အမှောင်တွေ ကြီးစိုးတဲ့ ညနက်နက်တွေမှာ
မြုခိုးမြုငွေ့ နှင်းမှုန်တွေကြားထဲက
ရန်သူ စစ်ဖိနပ်သံတွေကို နားစွင့်နေမိတယ်
ညအမှောင်ထဲ စောင့်ကြည့်ရင်း
ငါတို့မျက်လုံးတွေက ကြယ်တွေလို လင်းလက်နေတယ်။
ငါတို့ရဲ့ တိုက်ပွဲဝင်စစ်ယူနီဖောင်း က လူသားတစ်ကိုယ်လုံး ရွှံ့တွေ၊ သွေးတွေ၊ အရောင်တွေမှေုးမှိန်လို့ နေတယ် ၊
အကြမ်းစား Rock Music . Rap Music အစား
အမြှောက်သံတွေ မိုင်းသံ ဗုံးသံတွေ ရောနှောနေတဲ့
နားမျက်စိတွေက ငါတို့ရဲ့ ငယ်ရွယ်မှုတွေ နုနယ်မှုကို
ဝါးမြိုခဲ့တယ် ။
ငါတို့ကျောပိုးအိတ်ထဲမှာ လူကိုသေစေနိူင်တဲ့ ကျည်ဆံတွေ အသက်ကို နှုတ်ယူနိူင်တဲ့ ဓားတစ်ချောင်း နဲ့ တောနက်ခရီး နှင်ခဲ့ရတယ် ၊
ဂစ်တာအိုနဲ့ ငါ့အလွတ်ကျက်ထားတဲ့ သီချင်းတွေက ကျန်ခဲ့တာပေါ့
နိူင်ငံတော်အလံကို ကိုင်ပြီး ဆိုထားတဲ့သစ္စာ
ရှင်ဘုရင်နဲ့ ဘိသိတ်ခံပြီးမှ ရထားတဲ့ သေနတ်နဲ့
ပြန်တမ်းဝင်နံပါတ် နှလုံးသားထဲမှာမီးတောက်လို စူးနစ်နေတယ်။
ရဲဝံ့စွာ တာဝန်ထမ်းဆောင်ရင်း
ငါသေသွားခဲ့ရင် နိူင်ငံ့သူရဲကောင်းအဖြစ် ငါနာမည်ကို
နိူင်ငံတော်က သူရဲကောင်းကျောက်တိုင်မှာ မှတ်တမ်းရေးထွင်းမယ်၊
ဒါပေမယ့် ငါ မိသားစုရဲ့ နှလုံးသားထဲမှာတော့
ငါဟာ အမြဲတမ်း ဂုဏ်ယူစရာအသက်ဝိဉာဥ်ဖြစ်ေနလိမ့်မယ်။
ငါ့တို့အသက်သွေးချွေးတွေက ဒီနိူင်ငံ ဒီတိုင်းပြည် ဒီပြည်သူတွေအတွက် တန်ဖိုးဖြတ်လို့မရတဲ့ အသက်ခန္ဒာတစ်ခုပဲ ၊
မြင့်မြတ်စွာ ရပ်တည်ခဲ့ကြတယ်
မြင့်မြတ်စွာ တာဝန်ယူခဲ့ကြတယ်
မြင့်မြတ်စွာ ပေးဆပ်ခဲ့ကြတယ်
မြင့်မြတ်စွာနဲ့ပဲ စွန့်လွှတ်ပေးခဲ့ကြတယ်
ငါတို့က နိူင်ငံတော်ကို ကာကွယ်ရင်း
တိုင်းပြည်တည်ဆောက်ရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့် အဖြစ်နဲ့ ဂုဏ်သိက္ခာရှိရှိပါဝင်ခဲ့ကြတယ် ။
ဤကဗျာသည် ရှေ့တန်းစစ်မြေပြင်တွင် အသက်စွန့်လှုတိုက်ပွဲဝင်နေကြသော တပ်မတော်သားများ၏ ရဲစွမ်းသတ္တိ၊ စွန့်လွှတ်အနစ်နာခံမှုနှင့် ညီအစ်ကိုစိတ်ဓာတ်ကို ဂုဏ်ပြုရေးဖွဲ့ထားခြင်းဖြစ်သည်။

No comments:
Post a Comment