Friday, 4 April 2025

 ပျော်ပွဲ ရွှင်ပွဲတွေမှာ ထောင်တစ်နေရာကပ်ပြီး လက်ပိုက်ပြီး ကြည့်နေရတဲ့အခိုက်အတန့်တစ်ခု ဘဝမှာ ဒီလိုဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မယူဆခဲ့ဖူးဘူး ။


အကြောင်းတစ်ခုခုကြောင့် စိတ်အားငယ်စရာ ရှိတဲ့အခါ ဒီအပင်လေးကိုကြည့်ပြီး စိတ်ခွန်အားဖြည့်နိုင်တယ်။


ဒီအပင်လေးတွေက မြေမရှိလည်း ရှင်သန်နိုင်တယ်။

နေရောင်ခြည်ကောင်းကောင်း မရလည်း ရှင်သန်နိုင်တယ်။

ကိုယ့်ကို ဂရုတစိုက် ရေလောင်းမယ်သူ မရှိရင်တောင် စိမ်းလန်းနိုင်စွမ်းရှိတယ်။


မနှစ်က မြန်မာနိုင်ငံကို (၄၅) ရက်လောက်ပြန်သွားတဲ့အခါ ဒီအပင်လေးတွေကို ရေဖန်ခွက်ထဲထည့်ပြီး အခန်းထဲ ပစ်ထားခဲ့ရတယ်။

ဒါပေမယ့် ကိုယ်ပြန်လာတဲ့အချိန်ထိ ရှင်သန်စိမ်းလန်းနေတာပါပဲ။


No comments:

Post a Comment