ဒီနေ့ 7လပိုင်း 13ရက်နေ့
လွန်ခဲ့တဲ့ ၃နှစ်က ကမ္ဘာတွေပျက်ခဲ့ရတဲ့ ညနေတစ်ခုပေါ့
မေးလေး ငေါ့ပြပြီး အဖေက လ္ဘက်ရည်ဆိုင်ကို ထွက်သွားခဲ့တာ အဲ့ဒါပြီးကတည်းက အဖေက အိမ်ကို ပြန်မလာနိူင်တော့ဘူး ကျနော်တို့ရော အမေပါ အိမ်က ဆင်းပြေးခဲ့ရတာ အဖေကတော့ လောကကြီးကိုပါ နှုတ်မဆက်နိူင်ပဲ ထွက်သွားတော့တာပါပဲ ။
အဖေအသက်ကိုမီဖို့ အများကြီး ကြိုးစားခဲ့ကြသေးတယ် အမှားအယွင်းတွေ များစွာနဲ့ အဖေအသက်ကို မကယ်နိူင်လိုက်ပါဘူး ။
ဒုက္ခတွေအကြောင်း အများကြီးမပြောတော့ပါဘူး ၊ ဆိုးဆိုးရွားရွားတွေ အများကြီး ကြုံခဲ့ရသလို တစ်ခါမှ မမြင်ဖူး မတွေ့ဖူးကြပါပဲ ၊ အကူအညီပေးခဲ့ကြတဲ့ တစ်ယောက်ချင်းဆီတိုင်းကိုလည်း ကျေးဇူးတင်နေမှာပါ ။
အဖေကို သတိရတယ်
အဖေကတော့ အဝေးကနေကြည့်ရင်တော့ ပျော်မယ်ထင်ပါတယ် အိမ်မပြန်နိူင်ကြသေးတာ တစ်ခုကလွဲရင်ပေါ့ ။
အမေကိုလည်း စိတ်မဆင်းရဲအောင် ကျနော်ကြိုး၏ားနေပါတယ် ၊
အရင်လိုကလေးမဆန်တော့ပါဘူး အပျော်အပါးတွေ အပေါင်းအသင်းတွေနဲ့ အချိန်မဖြုန်း ငွေမဖြုန်းတော့ပါဘူး
အဖေကြိုးစားအားထုတ်မှုနဲ့ ရုန်းကန်ပေးခဲ့တဲ့ ဆိုင်လေးကတော့ မီးထဲပါသွားပြီတဲ့ ။
ကျနော်အသက်အရွယ်မှာ အဖေရဲ့အားထုတ်မှုတွေ ပြန်တွေးကြည့်ရင် ကျနော်က ဘာမှ အသုံးမကျတဲ့ အကောင်တစ်ကောင်လိုဖြစ်နေတယ် ။
အဖေငယ် အဖေကို အပြစ်တွေတင်ခဲ့တဲ့ ဒီကောင်က ဘာအဖြစ်မှ မရှိတာ အဖေယှဉ်ကြည့်ရင် အသိသာကြီးပါ ။
ကျနော်တောင်းပန်ပါတယ်အဖေ
ဒီတောင်းပန်ခြင်းတွေက ခွင့်လွတ်ပေးဖို့မဟုတ်ဘူးနော်
ကျနော်ကို ခွင့်မလွတ်ပါနဲ့ လုံးဝခွင့်မလွတ်ပါနဲ့ဗျာ
ခွင့်လွတ်လို့ရတဲ့ အမှားမျို
းမဟုတ်ဘူးလေဗျာ

No comments:
Post a Comment