Monday 23 December 2019

ကံကောင်းခြင်းတွေက ဘာကြောင့်
ငါတို့ကို ကွေကွင်းပြီး...

မကောင်းသော ကံတရားတွေက ဆက်တိုက်ဆိုသလို ဝင်လာနေကြတာလည်း....

ငါဟာ တကယ် ကံမကောင်းသော လောကမှာ ငာဘဝရှင်သန်နေရတာလား....

တကယ်ပဲ
လောကရဲ့ စိန်ခေါ်သံတွေဟာ ကြမ်းတမ်းလွန်းလှပါတယ်...

.ပြိုင်ဆိုင်မှုတွေ များပြားတဲ့ ဘဝမှာ ဘာအတွက်ကြောင့် ပြိုင်ဘက်တွေ ရဲ့ ဘက်ကို လက်နက်ကောင်းတွေပဲ ပေးထားရလည်း....

ကံ ကံ၏အကျိူး ဆိုတာကို
သိသိလျက်နဲ့ ငါမေးနေမိတယ်....

တောင်းပန်ပါတယ် လောကကြီးရယ်....

ငါအပြစ်လုပ်ခဲ့သည်ပဲ ထား လောလောဆယ်တော့ ခတ္တခဏလောက်ပဲဖြစ်ဖြစ် ရပ့်တန့့်ပေးပါ ငါချစ်တဲ့ လောကကြီးရယ်.....

တစ်ခါတစ်ရံ ငါတွေးနေမိတယ် ငါချစ်တဲ့ လောကကြီးက ငါကို မချစ်တတ်အောင်သင်ပြပေး နေတာမြန်းလားဆိုတာကို ပော့...

ဒီလောက....ဒီကမ္ဘာမှာ....
 ဒီဘဝအတွက် ....
ကံကောင်းခြင်းတွေနဲ့ တကယ်ပဲ ဝေးကွာတော့မှာလား...

စိတ်ဓာတ်တွေလည်း ကျတယ်....

ကြိုးစားချင်စိတ်တွေလည်း
လျော့ကျလာတယ်....

ဖြစ်ချင်စိတ်တွေ၊သာလွန်ချင်စိတ်တွေက
လျော့နည်းလာတယ်....

မိမိကိုယ်မိမိ အားမရသလို မိမိဘဝကိုလည်း မိမိ မနှစ်သက်ချင်ဘူး.....

ငါ ဘာတွေ တွေးနေမိတာလည်း...

လောကက ငါကို လောဘနည်းအောင် သင်ပြပေးနေတာလား...

လောက က ငါကို တွေးစရာ အတွေးတစ်ပိုင်းတစ်ဆ များ ပေးနေတာလား....

မေးခွန်းတွေ အမြှောက်အများ နဲ့ ငါမှာ ဖြေစရာ အဖြေတွေကို စဉ်းစားမရ ဖြစ်နေတယ်....

ရယ်ရွှင်စရာ ကောင်းသော လောကကြီးက ငါကို မရယ်နိူင်အောင် ပြုစားနေတာတွေ အများကြီးရှိနေတဲ့တည်းမှာ ငါပြုံးရယ်နိူင်အောင် ကြီုးစားရမယ်....

တစ်ချိူ့တစ်ချိူ့သော လူတွေ ...
လှောင်ရယ်ကာ မုန်းနေကြလည်း မယိုင်လဲအောင်
မိဘနှစ်ပါးက ပေးထားတဲ့ ခွန့်အားတွေနဲ့ ငါထိန်းထားနေရတယ်....

ငါလဲကျွသွားရင်တောင်
 ငါ ဘယ်တော့မှ အရှုံးမပေးဘူး.....
ငါ အနာဂတ် ကို အရှုံးတွေနဲ့ ကင်းကွာနိူင်အောင် ငါကြိုးစားပြီး ပြေးနေတယ်....

လမ်းမှာ ကျောက်ဆူးတွေ ကျောက်ဆောင်တွေ ကျောက်ခဲတွေ ပေါများနေပေမယ့်
ငါတို့ ကြောက်ရွံ့ နေလို့မရဘူး ဆိုတာကို
 မြဲမြန်သော သတိနဲ့ ယှဉ်ပြိုင်ကာ ထားရှိရမည်...

အဆိုးတွေကို ငါလက်တေ ွ့တွေ့နေရပြီ....

ငါကြိုးစားပြီး ဆက်လျှောက်မယ်....

ငါလျှောက်သလောက် ခရီးမပေါက်ပေမယ့်
ငါရဲ့ လှမ်းလျှောက်နေသော
 ခြေတွေ လက်တွေနဲ့ ရှေ့ကိုသာ ကြိုးစားပြီး
လျောက်လှမ်းနေမယ်လို့.....
 ဂတိတွေ မိမိကိုယ်မိမိ ပေးနေတယ်....

ကိုယ့်ကိုကိုယ် သစ္စာစကားတွေနဲ့ တိုင်တယ်နေတယ်....

ဒီနေ့
ပန်းတိုင် မရောက်သေးပေမယ့် ....
ငါရဲ့ ကြိုးစားမှုရဲ့ ရလဒ်က....

တစ်နေ့
အတိုင်းအတာ တစ်ခုထိ ငါ မှာ
အောင်မြင်မှုရှိမှာ အသေအခြာပါ....

ငါရဲ့
ပန်းပန်းနွမ်းနယ်မှုတွေက
တစ်နေ့နေ့တော့ ပီတိ တွေ အဖြစ်နဲ့
ပြောင်းလဲဖို့အတွက် ငါတို့ကြိုးစားပြီး
တက်လှမ်းမှ ငါတို့ မျော်မှန်းထားသော
လှပတင့်တယ်တဲ့ ပန်းတိုင်ကို
တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်.....

လက်ရှိ ပစ္စုပ္ပန် ကို စိတ်ဓာတ်လက်နက် စွဲကိုင်ပြီး တော်လှန်ပစ်မှပဲ မကောင်းဆိုးဝါး ပစ္စုပ္ပန် တွေ့က လွင့်စင်ပျောက်ပျက်သွားမယ်လို့ ငါယုံကြည်ထားတယ်...

ပူဆွေးခြင်း၊ဝမ်းနည်းခြင်းတွေအတွက်
 ငါဘယ်တော့မှ လက်နက်မချဘူး...

ငါတို့ဘဝတွေမှာ ဝမ်းနည်းကြေကွဲခြင်းတွေကို
တွေးတောပြီး ကြေကွဲနေလို့တော့ မဖြစ်တော့ဘူး....

ပျော်ရွှင်စရာ တွေ ကျေနပ်စရာတွေက
ငါတို့ဘေးမှာ အမြဲရပ်တည်နေပါတယ်။

ဒါပေမယ့်
ငါတို့ ကိုယ်တိုင် ကြည့်တတ်မှပဲ
အဲဒါတွေကို
မြင်တွေ့နိူင်မယ် ၊ ခံစားနိူင်မယ်....

ငါတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်က
ဘာလဲဆိုတာထက် ငါတို့နဲ့
အနီးကပ်ဆုံးအောင်မြင်မှု က
ဘာလဲဆိုတာကို သိရှိနားပြီးမှ
ဘဝခရီးကို စတင်ရပါမယ်...

ပူလောင်ခြင်းတွေ များတဲ့ လူလောကမှာ အေးချမ်းခြင်းတွေ ကို အကျွန်ုပ်တို့ အတူတကွ
ရှာဖွေရင်းနဲ့ အားလုံးရဲ့ ဘဝတွေ ကုန်ဆုံးသွားကြမှာပါ......

ကျေးဇူးတင်ပါတယ်။
Please share now.©®©®

                 အဓိပတိ ကမ္မ
               21-12-2017 THU

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...