Sunday 15 December 2019

©ရှုထောင့်နှစ်ဖက်ကို ကြည့်ရှုခြင်း
း®

တစ်ဖက်မြင်ပြီး တစ်ဖက်ကန်းနေရင်တော့ အမှန်မြင်ရဖို့ မလွယ်ကူလှပါဘူး။
 တစ်ချိူ့သော လူတွေက မျက်စိရော နားရော ကောင်းကြပါတယ်၊

ဒါပေမယ့်  မျက်လုံးနှစ်လုံးပါပါလျက်နဲ့ တစ်လုံးပဲ အသုံးပြုကြပါတယ်၊
နားနှစ်ဖက် ပါပါလျက်နဲ့ နားတစ်ဖက်ပဲ နားထောင်တတ်ကြပါတယ်။
တစ်ခုပဲ အသုံးပြုတတ်ကြပါသည်၊

တစ်ဖက် ကြည့်အမြင်နဲ့ တစ်ဖက်ပဲကြည့်တတ်ရင်တော့ တစ်ဖက်သတ်အကြည့်တွေ ကြားထဲမှာ
ဘယ်လိုလုပ်မှ အမှန်တရားကို မြင်နိူင်မှာ မဟုတ်ပါဘူး.....။

အားလုံးလည်း စဉ်းစားကြည့်စေချင်ပါသည်။
နားတွေ မျက်စိတွေ အားလုံး ဖွင့်ထားမှ နှစ်ဖက်ကြည့်တတ်မယ် ၊
နှစ်ဖက်မျှကြည့်တတ်မှ အမှန်ကို မြင်နိူင်လိမ့်မယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ် ။

အတုအရောင် စကားလုံး တွေကို လူတစ်ဦးတစ်ယောက်ရဲ့ စိတ်ခံစားချက်က သမိုင်းမဖြစ်နိူင်သလို တရားမျှတသော အတိတ်ကိုလည်း ပြသနိူင်မယ် လို့ ထင်မြင်ယူဆလို့ မရဘူးဆိုတာကို အားလုံးသိသင့်ပါတယ်။

အတုအရောင်တွေကို အစစ်ထင်ပြီး ရှေ့ဆက်လျှောက်နေရင်တော့
 လျှောက်သလောက် (.ဝါ) .ခရီးပေါက်သလောက် မှားနေမယ်လို့ ပြောချင်ပါသည်။

သူများအပြစ်ကို ပြောချင်ရင်တော့ မိမိအမြင်တွေပဲ ပြောနေလို့ မရပါဘူး၊
သူဘက်က အမြင်လေးကိုလည်း ထည့်ပြီး စဉ်းစားဆင်ချင်ပြီးမှ ပြောဆိုသင့်ပါတယ်။

သူရှုထောင့် ကိုယ်ရှုထောင့် မျှပြီး ကြည့်တတ်ခြင်းက အမှန်ကို လမ်းပြပေးပါလိမ့်မယ် ။
အမှန်တရားဆိုတာကလည်း သူဘက်ကိုယ်ဘက် မျှပြီး ကြည့်တတ်ခြင်းမျိူးကို ဆိုလိုတာပါ....*

မိမိရှုထောင့်ကနေသာ ကြည့်ပြီး ငါမှန်တယ်၊ မင်းမှားတယ် သင်မှားတယ်လို့ ပြောဆိုနေခြင်းတွေက အတော်လေး ပညာမဲ့ခြင်းပဲလို့  ရှင်းရှင်းလေး ပဲ ကျွန်တော် ပြောချင်ပါတယ်။

အမှန်တကယ် အတွေးအခေါ် မြင့်မားတဲ့ သူတွေက ဘယ်သူ့ဘယ်သူကို မှ အပြစ်ပြောခြင်းမျိူး မတွေ့ရပါဘူး...။

သူတို့ကိုယ်တိုင်ကလည်း ပုပ်ခတ် ပြောဆိုခြင်း မရှိကြသလို သူများကို အပုပ်ချနေတာကိုလည်း လက်မခံသလို ကန့်ကွက်ရမည် လို့ သတိပေးထားခဲ့ကြပါသည်။

လူယုတ်မာလူတစ်စုရဲ့ အပုပ်ချသော စကားလုံးတွေကြောင့် ပုပ်ခတ်ပြောဆိုနေမယ်ဆိုရင်တော့ အဲဒီ စကားလုံးတွေကပဲ သင့်ကို လမ်းမှားကို ခေါ်ဆောင်သွားမှာ အသေအခြာပါပဲ.. ...။

ခေတ်ပညာတတ်တစ်ယောက်အနေနဲ့ ပညာမဲ့သော စဉ်းစားဆင်ခြေမှုနည်းသော စကားလုံးတွေကို မပြောဆိုသင့်ပါဘူး ၊မသုံးနှုန်းသင့်ပါဘူး...။

★ တ်ုင်းပြည်တိုးတက်မှု မတွေ့ရှိတာ၊
လူအဆင့်အတန်း နှိမ့်ကျလာတာတွေကို
တစ်ဖက်မြင်ရှုထောင့် တစ်ခုတည်းကနေ ရှုမြင်ပြီး အရင်တုန်းက အုပ်ချူပ်သူ လူတန်းစားတစ်ရပ်ကို အပြစ်ပြောနေခြင်းကတော့ လုံးဝ မဖြစ်သင့်သော အကြောင်းအရာ တစ်ခုပဲ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။ ★

မိမိတို့ရဲ့ အသုံးမကျမှု မိမိတို့ရဲ့ အတွေးအခေါ် ဉာဏ် အမျှော်အမြင် နည်းပါးမှုတွေ မိမိတို့ရဲ့ ပညာရည် ညံ့ဖျင်းမှုတွေကို ထည့်ပြီး စဉ်းစားသင့်ပါတယ်။
မိမိတို့ရဲ့မှားယွင်းသော အယူအဆတွေကို ပြန်လည်သုံးသပ်ပြီး မိမိမတို့ရဲ့ ဘဝတိုးတက်မြင့်မားလာအောင် မိမိကပဲ စွမ်းဆောင်ရမှာပဲ ဖြစ်ပါတယ်လို့ ကျွန်တော် ရိုးရိုးလေးပဲ ပြောချင်ပါတယ်။

Please Share now©®©®
          အဓိပတိ ကမ္မ
         16-12-2017 SAT

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...