Friday 1 November 2019

မြန်မာ့ငြိမ်းချမ်းရေးခရီးက JMC လို
ကားနဲ့သွားတာတောင် ခရီးမပေါက်တာ
ဘယ်လို ၂၁ ရာစုကားနဲ့ သွားချင်နေရသေးတာလည်း ။

ဆီးဖိုးကုန်တယ် ။ လိုက်လာတဲ့လူ တက်လိုက်ပြီး လမ်းကြုံစီးတဲ့လူ ။ ကားသမား စပယ်ယာ တွေ ကိုပေးရတဲ့ငွေ ကျွေးရတဲ့စရိတ် မနည်းမနော ကုန်နေတယ် ။

ငြိမ်းချမ်းရေးကားကတော့ ရှေ့ကိုရွေ့ဖို့ မပြောနဲ့ နောက်ကိုသာ တအိအိလိမ့်ကျနေပါတော့သည်။

ဘေးကလည်း ဒီလိုမောင်းဟေ့ ရှေ့ကလည်း ဟိုလိုမောင်းဟေ့
ငြိမ်းချမ်းရေးခရီးသွားတွေကလည်း ဒီဘက်လမ်းကမောင်းစေချင်တယ် တဲ့ 
တစ်ဖက်ကလည်း တစ်ဖက်ပိတ်အသိတွေနဲ့ ဒါမှဒါပဲ ၊
ငါတို့ဘက်ကတော့မပြင်နိုင်ဘူး မင်းတို့ဘက်က ပြင်ပေးမှ ငြိမ်းချမ်းရေး အဓွန့်ရှည် လာမှာနဲ့

အချိန်တွေဖြုန်း ငွေတွေကုန် ချိုးဖြုငှက်တောင် အတောင်တွေဆွေးကုန်ပြီ အခုထိ လှောင်အိမ်သော့ဖွင့်ဖို့နေနေသာသာ သော့ကိုရေလးနေလို့ 
မပြီးသေးဘူး.။ အပြီးသတ် ဆုံးဖြတ်ချက်က အထက်အမိန့်ရမှ ဒေသခံတွေရဲ့ ဆန္ဒတွေ နဲ့ ဝေ့လည်ကြောင်ပတ် လုပ်နေတာတွေများပြီ။

ဘယ်တော့လောက်ဆို ငြိမ်းချမ်းရေး ရမှာပါ
ဘယ်အချိန်လောက်ဆို ငြိမ်းချမ်းရေး စစ်မှန်လာမှာပါ ။
အသံကောင်းဟစ်ပြီး ပြည်သူတွေကို ညာနေကြသော ဝေလည်ကြောင်ပတ် မလိမ့်တပတ် ပြောနေတာတွေ ရပ်ပြီး စစ်ပြေးဒုက္ခသည် တွေရဲ့ မျက်နှာလေးတွေ.အနာဂတ် တွေကို ငဲ့ကြည့်ပေးစေချင်တယ် ။

ဒရိုင်ဘာကလည်း ကားစုတ်တာကို အပြစ်ပုံချနေတယ် ။
မောင်းချင်ပါတယ်ဆိုပြီး မဲပေးခိုင်းတာလည်း သူတို့ပဲ။

အချိန်ယူရမည်တဲ့ ရယ်လိုက်ချင်တယ် ဗျာ
ငြိမ်းချမ်းရေး ငတ်နေသော 
ပြည်သူကို နှစ်ခါမညာပါနဲ့တော့ ။ 

ကားစုတ်တာပြောလိုက် လမ်းမကောင်းတာပြောလိုက် 
အောက်ပိုင်းမခိုင်တာပြောလိုက် နဲ့ အပြစ်ပြောပြီး 
ဆင်ခြေဆင်လက် ပေးမနေသင့်တော့ပါဘူး ။

ငြိမ်းချမ်းရေး ရေခံမြေခံကောင်းတွေ အများကြီး ရှိနေတယ်ဆိုတာကို ဦးသန်းရွှေက သက်သေပြခဲ့တယ် ။ ဦးသိန်းစိန်ကလည်း ထိုက်သင့်သလောက် လုက်ပြခဲ့တယ် ။ အပြောမကျယ် ခဲ့ဘူး ပြစ်မပြောခဲ့ကြဘူး။

လုပ်စရာ ရှိတာကို.လုပ်
ပြောစရာရှိတာကို .ပြော 
ငြင်းစရာရှိလာခဲ့ရင် .ငြင်း
လျော့စရာရှိလာရင်.လျော့
တင်းစရာရှိမယ်ဆိုလည်း တင်း

လိုချင်တာက ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေး 
သူတို့လိုချင်တဲ့ ပန်းတိုင်တစ်ခုကို တည့်တည့်မတ်မတ်ပဲ သွားခဲ့ကြတယ် ။

အချိန်ဘယ်လောက်ပေးပါအုံး
ပြည်သူတွေ ခဏလောက် နားလည်ပေးပါအုံး
ဘယ်အဖွဲ့က ဘယ်လိုပါ ညာအဖွဲ့ကဘယ်လိုပါ 
တောင်ဘက်က တစ်မျိုး မြောက်ဘက်ကတစ်မျိုးပါ ။နဲ့

ပြည်သူကို ဆင်ခြေဆင်လက်မပေးသင့်တော့ပါဘူး
အစိုးရအနေနဲ့ မလုပ်နိုင်ရင်လည်း ဆင်းပေးပါ အချိန်ဆွဲမနေပါနဲ့တော့ ။

ပြည်သူတွေ နားတွေထဲ သေနတ်သံတွေ ဗုံးသံတွေ မပေးပါနဲ့ ။
ငြိမ်းချမ်းရေး သီချင်းသံတွေနဲ့ ကခုန်ပါစေ ။
စစ်ဘေးဒုက္ခသည်အဖြစ်နဲ့ မပြေးပါရစေနဲ့ 
မိုးပြာရောင် ငြိမ်းချမ်းရေးကော်ဇောပေါ်မှာ လှလှပပ အိနြေ္ဒကျကျ လျောက်လှမ်းပါရစေ ။

မြန်မာပြည်ငြိမ်းချမ်းရေး ပန်းတိုင်ကြီး ဘယ်လောက်ဝေးသေးလည်း မေးလာခဲ့ရင် 
လေးအသေင်္ချေနဲ့ကမ္ဘာတစ်သိန်း ဝေးပါသေးတယ်လို့ ပြည်သူတစ်ယောက်အနေနဲ့ မဖြေချင်ဘူး သမ္မတကြီး ရယ် ။

ပြည်မနဲ့ပြည်နယ် ဘယ်လောက် နီးကပ်နေပြီလည်း အမေးခံရရင် အလင်းနှစ်သန်းပေါင်း လောက် ဝေးနေသေးတယ်လို့ မဖြေချင်ဘူး သမ္မတကြီး ရယ် ။

တိုင်းရင်းသား စည်းလုံးညီညွတ်မှု နှင့်
ရင်းနှီးကြည်ဖြု စိတ်သဘောထားတူနေတာကို 
အတူလက်တွဲနေတာပဲ မြင်ချင်ပါတယ်
သမ္မတကြီး ရယ် ။

တိုင်းပြည် အတွက်အရေးကြီးနေချိန်မှာ ပါတီအတွက် မဲဆွယ်နေသော နိုင်ငံ ခေါင်းဆောင်မျိုး ကျွန်တော် မမြင်ချင်ဘူး ။

တိုင်းပြည် ဆင်းရဲနေချိန်မှာ အိမ်တော်မှာ အေးအေးဆေးဆေးပဲ ခြင်းခတ်ကစားနေသော 
နိုင်ငံခေါင်းဆောင် ကျွန်တော် မမြင်ချင်ပါဘူး 

ငြိမ်းချမ်းပါစေ မြန်မာပြည် ။

( အိပ်ချင်ပြီ တော်သေးပြီ လက်လည်း ညောင်းပြီ၊ ...ဒါပဲ ။ )
PLEASE SHARE NOW©®©®
            #အဓိပတိကမ္မ
              31.0CT2018

Unicode
.
.
.
မြန်မာ့ငြိမ်းချမ်းရေးခရီးက JMC လို
ကားနဲ့သွားတာတောင် ခရီးမပေါက်တာ
ဘယ်လို ၂၁ ရာစုကားနဲ့ သွားချင်နေရသေးတာလည်း ။

ဆီးဖိုးကုန်တယ် ။ လိုက်လာတဲ့လူ တက်လိုက်ပြီး လမ်းကြုံစီးတဲ့လူ ။ ကားသမား စပယ်ယာ တွေ ကိုပေးရတဲ့ငွေ ကျွေးရတဲ့စရိတ် မနည်းမနော ကုန်နေတယ် ။

ငြိမ်းချမ်းရေးကားကတော့ ရှေ့ကိုရွေ့ဖို့ မပြောနဲ့ နောက်ကိုသာ တအိအိလိမ့်ကျနေပါတော့သည်။

ဘေးကလည်း ဒီလိုမောင်းဟေ့ ရှေ့ကလည်း ဟိုလိုမောင်းဟေ့
ငြိမ်းချမ်းရေးခရီးသွားတွေကလည်း ဒီဘက်လမ်းကမောင်းစေချင်တယ် တဲ့ 
တစ်ဖက်ကလည်း တစ်ဖက်ပိတ်အသိတွေနဲ့ ဒါမှဒါပဲ ၊
ငါတို့ဘက်ကတော့မပြင်နိုင်ဘူး မင်းတို့ဘက်က ပြင်ပေးမှ ငြိမ်းချမ်းရေး အဓွန့်ရှည် လာမှာနဲ့

အချိန်တွေဖြုန်း ငွေတွေကုန် ချိုးဖြုငှက်တောင် အတောင်တွေဆွေးကုန်ပြီ အခုထိ လှောင်အိမ်သော့ဖွင့်ဖို့နေနေသာသာ သော့ကိုရေလးနေလို့ 
မပြီးသေးဘူး.။ အပြီးသတ် ဆုံးဖြတ်ချက်က အထက်အမိန့်ရမှ ဒေသခံတွေရဲ့ ဆန္ဒတွေ နဲ့ ဝေ့လည်ကြောင်ပတ် လုပ်နေတာတွေများပြီ။

ဘယ်တော့လောက်ဆို ငြိမ်းချမ်းရေး ရမှာပါ
ဘယ်အချိန်လောက်ဆို ငြိမ်းချမ်းရေး စစ်မှန်လာမှာပါ ။
အသံကောင်းဟစ်ပြီး ပြည်သူတွေကို ညာနေကြသော ဝေလည်ကြောင်ပတ် မလိမ့်တပတ် ပြောနေတာတွေ ရပ်ပြီး စစ်ပြေးဒုက္ခသည် တွေရဲ့ မျက်နှာလေးတွေ.အနာဂတ် တွေကို ငဲ့ကြည့်ပေးစေချင်တယ် ။

ဒရိုင်ဘာကလည်း ကားစုတ်တာကို အပြစ်ပုံချနေတယ် ။
မောင်းချင်ပါတယ်ဆိုပြီး မဲပေးခိုင်းတာလည်း သူတို့ပဲ။

အချိန်ယူရမည်တဲ့ ရယ်လိုက်ချင်တယ် ဗျာ
ငြိမ်းချမ်းရေး ငတ်နေသော 
ပြည်သူကို နှစ်ခါမညာပါနဲ့တော့ ။ 

ကားစုတ်တာပြောလိုက် လမ်းမကောင်းတာပြောလိုက် 
အောက်ပိုင်းမခိုင်တာပြောလိုက် နဲ့ အပြစ်ပြောပြီး 
ဆင်ခြေဆင်လက် ပေးမနေသင့်တော့ပါဘူး ။

ငြိမ်းချမ်းရေး ရေခံမြေခံကောင်းတွေ အများကြီး ရှိနေတယ်ဆိုတာကို ဦးသန်းရွေက သက်သေပြခဲ့တယ် ။ ဦးသိန်းစိန်ကလည်း ထိုက်သင့်သလောက် လုက်ပြခဲ့တယ် ။ အပြောမကျယ် ခဲ့ဘူး ပြစ်မပြောခဲ့ကြဘူး။

လုပ်စရာ ရှိတာကို.လုပ်
ပြောစရာရှိတာကို .ပြော 
ငြင်းစရာရှိလာခဲ့ရင် .ငြင်း
လျော့စရာရှိလာရင်.လျော့
တင်းစရာရှိမယ်ဆိုလည်း တင်း

လိုချင်တာက ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေး 
သူတို့လိုချင်တဲ့ ပန်းတိုင်တစ်ခုကို တည့်တည့်မတ်မတ်ပဲ သွားခဲ့ကြတယ် ။

အချိန်ဘယ်လောက်ပေးပါအုံး
ပြည်သူတွေ ခဏလောက် နားလည်ပေးပါအုံး
ဘယ်အဖွဲ့က ဘယ်လိုပါ ညာအဖွဲ့ကဘယ်လိုပါ 
တောင်ဘက်က တစ်မျိုး မြောက်ဘက်ကတစ်မျိုးပါ ။နဲ့

ပြည်သူကို ဆင်ခြေဆင်လက်မပေးသင့်တော့ပါဘူး
အစိုးရအနေနဲ့ မလုပ်နိုင်ရင်လည်း ဆင်းပေးပါ အချိန်ဆွဲမနေပါနဲ့တော့ ။

ပြည်သူတွေ နားတွေထဲ သေနတ်သံတွေ ဗုံးသံတွေ မပေးပါနဲ့ ။
ငြိမ်းချမ်းရေး သီချင်းသံတွေနဲ့ ကခုန်ပါစေ ။
စစ်ဘေးဒုက္ခသည်အဖြစ်နဲ့ မပြေးပါရစေနဲ့ 
မိုးပြာရောင် ငြိမ်းချမ်းရေးကော်ဇောပေါ်မှာ လှလှပပ အိနြေ္ဒကျကျ လျောက်လှမ်းပါရစေ ။

မြန်မာပြည်ငြိမ်းချမ်းရေး ပန်းတိုင်ကြီး ဘယ်လောက်ဝေးသေးလည်း မေးလာခဲ့ရင် 
လေးအသေချေင်္နဲ့ကမ္ဘာတစ်သိန်း ဝေးပါသေးတယ်လို့ ပြည်သူတစ်ယောက်အနေနဲ့ မဖြေချင်ဘူး သမ္မတကြီး ရယ် ။

ပြည်မနဲ့ပြည်နယ် ဘယ်လောက် နီးကပ်နေပြီလည်း အမေးခံရရင် အလင်းနှစ်သန်းပေါင်း လောက် ဝေးနေသေးတယ်လို့ မဖြေချင်ဘူး သမ္မတကြီး ရယ် ။

တိုင်းရင်းသား စည်းလုံးညီညွတ်မှု နှင့်
ရင်းနှီးကြည်ဖြု စိတ်သဘောထားတူနေတာကို 
အတူလက်တွဲနေတာပဲ မြင်ချင်ပါတယ်
သမ္မတကြီး ရယ် ။

တိုင်းပြည် အတွက်အရေးကြီးနေချိန်မှာ ပါတီအတွက် မဲဆွယ်နေသော နိုင်ငံ ခေါင်းဆောင်မျိုး ကျွန်တော် မမြင်ချင်ဘူး ။

တိုင်းပြည် ဆင်းရဲနေချိန်မှာ အိမ်တော်မှာ အေးအေးဆေးဆေးပဲ ခြင်းခတ်ကစားနေသော 
နိုင်ငံခေါင်းဆောင် ကျွန်တော် မမြင်ချင်ပါဘူး 

ငြိမ်းချမ်းပါစေ မြန်မာပြည် ။

( အိပ်ချင်ပြီ တော်သေးပြီ လက်လည်း ညောင်းပြီ၊ ...ဒါပဲ ။ )
PLEASE SHARE NOW©®©®
            #အဓိပတိကမ်မ
              31.0CT2018





No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...