Wednesday, 24 January 2024

 ကိုယ့်ဆံပင်ဘုတ်သိုက်ကြီးနဲ့ အသည်းကွဲခဲ့တဲ့နေ့တွေကို ပြန်သတိရမိတယ်

 

နင်မရှိတော့ ဝတ်ဖြုစင်ကြယ်နဲ့ သူတော်စင်တစ်ယောက်လို ရှင်သန်နေဖို့လည်း ငါတွေးခဲ့ဖူးပါတယ် 


နင်ဟာ ငါ့ဘဝလို့ ပြောတုန်းက နင်ရယ်နေသေးတာကို ငါလှောင်ရယ်ရယ်ခဲ့တယ်လို့ ငါမထင်ဘူး မိရှင်နွေ ....


ငါ့ရဲ့ငယ်ကျိုးငယ်နာတွေကို နင်သူငယ်‌ချင်းကို ဖောက်သည်ချပြီး အခုရော ပြောပြီး လှောင်ရယ်ရယ်နေတုန်းပဲလား .....


ဝတ်ဖြူစင်ကြယ်ကြီးဝတ်

ဂူသင်္ချိုင်းဘေးမှာတဲကြီးထိုး

လူပေးသူ‌ပေး အစားအစာတွေ စားသုံးပြီး 

ဘဝကို ဖြစ်သလို ဖြတ်သန်းချင်ခဲ့တာလည်း နင်အသိပဲလေ .....



မင်းတုန်းမင်းကြီးအကြောင်း ပြောရင်း မိန်းမပွေတဲ့အခန်းတွေမှာ ရှက်ပြုံးပြုံးနေတတ်တဲ့ နင့်အလှကို ငါငေးကြည့်ဖူးတယ် ။


တချို့အပြုံးတွေက မေ့ရခက် မုန်းရခက်နဲ့ သတိ‌ေတွတော့ တစ်ခါတစ်ခါ

ရတယ်


ဟိုးမားရဲ့ ကဗျာဖတ် ခရစ်ရှီနားမူရတီ (ကေ ) အကြောင်းတွေလေ့လာ အိုးရှိုးဟောပြော‌ပွဲ ဘာသာပြန်တွေ ကြည့်ရင်း တောင်လိုလို မြောက်လိုလို ဖြစ်ရင် အရှေ့အလယ်ပိုင်းက စစ်သွေးကြွတွေကို အားကျခဲ့တာတွေလည်း ရှိခဲ့ဖူးတာပဲ ......


လူက ရှုနာရှိုက်ကုန်းနဲ့ မိုက်တန်ဆန် လက်မောင်းက မော်စီတုန်းပုံတက်တူးကို ကြည့်ပြီး လက်ဝဲလမ်းစဉ်တွေနဲ့ ဘာသာမဲ့တစ်ယောက်လို ဘုရားတွေကို လေးစားမှုတွေ နည်းခဲ့သလို ဘာသာရေးအရေခြုံတဲ့ လူပုဂ္ဂိုလ်တွေကိုလည်း တတွေးတွေထွေးပြီး ဆဲတဲ့အထိ မိုက်မဲခဲ့တဲ့ အကောင်က နင်ကိုမှ တမ်းတမ်းစွဲတဲ့ ......

အဓိပတိကမ္မ



 ငါတို့တွေ နီးနီးကပ်ကပ်ရှိခဲ့ဖူးတာပဲ ပင်လယ်ကမ်းစပ်တွေလိုပေါ့ 

ငါတို့တွေ ဝေးခဲ့ဖူးတာပဲ တိုင်းပြည်တစ်ခုနဲ့ နိူင်ငံတစ်ခုလိုပေါ့ 

ဘယ်လောက်ပဲ ဝေးကွာနေပါစေ ချစ်ခ့င်းမေတ္တာတွေနဲ့ နီးစပ်ခဲ့တာပဲ

ဘယ်လောက်ပဲ နီးကပ်နေပါစေ စိတ်ဆိုးလိုက် စိတ်ကောက်လိုက်နဲ့ တစ်ယောက်တစ်ခွန်းစကားများ ရန်တွေလည်း ဖြစ်ခဲ့ဖူးတာပဲလေ 


နင်ပြောခဲ့သလို အချစ်က ချစ်နေရင် ပြီးတာပဲ ဆိုပေမယ့် ချစ်နေပေမယ့် 

မထင်မှတ်တဲ့ အကြောင်းပြချက်တွေ အများကြီးနဲ့ တစ်ယောက်တစ်လမ်းနဲ့ လမ်းခွဲခဲ့ရတာ ငါတကယ်ကြေကွဲ ပါတယ် 

Sunday, 21 January 2024

 မင်းရှိမယ် ထင်တဲ့ မြို့လေး‌တွေကို 

စိတ်ကူးတည်ရာ ငါလျှောက်သွားကြည့်မိတယ် ၊ 


မင်းကိုပဲ တွေ‌့လေမလား ဆိုတဲ့ အတွေးတွေကို တပွေ့တပိုက် ထွေးပွေ့ရင်းပေါ့ ၊


 ငါ့အနား မင်းမရှိကတည်းက 

တစ်ကမ္ဘာလုံး ဘယ်နေရာကိုမှ

ငါမရောက်ဖြစ်တာကြာပါပြီ ။


ငါပဲ မေတ္တာနည်းခဲ့လို့ ထင်ပါရဲ့ ...


ငါ့အနားမှာ မင်းရော မင်းချစ်တဲ့ ကြက်တူရွေးလေးကပါ ငါကို ခွဲသွားခဲ့တဲ့ နာရီတွေတောင် အတော်ကြာခဲ့ပြီ ၊ 

တစ်ချို့သံယောဇဉ်တွေက ပြန်မရနိူင်တော့ဘူး ဆိုပေမယ့် 

တချို့အချစ်တွေကတော့ ပြန်ရကောင်းရနိူင်ပါရဲ့ မိရှင်နွေရေ .....


အဓိပတိကမ္မ                                           

Wednesday, 17 January 2024

 တစ်ခါတစ်ခါ 

ကျွန်တော့်ကိုကျွန်တော် ပြန်ကြည့်မိတယ်။


ဖြစ်မလာသေးတာရော ဖြစ်ခဲ့ပြီးတာတွေရော အကြောင်းအရာအမျိုးမျိုးနဲ့ ခေါင်းစဉ်အမျိုးမျိုးနောက်ကို လိုက်တွေးရင်း မိမိရဲ့ဖြစ်တည်ခြင်းကို မေ့မေ့လာတယ် ။ 


ကျွန်တော်က ဘဝနဲ့ ပတ်သက်ပြီး တွေးရင် တစ်ဘဝစာထက်မပိုခဲ့ဘူး။

 စိတ်အခြေခံမှာ လက်ဝဲဝါဒတွေ အားကောင်းနေလို့ပဲလား မပြောတတ်ပေမယ့် ဘဝအဆက်ဆက် နောင်ဖြစ်လာမယ့် ဘဝ ဖြစ်ခဲ့ပြီးသော အတိတ်ဘဝ တွေ မပါဝင်တာ သိသာထင်ရှားပါတယ် ။


တစ်ခါတစ်ခါ အဆုံးထိ တွေးတယ်။ မပြီးဆုံးသေးတဲ့ ဘဝခရီးကို အဆုံးသတ်က ဘယ်လိုဖြစ်မလဲ " ဘယ်လိုဘယ်ပုံ ဘဝကို နိဂုံးချုပ်မလဲ ဆိုတာတွေကအစ လိုက်ပြီး တွေးနေမိတယ် ၊ သေချင်းတရားကို ရင်မဆိုင်ရဲတာတွေ ဖြစ်တည်နေတဲ့ဘဝတစ်ခုကို မစွန့်လွှတ်ရဲတာတွေက အစ အတွေးတွေက မပြီးမဆုံး အဆုံးအစမဲ့ တွေးနေမိတယ် ။


 ဘဝက ရှင်သန်ခြင်းမှာသာ တည်မှီတယ် ရှင်သန်ခြင်းမရှိရင် ဘဝက ရှုံးနိမ့်တာပဲ လို့တွေးတယ် မြင်တယ် ။ 

 

အချိန်တန်ရင် လူတွေရော သမိုင်းတွေရော အတ္တတွေ မာနတွေ ဂုဏ်ရှိခြင်း ဂုဏ်မဲ့ခြင်း ရာဇဝင်တွင်ခြင်းတွေ သမိုင်းမှတ်တမ်းတင်ခြင်းတွေကအစ လူရာဝင်လိုစိတ်တွေအဆုံး လူတွေက ကိုယ့်ကို မေ့သွားမှာ တိတ်ဆိတ်ငြိမ်သက်စွာ ဘဝအဆုံးသတ်ရမှာ နောက်ပြီး ကိုယ်သေသွားသော် ကိုယ်ကို အားလုံးက မေ့သွားကြမယ့် အကြောင်းတွေ တွေးရင်း တွေးရင်းနဲ့ ဆွေးတယ် ။


ဘယ်လိုပဲဖြစ်ဖြစ် ကျနော်ဟာ ခဏတာပဲ ရှင်သန်ခွင့်ရတယ် ။


၊ ကာလတစ်ခုထက် မပိုနိူင်ဘူး ဆိုတာတွေ တွေးမိတယ် ။  


" ငါ့အသက် ဘယ်လောက်ရှိပြီလဲ " ငါနောက်ထပ် ဘယ်နှစ် နှစ်လောက် ကျန်းမာသန်စွမ်းစွာ နေထိုင်ရမှာလဲ ၊

 ငါရဲ့ ဦးနှောဏ်တွေက ဘယ်လောက်အတိုင်းအတာထိ တွေးနိူင် သိနိူင်မှာလဲ အမြဲတမ်းလိုလို တွက်ချက်‌ေနတယ်။ 


အချိန်ရတုန်းလေး ဘဝကို ကာလာစုံနိုင်သမျှ စုံသွားချင်စိတ် တွေတော့ ရှိတယ်။

 ကောင်းတာတွေရော မကောင်းတာတွေရော နှစ်သက်တာတွေရော မနှစ်သက်တာတွေရောပေါ့ ၊ 

ကိုယ်က ကြိုက်ပြီး တပါးသူတွေ မကြိုက်တာတွေ ကိုယ်က မကြိုက်ပေမယ့် တပါးသူတွေ ကြိုက်နှစ်သက်တွေက အစ လုပ်သွားချင်တယ် ထိတွေ့သွားချင်တယ် ။

ငွေနောက်လိုက်မယ့်အစား ငွေမလိုတဲ့လောကဘုံတစ်ခုတည်ဆောက်ပြီး အလို ရမ္မက်နည်းပါးစွာ ဖြတ်သန်းချင်သလို လူမလှိုင်တွေ လုပ်တဲ့အရာတွေ သုံးတဲ့အသုံးအဆောင်တွေနဲ့ အဲ့ဒီလူတန်းစားတွေကြားထဲမှာ လူဝန်ဆန့်လိုတာတွေလည်း ဖြစ်မိတယ် ။


 ပုံမှန် လူတွေက တစ်ဘဝမှာ တစ်ကျီဆောက်ဖို့ တွေးနေကြချိန်မှာ ကျွန်တော်က ဒီဘဝမှာ ဘယ်လောက်မှ မနေရဘူးလို့ အမြဲ တွေးတယ်။ 

မိမိအတ္တကို မိမိကတည်ဆောက်ဖို့ အချိန်မလောက်ဘူးလို့လည်း မြင်နေတယ် ။

ခဏတာရတဲ့ ဘဝတစ်ခုမှ တပါးသူအတွက် အချိန်ကုန်မခံနိူင်တာတွေပါတယ် ။


အသက်နှစ်ဆယ်ကျော်တာနဲ့ လင်ယူသားမွေးဖို့လောက် တွေးနေတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်‌ေတွနဲ့ အစဉ်ပြေမနေတာတွေ ရှိတယ် ။ 

 

ဒါကြောင့် ကျွန်တော်က အူကြောင်ကြောင်နိုင်တဲ့ပုံ အမြဲ ပေါက်တယ်။

ပရမ်းဗတာနိူင်တာတွေ အရူးချီးပန်းပြောတတ်တာတွေ ရှိတယ် ။ 


ကျနော်သည် လူမှုအသိုက်အဝန်းနဲ့အစဉ်‌ေပြမနေဘူး ။ လူများစုကြီးနဲ့ဆန့်ကျင်ဘက်ဖြစ်နေတတ်တယ် ။ ဒါသည်လည်း ကိုယ့်ရဲ့ရွေးချယ်မှုတစ်ခုပါ ။

ကိုယ်ရဲ့မူရင်းစိတ်အခံကိုက လူအများ နှစ်သက်တာကို မကြိုက်ဘူး ၊ လူအများစုနဲ့ ဆန့်ကျင်ပြီး သီးခြားတစ်ဖက်မှာနေတယ် ၊ အဲ့ဒီသီးခြားတစ်ဖက်မှာတောင် ထပ်ပြီး ကွဲလွဲနေတာတွေက အများသားနဲ့ပေါ့ ။ 


သိတဲ့အတိုင်းပဲ ဘဝအပေါ် ခံယူပုံ မတူတဲ့အခါ ဘဝကို ချဉ်းကပ်ပုံလည်း မတူတော့ဘူး။


ချဉ်းကပ်ပုံခြင်း မတူတော့ မြင်တဲ့အမြင် သိတဲ့အသိ တုန့်ပြန်တဲ့တုန်ပြန်မှုတွေကအစ အားလုံးကွဲထွက်နေတာမျိုးတွေ ရှိတယ် ။


 လူအများစုက ဒီအလုပ်တွေက ကောင်းပါတယ်လို့ ကြွေးကြော်နေချိန်မှာ အဲ့ဒီအလုပ်တွေရဲ့ မကောင်းမှုတွေ အားနည်းချက်တွေ လိုအပ်ချက်တွေကို ပြောချင်ရာပြောမယ် ထင်ရာမြင်ရာကို ပြောမိတယ် တွေးမိတယ် ။

 

ဒါပေမယ့်လည်း အဲ့ဒီအလုပ်ကို မကောင်းပါဘူးလို့ ပြောလာတဲ့လူတွေအပေါ်ကိုလည်း အဲ့အလုပ်တွေရဲ့ ကောင်းကွက်တွေ အကျိုးကျေးဇူးတွေ လုပ်သင့်လုပ်ထိုက်သော အလုပ်ဖြစ်ကြောင်းတွေ ပြောမိလိမ့်မယ် ။ 


ကျနော်ဟာ ရပ်တည်မှုမတည်မြဲဘူး ဒါဟာအမှန်အတိုင်းဝန်ခံတာပဲ ဖြစ်တယ် ၊ တည်မြဲတာတစ်ခုပဲ ရှိတယ် မတည်မြဲဘူးဆိုတာ ငါအတွက် တည်မြဲမှုပဲ ။


လူတွေက သူတို့နောက် လိုက်မလာလို့ ကျွန်တော့်ကို အပြစ်တင်ချင်တင်မယ်။

ဒါ‌ဆို လူတွေကို ဦးဆောင်ခေါ်သွားမလားလို့ ပေးလာခဲ့ရင်လည်း ခေါ်မသွားနိူင်ပါဘူး ။ ကျနော်အတွေး ကျနော်အသိတွေနောက်က လိုက်ပါလာခြင်းကိုလည်း မနှစ်သက်ပါဘူး ။ 

‌ေရှ့ကလည်း မသွားဘူး နောက်ကလည်း မလိုက်ဘူး ။ 


သွားချင်ရာကို သွားတယ် ရပ်ချင်ရာကို ရပ်တယ် ။ သွားချင်မှလည်း သွားတယ် ၊ မသွားချင်ပေမယ့်လည်း တစ်ခါတစ်ရံ သွားတာမျိုးတောင် ရှိတတ်ပါသေးတယ် ။ 

ကိုယ်ဟာ ကိုယ်ကိုကိုယ်တောင် မသိနိူင်တာတွေမှ အများကြီး ရှိနေသေးတယ် ။ 

ငါရဲ့ရှင်သန်ခြင်းသည် ငါကိုယ်ငါ သိအောင်ကြိုးစားတဲ့ အလုပ်ကိုပဲ အဓိကလုပ်တယ် ။ 


ဘာပဲဖြစ်ဖြစ် ကျနော်ဟာ သေရအုံးမယ် ။


လောကကြီးကိုရော ကမ္ဘာမြေကြီးကိုရော ‌တစ်နေ့ ထားသွားရအုံးမယ် ။


ချစ်သူတွေရော မုန်းသူတွေ ကိုရော စွန့်ခွာထွက်သွားရမှာပဲ ။


မသေခြာမရေရာမှုတွေ များပြားတဲ့ ဘဝတစ်ခုသည် အရာအားလုံးကို နှုတ်ဆက်ပြီး သေရပါအုံးမည်....... ။ 


" သေရအုံးမည် သေရအုံးမည် သေကြရအုံးမည် "


@အဓိပတိကမ်မ

Friday, 12 January 2024

 ဪ ဘဝတွေ ဘဝတွေ နေ့ခြင်းညခြင်း ပြောင်းလဲသွားလိုက်ကြတာ သူရောငါ‌ေရာ တခြားလူတွရာ ကောင်းခြင်းဆိုတာထက် မကောင်းတဲ့ မကောင်းတဲ့ကမ္ဘာတစ်ခြမ်းစီ ရောက်သွားလိုက်တာ အဆုံးအစမဲ့ပါပဲ တစ်ခါတစ်ခါ ပြန်ပြန်တွေးမိတိုင်း စိတ်မကာင်းဖြစ်ရုံမှတစ်ပါး တခြားမရှိပြီ ......

 မရှိတော့ဘူး ဆိုတဲ့အသိတွရှိနေလို့သာပေါ့ 

တစ်ခါတစ်ခါ သတိရတဲ့စိတ်တွနဲ့ ဖုန်းလးပဲဖြစ်ဖြစ် 

စကားလးဘာလး ပြောချင်တဲ့စိတ် ပြန်တွေ့ချင်တဲ့စိတ် လေးကတာ့ 

ဖြစ်မိပါတယ် ....

Tuesday, 9 January 2024

မတုန်မလှုပ်အေးမြသန့်စင်တဲ့စိတ်ကလေးနဲ့ပြုံးပါ 

ဘယ်လိုပဲပြုံးပြုံး အပြုံးဟာ အသက်မဲ့မနေဖို့ပဲလိုတယ်

စိတ်ထဲကမပါလည်း ပြုံးပါ စိတ်ထဲရှိသလောက် လည်းပြုံးနိူင်ပါတယ် 

အပြုံးနဲ့အချိန်ဖြုန်းတတ်ဖို့ ကြိုးစားပါ ၊ 

ငါလည်း စကားတွေ အများကြီး မပြောတတ်ဘူး ....

ဒါပါပဲ .....

ရှင်သန်ချင်သလို ရှင်သန်ပါ ငါကငါ နင်ကနင်ပဲ မဟုတ်လား 

ကြင်နာတဲ့စကားတွေ မပြောတတ်သလို ရင်နာ‌‌ေစတဲ့စကားကိုလည်း

ငါနှုတ်ကမထွက်ဘူး .... @အဓိပတိကမ္မ


Thursday, 2 November 2023

 သတိထားမိကြမှာတော့ မဟုတ်ဘူး ၊ တစ်ခါတစ်ခါ အထီးကျန်ခြင်းကို ကောင်းကောင်းကြီး လက်တွေ့ခံစားရတာမျိုးတွေ ဖြစ်မိတယ် ၊ 


တစ်ယောက်တည်း မွန်းကြပ်နေတာတွေကို နားထောင်ပေးမယ့်သူ တစ်ယောက်မှမရှိသလို နားမလည်ပေမယ့် နားထောင်ပေးမယ့် သူလည်း ရှိမနေပါဘူး ။


လွတ်လပ်တယ် ပေါ့ပါးတယ် ဆိုပေမယ့် တစ်ခါတစ်ခါ 

ပင်ပန်းကြီးနေတာတွေ ရှိတယ် ။


အခုလို အဖက်ဖက်က စိတ်ဆင်းရဲခြင်းတွေ အဆင်မပြေမှုတွေ အများကြီး ကြုံရချိန်တွေမှာ တကယ် သိသာပါတယ် ။


ငါ့ရဲ့ အဆင်မပြေမှုကို ငါ့လောက် မသိနိူင်တာ သေချာပေမယ့် ၊

ငါ့ရဲ့ အရိပ်တောင် ငါ့အနားမှာ မရှိသလို ဖြစ်နေတတ်တာမျိုး 


အတ္တသိပ်ကြီးတဲ့ လူတွေမှ ဒါတွေကိုသိတာ 

အတ္တကို ရှေ့တန်းတင်တာ များပြီး လက်တွေ့ဘဝ နဲ့ အလှမ်းဝေးခြင်းတွေ က

မိမိကိုပဲ နာကျင်စေတာ သဘောပေါက်ပေမယ့် နောက်ပြန်မလှည့်တတ်တဲ့ အကျင့်ဆိုးတွေက အတားအဆီး ဖြစ်နေတာ အသေအချာပဲ ။


တစ်ခြားလူတွေ ဘယ်လိုရှင်သန်နေတာလည်း ဘာတွေ တွေးခေါ်နေတာလည်း ဆိုတာတွေကို တစ်ဘဝလုံး ဝေဖန်ရင်း အလိုမကျရင်နဲ့ ဖြတ်သန်းလာခဲ့ပေမယ့် ပတ်ဝန်းကျင်ဆိုတာကြီးနဲ့ ဘယ်လိုနေရမလဲ စပြီး စဉ်းစားလာပြီ။

တပါးသူတွေတွေ ဘဝကို ဘယ်လိုဖြတ်သန်းနေသလဲ 

အဲ့လိုပဲ စည်းထဲက ဘောင်ထဲက ဖြတ်သန်းမှ ရတော့မလား တွေဝေလာတာတွေလည်း ရှိတယ် ။



ပျော်နေတဲ့အချိန်မှာ အဖော်မလိုပေမယ့် အခက်အခဲတွေအကျပ်အတည်းတွေနဲ့ အဆင်မပြေချိန်တွေမှာ တိုင်ပင်ဖော် ရင်ဖွင့်ဖော် တွေကို တမ်းတမိတာတော့ အမှန်ပဲ 


အရင်က ဘဝက ဒီလောက်မခက်ခဲခဲ့ပေမယ့် တာဝန်ကိုယ်စီနဲ့ လောကကို ရင်ဆိုင်ဖြတ်သန်းနေရချိန်တွေမှာတော့ လိုအပ်ချက်တစ်ခု‌ဖြစ်လာတယ် ။


လိုချင်သလား‌ ဆိုတော့လည်း အမှန်အတိုင်းဝန်ခံရရင် မက်မက်မောမော လိုချင်ပါတယ် ၊

လိုချင်တာကို မရလို့သာ မလိုချင်တာ ဖြစ်တယ် ၊

ကိုယ်ကလည်း သိတဲ့အတိုင်းပဲလေ မရနိူင်တာကိုမှ လိုချင်တာ 

မရလိုလည်း လိုချင်နေတာ ရပြီးရင်လည်း လိုချင်တော့မှာ မဟုတ်တော့ဘူး ။


မကောင်းတာတွေ မကြိုက်တာတွေ မနှစ်သက်တာတွေနဲ့ သလောမကျတာတွေ ကိုပဲ ပြေးပြေးမြင်တတ်ကြည့်တာတာ သဘာဝလို ဖြ

စ်နေတယပါ့တကား ။


အဓိပတိကမ်မ 

Friday, 27 October 2023

လင်းညီညာ မြောက်သုံးကောင်

 မြန်မာပြည်မြောက်ပိုင်းက 

တိုက်ပွဲစဉ်တွေအားလုံးက

တရုတ်ရဲ့ Proxy War ပဲ

၂၀၀၉ လောက်ကိုင်ဖြစ်စဉ်တုန်းကတော့

တရုတ်က မြန်မာအစိုးရနဲ့အဆင်ပြေနေတဲ့

အချိန်ဆိုတော့ တစ်ပတ်လောက်အတွင်း

အားလုံးကိစ္စပြတ်ခဲ့တယ်


ဒီလိုနဲ့ ၂၀၁၁ နောက်ပိုင်း

နိုင်ငံရေးအပြောင်းအလဲနဲ့အကူးအပြောင်းမှာတော့

အခုဖြစ်နေတဲ့ မြောက်ပိုင်းက KIA နဲ့ 

၂၀၁၅ မှာ ကိုးကန့် လောက်ကိုင်ဒေသ

တိုက်ပွဲတွေ ပြန်ဖြစ်လာတယ်

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဆိုတဲ့ 

TNLA, AA, MNDAA ဆိုတာလည်း 

တရုတ်ရဲ့အထောက်အပံ့နဲ့ 

ဩဇာအောက်က အဖွဲ့တွေပဲ


သတိထားကြည့်မယ်ဆိုရင်

မြောက်ပိုင်းတိုက်ပွဲတွေဖြစ်လာတဲ့အချိန်တိုင်းဟာ

တရုတ်နဲ့ တစ်ခုခု အဖုအထစ်ရှိတဲ့ အချိန်တွေချည်းပဲ

အခုကတော့ ကျားဖျန့်ကို အခြေခံတယ်

အရင်ကတော့ မြစ်ဆုံ လက်ပတောင်းတောင်

စတဲ့အကြောင်းတွေနဲ့ တစ်ခုမဟုတ်တစ်ခုနဲ့

အမြဲတိုက်ဆိုင်တယ်


တရုတ်ကဘယ်ကနေ ထောက်ပံ့လဲဆို

UWSA ဝ ဆီကနေတဆင့်သွားတာ

မြောက်ပိုင်းတိုက်ပွဲဖြစ်စဉ်တွေမှာ

ဝ တိုက်ရိုက်မပါပေမဲ့ 

နောက်ကွယ်နေကအမြဲပါတယ်

၂၀၁၁ မတိုင်ခင်က UWSA ဟာ

တပ်ရဲ့ကွပ်ကဲမှုနဲ့ ဆက်ဆံရေး 

အတော်လေးအဆင်ပြေသေးတယ်

၂၀၁၁ နောက်ပိုင်းမှာတော့

UWSA ဟာဟာ သိသိသာသာ

စစ်ရေးပြင်ဆင်တာတွေ

အင်းအားအလွန်အကျွံတိုးချဲတာတွေကို

ပြောင်ပြောင်တင်းတင်းလုပ်လာတယ်

တပ်နဲ့ ထိပ်တိုက်တွေ့စေမယ့်ကိစ္စတွေကို

တမင် အကြိမ်ကြိမ်ဖန်တီးလာတယ်


တပ်နဲ့ဆက်ဆံရမယ့် ဆွေးနွေးရမယ့်ကိစ္စတွေကို

တမင်ရှောင်လွှဲပြီး အစိုးရအဖွဲ့နဲ့တိုက်ရိုက်သွားတဲ့ လမ်းကြောင်းကိုသိသိသာသာလုပ်လာတယ်

အဲ့ဒီမှာ ဘာတွေဖြစ်လာလဲဆိုတော့ 

တချိုသော စစ်ရေးဆိုင်ရာကိစ္စတွေ

နယ်မြေကိစ္စတွေမှာ လက်နက်ခဲယမ်းကိစ္စတွေလို တပ်မတော်ဘက်က ခွင့်မပြုထားတဲ့ကိစ္စတော်တော်များများဟာ ခွင့်ပြုချက်ရကုန်ပြီး

တပ်ရဲ့ ကွပ်ကဲမှုနဲ့ဆက်ဆံရေးအောက်ကနေ

လုံးဝနီးပါး ရုန်းထွက်သွားခဲ့တယ်


UWSA နဲ့ SSA ဟာ ရှမ်းအရှေ့မှာ

နယ်မြေကိစ္စနဲ့ပတ်သက်လို့ တင်းမာမှုရှိတယ်

ဒီတော့ SSA နဲ့ အဆင်မပြေတဲ့

TNLA ကို UWSA က နောက်ကနေပံ့ပိုးပေးတယ်

ရှမ်းမြောက်မှာ TBNLA နဲ့ SSA မကြာခဏ

တိုက်ပွဲတွေဖြစ်တယ်

အဲ့ဒီတော့ SSA ဟာ တပ်နဲ့ပိုနီးကပ်လာတယ်


မိုင်းလားအဖွဲ့ခေါင်းဆောင် စိုင်းလင်းက

MNDAA ဖုန်ကြားရှင်ရဲ့သမီး ဖုန်စင်ချွန်းကို

ယူထားတာ 

ဖုန်ကြားရှင် ပြေးနေရတဲ့အချိန်

MNDAA ကို လက်နက် ခဲယမ်း လူ 

အကုန်လုံးကိုထောက်ပံ့ထာားတာက

ဖုန်စင်ချွန်းဦးဆောင်တဲ့ မိုင်းလားအဖွဲ့


အဲ့ဒီအချိန် မိုင်းလားမှာ

ငြိမ်းချမ်းရေးခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတွေ

အကြိမ်ကြိမ်လုပ်ခဲပေမဲ့ 

ထိထိရောက်ရောက် အဖြေမထွက်ခဲ့ဘူး

အရက်ဝိုင်းနဲ့ပဲပွဲသိမ်းသွားခဲ့တာပဲ

(ကိုယ်တိုင်အမြဲပါခဲ့လို့သိနေတာ)

ဖုန်ကြားရှင်ကို ထောက်ပံ့နေမှန်းသိပေမဲ့

ထိရောက်တဲ့ ဟန့်တားမှု ကန့်ကွက်မှု

ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ဘူး

မိုင်းလားအဖွဲ့ထဲမှာလည်း

လူမျိုးရေးနဲ့ အုပ်စုဖွဲ့ အဖွဲ့ကွဲတွေရှိနေပြီး

အက်ကြောင်း ၃ ခုလောက်ရှိတယ်

အထွေထွေအတွင်းရေးမှူး ဦးမင်းအိမ် 

အသတ်ခံရတာက သက်သေပြနေတယ်


(ဆက်ရေးပါဦးမယ်)

 အရှေ့ နဲ့ အနောက်

တောင် နဲ့ မြောက်မှာကွယ်


အဆိုးများက နေရာတိုင်း ဝိုင်း 

ဝိုင်းရံထားဆဲ ဒီအခြေအနေ 


မင်းအသိပဲကွယ်.....