Sunday, 16 August 2026

 "ဒလန်ရှင်းလင်းရေး ခေါင်းစဉ်အောက်က သွေးစွန်းနေတဲ့ လက်များ (သူတို့တွေ တကယ်ဘယ်သူလဲ... ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ)"


အပြစ်မဲ့သွေးတွေနဲ့ တည်ဆောက်မယ့် အနာဂတ်ကို ငြိမ်ခံနေကြတော့မှာလား (အကြမ်းဖက်သမားများရဲ့ မျက်နှာဖုံးကို ခွာချခြင်း)"


မိတ်ဆွေတို့အားလုံးပဲ မင်္ဂလာပါ။

ဒီနေ့ ကျွန်တော် ပြောမယ့် အကြောင်းအရာက နားထောင်ရတာ နည်းနည်းတော့ ပြင်းထန်ကောင်း ပြင်းထန်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မျက်ကွယ်ပြုထားလို့ မရတဲ့၊ လက်တွေ့ မြေပြင်မှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အရာတွေကို ပွင့်ပွင့်လင်းလင်း၊ ဆွေးနွေးချင်လို့ ဒီအစီအစဥ်ကို တင်ဆက်လိုက်တာပါ။

မိတ်ဆွေတို့ ကိုယ့်ကိုယ်ကို ဒီမေးခွန်းတွေ ပြန်မေးကြည့်ဖူးလား...

အစိုးရဝန်ထမ်းတွေကို သတ်နေတာ တကယ်တော့ ဘယ်သူတွေလဲ။

ဘုရားသားတော် ရဟန်းသံဃာဘုန်းကြီးတွေကို လုပ်ကြံသတ်ဖြတ်နေတာ ဘယ်သူတွေလဲ။

စစ်တပ်ထောက်ခံသူ ဆိုတဲ့ ခေါင်းစဉ်တစ်ခုတပ်ပြီး လူ့အသက်တွေကို ရက်ရက်စက်စက် နှုတ်ယူနေတာ ဘယ်သူတွေလဲ။

မိတ်ဆွေတို့ စဉ်းစားကြည့်ပါ။ ကိုယ်နဲ့ အမြင်မတူတာနဲ့ လူတစ်ယောက်ကို အလွယ်တကူ သတ်ပစ်ဖို့ ဝန်မလေးတဲ့သူတွေ၊ သံဃာတော်တွေ၊ ဆရာ ဆရာမတွေကို ရက်ရက်စက်စက် သတ်နိုင်တဲ့ သူတွေဟာ ဘယ်လိုလူတွေ ဖြစ်မလဲ။ တကယ်တော့ သူတို့ဟာ NLDနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အဝ ထောက်ခံသူတွေ၊ အမုန်းတရားတွေနဲ့ ဦးနှောက်ဆေးခံထားရသူတွေ ဖြစ်ပါတယ်။

လူ့အသက်ကို တန်ဖိုးမထားတော့ဘူး။ နိုင်ငံရေး၊ တော်လှန်ရေး ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ဖို့ ဝန်မလေးတော့တဲ့ သူတွေပါ။ သူတို့ယုံကြည်ရာကို အတင်းအကျပ် လက်ခံခိုင်းပြီး လက်မခံရင် ရန်သူလို့ သတ်မှတ်တဲ့ အာဏာရှင်ဆန်ဆန် စိတ်ဓာတ် အပြည့်ရှိနေတဲ့ သူတွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်ရပ်တွေကို ကြည့်ရင် လူသားဆန်မှု ကင်းမဲ့ပြီး ကိုယ်ချင်းစာတရား လုံးဝ မရှိတော့ဘူး ဆိုတာ ထင်ထင်ရှားရှား တွေ့ရမှာပါ။


နောက်ပြီး... နိုင်ငံခြား ပြည်ပက အထောက်အပံ့တွေယူ၊ ခိုလှုံခွင့်တွေယူပြီး တိုင်းပြည်ကို နောက်ကွယ်ကနေ ဖျက်ဆီးနေတဲ့ ပြည်ပအလိုတော်ရိတွေဆိုတာ တကယ်တော့ ဘယ်သူတွေလဲ။

NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပါတယ်ဆိုတဲ့ NUG, PDF တွေနဲ့ လူမျိုးစု လက်နက်ကိုင်တွေပဲ ဖြစ်ပါတယ် ။ 


ကမ္ဘာ့သမိုင်းကို ပြန်ကြည့်ရင် ကမ္ဘောဒီးယားမှာ လူသန်းချီသေခဲ့တဲ့ ခမာနီတွေရဲ့ ရက်စက်မှုတွေကို ကျွန်တော်တို့ ကြားဖူးကြတယ်။ တရုတ်ပြည်က မော်စီတုန်းရဲ့ ယဉ်ကျေးမှု တော်လှန်ရေးဆိုတဲ့ လူသတ်ပွဲကြီးတွေအကြောင်း ဖတ်ဖူးကြတယ်။ ဒါပေမယ့် သတိထားမိကြလား။ အခု ကျွန်တော်တို့ မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေက အဲ့ဒီ ခမာနီတွေထက်တောင် ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေ ဖြစ်နေပါပြီ။

NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပါတယ်ဆိုတဲ့ NUG, PDF တွေနဲ့ လူမျိုးစု လက်နက်ကိုင်တွေကျူးလွန်နေတာတွေက သာမန် တော်လှန်ပုန်ကန်သူတွေ လုပ်လေ့လုပ်ထရှိတဲ့ အကြမ်းဖက်မှု အဆင့်လောက် မဟုတ်တော့ဘဲ၊ အသိဉာဏ်မဲ့လွန်းတဲ့၊ ပိုပြီး ဆိုးယုတ်တဲ့ လူသတ်ပွဲကြီးတွေကို ကျူးလွန်နေသူတွေလို ကျွန်တော်တို့ လူ့အဖွဲ့အစည်းထဲမှာ ရှိနေတာပါ။



၂၀၂၁ ခုနှစ် နောက်ပိုင်းကို ပြန်ကြည့်ရအောင်။ နိုင်ငံရေးအမြင် မတူဘူးဆိုတာနဲ့ ဆန့်ကျင်ဘက် နိုင်ငံရေးသမားတွေကို အမြစ်ဖြတ် သုတ်သင်တဲ့ လုပ်ရပ်တွေကို ပေါ်ပေါ်တင်တင်ပဲ လုပ်လာကြတယ်။

လ္ဘက်ရည်ဆိုင်တောင် ကောင်းကောင်းမထိုင်ရဲ လမ်းထိပ်တောင် မထွက်ရဲ ဈေးသွားဝယ်ဖို့တောင် အတော်စဉ်းစားခဲ့ရတဲ့အချိန်တွေဖြစ်ပါတယ် ။ 

 ဒါဟာ အခုမှ စဖြစ်တဲ့ အရာတော့ မဟုတ်ပါဘူး။ ၁၉၈၈ ခုနှစ် အရေးအခင်းကာလတုန်းကလည်း "စစ်တပ် အင်ဖော်မာ" ဆိုတဲ့ ခေါင်းစဉ်လှလှလေးတပ်ပြီး ခေါင်းဖြတ်သတ်ပွဲတွေ အများကြီး ကျူးလွန်ခဲ့တဲ့ သမိုင်းဆိုးတွေ ကျွန်တော်တို့ဆီမှာ ရှိခဲ့ပြီးသားပါ။

အခု ၂၀၂၁ မှာလည်း အဲ့ဒီလိုပါပဲ။ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ၊ တိုင်းပြည်ရဲ့ အနာဂတ်ကို ပုံဖော်ပေးနေတဲ့ ပညာရေး ဝန်ထမ်းတွေ၊ လူ့အသက်ကို ကယ်တင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ဖမ်းဆီးတယ်။ လည်လှီးသတ်တယ်။ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ပြီးမှ အသက်ကို နှုတ်ယူကြတယ်။ ဒီလို အဆိုးရွားဆုံး၊ အကြမ်းတမ်းဆုံး ကျူးလွန်ခဲ့တဲ့ နေရာတွေကို ကြည့်လိုက်ရင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းလို အညာဒေသတွေမှာ အဆိုးဆုံး ဖြစ်ခဲ့ပါတယ်။

ဒီလို သတ်ဖြတ်မှုတွေကို NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပါတယ်ဆိုတဲ့ NUG, PDF အကြမ်းဖက် လက်နက်ကိုင်တွေ က ဘယ်လို အမည်တပ်လဲ။ 


"ဒလန် ရှင်းလင်းရေး" တဲ့။ ဒီလုပ်ရပ်တွေကို ဦးဆောင်နေသူတွေ၊ ကိုယ်တိုင် ကျူးလွန်နေသူတွေ အားလုံးက ဘယ်သူတွေလဲဆိုတာ မျက်မြင်ကိုယ်တွေ့ ကြုံနေရတဲ့ ပြည်သူတွေ အသိဆုံးပါ။

အဆိုးဆုံးနဲ့ ရင်အနာရဆုံး အပိုင်းက ဘာလဲသိလား။ သတ်ဖြတ်ခံရသူ အရေအတွက်က အခုဆို တစ်သောင်းကျော်အထိ ရှိလာခဲ့တာပါပဲ။ တချို့ဆို မိသားစုလိုက် သတ်ဖြတ်ခံရတယ်။ သူတို့ ရှာတဲ့သူကို မတွေ့လို့ အိမ်မှာကျန်ခဲ့တဲ့ မိဘတွေကို အကြောင်းမဲ့ သတ်သွားတာတွေ၊ အပြစ်မသိတဲ့ သားသမီးတွေကို သတ်ဖြတ်တာတွေ အများကြီး ရှိခဲ့ပါတယ်။

စဉ်းစားကြည့်ပါ...

အဖေကို မတွေ့လို့ သားကိုသတ်တယ်။

သားကို မတွေ့လို့ အဖေကိုသတ်တယ်။

ယောကျ်ားကို မတွေ့လို့ မိန်းမကိုသတ်တယ်။

မိန်းမကို မတွေ့လို့ ယောကျ်ားကို သတ်တယ်။

ဒါတွေဟာ လူ့အခွင့်အရေးလား... ဒီမိုကရေစီလား... ဒါမှမဟုတ် ရက်စက်ယုတ်မာမှု သက်သက်ပဲလား။

စာရင်းဇယားတွေနဲ့ တိတိကျကျ ပြောရမယ်ဆိုရင်...

ဒီအကြမ်းဖက်မှုတွေကြားမှာ သက်တော်ထင်ရှား ဘုန်းကြီးသံဃာတော်ပေါင်း (၁၀၀) ကျော် လုပ်ကြံခံခဲ့ရတယ်။

ကျောင်းသားကျောင်းသူ အပါအဝင် အပြစ်မဲ့ ကလေးသူငယ်ပေါင်း (၃၅၀) ကျော် အသက်ဆုံးရှုံးခဲ့ရတယ်။

အုပ်ချုပ်ရေး ဝန်ထမ်း (၁၂၀၀) ကျော်၊

ပညာရေးဝန်ထမ်း (၁၅၀) ကျော် နဲ့

ကျန်းမာရေးဝန်ထမ်း (၃၀) နီးပါး အသက်ပေးခဲ့ရပါတယ်။

ဒီ အပြစ်မဲ့ပြည်သူပေါင်း တစ်သောင်းကျော်ဟာ ဘယ်သူတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတာလဲ။ ရှင်းပါတယ်။ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်ဆိုတဲ့ NUG, PDF တွေနဲ့ လူမျိုးစု လက်နက်ကိုင်တွေရဲ့ အကြမ်းဖက် သတ်ဖြတ်ခြင်းတွေကို ခံခဲ့ရတာပါ။ ဒါဟာ ကျွန်တော် လုပ်ကြံပြောဆိုနေတာ မဟုတ်ဘူး၊ မြေပြင်မှာ သွေးထွက်သံယို ဖြစ်ခဲ့ရတဲ့ အစစ်အမှန် အချက်အလက်တွေ ဖြစ်ပါတယ်။


သူတို့ ကျူးလွန်နေတဲ့ အပြစ်တွေက သာမန် ပြစ်မှုတွေ မဟုတ်တော့ပါဘူး။ နိုင်ငံတကာ ဥပဒေအရ ကြည့်ရင်တောင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ အကြမ်းဖက်မှုတွေ မြောက်နေပါပြီ။ 


နိုင်ငံရဲ့ အနာဂတ်ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး စနစ်တွေကို ဖျက်ဆီးတယ်။ ပြည်သူလူထုကို အကြောက်တရားနဲ့ ထိမ်းချုပ်ဖို့ ကြိုးစားတယ်။ ဒါတွေဟာ ဘယ်လိုမှ ခွင့်လွှတ်လို့မရတဲ့ ပုန်ကန်မှုတွေဖြစ်ပါတယ်။


မိတ်ဆွေတို့... ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်ဟာ သူပုန်သူကန်တောလှန်မှုတွေနဲ့ တည်ဆောက်လို့ မရပါဘူး။ နိူင်ငံရေး အမြင်မတူသူ‌ေတွကို ရန်သူလို့ သတ်မှတ်ပြီး ရှင်းလင်းနေမယ်ဆိုရင် ကျွန်တော်တို့ မျှော်လင့်တဲ့ ငြိမ်းချမ်းရေးဆိုတာ ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး။ "သွေးစွန်းနေတဲ့ လက်တွေနဲ့ တည်ဆောက်မယ့် အနာဂတ်ကို ကျွန်တော်တို့ တကယ်ပဲ လိုလားနေကြတာလား" ဆိုတာကို စဉ်းစားကြည့်ပါ ။ 

ဒီနေ့ ပြောခဲ့တဲ့ အကြောင်းအရာတွေကတော့ မိတ်ဆွေတို့ရဲ့ ရင်ထဲမှာ အတွေးတစ်ခုခု ကျန်ရစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ နိုင်ငံ ငြိမ်းချမ်းဖို့ဆိုရင် လက်နက်ကိုင်တောခိုပြီး တော်လှန်ပုန်ကန်ဝါဒတွေကို ပြည်သူအားလုံးက ဆန့်ကျင်ကြဖို့ အရေးကြီးပါတယ်။ 

ကျွန်တော့်အနေနဲ့ ဒီလို အမှန်တရားတွေကို ရဲရဲဝံ့ဝံ့ ထပ်ပြီး ပြောနေဖို့၊ ဆက်လုပ်နေဖို့အတွက် မိတ်ဆွေတို့ရဲ့ တွန်းအားတွေ အမြဲတမ်း လိုအပ်နေပါတယ်။ 

အားလုံးကို ကျေးဇူးတင်ပ

ါတယ်။ နောက်ဗီဒီယိုတွေမှာ ပြန်တွေ့ကြပါမယ်။

No comments:

Post a Comment