ဆေးခြောက်တွေ ဆံပင်ရှည်တွေ ဖြတ်ပြီး
မြင်ရတဲ့ အမေ့ရဲ့အပြုံး
အဖေကကတော့ ပျော်လွန်းလို့ထင်ပါရဲ့
ထိုင်မရ ထ မရ ခြေမကိုင်လက်မကိုင်မိတွေဖြစ်ပြီး
အဲ့နေ့က ရွှင်ရွှင်ပြပြနဲ့
ပတ်ဝန်းကျင်အထိ လိုက်ပြောပြနေခဲ့တာ
မှတ်မိသေးတယ် ၊
အဲ့တုန်းက ကျနော်အသက်နဲ့ သူအသက်နဲ့ လဲပေးခဲ့တာပဲလို့
ကျနော်မသိခဲ့ဘူး ၊ မကြာလိုက်ပါဘူး အချိန်ခြောက်လလောက်ကြာတော့ အဖေက ကျနော်တို့ကို ထားရစ်ခဲ့တယ် ။
သူလည်း ထွက်သွားချင်တဲ့ဆန္ဒတော့ ရှိမှာမဟုတ်ပါဘူး ။
နောက်ဆုံးထွက်သက်က အဖေ့ရဲ့အသက်ရှုသံေတွကို
အခုချိန်ထိကျနော်မှာ ကြားနေရဆဲပါပဲ အဖေ ....
အဖေမရှိတဲ့နောက်ပိုင်း အမေ့ကို စိတ်ချမ်းအောင် ထားဖို့ပဲ ကျနော်အမြဲတွေးနေမိတယ် ၊
အရင်လိုဆန့်ကျင်ဘက်တွေ သိပ်မလုပ်တော့ဘူး ။
ခံစားချက်တွေကို ဦးစားမပေးတော့ဘူး ။
ဒါနဲ့အဖေထွက်သွားတာတောင် သုံးနှစ်ပြည့်ဖို့ 10ရက်လောက်ပဲ လိုတော့တာနော် ။
မနေ့တနေ့ကလိုပါပဲ ကျနော်အခုချိန်ထိ နာကျင်နေရဆဲပါပဲ ၊
အဖေအပေါ်မှားယွင်းခဲ့တာတေွအတွက် မတောင်းပန်လိုက်ရဘူး အဖေရယ် ၊
တခြားသားဆိုးတွေထက် ပိုပြီး မိုက်ကန်းတဲ့ဒီလိုအကောင်ကို ခွင့်မလွှတ်ပါနဲ့ ...
အမှားတွေ အများကြီးလုပ်ခဲ့တဲ့ ဒီလိုကောင်က ခွင့်လွှတ်ပေးလို့ရတဲ့ အမှားတွေ လုပ်ခဲ့တာမဟုတ်ဘူး ၊
မခွင့်လွှတ်ကြပါနဲ့ဗျာ
အဖေလည်း ကျနော်ကို ခွင့်မလွတ်နဲ့
အမေရော အကိုရော ညီလေးရော ခွင့်မလွတ်ကြပါနဲ့
ကျနော်ကြောင့်ပဲ အားလုံးရင်ဆိုင်နေရတဲ့အခဲအခက်တွေအတွက် လုံးဝခွင့်မလွှတ်ကြပါနဲ့
အဓိပတိကမ္မ
11072025

No comments:
Post a Comment