သတိထားမိကြမှာတော့ မဟုတ်ဘူး ၊ တစ်ခါတစ်ခါ အထီးကျန်ခြင်းကို ကောင်းကောင်းကြီး လက်တွေ့ခံစားရတာမျိုးတွေ ဖြစ်မိတယ် ၊
တစ်ယောက်တည်း မွန်းကြပ်နေတာတွေကို နားထောင်ပေးမယ့်သူ တစ်ယောက်မှမရှိသလို နားမလည်ပေမယ့် နားထောင်ပေးမယ့် သူလည်း ရှိမနေပါဘူး ။
လွတ်လပ်တယ် ပေါ့ပါးတယ် ဆိုပေမယ့် တစ်ခါတစ်ခါ
ပင်ပန်းကြီးနေတာတွေ ရှိတယ် ။
အခုလို အဖက်ဖက်က စိတ်ဆင်းရဲခြင်းတွေ အဆင်မပြေမှုတွေ အများကြီး ကြုံရချိန်တွေမှာ တကယ် သိသာပါတယ် ။
ငါ့ရဲ့ အဆင်မပြေမှုကို ငါ့လောက် မသိနိူင်တာ သေချာပေမယ့် ၊
ငါ့ရဲ့ အရိပ်တောင် ငါ့အနားမှာ မရှိသလို ဖြစ်နေတတ်တာမျိုး
အတ္တသိပ်ကြီးတဲ့ လူတွေမှ ဒါတွေကိုသိတာ
အတ္တကို ရှေ့တန်းတင်တာ များပြီး လက်တွေ့ဘဝ နဲ့ အလှမ်းဝေးခြင်းတွေ က
မိမိကိုပဲ နာကျင်စေတာ သဘောပေါက်ပေမယ့် နောက်ပြန်မလှည့်တတ်တဲ့ အကျင့်ဆိုးတွေက အတားအဆီး ဖြစ်နေတာ အသေအချာပဲ ။
တစ်ခြားလူတွေ ဘယ်လိုရှင်သန်နေတာလည်း ဘာတွေ တွေးခေါ်နေတာလည်း ဆိုတာတွေကို တစ်ဘဝလုံး ဝေဖန်ရင်း အလိုမကျရင်နဲ့ ဖြတ်သန်းလာခဲ့ပေမယ့် ပတ်ဝန်းကျင်ဆိုတာကြီးနဲ့ ဘယ်လိုနေရမလဲ စပြီး စဉ်းစားလာပြီ။
တပါးသူတွေတွေ ဘဝကို ဘယ်လိုဖြတ်သန်းနေသလဲ
အဲ့လိုပဲ စည်းထဲက ဘောင်ထဲက ဖြတ်သန်းမှ ရတော့မလား တွေဝေလာတာတွေလည်း ရှိတယ် ။
ပျော်နေတဲ့အချိန်မှာ အဖော်မလိုပေမယ့် အခက်အခဲတွေအကျပ်အတည်းတွေနဲ့ အဆင်မပြေချိန်တွေမှာ တိုင်ပင်ဖော် ရင်ဖွင့်ဖော် တွေကို တမ်းတမိတာတော့ အမှန်ပဲ
အရင်က ဘဝက ဒီလောက်မခက်ခဲခဲ့ပေမယ့် တာဝန်ကိုယ်စီနဲ့ လောကကို ရင်ဆိုင်ဖြတ်သန်းနေရချိန်တွေမှာတော့ လိုအပ်ချက်တစ်ခုဖြစ်လာတယ် ။
လိုချင်သလား ဆိုတော့လည်း အမှန်အတိုင်းဝန်ခံရရင် မက်မက်မောမော လိုချင်ပါတယ် ၊
လိုချင်တာကို မရလို့သာ မလိုချင်တာ ဖြစ်တယ် ၊
ကိုယ်ကလည်း သိတဲ့အတိုင်းပဲလေ မရနိူင်တာကိုမှ လိုချင်တာ
မရလိုလည်း လိုချင်နေတာ ရပြီးရင်လည်း လိုချင်တော့မှာ မဟုတ်တော့ဘူး ။
မကောင်းတာတွေ မကြိုက်တာတွေ မနှစ်သက်တာတွေနဲ့ သလောမကျတာတွေ ကိုပဲ ပြေးပြေးမြင်တတ်ကြည့်တာတာ သဘာဝလို ဖြ
စ်နေတယပါ့တကား ။
အဓိပတိကမ်မ
No comments:
Post a Comment