နှစ်နှစ်နဲ့ခြောက်လ တင်းတင်းပြည့်ခဲ့ပြီ
တနည်းပြောရရင် နှစ်နှစ်ခွဲပြီပေါ့ဗျာ
လောကဓံအလှည့်အပြောင်းတွေ ကြီးမားလိုက်တာဗျာ
ထင်မထားတာတွေရော ထင်ထားတာတွေကိုပါ
တချိန်တည်း တပြိုင်နက်ထဲ
ဘဝကြီးရဲ့ နေရာအတော်များများထဲကို
ဝင်လာလိုက်တာတွေရော ထွက်သွားခဲ့တာတွေရော
တကယ်အများကြီး အများအပြားရှိခဲ့တယ် အများကြီးပါပဲ ...
ပေးဆပ်လိုက်ရတာတွေရယ်
စွန့်လွှတ်ခဲ့ရတာတွေရယ်
မလိုချင်ပါပဲ ရရှိခဲ့တာတွေကော
လိုချင်ပါလျှက်နဲ့ မရလိုက်ရတာတွေရောပေါ့
သံသရာတစ်ကွေ့ ဘဝတစ်ကွေ့မှာ တွေ့ရကြုံရစုံရတာတွေသည်လည်း
အမှတ်တရဖြစ်နေမယ့် အမှတ်ရစရာတွေ မေ့ပစ်လို့မရနိူင်တာတွေ လည်း အများကြီး ကြုံခဲ့ရပြီးပါပြီ ။
ကမ္ဘာလောကကြီးကို မြို့ပြပဲ ပြောပြော တောနက်ကြီးလို့ပဲ ပြောပြော
သားကောင်တွေပဲ ဖြစ်ဖြစ် မုဆိုးတွေပဲ ဖြစ်ဖြစ်
ဖြစ်လိုက်ပျက်လိုက်နဲ့ ချစ်လိုက်မုန်းလိုက်ပါပဲ ။
တခါတခါတော့လည်း ပစ်လိုက်ခတ်လိုက်ကြတာ သေကြကြေကြနဲ့ အလဲလဲအကွဲကွဲဆိုလည်း မမှားပါဘူး ။
တချို့တွေလည်း အပူသည်တွေကြားထဲမှာ ပျော်လိုက်ရွှင်လိုက်နဲ့ပေါ့ ....
လူလည်ပန်ကာတွေကတော့ ဒီကမ္ဘာေလာကမှာ လည်ပတ်ဆဲ ကျင်လည်ကြဆဲပါပဲ
လောကကြီးမှာ ကျင်လည်တတ်ဖို့အတွက် လူရည်လည်တွေကလည်း အများသား ရှိပြီးသားပဲနော် ။
အဲ့ဒီအထဲ ကျနော်တို့မပါခဲ့တာတော့ ဝမ်းနည်းစရာပေါ့ ။
အဲ့ထက် ဝမ်းနည်းဖို့ကောင်းတာတွေလည်း ရှိမယ်မထင်ပါဘူး ။
ကိုယ်အပူမလို့ ဒီလောက်ထိပူလောင်တာလား မပြောတတ်ပါဘူး ။
ဒါပဲဗျာ အများကြီး မပြောတော့ပါဘူး ....
အပြောတွေများရင် အပျော်တွေနည်းတတ်တာပဲ မဟုတ်လား
ဒါပေမယ့်
ကျနော်တို့ဘဝသည်လည်း ပျော်စရာတွေ နည်းပါးသွားတာ ကြာခဲ့ပါပြီ ၊ နာကျင်စရာတွေ မကျေမနပ်ဖြစ်ခဲ့တာတွေနဲ့ ကြုံရပါများလာတော့ ဘဝသည်ပဲ ကျေနပ်စရာကောင်းမလာတော့သလိုပါပဲ ။
ထားပါ ....မပြောချင်တော့ပါဘူး ။
ကျနော်လည်း တဖြေးဖြေး အပြောတွေလျှော့ပြီး
အပျော်တွေပြောတတ်ဖို့ အများကြီး သင်ယူရပါအုံးမယ် ။
ကျနော်တို့ရဲ့
ကျေးဇူးရှင်အားလုံးကို
ကျေးဇူးအများကြီး တင်ပါတယ်ဗျာ
အစစအရာရာအားလုံးအတွက်ပေါ့
အဓိပတိကမ္မ
210125/936pm

No comments:
Post a Comment