာပါနဲ့တော့ ။
ကားစုတ်တာပြောလိုက် လမ်းမကောင်းတာပြောလိုက်
အောက်ပိုင်းမခိုင်တာပြောလိုက် နဲ့ အပြစ်ပြောပြီး
ဆင်ခြေဆင်လက် ပေးမနေသင့်တော့ပါဘူး ။
ငြိမ်းချမ်းရေး ရေခံမြေခံကောင်းတွေ အများကြီး ရှိနေတယ်ဆိုတာကို ဦးသန်းရွှေက သက်သေပြခဲ့တယ် ။ ဦးသိန်းစိန်ကလည်း ထိုက်သင့်သလောက် လုက်ပြခဲ့တယ် ။ အပြောမကျယ် ခဲ့ဘူး ပြစ်မပြောခဲ့ကြဘူး။
လုပ်စရာ ရှိတာကို.လုပ်
ပြောစရာရှိတာကို .ပြော
ငြင်းစရာရှိလာခဲ့ရင် .ငြင်း
လျော့စရာရှိလာရင်.လျော့
တင်းစရာရှိမယ်ဆိုလည်း တင်း
လိုချင်တာက ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေး
သူတို့လိုချင်တဲ့ ပန်းတိုင်တစ်ခုကို တည့်တည့်မတ်မတ်ပဲ သွားခဲ့ကြတယ် ။
အချိန်ဘယ်လောက်ပေးပါအုံး
ပြည်သူတွေ ခဏလောက် နားလည်ပေးပါအုံး
ဘယ်အဖွဲ့က ဘယ်လိုပါ ညာအဖွဲ့ကဘယ်လိုပါ
တောင်ဘက်က တစ်မျိုး မြောက်ဘက်ကတစ်မျိုးပါ ။နဲ့
ပြည်သူကို ဆင်ခြေဆင်လက်မပေးသင့်တော့ပါဘူး
အစိုးရအနေနဲ့ မလုပ်နိုင်ရင်လည်း ဆင်းပေးပါ အချိန်ဆွဲမနေပါနဲ့တော့ ။
ပြည်သူတွေ နားတွေထဲ သေနတ်သံတွေ ဗုံးသံတွေ မပေးပါနဲ့ ။
ငြိမ်းချမ်းရေး သီချင်းသံတွေနဲ့ ကခုန်ပါစေ ။
စစ်ဘေးဒုက္ခသည်အဖြစ်နဲ့ မပြေးပါရစေနဲ့
မိုးပြာရောင် ငြိမ်းချမ်းရေးကော်ဇောပေါ်မှာ လှလှပပ အိနြေ္ဒကျကျ လျောက်လှမ်းပါရစေ ။
မြန်မာပြည်ငြိမ်းချမ်းရေး ပန်းတိုင်ကြီး ဘယ်လောက်ဝေးသေးလည်း မေးလာခဲ့ရင်
လေးအသေင်္ချေနဲ့ကမ္ဘာတစ်သိန်း ဝေးပါသေးတယ်လို့ ပြည်သူတစ်ယောက်အနေနဲ့ မဖြေချင်ဘူး သမ္မတကြီး ရယ် ။
ပြည်မနဲ့ပြည်နယ် ဘယ်လောက် နီးကပ်နေပြီလည်း အမေးခံရရင် အလင်းနှစ်သန်းပေါင်း လောက် ဝေးနေသေးတယ်လို့ မဖြေချင်ဘူး သမ္မတကြီး ရယ် ။
တိုင်းရင်းသား စည်းလုံးညီညွတ်မှု နှင့်
ရင်းနှီးကြည်ဖြု စိတ်သဘောထားတူနေတာကို
အတူလက်တွဲနေတာပဲ မြင်ချင်ပါတယ်
သမ္မတကြီး ရယ် ။
တိုင်းပြည် အတွက်အရေးကြီးနေချိန်မှာ ပါတီအတွက် မဲဆွယ်နေသော နိုင်ငံ ခေါင်းဆောင်မျိုး ကျွန်တော် မမြင်ချင်ဘူး ။
တိုင်းပြည် ဆင်းရဲနေချိန်မှာ အိမ်တော်မှာ အေးအေးဆေးဆေးပဲ ခြင်းခတ်ကစားနေသော
နိုင်ငံခေါင်းဆောင် ကျွန်တော် မမြင်ချင်ပါဘူး
ငြိမ်းချမ်းပါစေ မြန်မာပြည် ။
( အိပ်ချင်ပြီ တော်သေးပြီ လက်လည်း ညောင်းပြီ၊ ...ဒါပဲ ။ )
PLEASE SHARE NOW©®©®
#အဓိပတိကမ္မ
31.0CT2018
Unicode
.
.
.
မြန်မာ့ငြိမ်းချမ်းရေးခရီးက JMC လို
ကားနဲ့သွားတာတောင် ခရီးမပေါက်တာ
ဘယ်လို ၂၁ ရာစုကားနဲ့ သွားချင်နေရသေးတာလည်း ။
ဆီးဖိုးကုန်တယ် ။ လိုက်လာတဲ့လူ တက်လိုက်ပြီး လမ်းကြုံစီးတဲ့လူ ။ ကားသမား စပယ်ယာ တွေ ကိုပေးရတဲ့ငွေ ကျွေးရတဲ့စရိတ် မနည်းမနော ကုန်နေတယ် ။
ငြိမ်းချမ်းရေးကားကတော့ ရှေ့ကိုရွေ့ဖို့ မပြောနဲ့ နောက်ကိုသာ တအိအိလိမ့်ကျနေပါတော့သည်။
ဘေးကလည်း ဒီလိုမောင်းဟေ့ ရှေ့ကလည်း ဟိုလိုမောင်းဟေ့
ငြိမ်းချမ်းရေးခရီးသွားတွေကလည်း ဒီဘက်လမ်းကမောင်းစေချင်တယ် တဲ့
တစ်ဖက်ကလည်း တစ်ဖက်ပိတ်အသိတွေနဲ့ ဒါမှဒါပဲ ၊
ငါတို့ဘက်ကတော့မပြင်နိုင်ဘူး မင်းတို့ဘက်က ပြင်ပေးမှ ငြိမ်းချမ်းရေး အဓွန့်ရှည် လာမှာနဲ့
အချိန်တွေဖြုန်း ငွေတွေကုန် ချိုးဖြုငှက်တောင် အတောင်တွေဆွေးကုန်ပြီ အခုထိ လှောင်အိမ်သော့ဖွင့်ဖို့နေနေသာသာ သော့ကိုရေလးနေလို့
မပြီးသေးဘူး.။ အပြီးသတ် ဆုံးဖြတ်ချက်က အထက်အမိန့်ရမှ ဒေသခံတွေရဲ့ ဆန္ဒတွေ နဲ့ ဝေ့လည်ကြောင်ပတ် လုပ်နေတာတွေများပြီ။
ဘယ်တော့လောက်ဆို ငြိမ်းချမ်းရေး ရမှာပါ
ဘယ်အချိန်လောက်ဆို ငြိမ်းချမ်းရေး စစ်မှန်လာမှာပါ ။
အသံကောင်းဟစ်ပြီး ပြည်သူတွေကို ညာနေကြသော ဝေလည်ကြောင်ပတ် မလိမ့်တပတ် ပြောနေတာတွေ ရပ်ပြီး စစ်ပြေးဒုက္ခသည် တွေရဲ့ မျက်နှာလေးတွေ.အနာဂတ် တွေကို ငဲ့ကြည့်ပေးစေချင်တယ် ။
ဒရိုင်ဘာကလည်း ကားစုတ်တာကို အပြစ်ပုံချနေတယ် ။
မောင်းချင်ပါတယ်ဆိုပြီး မဲပေးခိုင်းတာလည်း သူတို့ပဲ။
အချိန်ယူရမည်တဲ့ ရယ်လိုက်ချင်တယ် ဗျာ
ငြိမ်းချမ်းရေး ငတ်နေသော
ပြည်သူကို နှစ်ခါမညာပါနဲ့တော့ ။
ကားစုတ်တာပြောလိုက် လမ်းမကောင်းတာပြောလိုက်
အောက်ပိုင်းမခိုင်တာပြောလိုက် နဲ့ အပြစ်ပြောပြီး
ဆင်ခြေဆင်လက် ပေးမနေသင့်တော့ပါဘူး ။
ငြိမ်းချမ်းရေး ရေခံမြေခံကောင်းတွေ အများကြီး ရှိနေတယ်ဆိုတာကို ဦးသန်းရွေက သက်သေပြခဲ့တယ် ။ ဦးသိန်းစိန်ကလည်း ထိုက်သင့်သလောက် လုက်ပြခဲ့တယ် ။ အပြောမကျယ် ခဲ့ဘူး ပြစ်မပြောခဲ့ကြဘူး။
လုပ်စရာ ရှိတာကို.လုပ်
ပြောစရာရှိတာကို .ပြော
ငြင်းစရာရှိလာခဲ့ရင် .ငြင်း
လျော့စရာရှိလာရင်.လျော့
တင်းစရာရှိမယ်ဆိုလည်း တင်း
လိုချင်တာက ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေး
သူတို့လိုချင်တဲ့ ပန်းတိုင်တစ်ခုကို တည့်တည့်မတ်မတ်ပဲ သွားခဲ့ကြတယ် ။
အချိန်ဘယ်လောက်ပေးပါအုံး
ပြည်သူတွေ ခဏလောက် နားလည်ပေးပါအုံး
ဘယ်အဖွဲ့က ဘယ်လိုပါ ညာအဖွဲ့ကဘယ်လိုပါ
တောင်ဘက်က တစ်မျိုး မြောက်ဘက်ကတစ်မျိုးပါ ။နဲ့
ပြည်သူကို ဆင်ခြေဆင်လက်မပေးသင့်တော့ပါဘူး
အစိုးရအနေနဲ့ မလုပ်နိုင်ရင်လည်း ဆင်းပေးပါ အချိန်ဆွဲမနေပါနဲ့တော့ ။
ပြည်သူတွေ နားတွေထဲ သေနတ်သံတွေ ဗုံးသံတွေ မပေးပါနဲ့ ။
ငြိမ်းချမ်းရေး သီချင်းသံတွေနဲ့ ကခုန်ပါစေ ။
စစ်ဘေးဒုက္ခသည်အဖြစ်နဲ့ မပြေးပါရစေနဲ့
မိုးပြာရောင် ငြိမ်းချမ်းရေးကော်ဇောပေါ်မှာ လှလှပပ အိနြေ္ဒကျကျ လျောက်လှမ်းပါရစေ ။
မြန်မာပြည်ငြိမ်းချမ်းရေး ပန်းတိုင်ကြီး ဘယ်လောက်ဝေးသေးလည်း မေးလာခဲ့ရင်
လေးအသေချေင်္နဲ့ကမ္ဘာတစ်သိန်း ဝေးပါသေးတယ်လို့ ပြည်သူတစ်ယောက်အနေနဲ့ မဖြေချင်ဘူး သမ္မတကြီး ရယ် ။
ပြည်မနဲ့ပြည်နယ် ဘယ်လောက် နီးကပ်နေပြီလည်း အမေးခံရရင် အလင်းနှစ်သန်းပေါင်း လောက် ဝေးနေသေးတယ်လို့ မဖြေချင်ဘူး သမ္မတကြီး ရယ် ။
တိုင်းရင်းသား စည်းလုံးညီညွတ်မှု နှင့်
ရင်းနှီးကြည်ဖြု စိတ်သဘောထားတူနေတာကို
အတူလက်တွဲနေတာပဲ မြင်ချင်ပါတယ်
သမ္မတကြီး ရယ် ။
တိုင်းပြည် အတွက်အရေးကြီးနေချိန်မှာ ပါတီအတွက် မဲဆွယ်နေသော နိုင်ငံ ခေါင်းဆောင်မျိုး ကျွန်တော် မမြင်ချင်ဘူး ။
တိုင်းပြည် ဆင်းရဲနေချိန်မှာ အိမ်တော်မှာ အေးအေးဆေးဆေးပဲ ခြင်းခတ်ကစားနေသော
နိုင်ငံခေါင်းဆောင် ကျွန်တော် မမြင်ချင်ပါဘူး
ငြိမ်းချမ်းပါစေ မြန်မာပြည် ။
( အိပ်ချင်ပြီ တော်သေးပြီ လက်လည်း ညောင်းပြီ၊ ...ဒါပဲ ။ )
PLEASE SHARE NOW©®©®
#အဓိပတိကမ်မ
31.0CT2018

Subscribe to:
Posts (Atom)