©သိမ့်ချစ်တာပေါ့ ရှင်နွေရယ် ၃
_________________
ဆောင်းရဲ့ အငွေ့အသက်တွေ ကြားထဲမှာ ငါအချစ်တွေ အေးစက်ခဲ့ရပြီ.......
ကျော်ဖြတ်ဖို့ သတ္တိတွေ မပြည့်ဝတဲ့ ကျွန်တော်အတွက် ရှင်နွေ အမုန်းတွေ အမှောက်ဖုံးတဲ့ လမ်းမတွေကနေ ရှောင်ပုန်းနေမိတယ်......
ဒီနှစ်ဆောင်းက
အရမ်းကြီး အေးလာပြီနော်....
နင့်ချစ်သူအသစ်က နွေးနွေးထွေးထွေး ဝတ်ထားဖို့ရော မှာရဲ့လား ......
ညဘက်တွေမှာ စောစောအိပ်ယာဝင်ဖို့ရော သတိပေးရဲ့လား.......
အမှောင်ဖုံးနေတဲ့ တိမ်တိုက်တွေထဲက လေပြေလေညင်းလေးတွေက ရှင်နွေကို အအေးမိမှာကို ဘာမဆိုင်ညာမဆိုင် ကျွန်တော် တစ်ယောက်တွေးပူနေမိတယ်........
စိမ်းစိမ်းကားကား ကျွန်တော် ချစ်သူကို စွဲစွဲမြဲမြဲ ချစ်မိနေသော ကျွန်တော် နှလုံးသား တစ်စုံကို ကျွန်တော် တစ်ခါတစ်လေ မုန်းချင်လာနေပြီ.........
ဒီအမှတ်မရှိတဲ့ နှလုံးသားက သူချစ်တဲ့ သံယောဇဉ် ကြိုးတွေနဲ့ ကြိုးစင်တက်နေတာ သောက်ရမ်းအသဲကွဲစရာ အပြုအမူတွေကို ကျွန်တော် သတိမမူမိခဲ့ဘူး........
စိမ်းကာရက်စက်တဲ့ ချစ်သူလေး အိမ်မက်တွေမှ ကောင်းရဲ့လား
အိပ်စက်လို့မှ ပျော်ရဲ့လား
ဘာမဆိုင်ညာမဆိုင် ကျွန်တော်တွေးပူနေမိတယ်.......
ပြောင်းလဲတတ်တဲ့ ရှင်နွေကို ကျွန်တော်လည်း နားမလည်သလို
ရှင်နွေကလည်း မပြောင်းလဲတဲ့ ကျွန်တော် အချစ်တွေကို နားလည်မပေးခဲ့ဘူး........
မေ့မရနိုင်အောင် စွဲအားပြင်းတဲ့ ရှင်နွေအပြုံးတွေက ကျွန်တော် အိမ်မက်တွေကို အကောင်းဆုံး ပုံဖော်ပေးနေတာ ညစဉ်ညတိုင်း လိုလိုပါပဲ.......
ကျွန်တော်လေ အိမ်မက်တွေနဲ့သာ အမြဲရူးသွပ်နေတာ တစ်ခါတစ်ရံ တချို့ညတွေမှာဆို့ ရှင်နွေအပြုံးတွေရဲ့ ပြုစားမှုတွေကြောင့်လို့ ထင်ပါရဲ့ အိပ်စက်လို့ မရခဲ့ဘူး......
အကယ်၍များ ကြယ်တာရာတွေသာ သံတမန်တွေအဖြစ်နဲ့ ရှင်နွေရှိရာ အရပ်ဒေသတွေကို စေလွှတ်ပစ်မိမှာ အသေအခြာပါပဲ.......
ငါရဲ့ ပြတင်တံခါပေါက် လေစိမ်းတွေတိုက်တိုင်း ရှင်နွေရှိရာ အရပ်သို့ ကျွန်တော်အိမ်မက်တွေ ခရီးနှင်နေမိတယ်......
ကျွန်တော်အသည်းတစ်ခု မီးလိုလောင်ကျွမ်းနေရလည်း ရပါတယ် ရှင်နွေအတွက် ကျွန်တော်နှလုံးသားတစ်စုံက အနွေးဒြပ်တစ်ခဏမှုသာ ပေးရရင်လည်း ကျွန်တော်ကြေကွဲမှုတွေ အတွက် ကျေနပ်နေမယ့် သူတစ်ယောက်ပါ မိရှင်နွေ.......
တကယ်သေချာလေးတွေကြည့်တော့မှ ကျွန်တော်ဟာ ရှင်နွေအနားမှာ ကြယ်တာရာ အဖြစ်တောင် ခဏတာမျှတောက် လင်းလက်မှု အလှတစ်ခုကို မပေးနိုင်ခဲ့သူတစ်ယောက်က ကျွန်တော်ပါရှင်နွေလေးရယ်......
Please share now©®©®
အဓိပတိ ကမ္မ
9-12-2017


No comments:
Post a Comment