©သိမ့်ချစ်တာပေါ့ ရှင်နွေရယ် ၂
ဟုတ်ပါတယ် ရှင်နွေ.......
ငါဟာ တစ်ယူသံ အချစ်တွေ ကြားထဲမှာ
တစ်ဖက်သတ် ရေးစပ်ခဲ့တဲ့ အချစ်ကဗျာတွေဟာ နင့်ရဲ့ရင်ဘတ်ထဲကို
မရောက်နိုင်ပါဘူး.......
အပြုံးတွေနဲ့ နယ်ချဲ့ပြီး
အမုန်းတွေနဲ့ အုပ်ချူပ်မှုစနစ် ရဲ့
စကားလုံးတွေက အခုထိ အကျဆုံးသေပေမယ့် ၊
ရေကုန်ရေခမ်း နှလုံးသားတစ်စုံ အတွက် အခုချိန်ထိ တစ်ကိုယ်တော် တိုက်ပွဲတွေ ဆင်နွှဲ့နေရဆဲပါပဲ.........!!!
ရှင်နွေ.......!!နင်အစဉ်မှပြေရဲ့လား..¿¿
နယ်မြေအသစ်မှာ အုပ်ချူပ်မှုစနစ် အသစ်နဲ့ နင်က နင့်ချစ်သူအသစ်ကို နင်ရဲ့ နှခမ်းဖျားက အာဏာတွေနဲ့ ဖုံးအုပ်ထားလို့ ရနိုင်သေးလား မိရှင်နွေလေး.........
သဘာဝမကျတဲ့ အလွမ်းပြဇာတ်တွေကို က ပြနေရတဲ့ အလွမ်းသအားတစ်ယောက်အနေနဲ့ ကျွန်တော် ဆက်မကပြချင်တော့ဘူး မိရှင်နွေ.........
ဪ.......ရှင်နွေလေးရယ်......!!!
အချစ်သစ်နဲ့ နေရာသစ်မှာ နင်ပျော်နေမှာပေါ့.......
နင်ရဲ့ ကျေနပ်စရာ ပျော်ရွှင်မှုတွေက. ငါအတွက်ကြေကွဲစရာ ကဗျာတွေကို ရေရွတ်ပြီး....
ကောင်းကင်က ကြယ်တာရာတွေကို
အဝေးကနေ ငေမောပြီး အတွေးတွေနဲ့ နှလုံးသားကို ဆွေးမြေ့စေတာပါပဲ.......
ရောင်စင်ခုနှစ်သွယ် လင်းလက်တဲ့ ကောင်းကင်ယံမှာ အလွမ်းမိုးတွေ ရွာချနေသလို ပူပြင်းတဲ့ နေရောင်ခြည် အမုန်းတွေကလည်း ပွင့်လန်းလာပြီ.......
ဒီထက်လှတဲ့ အပြုံးတွေ
ဒီထက်ပြင်းတဲ့ ညှိ့အားတွေနဲ့ ကျွန်တော်နှလုံးသားကို တခါပြန်လည် ဖန်းစားပေးပါအုံး မိရှင်နွေလေး......!!!
ဆိုးဆေးကာလာစုံနဲ့ တစိုးတဆေ့နဲ့ နီမြန်းနေသော နှခမ်းတွေက အကြင်နာမဲ့ စကားတွေ အများကြီး မပြောပါနဲ့တော့.. ......
ကျွန်တော်တကယ် တစ်ခါတစ်ရံ မှာ နင်ကို လွမ်းတတ်လာအောင် နှင်းဆီပန်းတွေနဲ့တူတဲ့ ရှင်နွေ နှခမ်းဖျားတွေက ဖြားရောင်းသွေးဆောင်ကာ အလွမ်းကဗျာတွေဆီကို ခေါ်ဆောင်ကာ ခရီှးင်နေကြတယ်........

အဓိပတိ ကမ္မ
9-12-2017

No comments:
Post a Comment