အသက်အရွယ် ကြီးရင့်မှုတွေ အောက်မှာ စိတ်အားငယ်မှုတွေ အများကြီးရှိနေပါတယ် ။
အသက်အရွယ် ကြီးရင့်မှုတွေ အောက်မှာ စိတ် အာအာရ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။
အသက်အရွယ် ကြီးရင့်မှုတွေ အောက်မှာ သားသမီး မြေးမြစ်လေးတွေ အပေါ်မှာ စိုးရိမ်စိတ်တွေ အများကြီးနဲ့ စိတ်မချ လက်မချ ဖြစ်ပေါ်မှုတွေ အမြှောက်အများ ရှိနေတတ်တယ်။
အဘိုးအဘွားတွေရဲ့ လက်တွေနဲ့ တွဲခေါ်လို့ ငါတို့ လမ်းလျှောက်တတ်လာကြတယ်၊
အဘိုးအဘွားတွေရဲ့ ပုံပြင်တွေ အများကြီးနဲ့ ငါတို့ အိပ်ယာဝင်ခဲ့ကြတယ်၊
အဘိုးအဘွားတွေရဲ့ ဆုံးမသံတွေနဲ့
ဘဝ ရှေ့ကို ဆက်ခဲ့ကြတယ်၊
ဖိုးဖိုးဘွားဘွားတွေမှာ ရည်မှန်းချက် တွေ မျှော်လင့်ချက်တွေ ရှိခဲ့မှာ အမှန်ပါပဲ ......
ဖြစ်မလာခဲ့သော အကြောင်းအချင်းအရာ တွေလည်း အများကြီး ရှိနေမှာ အသေအခြာ ပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ အသက် နှစ်ဆယ်ကျော်ကျော်လေးတွေတောင်
အရင်က ကြီးကြီးမားမားမလုပ်ခဲ့တာတွေ ကြိုးကြိုးစားစား မလုပ်ခဲ့တာလေးတွေတောင် နောင်တ ကြီးကြီးမားမား ရနေသလို....
အသက်အရွယ် ၇၀ . ၈၀ ဖိုးဖိုးဘွားဘွားတွေဆို ဘယ်လောက်ထိ နောင်တတွေနဲ့ ရင်ဆိုင်ရမလဲ ဆိုတာကို ဆင်းစားကြည့်တိုင့် စိတ်ထဲ မကောင်းဖြစ်မိသလို ကျွန်တော်တို့ အဲဒီအရွယ် အဲဒီအချိန် ရောက်ရင် ဘယ်လိုဖြစ်လဲ ဘယ်ပုံဖြစ်မလဲ တွေးရင်းတွေးရင်းနဲ့ ကြောက်စိတ်တွေ ဝင်လာသလို စိုးရိမ်စိတ်တွေ ကလည်း အများကြီးရှိနေတာ အမှန်ပါပဲ......
မိမိကိုယ်ပိုင်လက်နဲ့ မကိုင်နိူင် မ.မနိူင် တဲ့ ဘဝ.....
မိမိကိုယ်ပိုင် ခြေထောက်နဲ့ မသွားနိူင် လမ်းသွားရင် အကူလေးပါမှ အတွဲလေးပါမှ လျှောက်လှမ်းလို့ရတဲ့ အခြေမခိုင်တော့တဲ့ ခြေထောက်
တွေကို စာနာသင့်တယ် ၊ လေးစားသင့်တယ် ၊ ဖေးမ ကူညီရမယ် ၊
ဒါဟာ လူသားဆန်ခြင်းထဲက တစ်ခုပါပဲ။
ဖိုးဖိုး ဘွားဘွားတွေဟာ ဘဝရဲ့ နောက်ဆုံးအချိန်ကို စောင့်နေရသော လူကြီးတွေပဲ ဖြစ်ပါတယ်။
ဘဝကူးကောင်းအောင် သံသရာ တစ်ခုလုံးကောင်းအောင် ကောင်းမှုကုသိုလ် ကောင်းမှုဒါန ကောင်းသော သီလတွေ စောင့်တည်နိူင်အောင် လှုနိူင်တန်းနိူင်အောင် ဘေးက ဖေးမကူညီရမှာ ကျွန်တော်တို့ ငယ်ရွယ်သူတွေရဲ့ လောက က ပေးတဲ့ လောကဓံ တာဝန်တွေပဲ ဖြစ်ပါတယ်။
လောကကြီးထဲမှာ ရပ်တည်နေကြတယ် လောက ကြီးထဲမှာ ရှင်သန်နေကြတယ် လောကကြီးထဲမှာ ရုန်းကန်နေကြရတယ်၊
ဒါပေမယ် လောကတာဝန် တွေကိုတော့ မေ့ထားလို့ မရပါဘူး......
လူ့
လောကကြီးထဲနေပြီး လူတာဝန်မကြေရင် သင်ဟာ လူသားတစ်ယောက် ပီသပါ့မလား မိမိကိုယ်မိမိ သာ ပြန်လည် သုံးသပ်ကြည့်စေချင်ပါတယ်.....
ကျွန်ုပ်တို့ ကိုယ်စီကိုယ်စီ တာဝန်မဲ့မှုတွေကြောင့် ဘိုးဘွားရိမ့်သာတွေမှာ ဖိုးဖိုးဘွားဘွားတွေ များသထက်များပြားလာခဲ့ကြတယ်၊
လမ်းဘေး လမ်းပေါ်တွေမှာ စွန့်ပစ်ဘိုးဘွားတွေ အများကြီး ရှိနေပါတယ်။
လူမသိသူမသိ ပိုင်ရှင်မဲ့ လမ်းဘေးမှာ သေဆုံးသွားသော ဘိုးဘွားတွေလည်း မြင်ရကြားရ သိရတာတွေက ရင်ထဲ စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ......။
ကျွန်တော်တို့ကို လမ်းမှန်ရောက်အောင် ပြုစုပျိုးထောင် ပေးခဲ့တဲ့ လူကြီးသူမတွေ လမ်းပေါ်မှာ ရောက်နေတာကို ကျွန်တော်တို့ လက်ပိုက်ကြည့်မနေသည့်တော့ဘူး။
ကျွန်တော်တို့ ဖိုးဖိုးဘွားဘွားတွေ ကို အကာအကွယ် ပေးသင့်ချိန် တန်ပြီ၊
Please share now©®©®
အဓိပတိ ကမ္မ
15-12-2017 FRI


No comments:
Post a Comment