#သူလျှိုနိုင်ငံရေး_၁
သူလျှိုနိုင်ငံရေး
************
နိုင်ငံရေးသမား နိဒါန်း
*******************
နိုင်ငံတနိုင်ငကို လွှမ်းမိုးချုပ်ကိုင်နိုင်ရန် မိမိတို့ဩဇာခံနိုင်ဘို့ ကမ္ဘာ့ အင်အားကြီးနိုင်ငံများက ကြိုးပမ်း လှုပ်ရှားကြရာမှာ သူလျှို " လုပ်ငန်းဟာလည်း အရေးပါတဲ့ အခန်း ကဏ္ဍက. ပါ၀င်နေပါတယ်. ....
မြန်မာနိုင်ငံဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံနှစ်ခုကြားမှာ တည်ရှိနေတာရယ်... တောင်အာရှနဲ့ အရှေ့တောင်အာရှထိစပ်ရာမှာ ရှိနေတာရယ် ကမ္ဘာ့လူဦးေရ ထက်ဝက်နီးပါးရဲ့ အလယ်ဗဟိုချက် ဖြစ်နေမှုကြောင့် မဟာဗျူဟာအရ အရေးပါတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လို့နေပါတယ်...
ဒါ့အပြင် တရုတ်ပြည်မကြီးကို နောက်ကျောကနေ ချဉ်းကပ်ထိုးဖောက်နိုင်ဘို့... အိန္ဒိယသမုဒ္ဒရာကို စီုးမိုးနိုင်ဖို့ ကိုကိုးကျွန်းလိုနေရာမျိုးမှာ စစစ်စခန်းတည်ဆောက်နိုင်ဘို့အထူးအရေးပါတဲ့နိုင်ငံဖြစ်နေတာကြောင့်အနောက်အင်အားကြီးနိုင်ငံတို့ မျက်စေ့ကျခြင်းခံနေရပါတယ်... ဒီတော့ မြန်မာနိုင်ငံကို သူတို့အလိုကျ ချုပ်ကိုင်လွှမ်းမိုးဘို့ ကြိုးစားကြရမှာ သူလျှိုလုပ်ငန်းသည်လည်းမလွဲမသွေ ပါလာရပါတော့တယ်...
သူလျှို. လုပ်ငန်းမှာ. အခြေခံကတော့ ၂, မျိုးထဲပါပဲ...အတွင်းသူလျှိုနဲ့ အပြင်သူလျှို တို့ပါပဲ...သူတို့နိုင်ငံကြီးများရဲ့ စနစ်တကျမွေးမြူလေ့ကျင့်ပေးခြင်းခံရပြီး မိမိအတွင်းပိုင်း နိုင်ငံ ထိပ်ပိုင်းများအထိ ၀င်ရောက် ထိုးဖောက်ထောက်လှမ်းကာ အရေးကြီးသတင်းများရယူသွားကြတာ မျိုးကို အပြင် သူလျှို " လို့ခေါ်ပါတယ်...
အတွင်းသူလျှို ကတော့ မိမိတို့နိုင်ငံအတွင်းရှိ. ၎င်းတို့သတင်းရယူလိုတဲ့ အရေးကြီး နေရာဌာန ထဲမှာရှိတဲ့.လူ , ပုဂ္ဂိုလ် တွေကို ငွေကြေး လာဘ်လာဘနဲ့ မက်လုံးတွေပေးကာ ချဉ်းကပ်သိမ်းသွင်းပြီး သတင်းတွေ ရယူစေခိုင်းခံရသူတွေ ပေါ့...
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်မှာ အတွင်းရော , အပြင်ပါ သူလျှို လုပ်ငန်းနဲ့. ထိုးဖောက်ခဲ့ကြတဲ့. သာဓကတွေ အများအပြား ရှိခဲ့ပါတယ်. ... အလွှာစုံ ထိုးဖောက်ရာမှာ သတင်းစာ, ဂျာနယ်လောကထဲက နေးရှင်းသတင်းထောက် ဦးလောရုံ, ဒေါက်တာ ဆီးဂရေ့ဖ် နောက်ပြီး ယခင်စော်ဘွားဟောင်း အဆက်အနွယ်အချို့, ရုပ်ရှင် ဂီတလောကသားအချို့, နိုင်ငံးသမားဟောင်း. အဆက်အနွယ် အချို့တို့ပါ၀င်ကြပါတယ်. ...
အဲ့သည်မှာ ထင်ထင်ရှားရှား ဖြစ်သွားတာက သမ္မတ ကြီး ဦးနေ၀င်းဇနီး ဒေါ်ခင်မေသန်း ကွယ်လွန်ပြီးနောက် လက်ထပ်ယူလိုက်တဲ့ ဒေါ်ရတနာနတ်မယ် ပါပဲ... ကုန်းဘောင်မင်းဆက် လင်းပင် မင်းသားကြီး မြေးတော်စပ်ပြီး ယခင်အိမ်ထောင်က အီတလီနိုင်ငံခြားသားဖြစ်ပါတယ်...
ဦးနေ၀င်း တရုတ်နိုင်ငံကို ချစ်ကြည်ရေးအသွား တရုတ်ထောက်လှမ်းရေးကပြောလိုက်လို့ စီအိုင်အေရဲ့ သူလျှိုမှန်းသိသွားပြီး တရုတ်ခရီးစဉ်အပြန်မှာကွာရှင်း လိုက်ရပါတယ်.အဲ့ဒီနောက်တော့ ဒေါ်ရတနာနတ်မယ်ဟာ အီတလီနိုင်ငံ မြို့လေးတမြို့မှာ အိမ်တွင်းမှု ချက်ပြုတ်သင်တန်းကျောင်းလေးဖွင့်ကာ အသက်မွေးနေထိုင်ခဲ့ပြီး နေထိုင်ရာ အဲ့သည်မြို့လေးမှာပဲ ကွယ်လွန်ခဲ့ပါတယ်...
လူ့ဘ၀ ဆိုတာ. မှန်ကင်းတလှည့်, ထင်းတလှည့် မဟုတ်ပါလား...
တချိန်က သမ္မတ ကတော် ဘ၀, ကနေ နောက်ဆုံးကျတော့...နိုင်ငံရပ်ခြားမှာ. မထင်မရှားနဲ့. ဘ၀, နိဂုံးချုပ်သေဆုံးသွားရပါတယ်... ဒီနေရာမှာ တစ်ခုသင်ခန်းစာ ယူနိုင်တာက မိမိနိုင်ငံအပေါ် သစ္စာမဲ့ကာ. အခြား တစ်ပါးသောနိုင်ငံကြီးများရဲ့ ကြိုးဆွဲစေခိုင်းမှုကို အခကြေးငွေ လာဘ်လာဘ မျှော်ကိုးဆောင်ရွက်ခဲ့ပေမဲ့...သူတို့အသုံးချပြီး, ဒါမှမဟုတ် အသုံးချဘို့ မလိုအပ်တော့ဘူးဆိုရင် ပစ်ပယ်ထားခြင်းခံရတော့ တာပါပဲ... အချို့သော သူလျှို , တွေဆိုရင် နှုတ်ပိတသတ်ဖြတ်ခြင်းပင် ခံကြရပါတယ်. ...
လက်ရှိ မြန်မာနိုင်ငံမှာဆိုရင်လည်း ကဏ္ဍပေါင်းစုံ, ၀န်ကြီးဌာနပေါင်းစုမှာ ယခင် ၅, နှစ်ကာလ တော်တော်များများ နေရာ၀င်ယူထားပြီး အဲ့ဒီ သူလျှိုတွေက. တဆင့်ငွေကြေးအမြောက်အများ အသုံးချကာ..ထပ်ဆင့်အမာခံများမွေးမြူလို့ နိုင်ငံတော် ပြိုကွဲ ပျက်စီးရေးဆောင်ရွက်နေကြတာ... ကြည့်တတ်ရင် မြင်ကြပါလိမ့်မယ်...ဆနွဖော်ထုတ် သည်မှစလို့. မီးရှို့, ဗုံးခွဲ, လူသတ်, ပစ်ခတ် တိုက်ခိုက်လာကြသည်အထိ နောက်ကွယ်က ကြိုးကိုင် ငွေကြေးထောက်ပံ့နေကြတာ အလွှာစုံထဲမှာ တွေ့နိုင်, မြင်နိုင်ပါတယ်...
Journalist , ရုပ်ရှင်လောကသား, ကျန်းမာရေး, ပညာရေး , စာရေးဆရာ, အခုနောက်ဆုံး အားကစားသမား တွေအပါအ၀င်...နေရာများစွာကနေ မိမိတို့နိုင်ငံ ပြိုကွဲ ပျက်စီးရေး... ဆောင်ရွက်နေကြတာ အနာဂတ်မြန်မာပြည်အတွက် ရင်လေးစရာတွေပါပဲ...
ဘယ်သူမှ မိမိတို့အတွက်အကျိုးအမြတ်မရပဲ မလုပ်ကြပါဘူး .သတင်းတွေ အရမြင်ရတာတော့. အဲ့ဒီ နိုင်ငံတော်ဆန့်ကျင်သူတွေ နဲ့ သူတို့နဲ့ ဆက်နွယ်သူတွေ ရဲ့ ဘဏ်စာရင်းတွေထဲ စီး၀င်နေတဲ့ငွေကြေးတွေဟာ ကြောက်ခမန်းလိလိ များပြားစွာတွေ့နေရပါတယ်...
တွေ့ကြပြီမဟုတ်လား. ?
နိုင်ငံတော်ကို ပျက်စီးရာ ပျက်စီးကြောင်း... ဆောင်ရွက်နေကြတဲ့. .သူလျှို တွေနဲ့ သူတို့နဲ့ ဆက်နွယ်ပတ်သက်သူတွေရဲ့. အန္တရာယ်တွေကို....
သူလျှို နိုင်ငံရေးသမား
( Spy politician )
*******************************
နိုင်ငံတစ်ခု, အဖွဲ့အစည်းကြီး တစ်ခုထံက ထောက်ပံ့မှု တွေ ယူထားပြီး အဲ့ဒီ နိုင်ငံ, အဖွဲ့အစည်းကြီး အကျိုးစီးပွားအတွက် အမိနိုင်ငံကို မငဲ့ကွက်ပဲ စေခိုင်းသမျှ လုပ်ပေးရတဲ့. နိုင်ငံ့ခေါင်းဆောင် အမည်ခံသူလျှိုများကို " သူလျှို ၊ နိုင်ငံရေးသမား " ဟု ခေါ်သည်...
ကဲ. မိတ်ဆွေ. အပေါ်က " သူလျှို နိုင်ငံရေးသမား. " အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ဖတ်ပြီး...မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ် ပုဂ္ဂိုလ်ကို...မျက်စေ့ထဲ သွားမြင်မိလဲ ? နောက်တော့ နိုင်ငံတကာ ဥပမာတွေ နဲ့ထင်ဟပ်ပြောပြပါ့မယ်.
" နိုင်ငံတစ်ခု / အဖွဲ့အစည်းကြီး တစ်ခု ထံက. ထောက်ပံ့မှုတွေ ရယူဈထားပြီး...အဲ့ဒီ နိုင်ငံ , အဖွဲ့ အစည်းကြီးရဲ့ အကျိုးစီးပွားအတွက အမိနိုင်ငံကို. မငဲ့ကွက်ပဲ .. စေခိုင်းသမျှ လုပ်ပေးတဲ့့. နိုင်ငံ့ခေါင်းဆောင်အမည်ခံ သူလျှို. , များကို. " သူလျှို. နိုင်ငံရေးသမား " ဟုခေါ်သည်. ....
သုလျှို နိုင်ငံရေးသမား ရဲ့. အဓိပ္ပာယ် ဖွင့်ဆိုချက်က ရှင်းလှပါတယ်...
မြန်မာစာသာဖတ်တတ်တဲ့ဘယ်လိုသူမျိုးမဆို မေးကြည့်ရင် အဖြေက ရှင်းရှင်း လေးပါပဲ. ...
ထောက်လှမ်းရေးနယ်ပယ်ရဲ့ အမြင့်မားဆုံးသောအဆင့်ကို ပုံဖော်ကြတော့မယ်ဆိုရင် သူလျှို လုပ်ငန်းဟာ အဆင့်အမြင့်ဆုံးပါပဲ... တနည်းအားဖြင့် ထောက်လှမ်းရေး နည်းနာအားလုံးကို လေ့ကျင့်သင် ကြားတတ်မြောက်ထားသူ ၊ ဒါမှ မဟုတ်နည်းနာ တစ်စိတ်တစ်ပိုင်း
သွတ်သွင်းစေခိုင်းခံရသူတွေသာ စွမ်းနိုင်ကြပါတယ်.လူပိန်းသက်သက်နဲ့ တော့. မရနိုင် ၊ မစွမ်းနိုင်ကြပါဘူး. ...
ထောက်လှမ်းရေးဆိုတာ Intelligenceဆိုတဲ့ အသိဥာဏ် နဲ့ Fore knowledge , ကြိုတင်သိမြင်နိုင်ခြင်း ဆိုတာတွေကို. မမေ့ပါနဲ့... တနည်းဆိုရရင် ဥာဏ်ရည်ပါးလွှာ ထက်မြက်သူတွေ လှုပ်ရှားရာနယ်မြေဖြစ်ပါတယ်... တချက်မှာရင် မိမိအသက်နဲ့ တကွ ကံကြမ္မာ အပြောင်းအလဲ အများကြီးပေးဆပ် ရနိုင်ပါတယ်....
နောက်ပြီး ဒီလုပ်ငန်းက ကမ္ဘာနဲ့ချီ, နိုင်ငံနဲ့ချီပြီး ထိုးဖောက် ၀င်ရောက် ကြရတာဆိုတော့ ထိုးဖောက်၀င်ရောက်ခံရတဲ့ နိုင်ငံဘက်ကလည်းထိပ်တန်းလျှို့ဝှက်အဆင့်ရှိတဲ့ သတင်းတွေပေါက်ကြားသွားပြီဆိုရင တပန်းရှုံးပြီပဲ... အနာဂတ်မိမိနိုင်ငံ အတွက် နိုင်ငံရေး, စီးပွားရေး, စစ်ရေး, ပညာ ကျန်းမာ အဘက်ဘက်သတင်းတွေရဲ့ ထိန်းသိမ်းထာရမဲ့ လုံခြုံရေးကျိုးပေါက်မှု. အန္တရာယ်တွေက မတွေးဝံ့စရာပါပဲ...
တစ်ချက်, ထောက်ပြမယ်. ...
နိုင်ငံခြားသား အကြံပေး ၉၀, ကျော်ထံ ဘာတွေပါသွားပြီလဲ ?ဘယ်သူသိလဲ ? ဘယ်သူတွေ အကျိုးအမြတ်ရခဲ့လဲ?. နိုင်ငံရဲ့ အရေးကြီး ဒေတာတွေ ဘယ်လောက်ယူသွားကြပြီလဲ? စတစ် Stick လေးတစ်ခု.... Laptop , လေးတစ်လုံးထဲမှာ နိုင်ငံရဲ့ တန်ဘိုးရှိတဲ့ သတင်း အရင်းအမြစ်တွေ ဘယ်လောက်ကို ကူးယူသွားခဲ့ကြပြီလဲ. ?
ပုဂ္ဂိုလ်ကို တအားကိုးကွယ် ( Hero. ) ကြသူတွေ, အဲ့ဒါတွေကိုမမြငနိုင်ကြဘူး.အခြေခံ လူတန်းစား အသာထားလို့ ယနေ့ ပညာတတ်များ ကိုယ်တိုင်. ဒေါ်လာ, ငွေကြေး နင့်အောင်ရနေကြတော့ ပုဂ္ဂိုလ်ကိုးကွယ်မှု အကြောင်းပြု မိုက်တွင်းနက်နေကြတာ. မြန်မာပြည်လူတွေ ဒီမိုကရေစီ တကယ်မလိုချင်ပါဘူး...စားကောင်း သောက်ကောင်း အိတ်ကပ်ဖောင်း ဘို့ပဲ အားထုတ်နေကြတာပါ...
ဒါ့ကြောင့် အစ, ပြန်ကောက်ရရင် သူလျှို, နိုင်ငံရေးသမားဆိုတာ အရပသုံးစကားနဲ့ ပြောရရင် မိမိကို ငွေကြေး လာဘ်လာဘ ပုံအောပေးထားတဲ့ နိုင်ငံ, အဖွဲ့အစည်း အကျိုးစီးပွား အတွက် မိမိ, နိုင်ငံကို မငဲ့ကွက်ပဲ.တဖက်ထောက်ပံ့ပေးသူတွေ အလိုကျ လိုက်ပါဆောင်ရွက် ပေးတဲ့ နိုင်ငံ့ ခေါင်းဆောင်ဆိုသူတွေကို ခေါ်တာပါပဲ. တနည်းအားဖြင့် လုပ်စား နိုင်ငံရေးသမား, လုပ်စား နိုင်ငံ့ ခေါင်းဆောင် မျိုးတွေဟာ. သူလျှို နိုင်ငံရေးသမား " တွေပါပဲ...
ကမ္ဘာ ပေါ်က ငပွကြီး အမေရိကန် လက်ချက်မကင်းခဲ့တဲ့...ပနားမားနိုင်ငံက ဗိုလ်ချုပ်ကြီး နိုရေးဂါးဟာ စီအိုင်အေ, က မွေးထုတ်ပေးလိုက်တဲ့ သူလျှို နိုင်ငံရေးသမား, ပေါ့...နိုင်ငံ အထွဋ်အထိပ် ရောက်ပြီးနောက် အမေရိကန်ကို ကလန်ကဆန်လုပ်လာလို့.... သူ့နိုင်ငံထဲအထိ အထူးတပ်ဖွဲ့တွေ စေလွှတ်ဖမ်းဆီးပြီး နှစ်ရှည်ထောင်ကျခံခဲ့ရပြီး. ထောင်ထဲမှာပင် အသက်ဆုံးရသူပါ။
နောက်တစ်ယောက်ကတော့. အီရတ်က ခေါင်းဆောင် ဆဒမ်ဟူစိန် သူကိုယ်တိုင်အစောပိုင်း. အမေရိကန်., စီအိုင်အေ တို့နဲ့ ပလဲနံပ သင့်ခဲ့ပြီး နောက်ပိုင်း အမေရိကန်က မထောက်ခံတဲ့ ကူဝိတ်သို့ ၀င်တိုက်တာ ၊ ရေနံစစ်ပွဲ ကိစွ့တွေမှာ အမေရိကန် နဲ့ ခွာပြဲခဲ့ပြီး အီရတ်ကို စစ်ဆင်နွှဲခံရကာ...ဆဒမ်ဟူစိန် အဖမ်းခံခဲ့ရပြီး ကြိုးပေးကွပ်မျက်သတ်ဖြတ်ခံခဲ့ရပါတယ်...
သူ့ဘေးမှာ ရှိနေကြတဲ့ ပြန်ကြားရေး၀န်ကြီး တဲရစ်အဇစ် နဲ့ အီရတ်စစ်ဦးစီးချုပ်တို့ဟာ. စီအိုင်အေ ရဲ့ သူလျှို တွေမှန်းတောင် သိမသွားရှာပါဘူး...ပုန်းအောင်း နေတဲ့နေရာကနေ မိသွားပြီး ကိစွ့ တုံးပလိုက်ကြတာပါပဲ...
နောက်ဆုံး တစ်ဦးကတော့.. နိုင်ငံ့ခေါင်းဆောင် အဆင့်မဟုတ်သော်လည်း အယ်ကေဒါခေါင်းဆောင် အိုစမာဘင်လာဒင် ဆိုရင် ကမ္ဘာ့အကြမ်းဖက်ခေါင်းဆောင်အဖြစ် သိကြပါလိမ့်မယ်။ အမေရိကန်ကုန်သွယ်ညီနောင် မိုးမျှော်တိုက်ကြီး နှစ်လုံးကို တပြိုင်တည်း
လေယာဉ်နဲ့ ၀င်တိုက်ဖြိုချ အကြမ်းဖက် ဖျက်ဆီးခဲ့သူပါ..
ဘယ်လောက် လုံအောင်ပုန်းနိုင်တယ်ဆိုပါစေ...သူနဲ့အနီးကပ်ရှိနေတဲ့လူယုံထဲက. သူလျှို,ကြောင့်... ပါကစ္စတန်နိုင်ငံထဲ သူရှိတဲ့ နေရာကို အမေရိကန် လက်ရွေးစဉ် အဖွဲ့တွေ ၀င်ရောက်စီးနင်းတိုက် ခိုက်မှုကြောင့်. မာလကီးယား, သွားခဲ့ရပါတယ်။
ကဲ. . .နိုင်ငံတစ်နိုင်ငံ ရဲ့ထိပ်ဆုံး အမြင့်ဆုံးနိုင်ငံတော်အာဏာကို..အခြားနိုင်ငံ အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ ပေးကမ်းမှုနဲ့ နေရာရလာကာ..မိမိ နိုင်ငံ ကောင်းကျိူးထက်...မိမိအားထောက်ပံ့သူတို့ရဲ့. အကျိုးကိုသာဆောင်ရွက်ပေးကြတဲ့ နိုင်ငံ့ခေါင်းဆောင် အကြီးအကဲများကို " သူလျှို နိုင်ငံရေးသမား " ဟု. ခေါ်ဆိုပါကြောင်း....
ပစ်မှတ်ဖြစ်သော " သူလျှို နိုင်ငံရေးသမား " တို့အား ရှာမှတ်အဖြစ် ရွေးချယ်ရခြင်း နှင့် အသုံးချခြင်း ။
*******************************
ပစ်မှတ်. , ရှာမှတ်. ဆိုတဲ့ အသုံး အနှုံးတွေဟာ. ထောက်လှမ်းရေး.. လောက နဲ့ သူလျှို , လောကတွေမှာ အသုံးပြုကြတဲ့ စကားတွေမို့ မိတ်ဆွေ တို့. နဲ့ စိမ်းကောင်း စိမ်းနေပါလိမ့်မယ်...
ပစ်မှတ်ဆိုတာ. မိမိတို့ ရည်ရွယ်ဦးတည်ထားတဲ့ နိုင်ငံ, လူ ပုဂ္ဂိုလ်တကို ရည်ညွှန်းတာဖြစ်ပါတယ်... မိမိ တို့အိမ်နီးချင်းနိုင်ငံ တစ်ခုကို ရည်ရွယ် ထိုးဖောက်တော့မယ်ဆိုရင်. အဲ့ဒီ နိုင်ငံဟာ မိမိတို့ အတွက်ပစ်မှတ် နိုင်ငံ ဖြစ်လာပါတယ်...
ရှာမှတ်, ဆိုတာကတော့. မိမိတို့ ထိုးဖောက် ၀င်ရောက် သတင်းယူ.... ဖြိုခွဲ, ဖျက်ဆီးရာမှာ. အသုံးပြု, အသုံးချ လှုပ်ရှားရမဲ့ လူ ပုဂ္ဂိုလ်ကို ရည်ညွှန်းတာဖြစ်ပါတယ်. ...
ရှေ့က အခန်းမှာ. ပနားမား နိုင်ငံက. ဗိုလ်ချုပ်ကြီး နိုရေးဂါး , အီရတ်နိုင်ငံက နိုင်ငံ့ ခေါင်းဆောင် ဆဒမ် ဟူစိန် တို့ ဟာ အမေရိကန် စီအိုင်အေ, ရဲ့. ရှာမှတ်ပြု. အသုံးချခံရသူတွေပေါ့. အာဏာ ပါဝါ ရှိလာလို့ အာခံလာတဲ့အခါ တိုက်ခိုက်, ဖြိုချ, ဖျက်ဆီးခြင်း ခံလိုက်ရတာ အဲ့သည် ပုဂ္ဂိုလ်တွေနဲ့ အတူ နိုင်ငံပါထောင်းလမောင်း ကြေသွားခဲ့ရတာ ကမ္ဘာ့ဇာတ်ခုံမှာ.အကျည်းတန် အရုပ်ဆိုးလွန်းလှပါတယ်။
အဲ့သည်လို နိုင်ငံ တစ်နိုင်ငံကို ထိုးဖောက်ထောက်လှမ်း သူလျှိုမွေးကြရာမှာ. ကမ္ဘာမှာရှိတဲ့ အခြားသောဒေသများထက်...အာရှ နဲ့ အရှေ့တောင်အာရှ နိုင်ငံ အချို့မှာ. ထူးခြားချက်တစ်ခုရှိနေပါတယ်...
အဲ့ဒါကတော့ ဆွေစဉ်မျိုးဆက်အုပ်ချုပ်သူ ဆက်ခံတတ်တဲ့ သဘောပါပဲ...
တနည်းအားဖြင့် ပြည်သူအများ လေးစားချစ်ခင်...အားကိုးရတဲ့ ခေါင်းဆောင်အပေါ် ထားတဲ့ သံယောဇဉ်ကို သူ့မိသားစုအစဉ်အဆက်.
ထိ ခေါင်းဆောင်နေရာ ပေးလိုကြတာပဲ ဖြစ်ပါတယ်...
ဒီတော့လည်း အနောက်နိုင်ငံကြီးများက ဒီအချက်ကိုကောင်းစွာမြင်ပြီး...အသုံးချဘို့ နဲ့ အဲ့ဒီ နိုင်ငံတွေကိုထိုးဖောက်၀င်ရောက်ဖို့...သူလျှို. " ရှာမှတ်ရှာကြတဲ့ အခါ အဲ့ဒီအားသာချက်ကို မိမိရရ ဆုတ်ကိုင် ကြိုတင်စီမံချက်ချကာ ". သူလျှို နိုင်ငံရေးသမား " ကို မွေးထုတ်
လိုက်ပါတော့တယ်...
ဒီနေရာမှာ. တချက်ရှင်းပြထားချင်တာက. ကျွန်တော် အခုအောက်မှာ ရေးပြမဲ့ နိုင်ငံတွေရဲ့ မျိုးရိုးစဉ်ဆက် အာဏာကိုင်စွဲ ဆက်ခံမှုတိုင်းဟာ " သူလျှို နိုင်ငံရေးသမား. " တွေချည်းပဲတော့ မဟုတ်ကြပါဘူး..
ဒီလို အစဉ်အလာတွေ ရှိခဲ့ပါတယ်ဆိုတဲ့ သာဓကတွေကို ထင်သာမြင်သာအောင် ချ, ပြခြင်းသာဖြစ်ပါတယ်.. တနည်းပြောရရင် အားလုံးဟာ. " သူလျှို. နိုင်ငံရေးသမား." များဟု တထစ်ချမမှတ်ယူစေလိုကြောင်း ပြောချင်ပါတယ်. ( အစဉ်အလာရှိ နိုင်ငံခေါင်းဆောင်မျိုးဆက်တွေဟာ နိုင်ငံကြီးများရဲ့ " သူလျှို နိုင်ငံရေး သမား " များအဖြစ်
ဖန်တီးနိုင်ရန်အကောင်းဆုံး. ရှာမှတ်, များဖြစ်ကြပါတယ်.
အစဉ်အလာအရ. လူထုထောက်ခံမှုရ မျိုးဆက် ခေါင်းဆောင်များမှာ -
ပထမ, အာရှတိုက်ထဲက. အိနွိ့ယ နိုင်ငံကြီး...လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းထဲက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပန်ဒစ်ဂျဝါဟလာနေရူး။ သူ့နောက်ဆက်ခံသူက သမီး အင်ဒီယာဂနွီ့ ( အနီးကပ်ကိုယ်ရံတော် တပ်သားတစ်ဦး ပစ်ခတ်လုပ်ကြံသတ်ဖြတ်၍ သေဆုံး)...
နောက်တော့သူ့သား ဖြစ်သူ ရာဂျစ်ဂနွီ့ ၀န်ကြီးချုပ်ဖြစ် ပြီး...နောက်ရွေးကောက်ပွဲအတွက် မဲဆွယ်စဉ် ပန်းစည်းကမ်းအမျိုးသမီးလေး
တစ်ဦး၏ အနီးကပ်အသေခံ ဗုံးခွဲ ခံရလို့ သေဆုံးခဲ့ရ...
နောက် ရာဂျစ် ဇနီး ဆိုနီယာဂနွီ့ ( အီတလီ, နိုင်ငံသူ) ပါတီဥက္ကဌ နေရာ ဦးဆောင်ပြီး သား ဖြစ်သူ ရာဟူးလ်ဂနွီ့ အား ရွေးကောက်ပွဲ၀င်ရောက် ယှဉ်ပြိုင်စေပါတယ်...အဲ့ဒါ အိနွိ့ယရဲ့ နေရူး မျိုးဆက်...
ဘဂ်လားဒေ့ရှ် ကတော့ ဗိုလ်ချုပ်ကြီး ဇီယာအူဟတ်ရဲ့ သမီး " ဘီဂင်ခါလီဒါဇီယာ " နဲ့. နိုင်ငံခေါင်းဆောင်ဖြစ်ခဲ့ ဘူးတဲ့ " ရှိတ်မူဂျီဘာရာမန် " ရဲ့ သမီး. လက်ရှိ၀န်ကြီးချုပ် " ရှိတ်ဟာစီနာ " ၊ သူတိုနစ်ဦးဟာလည်း နိုင်ငံမှာ အစဉ်အလာရှိတဲ့ ခေါင်းဆောင်သမီးတွေပါပဲ. နိုင်ငံကို တပြန်တလှည့် အုပ်ချုပ်နေကြတဲ့ အမျိုးသမီးတွေပါပဲ...
ဖိလစ်ပိုင်က သမ္မတ ဖြစ်ခဲ့ဘူးတဲ့ အမျိုးသမီး." ကိုရာဇန် အကွီနို. "ကတော့ သမ္မတ မားကို့စ် လက်ထက်မှာ နိုင်ငံခြားကနေ ပြည်တော်ပြန်ခွင့်ရလာတဲ့ နိုင်ငံရေးသမား ခင်ပွန်းဖြစ်သူ" ဘင်နစ်နိုအကွီနို မနီလာ လေဆိပ်မှာ. လေယာဉ်ပေါ်က ဆင်းဆင်းခြင်း လုပ်ကြံခံရတာနဲ့ ပြည်သူတွေ ကရုဏာ သက်ခြင်းခံရကာ မားကို့စ် ပြုတ်ကျ ပြီးနောက်ရွေးကောက်ပွဲ မဲအသာနဲ့ သမ္မတ ဖြစ်ခဲ့ဘူးသူဖြစ်ပါတယ်...
နောက်တစ်ဦးက ပါကစ္စတန်နိုင်ငံက ဖခင်ဖြစ်သူ နိုင်ငံ့အကြီးအကဲ...အလီဘူတို ရဲ့ သမီး " ဘနာဇီယာဘူတို " ၊ သူလည်းပဲ ဖခင်အရှိန်အဝါ နဲ့ ၀န်ကြီးချုပ်နေရာ ရခဲ့ဘူးသူပါ...နောက်မှ လာဘ်စားတတွေ,ခင်ပွန်းဖြစ်သူလည်း ပါ၀င်ပတ်သက် ငြိစွန်းတာတွေကတော့ တပိုင်းပေါ့. ...
နောက်တစ်ယောက်က တောင်ကိုးရီးယားက သမ္မတ ပက်ချုံဟီး ရ သမီး ပတ်ဂွမ်ဟေးလ်, သူလည်း ခေါင်းဆောင်နေရာတော့ရပါရဲ့။ အဂတိ, လာဘ်စားမှုတွေနဲ့. အချားနိမ်း သွားတဲ့သူ တစ်ဦးပေါ့...
အိမ်နီးချင်း ထိုင်းကတော့ အကိုဖြစ်သူ သက်ဆင်ရှီနာ၀ပ်, နိုင်ငံကနေ ထွက်ပြေး ပုန်းရှောင်နေရစဉ် အကိုလိုပဲ ရွေး ကောက်ပွဲ၀င် အောင်ပွဲဆင်ခဲ့တဲ့ ညီမ သက်ဆင်ရှီနာ၀ပ် ( ၀န်ကြီးချုပ်) ပါ... သူလည်း ပတ်ဂွမ်ဟေးလ် လိုပဲ လာဘ်စားမှုပွေလိမ်ရှုပ် နဲ့ အရှောင်အတိမ်း နိုင်ငံခြားသို့ ပြေးပေါ့... အခုလည်း သ်ဆင်ရဲ့ သမီးဖြစ်သူ အရှုပ်တော်ပုံတွေ
နောက်... နောက်... မြန်မာနိုင်ငံ. ?
အထောက်အထားတွေနဲ့. ဆက်ပြောကြရအောင်...
မိတ်ဆွေတို့ #သူလျှိုနိုင်ငံရေး နဲ့ ပတ်သက်လို့. ... ရှေ့ အခန်းတွေမှာ ကျွန်တော်ရေးပြခဲ့တဲ့ အချက်တွေ ပြန်ချုံးပြရရင် , မြန်မာနိုင်ငံဟာ, တောင်အာရှနဲ့ အရှေ့တောင်အာရှ ထိစပ်ရာ အချက်အချာနေရာ ၊ တရုတ်ပြည်မကြီးကို. ချဉ်းကပ် ထောက်လှမ်း လို့ အကောင်းဆုံးနေရာ, စစ်အခြေစိုက်စခန်းဆောက်အခြေချရန်..... ကောင်းသောနေရာမှာ. တည်ရှိနေတာမို့... ကမ္ဘာ့ အင်အားကြီးနယ်ချဲ့ လက်သစ်တွေ မျက်စေ့ကျနေတာ မဆန်းပါဘူး...
ဒါ့ကြောင့်လည်း ခေတ်အဆက်ဆက်. ... မြန်မာနိုင်ငံကို. လွှမ်းမိုးချုပ်ကိုင်နိုင်ဘို့. သူလျှို တွေနဲ့ ထိုးဖောက်ဖို့ ကြိုးစားကြပေမဲ့... ထင်သလောက် ခရီးမပေါက်ခဲ့ကြပါဘူး..သူလျှို. , ဆိုတာလည်း သာမန်နေရာကို ထိုးဖောက်၀င်ရောက် လျှုပ်ရှားရတာနဲ့ စာရင်...နိုင်ငံ့ထိပ်ပိုင်းနေရာတွေ အထိ ထိုးဖောက်၀င်ရောက်ခြင်းက ပိုမို ထိရောက် မယ်လို့. သိရှိထားကြတာမို့ ဆိုရှယ်လစ်ခေတ်မှာ ဒေါ်ရတနာနတ်
မယ်, ကို သူလျှို , တာ၀န်ပေး ထိုးဖောက် ၊ ၀င်ရောက် စေခဲ့တာပါပဲ ဒါကိုလည်း အခြေအနေမှန်ကို. နိုင်ငံတော်က သိရှိသွားတာမို့... အောင်မြင်မှု မရရှိသွားပါဘူး...
တနည်း အားဖြင့် နိုင်ငံတော်ကာကွယ်ရေး နဲ့ လုံခြုံရေးအတွက် ကြိုတင်သတင်းရယူ , ဖြတ်တောက် ချေမှုန်းခဲ့တဲ့တပ်မတော်ထောက်လှမ်း
ရေး အဖွဲ့ကြီး ခိုင်ခိုင်မာမာ ရှိတာကလည်း ဘက်ပေါင်းစုံ ထိုးဖောက်၀င်ရောက်ရန်မလွယ်ကူခဲ့ကြခြင်းပဲ. ဖြစ်ပါတယ်...
ဒါပေမဲ့ နိုင်ငံတိုင်းမှာ အချိုးအကွေ့, အလှည့် အပြောင်းတွေ ရှိတတ်ကြစမြဲမို့. ... အမျိုးသားညီလာခံက နေ ရေးဆွဲပြဌာန်းလိုက်တဲ့ နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ ၊ အခြေခံ ဥပဒေ အရ , ဒီမိုကရေ စီတခေတ်ပြောင်းချိန်. ကျား, ချောင်း ချောင်းနေတဲ့ နိုင်ငံတကာ... သူလျှို. , ထိုးဖောက်. ၀င်ရောက်မှုတွေက. တဖန် ခေါင်းပြန်ထောင်ခဲ့ပါတယ်....
ဒီနေရာမှာပြောပြချင်တာ. ရှေ့အခန်းတွေမှာ ပြောခဲ့သလို အာရှ နဲ့... အရှေ့တောင်အာရှ နိုင်ငံ. တချို့ရဲ့. အစဉ်အလာ နိုင်ငံ့ခေါင်းဆောင်ဟောင်းကြီးတွေ... အများလေးစား ချစ်ခင်တဲ့ ခေါင်းဆောင်တွေရဲ့ မျိုးရိုး စဉ်ဆက်ကို ရုပ်ပြ စင်တင်ပေးခဲ့တဲ့ အစဉ်အလာအတိုင်း အနောက်ကကြွလာတဲ့. ခါတော်မီ မျိုးဆက် မယ်တော်ကို. ပေါ်လစ်ဆီ နိုဗယ်ဆုနဲ့အတူ အရောင်တင်ပေး လိုက်ကြတော့တာပါပဲ...
မြန်မာပြည်ကို. ချို့တဲ့နွမ်းပါးစွာရောက်လာတဲ့ ( UN တွင် စာရေးမ..အဆင့်သာရှိတဲ့ ) ဘာသာခြား၊နိုင်ငံခြားသားနဲ့ လက်ထပ် အိမ်ထောင်ကျတဲ့ အနောက်မယ်တော်ကို ၈၈, လှုပ်ရှားမှု နဲ့အတူ ထိုးတင်ပေးခဲ့ပေမဲ့. တတိယအင်အားစု ဖြစ်တဲ့ တပ်မတော်က အာဏာသိမ်းခဲ့လို့ အဲ့ဒီတုံးက. ငုပ်ကောင် ဖြစ်နေရာက ယခု ဒီမိုကရေစီခေတ်မှာ ပြန်ပီး ပေါ်လစ်တင်လာခြင်းပဲ ဖြစ်ပါတယ်..
ဒါ့ကြောင့်လည်း သူမအုပ်ချုပ်တဲ့ခေတ်မှာ. ရုပ်ထုတွေ မှို, လိုပေါက်အောင်ထု ( Hero worship , သူရဲကောင်းကိုးကွယ်ခြင်း ) ၊
တံတား, အမည်ကို လွှတ်တော် မှာ အတင်းမဲခွဲ ဆုံးဖြတ်ပြောင်းလဲတွေလုပ် ၊
မိမိအရည်အချင်းပေါ်ယုံကြည်စွာ ဦးဆောင်ဘို့ မကြိုးစား
ပဲ ဖခင်အရှိန်အဝါ ကိုမှီး ( ဆင်ဖြူတော် မှီ ကြံစုပ် ) တဲ့ အလုပ်ေတွ တနိုင်ငံလုံးကို တွန်းပြီး. လုပ်တော့တာပါပဲ...
ကယား, မှာဆို ရုပ်ထု စိုက်တာကို မကျေနပ်တဲ့. တိုင်းရင်းသားတွေကို ဖြိုခွဲ, ရော်ဘာကျည်နဲ့ပစ်, ကျောင်းသားလူငယ်တွေကို ဖမ်းဆီး ထောင်ချတာတွေဟာ ဒီမိုကရေစီ လို့ အော်နေတဲ့ သူတို့လုပ်ရပ်နဲ့ ဖီလာဖြစ်နေပါတယ်...
နိုင်ငံတွင်းမှာလည်း အကြံပေးဆိုတဲ့. သူလျှို , တွေ ၊ ယုအက်စ် , ...အိုအိုင်စီ. , ထိုင်၀မ် , တရုတ်ပြည်မကြီး, အိနွိ့ယ, ဂျပန် သူလျှိုတွေဟာ အသွင်အမျိုးမျိုး, နယ်ပယ်အသီးသီးမှာ ခြေချင်း လိမ်၀င်ရောက် လှုပ်ရှားနေကြတာမို့ နိုင်ငံရေး စာရေးဆရာကြီး တစ်ဦးပြောသလို လမ်းလျှောက်ရင်. သူလျှို , တွေနဲ့ မတိုက်မိအောင် မနည်းရှောင်နေရတယ်ဆိုတာ အမှန်ပါပဲ..
မယ်တော်ကြီးကိုယ်တိုင်ကလည်း...အထောက်အပံ့တွေ ရယူရင်း.... တဖြည်းဖြည်း နဲ့ ဒီလောကထဲ သာယာမှန်းမသိရောက်မိလျက်သား
ဖြစ်နေမှတော့ ပြောစရာ မလိုအောင်ပါပဲ... မိမိတို့ပါတီအောင်နိုင်ေရး လိုအပ်တဲ့ ရန်ပုံငွေတွေ တဖက်ကထောက်ပံ့ပေးတာကို လက်ခံရယူထားမိမှတော့ သူတို့လိုအပ်ချက်တွေ ဆောင်ရွက်ပေးဘို့ ကတိက၀တ်တွေ ပေးရပြီပေါ့ ... အာဏာရလာတော့လည်း အဲ့သည်
ကတိက၀တ် တွေ. အတိုင်း ဆောင်ရွက်ပေးကြရတာ ငြင်းမရ နိုင်တဲ့ လက်တွေ့ ဖြစ်စဉ် မျက်မြင်, ဒိဌ တွေပါပဲ...
ကဲ...ဘယ်မှာလဲ. ?
နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူတွေ 'အတွက်။
သူလျှို , တို့အား. ထောက်ပံ့မွေးမြူခြင်းနှင့်မြန်မာပြည်
**********************************
သူလျှို , အဆင့် လှုပ်ရှားသူတွေဟာ... နိုင်ငံတစ်ခုရဲ့ အမြင့်ဆုံး.... အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်အထိ. ထိုးဖောက်၀င်ရောက်ကြရတာ ဖြစ်တာကြောင့် အရေးကြီးဆုံးသော. လိုအပ်ချက်ကတော့ ငွေပဲ ဖြစ်ပါတယ် ... ရယူပေးကြရမှာကတော့ အရေးကြီး, အရေးပါသောသတင်း, အထောက်အထား ၊မှတ်တမ်း ဓာတ်ပုံ ၊ စာရွက် စာတမ်းများပဲ ဖြစ်ပါတယ်...တချို့ကတော့သူတို့ ခိုင်းစေတဲ့အတိုင်း ဆောင် ရွက်ပေးရန် အလို့ငှာ...
ငွေ, ကို ကဏ္ဍတော်တော်များများမှာ လိုအပ်ရင် လိုအပ်သလောက် များများစားစား သုံးနိုင်လေ, တန်ဘိုးရှိ သတင်းများရယူနိုင်လေဖြစ်ပါတယ်. သူလျှို, ကနေ ထပ်ဆင့် စည်းရုံး မွေးမြူ ရတဲ့. အမာခံ ၊ သတင်းပေးတွေကိုလည်း ငွေ နဲ့ပဲ သိမ်းသွင်း စည်းရုံးရပါတယ်....
သူလျှို. , နိုင်ငံရေးသမား မှာ အဓိပ္ပာယ် ဖွင့်ခဲ့သလို... အခြားနိုင်ငံ / အဖွဲ့အစည်းကြီး တစ်ခုခုက အထောက်အပံ့တွေရယူပြီးရင်... အဲ့သည် နိုင်ငံ, အဖွဲ့အစည်း အကျိုးစီးပွားအတွက် ရည်ရွယ်ပြီး အလုပ် လုပ်ပေးရ တဲ့. " သူလျှို. နိုင်ငံရေးသမား. " အပါအ၀င် သူလျှို
အမျိုးအစား အမျိုးမျိုးကို အောက်ပါ သွယ်ဝိုက်သောနည်းလမ်းများနဲ့ ငွေကြေးရရှိရေး ထောက်ပံ့ပေးကြပါတယ် -
*. ဘဏ်စာရင်း ဖွင့်ထားပေးခြင်း...
* လုပ်ငန်းတစ်ခု. ထူထောင် မ,တည် ပေးထားခြင်း ...
* တင်ဒါ , လေလံ. အောင်မြင်အောင်ဆောင်ရွက်ပေးခြင်း...
* တံစိုး လက်ဆောင်အဖြစ် ရွှေချောင်း ၊ ဒေါ်လာထောက်ပံ့ပေး ခြင်း ...
* တန်ဘိုးရှိ ပစ္စည်း ၊ ဈေးလျော့. ရောင်းချပေးခြင်း. ...
* အရှုံးခံ၍. လောင်းကစား နည်းမှတဆင့် ငွေကြေးထောက်ပံ့ခြင်း..
အောက်မှာဖော်ပြထားတာတွေမှာ illegal payments ဆိုတာအဲ့ဒီ တံစိုးလက်ဆောင်, ရွှေချောင်းတွေကို. ခရိုနီ, ခရိုပြာ, အုပ်ချုပ်သူ အဆင့်ဆင့်တွေထံက ထောက်ပံ့ပေးတဲ့. ငွေကြေး နဲ့ ရွှေ တွေပါပဲ.
လုပ်ငန်း တစ်ခု ထူထောင်တယ်ဆိုတာလည်း ... အာဏာရှိစဉ်မှာ လုပ်ရတာမို့. ဘာမှမခက်ပါဘူး... ပရဟိတ တို့, ဘာ ခင်ကြည် /ညာ ခင်ကြည် ဖောင်ဒေးရှင်းတွေ အမည်ခံ ရူံးခန်းဖွင့်ပြီး... ဘဏ်စာရင်း ဖွင့်လှစ် ငွေတွေစီးဆင်းပေးနေတာမို့ အကြိုက်သုံးပါပဲ...
လေလံဆိုလည်း ရှည်ရှည် ဝေးဝေးကြည့်စရာမလို... သောင်းဂဏန်းလောက်တန်တဲ့. ခြံတံခါးကို. သိန်းထောင်ချီပေး၀ယ်... ရာဂဏန်း
ခန့်သာတန်တဲ့ ကားကို သိန်းထောင်ချီ ပေး၀ယ်...အမေကိုယ်တိုင်..ထိုးထားတဲ့ ဆွယ်တာ အကျီ်လေးဆိုပြီး ရာဂဏန်းပေး၀ယ်ခြင်း လုပ်ရပ်တွေဟာ. သူလျှို. , ထောက်ပံ့ရေးလမ်းကြောင်း အတိုင်းငွေတွ စီးမျောစေတာမို့. မသိတဲ့ လူပိန်းတွေအတွက်ကတော့. " ထူးထွေ
တည့်. အံ့စရာ. " .ပေါ့... ကိုယ်တို့အတွက်ကတော့ ဒါမျိုးအကွက်တဟာ. " ရိုး. ဟိုး. ဟိုး. နေပါပီကွယ်. "
အဲ့ဒီ သူလျှို , ခေါင်ကြီး ပိုင်းကမှ တဆင့်. လက်ကား အမာခံ..သတငပေး လော်ဘီလေးတွေဆီ. ပြန်မျှချင်တော့. လုပ်ငန်းတင်ဒါ, လေလံ တွေချပေးနေတာ. မကြည့်ချင် မြင်လျှက်သား. ပါပဲ..မန်းလေးက လော်တင့်ကြောင်, ဆိုရင်. ဗုဒ္ဓ ဘုရားရှင်. ဥဏ္ဍွလုံမွှေးတော်ပုံဆွဲတဲ့ အနုပညာရှင် / ယခင်ကိုယ်ရံတော် (ယခု, ၀ရမ်းပြေး မိသားစု) ကို တင်ဒါ တောင်မခေါ်ပဲ. လုပ်ငန်းကြီး တစ်ခု ချပေးလိုက်တာကြားမိမှာပေါ့... အဲ့ဒါ. သူလျှို နဲ့ သူလျှို. အမာခံတွေထံ ငွေကြေး စီးဆင်းပုံ လမ်းကြောင်းတွေပါပဲ. ....
ငွေကို ပေါပေါများများ သုံးနိုင်လာရင်. . မလိုချင်တာ ကို ဖျက်ဆီး... လိုချင်တာကို ပုံဖော်ကြကာ. သူတို့ကိုထောက်ပံ့ပေးတဲ့ နိုင်ငံ. ,အဖွဲ့ အစည်းကြီးများအကြိုက် ဆိုကြရ တီးကြရ တော့တာပါပဲ. ...
ဒါ့ကြောင့်လည်း ပြည်သူတွေ ဆန္ခ့ ဘယ်သို့ရှိနေနေ...အနောက်တံခါး၀င်ပေါက်ကို ဖွင့်, ၀င်လာမဲ့ ၁၃၅, မျိုးမဟုတ်သူတွေ အတွက်... ရေမီးအစုံ, ဆန် ဆီ ဆား ၊ ထောက်ပံ့ငွေများနဲ့ တကွ ကြိုဆိုပေးတာဟာ သူလျှို နိုင်ငံရေးသမား " တို့ရဲ့. သူ့ဆန်စား ရဲ ရတဲ့. ...အဖြစ် မို့ ကြည့်တတ်ရင် မြင်နိုင်ပါတယ်...
ဒါ့ကြောင့်. ဒီတစ်ဖြတ်. ဒီမှာ အဆုံးသတ်ရရင် ...
သူလျှို. , နိုင်ငံရေးသမား ဆိုတာ. ၄င်းတို့ ကိုယ်တိုင်အကျိူး နဲ့... ၄င်း တို့ကို ပေးကမ်း ထောက်ပံ့ထားတဲ့. နိုင်ငံ. , အဖွအဖွဲ့အစည်းများ ရဲ့..အကျိုးကိုသာ ရှေ့ရှူ ဆောင်ရွက်သုများသာဖြစ် ပြီး ...နိုင်ငံ နဲပြည်သုတို့ရဲ့ အကျိုးစီးပွား ကို ဦးထိပ်ထား ဆောင်ရွက်သူများ မဟုတ်ကြောင်း လေ့လာအကဲခတ်တတ်ရင် ရှင်းရှင်းမြင်နိုင်ပါ တယ်....
အဆိုပါ သူလျှို များကိုလည်း အသုံးချလိုသူ နိုင်ငံ, အဖွဲ့အစည်းများက နောက်ကွယ်မှ ကြိုးကိုင်ချယ် လှယ်ကြကာ လိုအပ်သော …
ဓန ငွေကြေးကို နည်း လမ်းအသွယ်သွယ်ဖြင့် ပံ့ပိုး ပေးနေကြပါ ...ကြောင်း ရေးသားလိုက်ရပါတယ်...
ခေတ္တ နားပါဦးမည် ...
#ဗကကိုကိုဇော်

No comments:
Post a Comment