ကြယ်တွေ လတွေစုံတဲ့ မီးပုံပွဲ
ညတွေကို နံက်ရောင်နီလာ
မိုးသောက်ချိန်က
ဝါးမြိုလိုက် သလိုပဲ အချစ်က
နှလုံးသားကို ဝါးမြိုလိုက်ပြီ.........
ချမ်းအေးတဲ့
ဆောင်းတွင်းမိုးသောက် ချိန်တွေမှာ
အချစ်ကို အဖော်ပြုပြီး
ရှင်နွေလာတဲ့ရွာလမ်းတွေမှာ
ကျွန်တော်ဟာ
အေးချမ်းတဲ့ မေတ္တာ တွေရဖို့
နံနက်ခင်း ချိန်တိုင်းမှာ
မျှော်လင့်ချက်တွေနဲ့
လမ်းလျှောက်နေပြီ........
အချစ်ရဲ့
လက်ကိုင်တုတ်တစ်ချောင်းကို
ကိုင်ပြီး နှလုံးသားကို
ရိုက်နှက်ထုခွဲနေတဲ့ အထဲမှာ
ရှင်နွေတစ်ယောက်
မပါ နိုင်ပါဘူး.. ..လို့.....
ငါတွေးနေရတယ် ......
ထားပါ........
ဒါဟာ အချစ်နဲ့ မပတ်သတ်ပါဘူး
မုတ်သုံလေ တွေတောင်
နှုတ်ဆိတ်နေပြီ .......
ဘာအတွက်ကြောင့်
မာန်မာနတွေ
မဆိတ်သုံးသေရတာပါလိမ့်.......
ကြယ်တွေကြွေတာကို
စောင့်ကြည့်ရင်း
နှလုံးသားတွေ ကြေမွခဲ့တာကို
ကျွန်တော်တို့ နှစ်ယောက်
သတိမထားခဲ့ကွမိဘူး.......
ဒီတစ်ခါ
ဆောင်းဝင်လို့ နှင်းကြွေတဲ့
ညတွေကို တစ်ယောက်တစ်နေရာ
ဖြတ်သန်းပြီး.......
ရင်ဘတ်ထဲက
အချစ်စပယ်ပန်းတွေ
ပွင့်လန်းဖို့ဟာ
ငါတို့အတူ နိုးထရဖို့
နှလုံးသားက
အချက်ပြသံကြားတာနဲ့
နိုးထကြရအောင် မိရှင်နွေ..........
တစ်မိနစ်စာ ကဗျာတွေ ဖတ်ဖို့
ငါရဲ့တစ်မနံက်တာ
အချိန်တွေကို ကဗျာထဲမှာ
ထည့်သိမ်းထားခဲ့တယ်......
ရှင်နွေ......
နင်သိမလား မသိမလားတော့
ကျွန်တော်မသိဘူး......
မသိချင်ယောင်ဆောင်ပြီး
ရှင်နွေ ရှေ့ကနေအမြဲ
ငါဖြတ်ပြေးနေချင်တယ်......
နင့်အပြုံးတွေဟာ ငါအတွက်
ပျော်ရွှင်မှုတွေနဲ့
နိုးထစေတဲ့ အိမ်မက်တွေပါ
မိရှင်နွေ.......
ကျွန်တော်ရဲ့ ညတွေမှာ ရှင်နွေဟာ
တံခါးလာခေါက်ပြီး
နံက်ခင်း အချိန်တွေမှာ
ကျွန်တော်အိမ်မက်ထဲကနေ
တံခါးမပိတ်ပဲ ပြန်ပြန်သွားတာကို
ကျွန်တော်ရပ်ကြည့်နေမိတယ်......
လှောင်ပြုံး ပြုံးနေတဲ့ ရှင်နွေ
အမုန်းတွေကို ရှောင်ပုန်းနေမိတာ ငါ
အပြစ်မှ မဟုတ်တာ
မိရှင်နွေရယ်.......
အပြစ်တွေပေးပြီး အချစ်တွေ မကွယ်ဝှက်ချင်ပါနဲ့တော့ ......။
အနှစ်မရှိတဲ့ ဒီခရီးကြမ်း
ငါတစ်ယောက်တည်း
လှောက်လှမ်းမှတော့ မနှစ်ကလို
အနှစ်မရှိတဲ့ ခံစားမှုရသတွေပဲ
အချစ်က ပုံဖော်ပေးမှာပေါ့........
မနှစ်မြိုဖွယ် ခံစားမှု ရသတွေ
လဲပြိုကျလာမှာကို လမ်းစုံလမ်းခွတွေ ရဲ့
ဘေးမှာ ရပ်ကြည့်ရင်း
ကျွန်တော် အချစ်ခရီး ကောင်းကောင်း ခရီးမပေါက်ခဲ့ဘူး........
တစ်ယူသံ အချစ်တွေနဲ့
အ
ယူခံဝင်ကာ ဆက်ချစ်နေမယ့်
ငါဟာ အချစ်ရဲ့ ကြိုးမိန့်ပေးခြင်း
ခံရမယ့် နှလုံးသားငယ်မှ
မဟုတ်တာ
ငါဘာတွေတွေးပြီး
ကြေကွဲနေရမှာလည်း........မိရှင်နွေရယ်...
အဓိပတိကမ်မ
3-12-2017


No comments:
Post a Comment