Friday, 4 April 2025

 ကျနော်တို့ ရှင်သန်နေထိုင်ရာ လူမှုပတ်ဝန်းကျင်မှာ လူအများစုသည် ၊ သူတို့အတွက် လိုအပ်တဲ့လူတွေကိုသာ မျက်နှာချိုသွေးကြသလို အကူအညီနှင့်ဆောင်မမှုတွေ ရှိတတ်ကြတယ် ။ 


အခုလက်ရှိ အကူအညီမလိုအပ်ရင် နောက်ပြီးတော့ အကူအညီပေးနိူင်လောက်သော အခြေအနေရှိနေမှသာ ကူညီတတ်ကြသလို ၊ ဖော်ရွေမှု ကောင်းမွန်သော ဆက်ဆံရေးကို အရေးပြုတတ်ကြတာပါ ။


နောက်ပြီး တစ်ခုရှိသေးတယ် ။


ကျနော်တို့ နေထိုင်ရပ်တည်ရာ နေရာတစ်ခုကြောင့်ပဲလား ၊ လူမှု အသိုက်အဝန်းတစ်ခုကြောင့်မလို့ ဆိုရမလား စိတ်ထဲမှာ တစ်ထစ်ထစ် ဖြစ်နေတာတော့ အမှန်ပါပဲ ။ 


ရာထူးအာဏာ ပညာနှင့် ငွေမရှိရင် လူဖြစ်ရကျိုးမနပ်ဘူးလို့ ပြောခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ စကားကို ခဏ ခဏကြားယောင်နေမိတယ် ။ 


ဒါနဲ့လည်း ပြီးနိူင်တာမျိုး မဟုတ်ပါ ။ 


လုပ်ပိုင်ခွင့် အာဏာသည်သော်လည်းကောင်း ငွေရှိမှ တင့်တယ်နိူင်တယ် ၊

လုပ်ကိုင်နိူင်သော အာဏာမရှိလျှင် လူရာဝင်ဖို့ အလွယ်ကူသလို လူဝင်ဆန့်မှုဆိုသည်မှာလည်း အဝေးကြီးပေါ့ ၊ 


လုပ်ပိုင်ခွင့် အခွင့်အာဏာရှိနေရင်တောင် ငွေရှိမှ ပို၍ တင့်တယ်နိူင်တယ် ၊


လုပ်ပိုင်ခွင့်အာဏာရှိနေလျှင်လည်း ‌လူလေးစားမှု လူတွေရဲ့အလေးထားမှုကို ရရှိနိူင်ဖို့ဆိုလျှင် ငွေသည်လည်း အရေးကြီးသော အကြောင်းအချင်းအရာတစ်ခုဖြစ်ပါတယ် ။ 


ငွေမရှိလျှင် လေးစားမှုမရှိ တန်ဖိုးမရှိ တန်ဖိုးမဲ့နေသော လူပုဂ္ဂိုလ်ရဲ့ စကားကို အလေးထားနားထောင်ပေးမယ့်လူ အင်မတန်နည်းပါးလှတာ လူ့မှု့အဖွဲ့အစည်း လူမှု့အသိုက်အဝန်းရဲ့ အရေးပါလှသော သောက်ရေးမပါတာတွေ ဖြစ်တယ် ။ 


စကားကို ရှင်းရှင်းလင်းလင်းနဲ့ အားမနာတမ်းပြောရရင် လူတွေရဲ့ ဘောမခြင်းကို ခံလိုလျှင် အာဏာရှိအောင်လုပ်ပြီး ငွေရှာနိူင်ရင် လူအများစုရဲ့ ဘောမခြင်းကို ခံရပါလိမ့်မယ် ။ 


လုပ်ပိုင်ခွင့်အာဏာနှင့် ငွေတွေသာ သင့်ရဲ့ အဝန်းအဝိုင်းထဲမှာ ရှိမနေတော့ရင်တော့ လူတွေက သင့်အနားက ခွါသွားကြမည် ဖြစ်သလို သင့်ကို အပြစ်ပြော အပြစ်တင်ကြမယ့် လူတွေ လက်ညှိုးထိုးစော်ကားကြပြီး မလေးမစားပြုမူကြမှာ အသေအချာပင်ဖြစ်၏ ။ 


080125

No comments:

Post a Comment