တကယ်ဆို အန်ကယ်တို့က အရမ်း
အသက်ကြီးနေကြပါပြီ🧔🏻
အငုံစိတ်ရှိလို့ပဲလား မနာလိုစိတ်တွေကြောင့်ပဲလား မပြောတတ်ပေမာ့် လူတွေ ပျော်နေတာမြင်ရကြားရရင် အလိုလို စိတ်ဓာတ်ကျသလိုလို မပျော်သလိုခံစားနေရတာတော့ အမှန်ပါပဲ ပျော်နေတဲ့လူတွေအပေါ် အဆိုးမြင်မှုမရှိပါပဲ ရင်ထဲ တထင့်ထင့်နဲ့ပါပဲ ။
အမှန်တရားသည် ဘယ်အရာမည်နည်း ရှာဖွေလို့လဲ မတွေ့နိူင်သိလို့ ဖွေရှာတော့လည်း ဝေဝေဝါးဝါးနဲ့ပါပဲ ။
တိုင်းရေးပြည်ရေးတွေ ဘာသာရေး သာသနာရေးေတွ ခေါင်းထဲမှာ ရှိနေတာလို့ပဲ ကိုယ်ကိုကိုယ် ထင်နေတာ အမှန်တကယ်တော့ လိင်စိတ်ကလွဲပြီး တခြားဘာမှ ထွေထွေထူးထူး ထွက်ကျမလာတဲ့ စိတ်ဓာတ်သည်လည်း လဲကျလိုက် ခွေလဲကျလိုက်နဲ့ အလဲလဲ အပြိုပြိုပါပဲ။
အချစ်မရှိ မေတ္တာမရှိ သံယောဇဉ်မရှိ အတိတ်မရှိ အနာဂတ်မရှိ ဆွေမရှိ မျိုးမရှိ ရွှေမရှိ ငွေမရှိ
အတ္တမရှိ အနတ္တမသိ ငရဲမသိ နိဗ္ဗာန်မသိပါပဲနဲ့ ဝဋ်ကြွေးတွေဆပ်နေရသလို ရှင်သန်မှုတွေက တကယ်ပဲ အဓိပ္ပါယ်မဲ့လွန်းပါတယ် ။
ဘဝခရီးသွားတစ်ယောက်လို့သာ ကိုယ်ကိုကိုယ် ထင်နေတာ တကယ်တော့ အကျဉ်းကျနေတဲ့ အကျဉ်းသားတွေလိုပဲ အချိန်ရဲ့ တိုက်စားခြင်း ခံနေရတာ ၊ ပြေးထွက်ချင်သော်လည်း ပြေးထွက်လို့မရတဲ့ လောကကြီးက ပျှော်စရာတော့ မကောင်းတာအမှန်ပဲ ။
ဘာဖြစ်ချင်တာ ဘာလိုချင်တာ ဘာကိုတက်မက်တာလဲ သိဖို့ဆိုတာသည်လည်း ဘာတုန်းက ဘာရခဲ့ဖူးလို့လည်း ဘာတွေ ပိုင်ဆိုင်ခဲ့ရဖူးလဲ ဆိုတာတွေဲ့ အများကြီး သက်ဆိုက်တယ် ။
လက်ဗလာနဲ့ လူတစ်ယောက်အဖို့ ဘာကိုတက်မက်လို့ တက်မက်ရမယ်မှန်းတောင် မသိနိူင်လောက်အောင် ဘဝသည် ဆိုးရွားလွန်းလှပါ၏ ။
မသိခြင်းတွေ ကြီးဆိုးရင်လည်း တိရစ္ဆာန်တစ်ကောင်သာသာ ဖြစ်ရင် သာ၍ကောင်းပါလိမ့်မည် ၊ အခုက လူစိတ်နဲ့ တိရစ္ဆာန်ဘဝဖြစ်နေတဲ့ ကိုယ့်ကိုကိုယ်တောင် နောင်တရမိတယ် ၊ ငါ ဘာကြောင့် လူပီသအောင် ကြိုးစားခဲ့ရတာလဲ ငါ့ကိုယ်ငါ ပြန်မေးရင်း စိတ်ဓာတ်တွေ ကျတယ် ။
စည်းကမ်းတွေ ဘာလို့ လိုက်နာခိုင်းနေတာလဲလို့သာ ခံယူထားတာ ဘယ်အရာပဲ ဖြစ်ဖြစ် စည်းနဲ့ကမ်းနဲ့ ဇယားနဲ့ စနစ်နဲ့သာ တစ်ဘဝစာလုံး အသားကျလာခဲ့တာဆိုတော့ မကောင်းဘူးပေါ့ ။
ကြေကွဲရပါတယ် လူဖြစ်ပြီး လူလိုမနေရတာ
လူစိတ်ရှိပြီး လူတွေတွေလို မရှင်သန်တတ်တာတွေက ဘဝရဲ့ အမှောင်မိုက်ဆုံးပါပဲ ။
မှောင်မိုက်တဲ့ လမ်းတွေမှာ မိုက်မှောင်ရင်း မိုက်ဇာတ်တွေနဲဘ အမှောင်ညတွေထဲ မိုက်မိုက်ကန်းကန်းတိုးဝင်ခဲ့တာတွေကြောင့် အလင်းပျောက်လို့ လမ်းတွေလညါး ပျောက်နေခဲ့တာ ကြာခဲ့ပါပြီ တဘဝစာပါပဲ ။
ချစ်ခြင်းမေတ္တာတဲ့ ပြောလို့ ကောင်းလိုက်တာဗျာ
ဒါပေမယ့်လည်း အချစ်ပေးပြီး အချစ်ပြန်လိုချင်ကြတဲ့ အတ္တတွေကိုတော့ လူတွေ မမြင်ကြဘူး ၊ တစ်ခုခုပေးပြီး တစ်ခုခု ပြန်လိုချင်ကြတဲ့ လူတွေ အကျင့်စရိုက်တွေကို ကျောခိုင်းပြီး ပေးစရာရှိတာ အကုန်ပေးခဲ့ပြီး ပြန်ရယူဖို့ ဘာကိုမှ မသိတဲ့လူတွေသည် လမ်းဘေး ဓာတ်တိုင်တွေ အောက်မှာ တစ်ယောက်တည်ယ ငုတ်တုတ်ထိုင်ပြီး လောကကြီးကို လက်ခလယ်ထောင်ပြနေတယ် ၊ အပြုံးတွေနဲ့ ဖုံးကွယ်ထားတဲ့ ပျော်ရွှင်ခြင်းအတုေတွနဲ့ သူဘေးက လူတွေ ပြုံးနိူင်အောင် အတုတွေပေးပြီး တစ်ခါတစ်ခါ ကျေနပ်နေတတ်တာ လူတွေမှ မသိပဲ ။
တစ်ယောက်တစ်ခွန်းေ့ာ်ဟစ်တဲ့ ရန်ဖြစ်သံတွေနဲ့ နာကျင်ခဲ့ရတဲ့ ကလေးဘဝက ရည်းစားအဟောင်းလေးကတော့ ဘယ်ကိုရောက်လို့ ဘယ်လိုရှင်သန်နေလဲ ငါလည်း မသိပြီ ။
ဒီအချိန်ဆို လူအသစ်တွေနဲ့ အိပ်ပြီး ပျှော်စရာကောင်းတဲ့ လိင်မှုကိစ္စတွေနဲ့ ကမ္ဘာကြီးကိုရော လောကကြီးကိုပါ ခဏတာ မေ့ချင်မေ့နေမှာပေါ့ ။
သတိရတယ် မိရှင်နွေ အလွတ်ရနေတဲ့ ဖုန်းနံပါတ်လေးပို နှိပ်ပြီး ဆက်ဖို့ ခွန်အားမရှိသူတစ်ယောက်ကတော့ မင်းရဲ့အတိတ်မှာ ကျန်ရစ်နေပါပြီ ။ မင်းအနာဂတ်နဲ့ မသက်ဆိုင်တဲ့ ဒီအကောင်က မင်းမှမင်းပဲ မိရှင်နွေ တစ်နှစ်မှ မေ့လို့မရဘူး ဆယ်စုနှ
စ်တွေ ပြောင်းခဲ့ပြန်ပြီ ။
No comments:
Post a Comment