Friday, 4 April 2025

 မပြည့်ဆုံး မွဲတောခြင်းတွေက ဘဝရဲ့အကြီးမားဆုံး အခက်အခဲတွေပဲ ။

ပြည့်ကြွယ်ဝအောင် မဆောင်ရွက်လို ချမ်းသာရေးကျန်းမာရေးနည်းလမ်းတွေကလည်း ငါတို့လို ငါမွဲတွေအတွက် လမ်းစလမ်းန မရှိနိူင်ပါ ။

ပျော်ရွှင်ခြင်း‌‌ ကျေနပ်ခြင်းဆိုတာ ချမ်းသာကြွယ်ဝမှု‌နဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေမှာ အခြေတည်နေတယ်ဆိုတာ ဆင်းရဲသားကျောမွဲတိုင်း မသိကြဘူး ။

ငွေးကြေးကဏ္ဍတွေမှာ အားနည်းသွားရင် အဘက်ဘက်မှာ ချွတ်ခြုံကျတော့တာပဲ ၊ လူမှုရေး ကျန်းမာရေး နဲ့ဘဝရှင်သန်ရပ်တည်မှုတွေမှာပါ စိတ်ပျက်လက်ပျက် အဖြစ်နဲ့ နေထိုင်ကြရတာ စိတ်ပျက်စရာအလွန်ကောင်းပါတယ် ။ 

လူဆိုတာ လူလိုနေရမယ် လူလိုကျင့်ရမယ် လူလို ရှင်သန်အသက်ရှင်ကြရမယ် မဟုတ်လား 

အခုဟာက တိရစ္ဆာန်တွေရဲ့ အဖြစ်နဲ့ သိပ်မခြားလှဘူး ဆိုပေမယ့် တချို့နေရာ တချို့ကဏ္ဍတွေမှာ တိရစ္ဆာန်ထက် ပိုမိုဆိုးရွားတဲ့ အကြောင်းအခြင်းအရာတွေ မြှောက်များစွာကို လူသားတွေ ခံစားကြရတယ် ။ 

အိပ်စားကာမ လောက်ကိုတောင် လူသားဆန်စွာ မခံစားကြရတဲ့လူတွေလည်း အများကြီးပါပဲ ။ 

အိပ်စားကာမကိုသာ သိကြ နားလည်ကြပြီး ဘာကိုမသိ ဘာကိုမှ စိတ်ပါဝင်စားမှုမရှိတဲ့ လူတိရစ္ဆာန်တွေက အများသားပဲ ။

ဒီပတ်ဝန်းကျင် ဒီအဝန်းအဝိုင်း ဒီနေရာ ဒီအချိန်တွေမှာ မြင်ရတွေ့ရ ကြုံရတာတွေသည်က အမှန်တကယ် စိတ်ပျက်စရာ ပကတိတရား‌တွေပဲ ။ 

သက်ပ့င်းတွေကသာ ဘဝရဲ့အကောင်းဆုံးအဖော်မွန်သာဆိုရင် ကျနော်တို့က ဘာအတွက်ကြောင့် အစင်ရှင်နေကြရမှာလဲ ။

ဒါပေမယ့်လည်း သေရမှာကို ကြောက်လန့်နေရသေးတယ် ၊ သေခြင်းတရားနဲ့ ထိပ်တိုက်ရင်ဆိုင်လာရရင် တုန်လှုပ်ချောက်ခြားနေရတာတွေ သေဘေးကို ပြေးမတွေ့ရဲသေးတဲ့ ဘဝကိုလည်း နားမလည်နိူင်သေးဘူး ။

ဘာကိုမှ ခင်တွယ်ဖက်တွယ်စရာ သံယောဇဉ်တွေကလည်း ရှိမနေ ၊ ဘာကိုမှလည်း လောက်လောက်လားလား ပြစရာစိတ်အားထက်သန်မှုကလည်း မရှိ ၊ ဘယ်အရာကိုမှ တွယ်ညှိဖက်တွယ်စရာမရှိပါပဲ အသက်ရှင်မှုသည် ဘာမှ အဓိပ္ပါယ်မရှိသော်လည်း ရှင်သန်ခြင်းတွေကနေ ရုန်းမထွက်နိူင်သေး ၊ ကြောက်လန့်ခြင်းတွေကနေ ပြေးမထွက်နိူင်တဲ့ စိတ်ဒဏ်ရာတွေကလည်း ဘဝရဲ့နာကျင်မှု‌တွေပါပဲ ။ 

အတိတ်မှာလည်း ဘာမှ မယ်မယ်ရရ ချပြစရာမရှိ 

အနာဂတ်မှာလား ရည်ရွယ်မျှော်မှန်းထားတာမျိုး မရှိ

ပစ္စုပ္ပန်မှာလ ည်း သိမှု မသိမှုမရှိ အဓိပ္ပါယ် သတ်မှတ်ချက်မရှိ အချိန်ကုန်တာသက်သက် ရှိပါတယ် ။

ဘဝသည်က အချိန်ဖြုန်းခြင်း‌ေတွကို ဆိုလိုတာလား မပြောတတ်တော့ပါဘူး ။

စိတ်ထင်ရာတွေ ပြောနေပေမယ့် စိတ်ဒဏ်ရာတွေကိုတော့ တတ်နိူင်သလောက် ဥပေက္ခာပြုထားပါတယ် ။



လူလားမြှောက်စွာ မမွေးဖွားခဲ့ရင် လူတန်းစေ့နေထိုင်တတ်ဖို့ဆိုတာ မဖြစ်နိူင်သေးပါဘူး ။ 

လူတန်းစေ့ခြင်း ဆိုတာကလည်း လူသားဆန်စွာ မနေထိုင်တတ်ရင် အလကားပဲ မဟုတ်ပါလား ၊ လောကတန်ဖိုး ပတ်ဝန်းကျင်တန်ဖိုးဆိုတာသည်က ကျေးဇူးသိတတ်ခြင်း‌အပေါ်မှာ အခြေတည်တာဖြစ်ပြီး ကေးဇူးတရားဆိုတာကလည်း ပြည့်စုံခြင်း မပြည်ြစုံခြင်း နောပီ့း အားကိုးအားထား ဘယ်လောက်အတိုင်းအတာထိ ပြုနိူင်သလဲ ဆိုတဲ့အပေါ်မှာသာ ဖြစ်တည်တာဖြစ်ပြီး ဘဝအခြေမခိုင်သူတွေအဖို့တော့ အားကိုးလို့မရရင်တောင် အားထားရတာနဲ့တင် ကျေနပ်နှစ်ခိုက်နေရသူတွေရယ် အားကိုးအားထားလို့ မရရင်တောင် အားကိုးအားထားရနိူင်တဲ့ဘဝတွေကိုပဲ အလေးထားတတ်ကြပြီး အသိအမှတ်ပြု အလုပ်အကျွေးပြုတတ်ကြတာ လူထုံးဆန်ဆျုတာကြီးက တကယ်အစဉ်မပြေလှဘူး ။

အမှန်တကယ်လိုအပ်နေသူတွေကို မဖြည့်စီးတတ်ကြပေမယ့် ပြည့်စုံပြီးသားလူတွေ ပုဂ္ဂိုလ်တွေကိုသာ မပြည့်စုံကြသူတွေက အလုပ်အကျွေးပြု အလေးထားဆက်ဆံကြတာ တကယ် သိသာလှတယ် ။ 

ထားပါ အများကြီး မပြောလိုတော့ပါဘူး ဘဝနဲ့ လူတွေနဲ့ပတ်သတ်ပြီး အဆိုးမြင်တတ်တဲ့ အသိ‌ေတွနဲ့ အတွေးတွေက ညစ်နွန်းနေလျှက်ပါပဲ ။ 

အဆိုးမြင်တတ်ပဲ အပြစ်မမြင်ကြနဲ့ပေါ့ ငါ့တို့ဘဝတွေက အကောင်းတွေထက် အဆိုးတွေကိုသာ အများကြုံရ ခံစားကြရပြီး နေထိုင်ရှင်သန်ခဲ့ရတာ မဟုတ်လား ။

ကောင်းမွန်စွာ ရှင်သန်ခြင်းနဲ့ ကောင်းမွန်သော ဆက်ဆံရေးတွေက ငါတို့ဘဝ ငါတို့ပတ်ဝန်းကျင်မှာ မကြုံစဖူး တခါနှစ်ခါဆိုတာထက် ဘယ်မှာများ ကြုံတွေ့ခဲ့ကြရလို့လဲ စဉ်းစားကြည့်ပေါ့ ။

အသုံးချဖို့သက်သက် ၊ အသုံချခံသက်သင် ဘဝတွေက ဘယ်လောက်သာယာနာပျော်ဖွယ်ကောင်းနိူင်မှာ မလို့လဲ ၊ အသုံးချနေကြရင်တောင် ဂုတ်ယူနေတတ်ကြတဲ့ လူမှုပတ်ဝန်းကျင်မှာ ကျနော်တို့က ဘယ်လိုအရာတွေကိုများ လောက်လောက်လားလား မျှော်လင့်လို့ရနိူင်မှာလဲ မေးခွန်းတွေ အများကြီးနဲ့ ဖြေပေးနိူင်တဲ့ လူတွေကတော့ နူတ်ဆိတ်နေကြဆဲပါပဲ ။ 

ဒီလိုအရာတွေက

ဂုဏ်ရှင်ကြေးရှင်တွေ မပြောတာ အပြစ်မဟုတ်ကြပေမယ့် အဲ့ဒီဂုဏ်ရှင်ကြေးရှင်တွေရဲ့ အသုံးချခံတွေကတောင်ပြောရကောင်းမှန်းမသိ နာရကောင်စမမှန်းမသိ သာယာနေကြတာ တကယ် ဆိုးဆိုးဝါးဝါးပါပဲ ။ 

လောကကြီးကတော့ ဒီလိုနဲ့ပဲ ရာစုနှစ်အဆက်ဆက် ဖြတ်သန်းလာကြတာ ကြာခဲ့လို့ထင်ပါရဲ့ ၊ အမှောင်ဖုံးတဲ့အသိ တွေနဲ့ နားလည်မှုဆိုတာ

ကလည်း ဗလာနိတ္ထိပါပဲ ။ 






No comments:

Post a Comment