Sunday, 6 April 2025

 လူကသာ အမေ့ဆီမှာ ရှိနေတာ စိတ်ထဲမှာတော့ လိုချင်တာတွေ တက်မက်တာတွေနဲ့ လူက အတော်ပူလောင်ပါတယ် ။ 

စိတ်အလိုမကျတာတွေ စိတ်မကြည်လင်တာတွေနဲ့ စိတ်မရွှင်မလန်းပါပဲ .....

တစ်ယောက်ယောက်ကိုပဲ လိုချင်နေတာလိုလိုနဲ့ တကယ်ပိုင်ဆိုင်ရမယ်ဆိုရင်လည်း မလိုချင်ပြန်တော့ဘူး ၊ လိုအပ်နေတာတော့အမှန်ပါပဲ လိင်မှုကိစ္စကအစ ဘဝလက်တွဲဖော်အဖြစ်ပါ လိုချင်မိတယ် ၊ ဒါပေမယ့်လည်း လိင်မှုကိစ္စတွေမှာ ခင်များကို ဘယ်လိုမှမခံစားတတ်ဘူး ၊ လိင်မှုကိစ္စကို ခံစားတတ်တဲ့ သူတွေကိုကျပြန်တော့လည်း ဘယ်ကိစ္စကိုမှ မနှစ်စက်ပြန်ဘူး ခက်တာပဲ မိခက်ခက်ရယ် ။


နင်လည်းငါကို အားလုံးနှစ်သက်မယ်မထင်ပါဘူး 

ဒါပေမယ့်လည်း နင်က ပိုင်ဆိုင်ရဲတဲ့သတ္တိရှိတယ် ရင်ဆိုင်ရဲတဲ့ သတ္တိတွေ အများကြီးရှိတယ် ၊ ငါကတော့ နင့်လိုမဟုတ် မဝံ့မရဲအဖြစ်နဲ့ စိတ်ပျက်စရာပါပဲ ။


ငါသာ မပိုင်ချင်တာ ဆိုင်ချင်တာတွေတော့ ရှိပါသေးတယ် ၊ 

နောက်ပြီးတော့ 

ငါက တကယ်သောက်သုံးမကျတဲ့အကောင် ၊ 

ဘာမှသိတာလည်း မရှိဘူး 

ဘာမှရှိတာလဲ မဟုတ်ဘူး 

ဘာမှလုပ်ချင်စိတ်မရှိဘူး 

ကြိုးစားအားထုတ်မှု ဘယ်လိုနေရာမှ မရှိသလို 

ဘယ်လိုစိတ်ခံစားချက်မှ ပြင်းပြင်းထန်ထန်ရှိတာမျိုး မရှိဘူး မရှိဘူး ။

ဒါပေမယ့်လည်း နင့်ကို တခြားတစ်ယောက်နဲ့ မြင်ရတာမျိုးကိုတော့ ငါမဖြစ်ချင်ဘူး ၊ ငါကလည်း တကယ်ခက်တယ်ဟာ ၊ 

ဘာမှ ဖြစ်ဖြစ်မြှောက်မြှောက်သာ မစွမ်းဆောင်နိူင်တာ တချို့မျှော်လင့်ချက် သေးသေးလေးတွေကျပြန်တော့လည်း မျှော်လင့်ချက်အသေတွေနဲ့ ရှင်သန်နေတတ်တာမျိုးဟ 

အဲ့ဒီမျှော်လင့်ချက်ဆိုတာကလည်း စူလလိပ်လေး ရေထဲလွှင့်လိုက်သလိုဆိုပေမယ့်လည်း ငါက ငါဆီပြန်လာလိမ့်မယ် ထင်နေတုန်း ၊ ဘုရားမှာ ငါလွှင့်လိုက်တဲ့ ငှက်ကလေးတွေ ငါဆီပြန်လာမယ် ထင်နေတုန်း ၊ 

တကယ်လို့ ပြန်လာရင်တောင် မိအောင်ဖမ်းမှ ဖမ်းနိူင်ပါ့မလား တွေးစရာဆိုပေမယ့်လည ငါမျှော်လင့်နေသေးတယ် ငါအိမ်မက်တွေ မက်နေသေးသေးတယ် ။ 


မျှော်မှန်းနိူင်စွမ်းတော့ မရှိပါဘူး 

သို့ပေမယ့်လည်း ငါကတော့ မျှော်လင့်လို့ ရနေသေးသ၍ မျှော်နေလိမ့်အုံးမယ် ထင်ပါရဲ့ကွာ .....

No comments:

Post a Comment