Thursday, 26 December 2024

 မချစ်သင့်ဘူးဆိုတာ သိသော်လည်း တခါတခါကျပြန်တော့လည်း ရူးလောက်အောင် ချစ်မိနေတတ်တာမျိုး 


သူပြန်မချစ်နိူင်ပါဘူး ငါသိနေပြီးသားပါ 

သို့သော် အချစ်စိတ်သည် တာဆီးလို့မှ မရတာ ။


လရောင်နဲ့ ခွေးသားအမိသာ ရှိတဲ့ လမ်းပေါ်မှာ 

ငါတစ်ယောက်တည်း ငေးငေးငိုင်ငိုင် နဲ့ တလွမ်းလွမ်း 

တဆွေးဆွေးပါပဲ 


ကဗျာရူးရူး စာရူးရူး နိူင်ငံရေးနစ်ကြောင် 

ဘာသာမဲ့တစ်ယောက်ရဲ့ ခံစားမှုကို ဘယ်လိုလူက 

လက်ခံမှာလဲ ။


တားမရ စီးမရတဲ့ ခံစားမှုအသေတွေကို ထွေးပွေ့ရင်း 

အတိတ်ကိုလည်း မမေ့နိူင် အနာဂတ်ကိုလည်း မလှမ်းလျှောက်နိူင်တဲ့ အဖြစ်နဲ့လူ


ဘာပိုင်ဆိုင်မှ မရှိ ဘာအရည်အချင်းမှမရှိ

ဘာအသိုက်အမြိမ်မှမရှိ ဘာပညာမှမရှိတဲ့ ချာတိတ်တကောင်က ခင်များကို လိုချင်နေတာတဲ့ဗျာ 

ဘာတရာမျှတမှုမှမရှိတဲ့ ငါ့စိတ်ခံစားမှုတွေကိုတော့ အားနာပါရဲ့ 


လိင်စိတ်ကလွဲပြီး ဘာစိတ်မရှိတဲ့ ချာတိတ်လေးပါ 

ဒါကိုနင်လည်း သိပြီး ဖြစ်မှာပါ ၊

ငါကတော့ ကြေကွဲခြင်းနဲ့နာကျင်ခြင်းကတော့ အချစ်ကပေးတဲ့ တုန့်ပြန်မှုပဲ ဖြစ်မှာပါ ။


နင့်ကို

ငါပြန်ပေးနိူင်တာဆိုလို့ လိင်မှုကိစ္စပဲရှိတယ် 

ဒါသည်လည်း နင့်အတွက် လုံလောက်မှု ရှိပါ့မလား 

ငါစိုးရိမ်မိတယ် ။ 




အိမ်မက်ဆိုးတွေ အခုတလော ခဏခဏမက်တယ် 

အိပ်‌မပျော်တာထက်စာရင် အများကြီးသာပါသေးတယ် ။ နင်ရော အိပ်လို့ပျော်ပါရဲ့လား ကျန်းမာရေးအတွက် အားကစားတွေဘာတွေရော လုပ်ဖြစ်ရဲ့လား ၊ နင်ရဲ့ရည်းစားသစ်ကရော ဂရုစိုက်ရဲ့လား အအေးမိရင်ဖျားတတ်တဲ့နင့်အကျင့်နဲ့ အစားများရင် ရင်ပြည့်တတ်တဲ့ နင့်အတွက် အစာကြေဆေးတွေဘာတွေရော ဆောင်ထားသေးရဲ့လား 

ငါကတော့ ဆေးလိပ်တွေ ကော်ဖီမစ်တွေပဲ ပိုပိုသောက်ဖြစ်နေတယ် ၊ အရက်ကတော့ မူးတဲ့ဒဏ်မခံနိူင်လို့ မသောက်ဖြစ်တာ ကြာပါပြီ ၊ ရာသီဥတုတွေ အေးလာရင်တော့ အရက်သောက်ချင်စိတ်တွေတော့ ခဏခဏဖြစ်တယ် ၊ နင့်ဆီကို ဖုန်းခေါ်ချင်တဲ့ စိတ်တွေရောပေါ့ ။

စိတ်ကူးနဲ့ ရူးခဲ့တဲ့ အိမ်မက်တွေကတော့ စိတ်ကောက်တတ်တဲ့ မင်းနဲ့ဝေးပြီးနောက် တစ်စတစ်စ ပျောက်စပြုလာပါပြီ နင်လည်း ဒီတစ်ခါစိတ်ကောက်တာ အတော်ကြာပြီနော် နှစ်ပေါက်တဲ့အထိစိတ်ကောက်မယ်ဆိုလည်း တစ်နှစ်နှစ်နှစ်လောက်ဆို တော်ရောပေါ့ နင့်ရဲ့ ရယ်ရွှန်းရွှန်းစကားသံတွေလည်း မကြားရတာ တကယ်ကြာပြီ မိရှင်နွေရယ် ။


ငါ့နင့်ကို ချစ်တယ် 

သတိတွေလည်းရတယ် လွမ်းတယ် ရှင်နွေရယ် 

ငါမကြိုက်ပါဘူးဆိုတဲ့ နင့်ရဲ့ချွေးနှံ့လေးတွေကအစ ငါလွမ်းတယ် ။ နင့်ရဲ့မျက်မှန်လေးရော အသစ်လဲလိုက်ပြီလား ၊ တချို့အသေးအဖွဲ့လေးတွေက လွမ်းစရာပိုကောင်းတယ် ။ 

လက်ထဲငွေ မရှိတာလည်း ပါမှာပါ နင့်ကို အဲ့လောက်ထိ လွမါးစရာတော့ မလိုပါဘူး ။ ဟုတ်တယ်မဟုတ်လား ။ 

နင်ပြန်မလာတော့ဘူးလို့ ငါကို ပြောခဲ့ပြီးသား‌ပဲလေ ဒီကောင်ကသာ စိတ်ရူးပေါက်ပြီး လမ်းစုံလမ်းခွတွေမှာ ဓာတ်တိုင်တွေနဲ့အတူထိုင်ရင်း မျှော်လင့်နေမိတာ တကယ်လည်း ရူးတာပဲ ။ ငါလည်း နင်နဲ့ပတ်သတ်လာရင် အခုထိကို ရူးမိုက်နေတုန်းပဲ ။ 

နင့်မေကြီးရော နေကောင်းရဲ့လား 

ငါ့မကောင်းကြောင်းတွေတော့ အရင်ကလောက် ပြောတော့မယ်မထင်ပါဘူး ။

နင်လည်း ကျောင်းပြီးပြီဆိုတော့ အလုပ်တွေလုပ်နေရောပေါ့ နင့်အကြောင်းတွေကိုတော့ ငါဘော်ဒါတွေကတော့ လာမပြောကြတော့ဘူး ။ 

ဝေးသွားတာပဲ ကောင်းပါတယ် 

နင့်အမေပြောသလို ဘာသောက်ဖြစ်မှ မရှိတာ အခုမှ ငါသိတာ ၊ ငါကတကယ် ဘယ်နေရာမှ သောက်သုံးမကျဘူး ၊ ရူးရူးမိုက်မိုက်နဲ့ ချစ်တတ်ဖို့ပဲ သိတာ ၊ ဘယ်လိုပိုင်ဆိုင်အောင်လုပ်ရမလဲဆိုကို နည်းနည်းလေးမှ စဉ်းစားမရဘူး တွေးလည်း မတွေးတတ်ဘူး ။ 

နင်ကိုရော နင်သိပ်ကြိုက်တဲ့ ငွေတွေရောပေါ့ ။

စားဝတ်နေရေး ငွေရှာရေးနဲ့ လိင်မှုရေး‌ရာတွေမှာ ငါကတကယ်အားနည်းပါတယ် ။ 

ငါရဲ့လက်ရှိအခြေအနေကြီးနဲ့တော့ ငါနင်နဲ့ ပြန်မဆုံချင်ဘူး ငါတကယ် ပွင့်ပွင့်လင်းလင်းပြောတာ ရင်နာနာနဲ့ပေါ့ ၊ တကယ်လည်း နင့်အနေအထားနဲ့ ဒီထက်ပိုပြီး အရာရာမြင့်မားတဲ့နေရာတစ်ခုကို ရနိူင်တာ ငါသိနေပြီးသားလေ နင်လည်း အထိုက်အလျှောက်ထိလုပ်ပြခဲ့ပြီးပါပြီ ။ 

ငါတို့ဇာတ်လမ်းတွေလည်း အချိန်တခဏအတွင်းမှာပဲ မေ့မေ့ပျောက်ပျောက်နဲ့ ပြီးသွားခဲ့တာ ကြာပါပြီ ငါက

သာ အစွဲအလမ်းကြီးကြီးနဲ့ မိုက်လုံးကြီးနေသေးတာပါ ။


No comments:

Post a Comment

 မချစ်သင့်ဘူးဆိုတာ သိသော်လည်း တခါတခါကျပြန်တော့လည်း ရူးလောက်အောင် ချစ်မိနေတတ်တာမျိုး  သူပြန်မချစ်နိူင်ပါဘူး ငါသိနေပြီးသားပါ  သို့သော် အချစ်စိ...