ဘယ်သူနဲ့မှ ဖုန်းခေါ်လိုတဲ့ဆန္ဒမရှိဘူး
စကားတွေ အများကြီး မပြောချင်တော့ဘူး အရေမရ အဖတ်မရ အာလ္လဘ သလ္လာဘတွေကိုပေါ့
ရင်ထဲရှိထဲစကားတွေကို မျို့သိပ်ရတာတွေ များလာတော့ အပြင်ကို ထွက်မလာတော့သလိုပါပဲ
ဘယ်လိုအတွေးက လွဲချော်နေလဲ မသိပါဘူး
ကိုယ်ဖြစ်ချင်တာတွေ ကိုယ်ကြာချင်တာတွေ ကိုယ်ပြောချက်တာတွေအစပေါ့ အဆုံးမရှိတဲ့ အတွေးတွေနဲ့ ငေးငေးငိုင်ငိုင်ပါပဲ
ပညာရေးလည်း မပြည့်စုံ
ဥစ္စာဓနသည်လည်း မပြည့်စုံ
ဘဝသည်လည်း မလုံခြုံနဲ့ မျှော့်လင့်ခြင်း ငြိမ်းချမ်းရေးဆိုသည်ကလည်း ဘယ်ဆီဘယ်ဝယ်မှာမှန်း မသိသေးတဲ့ အလင်းရောင်လေးလိုပါပဲ ။
ဝေးကွာသွားစေနိူင်တဲ့ လမ်းကိုမှ ခုံမင်နေရတာ ဘာကြောင့်လဲ
ငိုသံတွေ ပျောက်စေနိူင်တဲ့ ဆေးတွေရှိရင် ပေးပါ
ရယ်သံတွေ ပျောက်စေနိူင်တဲ့ ဆေးဝါးတွေ ရှိရင် ပေးသနားကြပါ ၊
ယမ်းငွေ့တွေထဲ ကြီးပြင်းလာခဲ့ရတဲ့ မီးလျှံထက်က ငွေကြယ်ပွင့်သည်လည်း မီးခိုးငွေ့တွေကြားထဲမှာ မလင်းလက်နိူင်သေးပါ ။
အောက်ကျနောက်ကျဘဝနဲ့လည်း ဘဝကို အဆုံးမသတ်ချင်ပါ ၊ စစ်မက်ရဲ့သားကောင်ဘဝကနေ စစ်ဘုရင်ကိုမှ အားကျအတုယူလိုတာ ငါ့ရဲ့ စိတ်ဆန္ဒတစ်ခုဆိုတာထက် ပိုခဲ့ပါတယ် ။
နာကျင်စရာအပြည့် ရင်နာစရာ အပြည့်နဲ့ ဘဝသည်
သာယာမှု ကြည်နူးမှုဆိုသည်မှာလည်း ဘဝရဲ့အတွင်းနက်နက်ထဲထိ ရောက်မလာခဲ့တာ အသေအချာပဲလေ ။
ကြာခဲ့ပါပြီ အချိန်တွေ သိပ်ကို ကြာခဲ့ပြီနော်
ဘဝရဲ့ပျော်ရွှင်ခြင်း စိတ်ရဲ့ကြည်နူးခြင်းတွေကုန မခံစားရတာ ကြ
ာမြင့်ခဲ့ပါပြီ ။

No comments:
Post a Comment