တောင်းပန်ပါတယ်
။
အငုံစိတ်လေးနဲ့ဆိုရင် အခမဲ့လာရောက် ငုံ နိူင်ပါတယ် ၊
နင်ရဲ့နွေးထွေးမှုတွေကို ငါခံစားမိပါတယ် ။
စိတ်ခံစားချက် အသေတွေကို အသက်ဆက်လိုသူတစ်ယောက်ထက် ပင်ပန်းမှု ရှိနိူင်ပါအုံးမလား၊
နီးစပ်ဖို့ မကြိုးစားတာပဲ ကောင်းပါတယ် ငါ့အကျင့် ငါစရိုက်က နင်နဲ့တော့ လိုက်ဖက်မယ်မထင်ဘူး ။
အပြုံးချိုချိုတွေက ငါရဲ့ပူလောင်မှုတေွကြောင့် အနေနီးရင် အရည်ပျော်စေနိူင်တယ် ၊
သောကတွေနဲ့ နေသားကျနေတဲ့ ငါကတော့ ဝဋ်ကြွေးတွေ အကျေဆပ်ချင်တာပဲ မိရှင်နွေ
ငါဘာကြောင့်ချစ်မိတာလည်း ငါလည်း မပြောတတ်ဘူး ။
အနေနီးလို့ပဲ နင့်ရဲ့ အမူအရာတွေနဲ့ ငါ့အေပါ် ဆက်ဆံပုံတွေကြောင့်လား တစ်ခုခုတော့ ဖြစ်လိမ့်မယ် ထင်ပါတယ် ။ ဖြစ်နိူင်ရင် ဒီထက် ပိုနီးချင်တယ် ။
လောဘတွေ လောဘတွေ လူကို တကယ်ဒုက္ခပေစတဲ့ လောဘတွေ ၊ တခါတခါ အဲ့ဒီလောဘစိတ်တွေကို လူကို ကောင်းကောင်းကြီး ဒုက္ခပေးနေတတ်တယ် ။
အရူးတစ်ယောက်တွေ စိတ်တွေက ရောက်ယက်ခတ်နေပြီး တည်ငြိမ်မှုမရှိ လောကကို အရှုံးပေးရတော့မယ့် လောဘတွေက ဘဝကို ရိုက်ခတ်တယ် ။
ဘာတွေ ဆက်ဖြစ်မယ် ဘယ်လိုဆက်နေရမယ် ဆိုတာတွေ ခေါင်းထဲဝင်လာရင် စိတ်ဓာတ်ကျမှုတွေ စိတ်ပျက်အားငယ်မှုတွေနဲ့ မရေမရာ အနာဂတ်ကို ပြုံးပြုံးကြီး ရင်မဆိုင်ရဲတဲ့ သရဲဘောင်ကြောင် ငါစိတ်ဆန္ဒတွေကို မုန်းမိတယ် ။
ဘယ်သူမှ မသိတဲ့ သောကတွေ တနင့်တပိုးနဲ့ မနိူင်မနင်းဖြစ်နေပြီး ခြေလှမ်းတွေသည်လည်း ဖရိုဖရဲနိူင်လှလွန်းပါတယ် ။
နိူင်ငံကျော် စိတ်ကူးအိမ်မက်တွေနဲ့ လမ်းဘေးရောက်နေတဲ့ အခြေခံလူတန်းစားလေး
ကမ္ဘာကို နှိုင်းယှဉ်ထားတဲ့ ရည်မှန်းချက်တွေနဲ့ ပျောက်ဆုံးနေတဲ့ ဘဝသည်လည်း ရင်မောစရာ ။
မရေရာမသေချာမှုတွေနဲ့ ဆင်းရဲတွင်းနက်နေသူတစ်ယောက်အဖို့ စကားသည်လည်း မအောင်ရာ
အကြောင်းအကျိုး စီလျှော်ရင်တောင် တန်ဖိုးမဲ့တဲ့ စကားတွေကို တွင်တွင်ကျယ်ကျယ် ပြောကြရင် စိတ်ဓာတ်တွေ ကျပါတယ် ။
အချိန်တန်ရင် နေရာဟောင်းမှာပဲ ပြောခဲ့တဲ့စကားတွေ မှန်လားမှားလား ဝေဖန်ပိုင်းခြားရင်း အရာရာ အငြင်းပယ်ခြင်းတွေနဲ့ ခဏခဏ တွေ့မြင်နေခြင်း။
မနှိုင်းယှဉ်ကြပါနဲ့ အရာရာ အားငယ်ရသူမလို့ ယှဉ်ပြိုင်အနိူင်ယူဖို့မပြောနဲ့ ဘဝရှင်သန်ရပ်တည်ရေးတောင် မနည်း မည်းတင်းနေရသူကိုတော့ လာလာ
မခိုင်းနှိုင်းကြပါနဲ့ ။

No comments:
Post a Comment