Saturday, 26 July 2025

 ကြံကြံဖန်ဖန် အာဖရိကန် စကားပုံများ 


ပျားတစ်ကောင် တုတ်လို့ဆိုပြီး ပျားအုံအားလုံးကို 

မဖျက်ဆီးသင့်ဘူး - ကင်ညာစကားပုံ


သားသတ်ရုံ ခမ်းခမ်းနားနားဆီ ခေါ်သွားခံရလို့ 

ပျော်နေတဲ့ နွားက စွရူးနွားပဲ - ဇမ်ဘီယာစကားပုံ


လင်းယုန်ငှက် အမြင့်ဘယ်လောက်ပျံပျံ၊ အစာရှာဖို့ 

မြေပြင်ပြန်ဆင်းရမှာပဲ - ဇင်ဘာဘွေစကားပုံ


ခြင်္သေ့ဦးဆောင်တဲ့ သိုးအုပ်က သိုးဦးဆောင်တဲ့ 

ခြင်္သေ့အုပ်ကို အနိုင်တိုက်နိုင်တယ် - ဂါနာစကားပုံ


စအိုက ပါးစပ်ကို အစာရဲ့အရသာအကြောင်း 

မသင်ပြနိုင်ဘူး - တောင်အာဖရိကစကားပုံ


မိန်းမလှလှ ယူထားတဲ့သူနဲ့ လမ်းဘေးမှာ 

ပြောင်းစိုက်တဲ့ လယ်သမားတို့ ရင်ဆိုင်ရတဲ့

ပြဿနာ အတူတူပဲ - အီသီယိုးပီးယားစကားပုံ


လူပုဆိုပြီး ကလေး မဟုတ်ဘူး - နိုင်ဂျီးရီးယားစကားပုံ


မင်း ဒေါသနဲ့ ဘယ်လောက်ပူလောင်နေပါစေ

ကန်စွန်းဥတော့ ပြုတ်လို့ မရဘူး - နိုင်ဂျီးရီးယားစကားပုံ


လဥပေါ်က ယင်ကောင်ကို သတ်ဖို့ 

တော်တော်တော့ သတိ ထားရတယ် - ဂါနာစကားပုံ


ဓားကို လည်ချောင်းထဲ ဝင်ခွင့်ပေးရင် စအိုကနေ

ဘယ်လို ပြန်ထုတ်ပေးမလဲလို့ စဉ်းစားရတော့မယ် - တောင်အာဖရိကစကားပုံ


ဆိတ်က မျက်နှာရှုံ့ထားတာနဲ့ပဲ ဈေးထဲ 

ခေါ်သွားတာကို မဟန့်တားနိုင်ဘူး- နိုင်ဂျီးရီးယားစကားပုံ


အရိုးခြောက်အကြောင်း စကားပုံထဲ ပါလာရင် 

အဖွားအိုတွေ စိတ်မသက်မသာ ဖြစ်တတ်တယ် - ဂါနာစကားပုံ


ဖယောင်းကို အရည်ပျော်စေတဲ့ နေကပဲ 

ရွှံ့စိုင်ကို မာကျောစေတယ် - နိုင်ဂျာစကားပုံ


ဘယ်သွားမယ်ဆိုတာ မသိရင် လမ်းဘယ်လိုရွေးရွေး အတူတူပဲ - ယူဂန်ဒါစကားပုံ


သားဖွားဆောင်ထဲမှာ အပျိုမရှိဘူး - ကင်မရွန်းစကားပုံ


လူကျနေတဲ့ ဈေးထဲ ခဲနဲ့ ပေါက်တဲ့ စွရူးက 

သူ့အမေလည်း ထိနိုင်တယ်ဆိုတာ မေ့နေတယ် - ယူဂန်ဒါစကားပုံ


ကလေးက အမေ့ရင်သားကို ဆော့လို့ရပေမယ့် 

အဖေ့လဥကိုတော့ ဆော့လို့ မရဘူး - ဂီနီစကားပုံ


စအိုယားပြီး အိပ်ရင် လက်ချောင်းတွေ အနံ့ဆိုးနဲ့ 

အိပ်ရာနိုးလာလိမ့်မယ် - နိုင်ဂျီးရီးယားစကားပုံ


Funny African Proverbs


When a man is stung by a bee, he does not destroy all beehives- Kenya Proverb


It is only a stupid cow that rejoices at the prospect of being taken to a beautiful abattoir - Zambian Proverb


No matter how far an eagle flies up the sky, it will definitely come down to look for food - Zimbabwe Proverb


An army of sheep led by a lion can defeat an army of lions led by a sheep. - Ghanaian proverb


The anus doesn't teach the mouth the sweetness of food - South-African Proverb


The man who marries a beautiful woman, and the farmer who grows corn by the roadside have the same problem- Ethiopian Proverb


A short man is not a boy- Nigerian Proverb


No matter how hot your anger is, it cannot cook yams- Nigerian Proverb


It requires a lot of carefulness to kill the fly that perches on the scrotum- Ghanaian Proverb


If the throat can grant passage to a knife, the anus should wonder how to expel it -South-African Proverb


The frown on the face of the goat will not stop it from being taken to the market - Nigerian Proverb


An old lady feels uneasy when dry bones are mentioned in a proverb - Ghanaian Proverb


The same sun that melts the wax, hardens the clay - Nigerien Proverb


If you don't know where you are going, any road will take you there - Ugandan Proverb


There is no virgin in a maternity ward- Cameroonian Proverb


The madman, who throws a stone into a crowded market, forgets that his own mother could be hit by his madness. - Ugandan Proverb


A child can play with its mother's breasts, but not its father's testicles - Guinean Proverb


He who goes to sleep with an itching anus wakes up with smelly fingers - Nigerian Proverb


#NyiNaung

ဖီလင် - ဘာသာပြန်ချင်သလို ပြန်သည် 🤭

No comments:

Post a Comment