Thursday, 30 July 2020

ရှင်နွေတမ်းခြင်း

#ဟစ်ပီ chaos

အသက်နှစ်ဆယ်ကျော်တာနဲ့ လင်ယူသားမွေးဖို့တွေးနေတဲ့ ပုဂ္ဂိုလ်ထူး၊ပုဂ္ဂိုလ်မြတ်တွေကို ငါက သောက်မြင် သိပ်ကတ်တဲ့ အကောင်။

ငါက ဘာမှမလိုဘူး။

ငါ့သွေးဟာ ယစ်မူးပြီး အာရုံက လန်းဆန်းတက်ကြွနေဖို့ပဲလိုတာ။

ဘဝဆိုတာ မီးညှိထားတဲ့ စီးကရက် ပဲ။

ငါ မဖွာရှိုက်လည်း သူ့အလိုလို ကုန်သွားမှာ။

ငါ့ဆံပင်တွေ ရှည်လာဖို့ပဲလိုတယ်။

ငါမပိုင်ဆိုင်တဲ့အရာအားလုံး တစ်ခုမှ မကောင်းဘူး။

အဲဒိစိတ်နဲ့ ငါရှင်သန်တယ်။

HIPPIE. ဟစ်ပီ



ဟစ်ပီ

လူကြားသူကြားထဲမှာနေလ ို့အထီးကျန်နေရတဲ့အခါ
ဂစ်တာတစ်လက်ကို လွယ်ပိုးပြီး ခပ်လှမ်းလှမ်းက တောင်ပေါ်ကို တက်မယ်။
သစ်ရိပ်ကောင်းကောင်းကျနေတဲ့ ကျောက်တုံးကောင်းကောင်းပေါ်မှာ ထိုင်ပြီး သိပ်ကြိုက်တဲ့ သီချင်းကို ဆိုမယ်။
ရက်စက်ကြမ်းကြုတ်တဲ့ သားရဲအော်သံထဲက ရိုးသားခြင်းတွေကို ချစ်မယ်။
ဂီတတွေကို ကြောက်လန့်တတ်ကြတဲ့ တောကောင်လေးတွေကို ပြုံးပြမယ်။
ဉာဉ့်ငှက်တွေရဲ့ အိပ်စက်ချိန်တွေကို အနည်းအပါး ဖဲ့ယူလိုက်မယ်။
မာယာမဲ့ တောင်ပေါ်လေတွေကို တဝကြီး ရှူရှိုက်မယ်။
ပြင်းရှတဲ့ စိတ်ခံစားမှုတွေကို ဖောက်ခွဲမယ်။
ကိုယ့်ရူးသွပ်မှုကို ကိုယ့်ဘာသာ သီကုံးရင်း ကျေကျေနပ်နပ်ကြီး ပြုံးမယ်။
လွတ်လွတ်လပ်လပ်ကြီး ရယ်မယ်။
စိတ်လွတ်ကိုယ်လွတ် ကခုန်မယ်။
သိပ်မောလာတဲ့အခါ တောင်ပေါ်က စီးကျလာတဲ့ စိမ့်ရေအေးအေးကို ကလိုရင်း မခတ်ပါပဲ တဝကြီးသောက်မယ်။
ချောက်ရေ တဝေါဝေါ အောက်က ကျောက်တုံးကောင်းကောင်း တစ်တုံးမှာ ခြေဖျားတွေကို ရေထဲချရင်း သီချင်းအေးအေး တစ်ပုဒ်ကိုလည်း ညည်းမယ်။
(မြို့ကြီးပြကြီးက လူသားတွေကိုလည်း ဝေငှပေးချင်မိရဲ့....
အဲ့ဒီအရသာကို နှုတ်ဖျားက မညွှန်းဆိုတတ်လို့....)
သိပ်ကိုဆာလောင်လာတဲ့အခါ တောင်ခြေကို သီးချင်းညည်းရင်း ပြန်ဆင်းမယ်။ 
တောင်ခြေက လယ်စောင့်တဲမှာ အဟင်းရွက်ချိုပူပူတစ်ခွက်နဲ့ ကမ္ဘာ့အိမ်မက်တွေကို မေ့မယ်။
ကြယ်ရောင်တွေ သီလာတဲ့အခါ ဂစ်တာကို တီးလို့ ဓမ္မတေး ခပ်ရေးရေးကို ဆိုမယ်။
အိမ်မက်တွေမရှိခင် မီးဖိုနဘေးမှာ ခေါင်ရည် စေးစေးအပေါ်အာရုံစိုက်ရင်း အချမ်းလည်း ပျောက် အိမ်မက်လည်းရောက်လာပါစေ...။
ဘုရားသခင်အပေါ် ဆုတောင်းသံနဲ့ ဝါသနာကို မစွန့်ပစ်ရက်ဘူး။
ရိုးရာတွေရဲ့အပေါ်မှာ ချစ်တဲ့စိတ်တစ်ခုနဲ့ အရာရာ ခွင့်လွှတ်...။
likeမရှိ comment မရှိ shareမရှိ အဆဲမရှိ စကားလုံးတွေမရှိပဲနဲ့ နှလုံးသားတွေရှိတဲ့ အရပ်....
ရုပ်ဝတ္ထုအပေါင်းရဲ့ လွတ်မြှောက်ရာ အရပ်မှာ
ငါ့ကို ဟစ်ပီလို့ ခေါ်လိုက ခေါ်နိုင်ပါတယ်....
I have a hippy..

I'm ATM.

ရှင်နွေတမ်းခြင်း ၂၂

တကယ်‌ေတာ့ ငါတို့တစ်တွေ မနီးစပ်ခဲ့ကြပါဘူး   ။

ဒါပေမယ့်ဝေးကြရမှာက အသေချာပါ ။

 စိတ်ဆိုးချိန်တိုင်း ငါတို့ဝေး‌ေနတာ ကိုကောင်းပါတယ်လို့ ငြီးငူကြ ပေမယ့်
ဝေးကွာခြင်းမှာ ငါတို့ နှစ်ယောက်လုံး မပျော်မွှေ့ကြခဲ့ဘူး ။


ရှင်နွေတမ်းခြင်း ၂၁

ငါဟာ လူသားဆန်ဆန် ချစ်ခဲ့တာပါ
လူသားတစ်ယောက်လို ခံစားတတ်တယ် အရှုံးပေးတတ်သလို အနိူင်လည်း ယူတတ်တယ် ။

အချစ်နဲ့ပတ်သတ်လာရင် အနိူင်မရှိခဲ့ဘူးတဲ့ အရှုံးထဲမှာ ဝမ်းနည်းစွာ ပျော်မွှေ့နေတဲ့ အကောင်တစ်ကောင်ပဲ ဖြစ်တယ် ရှင်နွေ

ချစ်ခဲ့မိတာပဲ ငါအမှားပါ မိရှင်နွေ
လှည့်စားလိုက်ပါ နောက်ဆုံးအချိန်ထိ လှည့်စားလိုက်ပါ
လှည့်မကြည့်နဲ့ ဘယ်တော့မှ ပြန်လှည့်မကြည့်နဲ့ ငါအပေါ်ကို နင်လှည့်ကြည့်စရာ မလိုဘူး

 ပျော်စရာတွေ ငါမှာ မရှိခဲ့ရင်တောင် နင့် လှည့်မကြည့်ပါနဲ့ အမှန်တွေ အမှားတွေ လည်း ငါ့အချစ်နဲ့ ပတ်သတ်လာခဲ့ရင် နင်ဟာ အမြဲမှန်တယ် ။
အငြိုးကြီးကြီး နဲ့ ငါကို ရက်စက်ခဲ့ရင်တောင် ငါနင့်ကို ရူးရူးမူးမူးချစ်နေမှာ ရှင်နွေ ။

ကောက်ကျစ်ခြင်းတွေပဲလား ရှင်နွေ

ဂုဏ်တွေ မက်နေဆဲပဲလား ရှင်နွေ
ပကာသန ငွေတွေ မက်နေဆဲပဲလား ရှင်နွေ
ငါကတော့ ဆန့်ကျင်ဘက်ဆန်တဲ့ အတွေးတွေနဲ့ အိမ်မက်တွေ မက်နေရင်း အိပ်စက်လို့ မရသေးဘူး မိရှင်နွေ
ငါက ဟန်ဆောင်မှု  မပါဘူး   ငါမှာ သောက်ပိုတွေ မပါဘူး ငါမှာ လိုချင်တက်မက်မှုတဏှာ မပါသလို ရုပ်အခြေခံဝတ္ထု အတ္တလည်း မပါဝင်ဘူး မိရှင်နွေ့
နင့်ကို ချစ်တဲ့ စိတ်ကတော့ ငါရဲ့ အိမ်အိုလေးထဲက အိပ်စက်မရသေးတဲ့ အိမ်မက်တစ်ခု လေးအဖြစ် သပ်သပ်ရပ်ရပ် ကျကျနန တည်တည်တံ့တံ့ နှလုံးသားထဲမှာ တည်ရှိနေပါသေးတယ် မိရှင်နွေ ။

အချစ်က ဟို အဝေးဆီမှာက ငါက အချစ်နဲ့ ကင်းကွာကင်းဝေးရတဲ့ အချစ်မရှိခဲ့သူ တစ်ယောက်ပါ။

ဒါပေမယ့် ငါသိမ့်လွမ်းနေတယ် သတိရစိတ်တွေ က ရင်ကို တုန်ရီစေတယ် ရှင်နွေ့ ရီဝေဝေအပြုံးလေးတွေ ကြောင့်လည်း တစ်စိတ်တစ်ဒေသ ပါဝင်တာပေါ့ ။

ခြေရာပျောက်နေတဲ့ အရိပ်အရောင်တွေ ကို မြင်နိူင်မလား ရှင်နွေ ဘဝတစ်ခုလုံး သွေးပျက်ခြင်းများနဲ့  စုတ်ပြတ်သွားတာတောင် ငါရဲ့ ခံစားမီုကို အရေးပေးခြင်း မခံစားလိုက်ဘူး ဒီလို ခံစားမှုတွေကို ဖက်တွယ်နေမိတာ ငါ့ရဲ့ မိုက်မဲမှု သက်သက်မျှသာ ဖြစ်တယ် ရှင်နွေ ။

ငါ့ကို လွတ်ချလိုက်တဲ့ လက်တစ်စုံကို လက်မလွှတ်နိူင်သေးတဲ့ ရမက်ဇောတွေကို နင့်ပြန်လည်လို့ နားလည်ပေးသင့်တယ် ။
အချစ်ကလွဲပြီး ဘာဆိုဘာမှ ငါဆီမှာ မရှိဘူး ရှင်နွေ အခြားသော အသိစိတ်တွေလည်း မရှိသလို နင်နဲ့ပတ်သတ်လာရင် ခံစားချက်မဲ့နေတဲ့  ခံစားမှုတွေ တစ်နေ့နေ့တော့ နင်မြင်လာမှာပါ ။

နင်မမြင်နိူင်တဲ့ တစ်နေရာက လူရေးတဲ့ ကဗျာအတိုအဆ လေးတွေကို ဖတ်ရှုရင်းနဲ့ နင်မြင်နိူင်ပါစေ နားလည်မှုတွေ ပေးနိူင်ပါစေ ။

အရာရာ ပြောင်းလဲ နေပေမယ့် မပြောင်းမလဲပဲ ဖြစ်တည်နေတဲ့ ရှင်နွေ့ အတ္တတွေကိုလည်း ငါနားလည်ပေးပါတယ် ။

တစ်နေ့နေ့တော့ နင်နားလည် လာမှာပါ …………

ဒီစိတ်နဲ့ပဲ ငါရှင်သန်နေတယ်

ဒီလိုခံစားမှုနဲ့ပဲ ငါဖြစ်တည်နေတယ် ။

ဒါတွေကလည်း တစ်နေ့နေ့တော့ တစ်နေ့နေ့မှာ နင်နဲ့ပတ်သတ်တဲ့ တစ်ခုခုပေါ့ မိရှင်နွေ့……………

                   #အဓိပတိကမ္မ                                                              .                  30JULY2018

Tuesday, 28 July 2020

ရှင်နွေတမ်းခြင်း ၂၀



နင်ကျန်းမာရေးရော ရနင်ကျန်းမာရေးရောကောင်းဲ့ရလား 
နင်မျက်နှာ သိပ့်ပြီး မလန်းဆန်းဘူး 
အဆင်မပြေဘူးလား
...

နင်ရွးချယ်ခဲ့တဲ့ လမ်းတစ်ခုမှာ န
ပျေ‌ာ်‌ေအာင်‌ေနပါ ။

ငါဘဝ ငါ့အချစ်တွေက ပေးတိုင်းမခဲ့သလို မထိုက်လို့မရခဲ့တဲ့ မေတ္တာ တရားတွေ သစ္စာတရား‌ေတွ အတွက် ငါမနာကျင်ချင်ဘူး ။

မင်းမရှိတော့ ဘဝရဲ့ အဓိပ္ပာယ်လည်း ပျောက်ခဲ့ရပေမယ့် ငါ့ရဲ့ချစ်ခြင်းတွေကတော့ အမှောင်ထဲမှာ အရိပ်ပျောက်သလို ဆက်ပြီး တည်ရှိနေမှာပါ ။

မသေခြာတဲ့မနက်ဖြန်မှာ ပျက်နိူင်တဲ့ ဘဝတစ်ခုဖြစ်လို့ မပေါ့ဆပါနဲ့ ။

ငါက ဘဝပဲပျက်ခဲ့ရတာ နင်မှာက ဘဝတစ်ခုလုံးပေးဆပ်လိုက်ရမှာကို အမြဲတွေးပေးပါ ။

တစ်ခါတစ်ခါ ဘဝက ငါမျှော်မှန်းထားသလို ဖြစ်မလာတတ်လို့ သတိပေးနေတာပါ ။

နင်အစဉ်ပြေပါစေ အစစအရာရာ ဂရုစိုက်ပါ မပေါ့ဆလိုက်ပါနဲ့ ။ 

@အဓိပတိကမ္မ
  28jULY2020



ရှင်ရှင်နွေတမ်းခြင်း ၁၉

အချစ်အကြောင်းဆို အများကြီး မပြောချင်ဘူး ၊
 ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းရယ် ။
 မုန်းတယ် ဆိုတဲ့စကားတစ်ခွန်းလောက်ကိုပဲ ပြောချင်တာ့တယ် ။

ချစ်တယ်နဲ့ မုန်းတယ် ဆိုသော စကားကြားထဲက အဖြစ်အပျက်‌ေတွက  ပျော်ရွှင်စရာတွေကြည်နူးစရားတွ အများကြီး ရှိခဲ့ပေမယ့်

ဒီစကား‌ေတွ  ပြီးဆုံးသွားရင်‌ေတာ့ နာကျင်စရာတွ ကြေကွဲစရာတွေနဲ့ပဲ ဘဝမှာ ကျန်ခဲ့တာက‌ေတာ့  အသေအချာပါပဲ ။

အတူတူပျာ်ပါးခဲ့ဖူး‌ေတာ‌ေတွ  က တစ်သက်တာမေ့လို့မရတဲ့တဲ့ အမှတ်တရကောင်းလေးအဖြစ် ငါတို့ရင်ထဲမှာ စွဲကျန်ရစ်နမှာပါ ။

ဒါဟာ သံယောဇဉ်ဆိုရင်လည်း ပြန်ပြီး မချည်‌ေနှာင်သင့်တော့ပါဘူး ။

အဓိပတိကမ္မ

ရှင်နွေ တမ်းခြင်း ၁၈

ဘဝတစ်‌လျှာက်လုံး အချစ်မပါတဲ့ အမုန်းတွေနဲ့သာ တွေ့ကြုံခဲ့ရပေမယ့် ။


အမုန်းမပါဝင်သာ အချစ်‌ေတွ‌ေတာ့ ရချင်‌ေသးတယ် ။

ဘဝတစ်‌ေ လျှာက်လုံး အချစ်နဲ့သာ ပျော် မွှေ့ချင်ပေမယ်  အချစ်မပါသော အမုန်းဥပေက္ခာတရားတွေနဲ့သာ ကြုံတွေ့ရခြင်းက ငါ့ရဲ့ ဆိုးရွားတဲ့ ကံကြမ္မာတစ်ခုပေါ့ ။

#အဓိပတိကမ္မ
28JULY2020


Monday, 27 July 2020

ရှင်‌နွေတမ်းခြင်း ၁၇

အလွတ်ရထားတဲ့ နင်ဖုန်းနံပါတ်လေးကို
ဖုန်းကီးဘုတ်ထဲကနေ ငါလက်တွရေက်နေပေမယ်

နင့်ဆီကို ဖုန်းခေါ်ဖို့ ငါလက်တွေ ကြောက်ရွံ့ခြင်းတွေ ကြောင့် ဖုန်းမခေါ်ပဲ အိပ်ယာပေါ်ကိုပဲ ငါပစ်ချထားခဲ့တာ အခါခါပါပဲ မိရှင်နွေရယ်.. ...

အရမ်းကောင်းတဲ့ ကဗျာတွေကို အဆက်မပျက် ငါထပ်ရေးနေတယ် ၊ ငါကဗျာတွေကို အကောင်းဆုံးဖြစ်အောင် ငါရေးနေတယ် နင်ဖတ်ပေးမလား နင်ခံစားပေးမလား

 ငါတွေးရင်း ငါရေးရင်းနဲ့ ဘဝခရီးလမ်း ကြမ်းကြမ်းကို ငါခရီးနှင်နေတယ်......

နင်မပါတဲ့ လမ်းတွေက လွမ်းစရာကဗျာတွေပဲ ငါရေးနေရတယ် ၊နင်ပြန်ချစ်မယ့် ရက်တွေကို လက်ချိူးရေတွက်ရင်း ငါရဲ့ မွေးရာပါ လက်ဆစ်တွေ ကြီးမှန်းမသိ ကြီးနေတာ ငါသတိထားသင့်နေပြီ......

နင်မသိထားတဲ့ ငါအချစ်တွေက အပြစ်မရှိဘူးလို့ ငါသတ်မှတ်ထားလည်း ရှင်နွေရဲ့ အပြစ်ပေးချင်း သတ်သတ်ကို ငါခံနေရတယ်.......

တစ်ခါတစ်လေ ရှင်နွေ ပျော်ဖို့ ဟာသလေးတွေပဲ ကျွန်တော်ပြောဖြစ်တယ်
တစ်ခါတစ်လေ ရှင်နွေပျော်ဖို့ ရယ်စရာလေး တွေပဲ

ကျွန်တော် လုပ်ပြတတ်တယ်
တစ်ခါတစ်လေ ရှင်နွေပျော်ရွှင်ရဖို့ ကျွန်တော် ထွက်သွားသင့်ပြီ ဆိုတာ ကျွန်တော်နားလည်ပေမယ့်......

ကျွန်တော် ရူးရူးမိုက်မိုက် ရှင်နွေ ဓာတ်ပုံတွေ ခိုးပြီး save လုပ်မိတယ်
တစ်ခါတစ်လေ မိုက်မိုက်ကန်းကန်း ရှင်နွေကို ခိုးခိုး ကြည့်မိတယ်၊

အသည်းကွဲချိန်တွေမှာ
နှလုံးသားအတွက် ခွန့်အား ဖြစ်စေမယ့် အကြောင်းအရာ တွေကိုပဲ ရွေးပြီးတွေးနေရမယ် ဆိုတာကို သိနေလျက်နဲ့

အဆိပ်ခတ် ထားတဲ့ အပြုံးတွေကို ခုံမင်မိနေတာ ကျွန်တော် ရဲ့ မိုက်မဲမှုသက်သက်ပါပဲ ......
အသာလွတ်ကြီး စောက်သဲခွဲခံလိုက်ရတဲ့ ငါအသည်းနှလုံးက ရှင်နွေထင်နေသလောက် အသည်းမမာခဲ့ဘူး ဆိုတာကို ရှင်နွေ တစ်ယောက် မသိခဲ့ဘူး .......

တကယ်ပဲ လွမ်းရသည်
တကယ်ပဲ လွမ်းခွင့်ရှိသည်
တကယ်ပဲ နမ်းခွင့်မရှိသော နင့်ရဲ့ ပါးပြင်နုနုကို တမ်းတမိနေတာ ငါရဲ့ အချစ်တစ်ခုရဲ့ လုပ်ပိုင်ခွင့်တစ်ခုပါကွာ.....

မိမိကိုယ်မိမိ အဆုံးစီရင်ချက်ချမှတ်ပြီးမှ
မိမိရရ ခံရမယ် အပြစ်တွေကို ငါကိုယ်တိုင်ပဲ အမိန့်ချပစ်ချင်တယ် မိရှင်နွေရယ်.....

ငါအိပ်စက်အနားယူချင်ပြီ......

ငါရဲ့.....
နောက်ဆုံးအချိန်ထိ နင့်ကို ချစ်သွားချင်တယ်....
အိပ်စက်လို့မရပေမယ့်
အိမ်မက်တစ်ခုအကြောင်းတွေပဲ ငါ တွေးနေရတယ် .......


အဓိပတိကမ္မ

ရှင်နွေ ရယ်

®သိမ့်ချစ်တာပေါ့ ရှင်နွေရယ် ၁ .......

အိမ်မရတဲ့ညတွေမှာတောင် နင်အိမ်မက်လှလှမက်ပါစေလို့ ဆုတောင်းနေမိတာ ငါပါကွာ....

ငါတို့ လမ်းခွဲတဲ့နေ့ကလေ
မျက်ရည်စက်တွေကို နင်မသိအောင် သုတ်ပစ်ပြီးမှ အိမ်ပြန်ခဲ့ရတာလည်း ငါပါကွာ.....

.
လွမ်းရဲတယ်ဆိုပြီး လမ်းခွဲနှုတ်ဆက်သွားခဲ့လည်း လွမ်းဆွေးကျန်ခဲ့သူလည်း ငါပါပဲ....

ကံဆိုးရတဲ့ကြားတည်း နင်မပါတဲ့ ဒီလမ်းတွေက အလွမ်းတွေကိုပဲ ရင်မှာ ကျန်နေခဲ့တာ ရှင်နွေတစ်ယောက် သိသင့်ပါတယ်။

ငါဟာ ငါပါပဲ...
နင်ကို ချစ်တဲ့့ စိတ်ကြောင့် အစိမ်းသက်သက် အသည်းခွဲခံရလည်း ငါကျေနပ်ပါတယ် ၊ အရင်လို အလိမ်အညာစကားတွေနဲ့ ပလီပလာ အချိန်တွေ လာဖြုံန်းပးပေါအုံး မိရှင်နွေလေး.....

အနံ့အသက်မရှိတဲ့ ရောင်စုံစက္ကူပန်းတွေက လန်းဆန်းနေပေမယ့် မြင်သူတိုင်းကို ကြည်နူးမှု မပေးနိူင်ပါဘူး ရှင်နွေ.....

နင်ဟာ အနံ့အသက်မရှိသော ရောင်စုံစက္ကူပန်းလေးလား ငါမတွေးရဲတော့ဘူး ရှင်နွေရယ်... ..

ကျွန်တော်ထင်ပါတယ် နင်ရဲ့မယာတွေပါတဲ့ စူးစူးရှရှ အပြုံးတွေ နဲ့ အချွန်အတက်တွေပါနေပေမယ့့် အနှစ်မပါတဲ့ နင့် အပြုံးတွေနဲ့
စကားလုံးတွေနဲ့စီကာပတ်လုံးထားသော နင့်ရဲ့ အမုန်းတွေက ငါကို ကျိန်းသေပေါက် စောက်သည်းကွဲစေတာပါပဲ မိရှင်နွေရယ်.. ....

အိမ်မက်လှလှပဲမက်နေမလား အိမ်စက်ခြင်းတွေကိုမှ ရှင်နွေတစ်ယောက် ပိုင်ဆိုင်နိူင်ပါမလား .......

ကျွန်တော်တွေးရင်းတွေးရင်းနဲ့ လွမ်းဆွေးသတိရစိတ်တွေက ရင်ကို ဆွေးမြေ့စေလာတယ်၊ ကျွန်တော်တွေးထားသင့်တယ်.....

အရင်လို ညကြီးဉာဉ့်တဲ့အထိ စကားပြောစရာတွေ အများကြီးပြောစရာ မရှိတော့တာလား အပြစ်မရှိအပြစ်ရှာ ပစ်ခွာထွက်သွားပြီး

တကယ့်ဖြစ်တည်နေတဲ့ မဖြစ်ချင်သော အဖြစ်အပျက်တွေက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတာ ဘာကြောင့်လည်း မစဉ်းစားတတ်တော့ဘူး ရှင်နွေရယ်......

အတွေးကအတွေးပါပဲ အသည်းခွဲနည်း အမျိူးမျိူးနဲ့ ငါရဲ့အသည်းကို ရှင်နွေအထပ်ထပ်ခွဲရလို့ ဝမ်းသာနေတယ်မလား မိရှင်နွေ......

ငါဟာ နင်အသည်းခွဲတမ်း ကစားလို့ရတဲ့ နင့်အတွက် အစုတ်ပလုတ် အရုပ်တစ်ခုပါ .....

နင် ပြင်းတဲ့ အချိန်တိုင်း အားကြီးကြီး ငါရဲ့အသည်းကို အစိမ်းသက်သက် ခွဲပစ်နိူင်ပါတယ်၊

ဒီကစားပွဲ နင်အနိူင်ရဖို့ ငါအသည်းကွဲလည်း အကွဲခံနိူင်ရမှာပေါ့ ငါဟာ ရှင်နွေကို အရမ်းချစ်တဲ့ ချစ်သ ူကြီးလေ......

ငါတို့ရဲ့ ငယ်ငယ်တုန်းက ကစားခဲ့တဲ့ အတူတူပုန်းတမ်း ထုပ်ဆီးတိုးတမ်း
 မြန်မာရိုးရာ ကစားနည်းတွေကို နင် မကစားချင်တော့တာလား ....

မြန်မာရိုးရာ ကစားနည်းတွေက နင်အတွက် ရိုးနေပေမယ့် ငါအတွက်မရိုးနိူင်တဲ့ ကစားနည်းတွေအဖြစ်နဲ့ပဲ ငါရင်ထဲမှာ ဖြစ်တည်နေခဲ့ပါတယ်......

ကြယ်တွေ ကောင်းကင်ယံမှာ ပျော်မြူး ထွန်းလင်းချိန် ညအခါတွေဆို ငါအိပ်စက်လို့ မရဘူး ရှင်နွေရယ်....

အလွတ်ရထားတဲ့ နင်ဖုန်းနံပါတ်လေးကို
ဖုန်းကီးဘုတ်ထဲကနေ ငါလက်တွရေက်နေပေမယ်

နင့်ဆီကို ဖုန်းခေါ်ဖို့ ငါလက်တွေ ကြောက်ရွံ့ခြင်းတွေ ကြောင့် ဖုန်းမခေါ်ပဲ အိပ်ယာပေါ်ကိုပဲ ငါပစ်ချထားခဲ့တာ အခါခါပါပဲ မိရှင်နွေရယ်.. ...

အရမ်းကောင်းတဲ့ ကဗျာတွေကို အဆက်မပျက် ငါထပ်ရေးနေတယ် ၊ ငါကဗျာတွေကို အကောင်းဆုံးဖြစ်အောင် ငါရေးနေတယ် နင်ဖတ်ပေးမလား နင်ခံစားပေးမလား

 ငါတွေးရင်း ငါရေးရင်းနဲ့ ဘဝခရီးလမ်း ကြမ်းကြမ်းကို ငါခရီးနှင်နေတယ်......

နင်မပါတဲ့ လမ်းတွေက လွမ်းစရာကဗျာတွေပဲ ငါရေးနေရတယ် ၊နင်ပြန်ချစ်မယ့် ရက်တွေကို လက်ချိူးရေတွက်ရင်း ငါရဲ့ မွေးရာပါ လက်ဆစ်တွေ ကြီးမှန်းမသိ ကြီးနေတာ ငါသတိထားသင့်နေပြီ......

နင်မသိထားတဲ့ ငါအချစ်တွေက အပြစ်မရှိဘူးလို့ ငါသတ်မှတ်ထားလည်း ရှင်နွေရဲ့ အပြစ်ပေးချင်း သတ်သတ်ကို ငါခံနေရတယ်.......

တစ်ခါတစ်လေ ရှင်နွေ ပျော်ဖို့ ဟာသလေးတွေပဲ ကျွန်တော်ပြောဖြစ်တယ်
တစ်ခါတစ်လေ ရှင်နွေပျော်ဖို့ ရယ်စရာလေး တွေပဲ

ကျွန်တော် လုပ်ပြတတ်တယ်
တစ်ခါတစ်လေ ရှင်နွေပျော်ရွှင်ရဖို့ ကျွန်တော် ထွက်သွားသင့်ပြီ ဆိုတာ ကျွန်တော်နားလည်ပေမယ့်......

ကျွန်တော် ရူးရူးမိုက်မိုက် ရှင်နွေ ဓာတ်ပုံတွေ ခိုးပြီး save လုပ်မိတယ်
တစ်ခါတစ်လေ မိုက်မိုက်ကန်းကန်း ရှင်နွေကို ခိုးခိုး ကြည့်မိတယ်၊

အသည်းကွဲချိန်တွေမှာ
နှလုံးသားအတွက် ခွန့်အား ဖြစ်စေမယ့် အကြောင်းအရာ တွေကိုပဲ ရွေးပြီးတွေးနေရမယ် ဆိုတာကို သိနေလျက်နဲ့

အဆိပ်ခတ် ထားတဲ့ အပြုံးတွေကို ခုံမင်မိနေတာ ကျွန်တော် ရဲ့ မိုက်မဲမှုသက်သက်ပါပဲ ......
အသာလွတ်ကြီး စောက်သဲခွဲခံလိုက်ရတဲ့ ငါအသည်းနှလုံးက ရှင်နွေထင်နေသလောက် အသည်းမမာခဲ့ဘူး ဆိုတာကို ရှင်နွေ တစ်ယောက် မသိခဲ့ဘူး .......

တကယ်ပဲ လွမ်းရသည်
တကယ်ပဲ လွမ်းခွင့်ရှိသည်
တကယ်ပဲ နမ်းခွင့်မရှိသော နင့်ရဲ့ ပါးပြင်နုနုကို တမ်းတမိနေတာ ငါရဲ့ အချစ်တစ်ခုရဲ့ လုပ်ပိုင်ခွင့်တစ်ခုပါကွာ.....

မိမိကိုယ်မိမိ အဆုံးစီရင်ချက်ချမှတ်ပြီးမှ
မိမိရရ ခံရမယ် အပြစ်တွေကို ငါကိုယ်တိုင်ပဲ အမိန့်ချပစ်ချင်တယ် မိရှင်နွေရယ်.....

ငါအိပ်စက်အနားယူချင်ပြီ......

ငါရဲ့.....
နောက်ဆုံးအချိန်ထိ နင့်ကို ချစ်သွားချင်တယ်....
အိပ်စက်လို့မရပေမယ့်
အိမ်မက်တစ်ခုအကြောင်းတွေပဲ ငါ တွေးနေရတယ် .......

နင်ကတော့ အိပ်စက်ခြင်းတွေရဲ့ နောက်ကွယ်ကနေ အိမ်မက်လှလှတွေနဲ့ အိပ်ပျော်နေမှာပေါ့ ......

ငါတွေးပူနေတာက နင် အိမ်မက်ထဲမှာ ငါ ဗီလိန် တစ်ယောက်မဖြစ်ချင်ဘူး.....

ငါဟာ နင်အတွက် အိမ်မက်ထဲမှာတောင် ဗလိန်မဖြစ်ချင်ဘူး......

ကောင်းသော အိပ်စက်ခြင်းတွေထဲမှာ
ကောင်းသောအိမ်မက်တွေကို
ရှင်နွေတစ်ယောက်ပိုင်ဆိုင်နိူင်ပါစေလို့
တောင်းဆုခြွေရင်း ရှင်နွေကို
 ပိုင်ဆိုင်ခွင့်မရှိတဲ့ ကျွန်တော် ညဘက်တွေမှာ အိပ်စက်လို့မရခဲ့ဘူး......

နင့်ရဲ့ အိပ်စက်ခြင်းတွေမှာ အိမ်မက်လှလှလေးတွေကို ညစဉ်ညတိုင်း ပိုင်ဆိုင်နိူင်ကြပါစေကွာ........

     အဓိပတိ ကမ္မ
     26-11-2017

Sunday, 26 July 2020

ရှင်နွေ တမ်းခြင်း ၁၆



အချစ်ဆိုတာ

ရိုးရိုးကလေးဖွဲ့ထားတဲ့ တိမ်ပါပဲ

မင်းရောငါရောရပ်ငေးခွင့်ရှိတယ်

နည်းနည်းလေး စောက်ပိုလုပ်ချင်ရင်တော့

တိုက်ဆိုင်မှုမရှိပဲ

သတိရခြင်းတွေကိုဖုန်းခေါ်ပါ ။


အဆန်းတကြယ် တော့မဟုတ်ဘူး
ရိုးရိုးရှင်းရှင်း ပဲ ချစ်ခဲ့ကြတာပဲ ။

ဒါပေမယ့် ရိုးရိုးသားသားနဲ့ မချစ်နိူင်ခဲ့တော့
လွမ်းဆွတ် တမ်းချင်း တွေနဲ့သာ ဖက်တွယ်ရစ်ကြတာပေါ့ ။

အများကြီး ဝမ်းနည်းမနေပါနဲ့ ဘယ်သူမှမရှိတဲ့ ကမ္ဘာထဲမှာ မင်းနဲ့ငါသာ ဒီအချစ်အတွက် ဝမ်းနည်း ကြေကွဲ နေရတာလေ ။

ဘယ်သူမှ မပါသလို ဘယ်လိုလူကမှလည်း မစာနာကြဘူး ။

တကယ်တမ်း တော့ နင်နဲ့ငါပဲ နှစ်ယောက်တည်း ကြေကွဲဖွယ်ရာဖြစ်ရပ် တွေနဲ့ ရင်ဆိုင်တာပါပဲ ။

@အဓိပတိကမ္မ 
  • 27JULY2020