ဒီဇင်ဘာဆောင်းညတွေရဲ့ အေးချမ်းသာယာမှုတွေ တကယ်အေးချမ်းစေသလား.....
သေချာသည်ကတော့
မြန်မာနိုင်ငံ မြောက်ပိုင်းရှိ စစ်ဘေးရှောင် စခန်းများ တွင်
နေထိုင်နေရသည့် ထောင်ပေါင်း များစွာသော တိုင်းရင်းသား ပြည်သူများအတွက်တော့
ဆောင်းရာသီသည်
သူတို့အတွက် အေးချမ်းမှုကို မပေး၊
အေးစက်မှုကိုသာ ပေးပါလိမ့်မည်။
သို့သော် သူတို့ရင်ထဲက သောက ဗျာပါဒ မီးကတော့
တောင်တန်းကြီးတွေပေါ်ကို ဖုန်းလွှမ်းနေသည့်
နှင်းတွေကို အရည်ပျော်ကျမတတ်
လောက်အောင်ပင် သောကမီးတွေ တောက်လောင်နေမည်ဆိုတာကို ခန့်မှန်းကြည့်လို့ရပါလိမ့်မယ်.....
အပြစ်မဲ့သူပုန်ပေါက်စ ကလေးတွေ
အပြစ်မဲ့ စစ်ဘေးရှောင်စခန်းက ကလေးတွေရဲ့ ဘဝတွေ
အပြစ်မဲ့ပြည်သူတိုင်းရင်းသားတွေရဲ့
ဒီဇင်ဘာ ဆောင်းညတွေရဲ့့စစ်ပွဲ တိုက်ပွဲ
တွေကိုတော့ လက်ရှိဆောင်းကာလမှာ
ပျောက်ကွယ်သွားချင်မိမှာ အမှန်ပါပဲ
စစ်ပွဲ တိုက်ပွဲ တွေကို အဆုံးသတ်ချင်နေလောက်ပါတယ်........
နှစ်သစ်မှာ ငြိမ်းချမ်းပါစေ......
နှစ်သစ်မှာ အေးချမ်းကြပါစေ......
နှစ်သစ်မှာ သောကကင်းကြပါစေ......
နှစ်သစ် အခါသမရ ကို ကြိုဆိုပါတယ်
ပြည်တွင်းငြိမ်းချမ်ရေးး.....
အမျိူးသား ပြန်လည်သင့်ရေးး.....
ဖွဲ့ဖြိုးတိုးတက်သော အေးချမ်းသာသေယာသော နိူင်ငံတော်သစ်ကြီး ဖြစ်ပါစေ........
အဓိပတိကမ်မ
31-12-2017
photo by vogle


No comments:
Post a Comment