ကိုယ့်ဆံပင်ဘုတ်သိုက်ကြီးနဲ့ အသည်းကွဲခဲ့တဲ့နေ့တွေကို ပြန်သတိရမိတယ်
နင်မရှိတော့ ဝတ်ဖြုစင်ကြယ်နဲ့ သူတော်စင်တစ်ယောက်လို ရှင်သန်နေဖို့လည်း ငါတွေးခဲ့ဖူးပါတယ်
နင်ဟာ ငါ့ဘဝလို့ ပြောတုန်းက နင်ရယ်နေသေးတာကို ငါလှောင်ရယ်ရယ်ခဲ့တယ်လို့ ငါမထင်ဘူး မိရှင်နွေ ....
ငါ့ရဲ့ငယ်ကျိုးငယ်နာတွေကို နင်သူငယ်ချင်းကို ဖောက်သည်ချပြီး အခုရော ပြောပြီး လှောင်ရယ်ရယ်နေတုန်းပဲလား .....
ဝတ်ဖြူစင်ကြယ်ကြီးဝတ်
ဂူသင်္ချိုင်းဘေးမှာတဲကြီးထိုး
လူပေးသူပေး အစားအစာတွေ စားသုံးပြီး
ဘဝကို ဖြစ်သလို ဖြတ်သန်းချင်ခဲ့တာလည်း နင်အသိပဲလေ .....
မင်းတုန်းမင်းကြီးအကြောင်း ပြောရင်း မိန်းမပွေတဲ့အခန်းတွေမှာ ရှက်ပြုံးပြုံးနေတတ်တဲ့ နင့်အလှကို ငါငေးကြည့်ဖူးတယ် ။
တချို့အပြုံးတွေက မေ့ရခက် မုန်းရခက်နဲ့ သတိေတွတော့ တစ်ခါတစ်ခါ
ရတယ်
ဟိုးမားရဲ့ ကဗျာဖတ် ခရစ်ရှီနားမူရတီ (ကေ ) အကြောင်းတွေလေ့လာ အိုးရှိုးဟောပြောပွဲ ဘာသာပြန်တွေ ကြည့်ရင်း တောင်လိုလို မြောက်လိုလို ဖြစ်ရင် အရှေ့အလယ်ပိုင်းက စစ်သွေးကြွတွေကို အားကျခဲ့တာတွေလည်း ရှိခဲ့ဖူးတာပဲ ......
လူက ရှုနာရှိုက်ကုန်းနဲ့ မိုက်တန်ဆန် လက်မောင်းက မော်စီတုန်းပုံတက်တူးကို ကြည့်ပြီး လက်ဝဲလမ်းစဉ်တွေနဲ့ ဘာသာမဲ့တစ်ယောက်လို ဘုရားတွေကို လေးစားမှုတွေ နည်းခဲ့သလို ဘာသာရေးအရေခြုံတဲ့ လူပုဂ္ဂိုလ်တွေကိုလည်း တတွေးတွေထွေးပြီး ဆဲတဲ့အထိ မိုက်မဲခဲ့တဲ့ အကောင်က နင်ကိုမှ တမ်းတမ်းစွဲတဲ့ ......
အဓိပတိကမ္မ
No comments:
Post a Comment