သူများရေးတဲ့ ပြဇာတ်တွေထဲ လိုက်ကခဲ့ရတဲ့ ဘဝတွေထဲ နေသားလုပါပဲ
အလူးအလဲ ပေးခဲ့ကြတဲ့ဒုက္ခတွေ သောကတွေအတွက် တစ်ခါတစ်လေ ကျေးဇူးတင်ပေးရအုံးမယ်တဲ့ဗျာ ။
ဪ လောကဇာတ်ခုံပေါ် ပြောကြတဲ့ဟာသလေးတွေက ရယ်စရာကောင်းပေမယ့် ပျော်စရာတွေက ဗလာနိတ္ထိအဆင့်ပါပဲ ။
အတိတ်ရော အနာဂတ်ပါ ငါမပိုင်ခဲ့ရသော်လည်း ပစ္စုပ္ပန်တည်တည့်ကိုတော့ ရနိူင်ကောင်း ရနိူင်ပါရဲ့
သို့သော်လည်း တည့်လွဲကလေးတွေနဲ့ အကြိမ်ကြိမ်လွဲချော်ခဲ့ရတာပါပဲ ။
ကောင်းကင်ယံမှာ လေယာဉ်ပျံတွေ ပျံကာဝဲလို့ ခေါက်တို့ခေါက်ပြန် တက်လိုက်ဆင်းလိုက်နဲ့ပါပဲ ၊
ချစ်တစ်ခါ မုန်းတစ်လှည့်နဲ့ စွန့်ပစ်သွားကြတဲ့သူတွေ စွန့်လွှတ်ကြသူတွေကလည်း ငါ့အနားကနေ ဝင်လိုက်ထွက်လိုက်နဲ့ တစ်ခါတစ်ရံ ရောက်ယက်တွေ ဘာေတွ ခတ်လို့ကြည်ပဲ ။
ပျော်စရာအချိန်ဆိုတာ ငါတို့အတွက် ရှားပါးဇိမ်ခံပစ္စည်းထဲက တစ်မျိုးမျိုးဖြစ်မယ်ထင်တာပဲ ။
တခါပျော်ရဖို့အတွက် ပေးလိုက်ရတဲ့ ပေးဆပ်မှုတွေက ဘဝနဲ့ရင်းပြီး လဲလှယ်မှာ ရတဲ့အရာဆိုတော့ ဘဝရဲ့ အစိတ်အပိုင်းတွေထဲမှာ အနည်းအကျဉ်းလေးပဲ ရှိနေတတ်တယ် ဒါတွေကလည်း လူမှန်းမသိခင်က ရလိုက်ခဲ့တဲ့ အရာထဲက ခပ်သေးသေးပါပဲ ဘာမှ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ရှိမနေပါဘူး ။
လူတန်းစေ့ခြင်း လူလားမြှောက်ခြင်းဆိုတာ ငါနဲ့မသက်ဆိုင်သော သူတပါးပိုင်ဆိုင်သော ပိုင်ဆိုင်မှုတွေလား မသိဘူးနော် ။
တစ်ခါတစ်ခါတော့ တွေးမိတယ် ဘာမှ ဖြစ်မလာတဲ့ ဘဝထဲမှာ ဘာမှ မဖြစ်ချင်တော့တာ အထူးအဆန်းတော့ မဟုတ်ဘူးဆိုတာ သဘောပေါက်လက်ခံလာတယ် ။
လက်လှမ်းမမှီတာတွေနဲ့ လှည့်ကွက်တွေမြှောက်များစွာဲ့ လောကအလယ် လက်ဗလာသည်တွေအတွက်တော့ မျက်စိပျက် မျက်နှာပျက်နဲ့ စိတ်အားငယ်နေမှာတော့ အမှန်ပဲ မဟုတ်လား ။
မိုးလင်းကနေ မိုးထျုပ်တဲ့အထိ စိတ်ဒဏ်ရာတွေ အပြည့်နဲ့ လူတစ်ယောက်က စိတ်ကောင်းစိတ်မွန်နဲ့ အကျင့်ကောင်းအမြင်ကောင်းတွေ ဖြစ်ပေါ်မလာနိူင်တာတော့ အားလုံးသိပြီးဖြစ်မှာပါ ကျနော်က ဘာကိုများအတွန့်တက်ပြီး ကြီးကြီးကျယ်ကျယ်မျှော်မှန်းပြီး ဘာတွေပဲ မျှော်လင့်လို့ ရနိူင်ပါ့မလဲ တွေးကြည့်
ကြပါ ။

No comments:
Post a Comment