Tuesday, 25 August 2026

 မင်္ဂလာပါ မိတ်ဆွေတို့…။

ဒီနေ့ ကျွန်တော်တို့ စကား ခပ်အေးအေးနဲ့ လေးလေးနက်နက် နည်းနည်း ပြောကြရအောင်။

အခုတလော ဒေသတွင်းမှာ အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်နေတဲ့ ပထဝီနိုင်ငံရေး၊ စီးပွားရေး ကစားကွက်တွေအကြောင်းကို မိတ်ဆွေတို့ သတိထားမိကြမှာပါ။ ဟိုးတစ်လောက သမ္မတ ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ် သွားတယ်။ နိုင်ငံတော်အဆင့် အခမ်းအနားနဲ့ သိုက်သိုက်ဝန်းဝန်း ကြိုဆိုခဲ့ကြတယ်။ ဒါပေမဲ့ ဒီအပေါ်မှာ သဘောမတူ ဘေးတိုက်ကန့်လန့် တိုက်ချင်တဲ့ လူတစ်စုရဲ့ သောင်းကျန်းမှုကြောင့် နောက်ဆက်တွဲမှာ Passport သက်တမ်းတိုးတဲ့ ကိစ္စတွေ၊ စည်းကမ်းချက်တွေ အမိန့်အသစ်နဲ့ တင်းကြပ်ခံလိုက်ရတယ်။ စာကို နေပြည်တော်ထိ တင်ရမယ်၊ (၂) လလောက် စောင့်ရမယ်ဆိုပြီး ဖြစ်သွားတော့... စည်းကမ်းမဲ့တဲ့ လူတစ်စုရဲ့ ပြဿန်းကြောင့် သန်းနဲ့ချီတဲ့ သာမန် ရိုးသားစွာ လုပ်ကိုင်စားသောက်နေကြတဲ့ မြန်မာတွေ ခံကြရတာပေါ့။

ဒါပေမဲ့ ကျွန်တော်တို့ ဒီလောက်တင် ကြည့်လို့ မရပါဘူး။ နိုင်ငံအချင်းချင်း စာချုပ်ထားတဲ့ MoU ဆိုတာ နားလည်မှု စာချွန်လွှာ ပုံစံမျိုးမို့ မဖြစ်မနေ ဖမ်းပေးရမယ်လို့ မပါပေမဲ့၊ MoA အဆင့် ရောက်သွားရင်တော့ တရားဥပဒေအရ နိုင်ငံအချင်းချင်းပါ အပြန်အလှန် အရေးယူလို့ ရသွားပြီ။

ဒီအချိန်မှာ တပ်ချုပ်ကိုယ်တိုင် ထိုင်းကို ထပ်မံ သွားရောက်ဆွေးနွေးတာတွေ လုပ်လာတယ်။ အဓိက အရေးကြီးတဲ့ အချက်ကတော့ 2021 နောက်ပိုင်း (၅) နှစ်နီးပါးလောက် အေးစက်နေခဲ့တဲ့ ထိုင်း-မြန်မာ ဆက်ဆံရေးဟာ အခုချိန်မှာ ဘာလို့ အရှိန်အဟုန် ခပ်မြန်မြန်နဲ့ ပြန်လည် နီးကပ်လာရသလဲ ဆိုတာပါပဲ။

အဖြေကတော့ တစ်ခုတည်းပါ။ "ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း" ကြောင့်ပါပဲ။

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ပထဝီဝင် အသာစီးရမှု

စစဉ်းစားကြည့်ပါ။ ထားဝယ်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်ဆိုတာ အဖြောင့်အတိုင်း တိုင်းရင် မိုင် (၁၆၀) လောက်ပဲ ဝေးတာပါ။ ကျွန်တော်တို့ နေပြည်တော်နဲ့ ရန်ကုန်ထက်တောင် နီးပါသေးတယ်။ ဒီ ထားဝယ် ရေနက်ဆိပ်ကမ်းသာ အကောင်အထည် ပေါ်လာခဲ့ရင် ဘာတွေ ဖြစ်လာမလဲ...

 * ကုန်စည် စီးဆင်းမှု: သင်္ဘောတွေ မလက္ကာ ရေလက်ကြားကို ကွေ့ပတ်သွားစရာ မလိုတော့ဘဲ ကုန်စည် စီးဆင်းမှုမှာ အနည်းဆုံး (၅) ရက်မက ပိုမြန်သွားမယ်။

 * စွမ်းအင် သက်သာမှု: လောင်စာဆီနဲ့ စွမ်းအင် ပြုန်းတီးမှုတွေ သိသိသာသာ သက်သာသွားမယ်။

 * ကုန်ကြမ်းနဲ့ လုပ်သား: ထိုင်းက ကုန်ကြမ်း ပို့မယ်၊ မြန်မာနိုင်ငံရဲ့ ကျွမ်းကျင် လုပ်သားတွေနဲ့ နိုင်ငံတကာကို တိုက်ရိုက် ပို့ဆောင်ပေးမယ့် ရေထွက်ပေါက်က အဆင်သင့် ဖြစ်သွားမယ်။

ထိုင်းနိုင်ငံဘက်ကလည်း ပထမတော့ သူ့ပိုင်နက် ရနောင်းနားကနေ အိန္ဒိယ သမုဒ္ဒရာထဲ ဖောက်ဝင်မယ့် Kra Canal တူးမြောင်း စီမံကိန်းကို စဉ်းစားခဲ့ဖူးတယ်။ ဒါပေမဲ့ အဲ့ဒီမှာ ကြီးမားတဲ့ လုံခြုံရေး ပြဿနာ ရှိနေတယ်။ ထိုင်းတောင်ပိုင်းမှာ မလေးရှားနဲ့ စပ်နေတဲ့ ဒေသတွေက မွတ်စလင် သောင်းကျန်းသူတွေရဲ့ ခြိမ်းခြောက်မှုကြောင့် ဘုန်းကြီးတွေ ဆွမ်းခံကြွရင်တောင် စစ်တပ်က သေနတ်နဲ့ စောင့်ရှောက်ပေးရတာပါ။ တကယ်လို့ အဲ့ဒီနေရာမှာ တူးမြောင်းသာ ဖောက်လိုက်ရင် ထိုင်းနိုင်ငံဟာ နှစ်ပိုင်း ပိုင်းခြားလိုက်သလို ဖြစ်သွားပြီး စိုးမိုးရေး လက်လွှတ်ရမယ့် ကိစ္စ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့်မို့လို့ ထိုင်းအတွက် အာမခံချက် အရှိဆုံးနဲ့ အကျိုးအမြတ် အများဆုံး ရမယ့် လမ်းကြောင်းဟာ မြန်မာနိုင်ငံက ထားဝယ် ရေနက်ဆိပ်ကမ်းပဲ ဖြစ်လာတာပါ။

ဒေသတွင်း ဩဇာအာဏာ အပြောင်းအလဲ

ဒီ ထားဝယ် စီမံကိန်း သာ အကောင်အထည် ပေါ်လာရင် ဘယ်သူတွေ အထိနာမလဲဆိုတာ ထင်ရှားပါတယ်။ မလက္ကာ ရေလက်ကြားကို အမှီပြုပြီး စီးပွားရှာနေတဲ့ စင်္ကာပူနဲ့ မလေးရှားတို့လို နိုင်ငံတွေ အကြီးအကျယ် အထိနာသွားမှာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထိုင်းတောင်ပိုင်း နေရာ (၅၀) လောက်မှာ ပြိုင်တူ ဝင်ရောက် တိုက်ခိုက်ခံလိုက်ရတယ်။ ဒါဟာ တိုက်ဆိုင်မှုလို့ မိတ်ဆွေတို့ ထင်ပါသလား။ ရခိုင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေတုန်းက ပုံစံမျိုးနဲ့ အတော်လေး တူနေတာကို သတိထားမိကြမှာပါ။

တကယ်လို့သာ ကျွန်တော်တို့ဘက်က လက်တုံ့ပြန်ချင်ရင် ထိုင်းတောင်ပိုင်းက အဖွဲ့တွေကို နည်းလမ်းမျိုးစုံနဲ့ ကူညီလိုက်ရုံနဲ့တင် ထိုင်းတွေ ရှင်းလို့ ရတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က သူတို့ လုပ်သလို မလုပ်တော့ပါဘူး။ အတိတ်ကို အပြစ်တင်မနေတော့ဘဲ ရှေ့ကိုပဲ ကြည့်ကြတာပေါ့။

ရှေ့သို့ မျှော်ကြည့်ခြင်း

ဒီနေ့ ကျွန်တော် ပြောပြခဲ့တာတွေဟာ သာမန် သတင်းတစ်ခု မဟုတ်ပါဘူး။ နိုင်ငံတစ်ခုရဲ့ ကြမ္မာနဲ့ ဒေသတွင်း စီးပွားရေး ပထဝီဝင် အပြောင်းအလဲကြီး တစ်ခုပါ။

ဒီ စီမံကိန်းတွေ သာ တကယ် အောင်မြင်စွာ ဖြစ်မြောက်လာခဲ့ရင်... ကျွန်တော်တို့ မြန်မာလူမျိုးတွေ၊ အမိမြန်မာပြည်ကို သတိရနေကြတဲ့ ပြည်ပရောက် ရဲဘော်တွေ မိသားစု ကွဲကွာပြီး ပါးစပ်စည်း၊ ဝမ်းစည်းနဲ့ တိုင်းပြည်ပပ မှာ နေစရာ မလိုတော့ပါဘူး။ ကိုယ့်အိမ်၊ ကိုယ့်မြေ၊ ကိုယ့်တိုင်းပြည်မှာ ဂုဏ်သိက္ခာရှိရှိ ပြန်လာပြီး လုပ်ကိုင် စားသောက်ကြလို့ ရပါပြီ။

"မြန်မာပြည်ဟာ စင်္ကာပူကို မီရုံတင် မကဘူး၊ စင်္ကာပူကို ကျော်တက်မယ်" လို့ လူထုခေါင်းဆောင် အမျိုးသမီးကြီး ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးတာကို သတိရကြပါဦး။ အဲ့ဒီစကားရဲ့ နောက်ကွယ်က အနှစ်သာရနဲ့ ပထဝီ စီးပွားရေး အားသာချက်တွေဟာ အခု ကျွန်တော်တို့ မျက်စိရှေ့မှာ အကောင်အထည် ပေါ်လာနေပါပြီ။

ဒါကြောင့် ဘေးကနေ ကန့်လန့် မတိုက်ကြပါနဲ့တော့။ ကိစ္စတိုင်းမှာ အားလုံးက တကယ် အလုပ်လုပ်နေကြပြီ ဖြစ်ပါတယ်။

ဒီအချက်တွေကို မိတ်ဆွေတို့ အေးအေးဆေးဆေး စဉ်းစားကြည့်စေချင်ပါတယ်။

ငါတို့ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ဘယ်သူ့လက်ထဲမှာ ရှိသလဲ…၊ ငါတို့ မျိုးဆက်တွေအတွက် ဘယ်လို တိုင်းပြည်မျိုးကို အမွေပေးခဲ့ကြမလဲ ဆိုတာ…။

ဒီလို သုံးသပ်ချက်တွေကို အမြဲမပြတ် တင်ဆက်ပေးနေဖို့အတွက် မိတ်ဆွေတို့ရဲ့ အားပေးမှုနဲ့ တွန်းအားတွေဟာ ကျွန်တော်တို့အတွက် အမြဲမပြတ် လိုအပ်နေပါတယ်။

ကျေးဇူးဇူးအထူးတင်ပါတယ် မိတ်ဆွေတို့။ နောက်ဗီဒီ

ယိုမှာ ပြန်တွေ့ကြတာပေါ့။

No comments:

Post a Comment