Sunday, 6 April 2025

 ဒီလောက လူ့ဘောင်ထဲမှာ ရှက်စရာအကောင်းဆုံးအရာက ဆင်းရဲခြင်းပဲ ၊ ဒါကို ဆင်းရဲတဲ့လူတွေက မသိကြဘူး ။

ဆင်းရဲရင် လူရာမဝင်ဘူး 

ဆင်းရဲရင် ဘောင်မဝင်ဘူး 

နှုတ်ထွက်စကားခြင်းတူရင်တောင် ဆင်းရဲ‌တဲ့ကောင်ပြောလာခဲ့ရင် အလကားပဲ ဟာသသက်သက် ရယ်စရာသက်သက်ပဲ ဖြစ်တယ် ။


ဘယ်လိုနည်းနဲ့ပဲ ချမ်းသာလာပါစေ 

ချမ်သာတဲ့လူတွေက ပိုပြီး မျက်နှာပွင့်တယ် 

မပြည့်တဲ့ရေအိုးကိုသာ ဘယ်သူမှ မဖြည့်ချင်ကြတာ ပြည့်ပြီးသား အိုးတွေကိုတော့ ရေလာလောင်းမယ့် လူတွေက အများကြီးပဲ ။

အကျင့်ကောင်းခြင်းတွေ ရိုးသားဖြုစင်ခြင်းတွေ 

ဉာဏ်ကောင်းခြင်းတွေ လူမှုရေးကိစ္စတွေမှာ ငွေမရှိရင် အလိုလိုအားနည်းလှော့နည်းလာတတ်ကြစမြဲပါပဲ ။


ငွေမရှိရင် မျက်နှာငယ်ရတယ် မေတ္တာရှိချင်ယောင်ဆောင်ပြီး အမှိုက်ပုံလိုသဘောထားလာမယ် 

အောက်ကျနောက်ကျအလုပ်တွေနဲ့ အခိုင်းခံဘဝကြီးထဲကို ဆွဲခေါ်ကြလိမ့်မယ် ။ အဲ့ဒီအသုံးချခံဘဝထဲကို ဝင်မလာသူတွေက အသုံးမကျသူတွေအဖြစ် ဝိုင်းလှောင်ကြလိမ့်မယ် ၊ တချို့တွေကျ‌ပြန်တော့လည်း အသုံးချခံဖြစ်နေရတာကိုပဲ ဂုဏ်ယူနေကြတာတွေ ရှိတယ် ၊ အဲ့ဒီဘဝကြီးကိုပဲ လူရာဝင်တယ်လို့ ထင်နေကြပြီး အတင်းတိုးဝင်ကြတာမျိုးတွေရှိတယ် ။ 

အဲ့လူတွေက လူရာဝင်တာမဟုတ်ပဲ လူရာဝင်ဖို့ အတင်းလုပ်ယူနေကြတာလို့ပဲ မြင်မိတယ် ။ 


တကယ်တော့ ဘာမှ မရှိတဲ့ ဘဝတစ်ခုဟာ ဘာမှ မရှိပါဘူး ၊ အကျင့်သိက္ခာလည်း မရှိဘူး ၊ ကိုယ်ကျင့်တရားလည်း မရှိဘူး ၊ ဂုဏ်သိက္ခာလည်း မရှိဘူး ၊ ပညာလည်း မရှိဘူး ၊ ဉာဏ်လည်း မရှိဘူး ၊ တချို့သောအနည်းအကျဉ်းကတော့ ဘဝရှိနေသေးတယ် ဖြစ်တည်မှုရှိနေသေးတယ် သေးသေးပဲဖြစ်ဖြစ် နည်းနည်းပဲဖြစ်ဖြစ်ပေါ့ ။ 

သို့ပေမယ့်လည်း အများစုကတော့ ဘာမှကို ရှိမနေတော့တာပါပဲ ၊ 

No comments:

Post a Comment