Thursday, 31 October 2019

မင်း သိရဲ့လား
မဖြစ်နိုင်ခြင်းမှာ ဝေးကြတယ်ဆိုတာကို။

အချစ်ကို ကျောခိုင်းလိုက်တာနဲ့ သေခြင်းတရားကို မျက်နှာချင်းဆိုင်လိုက်ရသလိုပဲ။

 လူ့ကျင့်ဝတ် လူ့သိက္ခာတရားမှာ ကိုယ့် အတွက်တော့စောင့်စည်းရခြင်းတွေက များပြားလွန်းတယ်။ 

မင်းက ငါ့အတွက်တော့ တကယ့်ကို နာကျင်မှုတစ်ခုပါပဲ။
31.0CT2018

UNICODE
.
.

မင်း သိရဲ့လား
မဖြစ်နိုင်ခြင်းမှာ ဝေးကြတယ်ဆိုတာကို။

အချစ်ကို ကျောခိုင်းလိုက်တာနဲ့ သေခြင်းတရားကို မျက်နှာချင်းဆိုင်လိုက်ရသလိုပဲ။

 လူ့ကျင့်ဝတ် လူ့သိက္ခာတရားမှာ ကိုယ့် အတွက်တော့စောင့်စည်းရခြင်းတွေက များပြားလွန်းတယ်။ 

မင်းက ငါ့အတွက်တော့ တကယ့်ကို နာကျင်မွုတစ်ခုပါပဲ။

31.0CT22018

Tuesday, 22 October 2019

ဒီမိုကရေစီသမိုင်

ဒီမိုကရေစီသမိုင်း
🌇🌇🌇🌇🌇

ဒီမိုကရေစီဆိုသည်မှာ နိုင်ငံရေးစနစ်တစ်ခုဖြစ်သည်။ နိုင်ငံရေးအာဏာကို ပြည်သူအားလုံး အညီအမျှခွဲဝေရ ယူပိုင်ခွင့်ရှိခြင်းဆိုသည့်သဘောဖြစ်သည်။ ခေတ်သစ်တွင် ရွေးကောက်တင်မြှောက်ထားသည့်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ကိုယ်စားပြုဒီမိုကရေစီစနစ် (Representative Democracy) သည် ပြည်သူတို့၏ မဲဆန္ဒဖြင့် ရွေးကောက် တင်မြှောက်ပိုင်ခွင့် (right to vote) ကို အထင်ရှားဆုံးဖော်ထုတ်ပြသနိုင်သည့် ဒီမိုကရေစီစနစ်တစ်ခုဟုဆိုနိုင်သည်။

သမိုင်းမတင်မီကာလ
ဒီမိုကရေစီနှင့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ အုပ်ချုပ်ခြင်းသည် သီးခြားစီဖြစ်ထွန်းပေါ်ပေါက်ခဲ့ပြီး လွန်ခဲ့သည့် ဘီစီ ၅၀၈၊ ရှေးဟောင်း အေသင်လူ့အဖွဲ့အစည်းတွင် စတင်ဖြစ်ထွန်းခဲ့သည်ဟုဆိုနိုင်သည်။ ဒီမိုကရေစီနည်းကျ အစိုးရပုံစံကို ၅ ရာစုလောက်ကတည်းက ကမ္ဘာ့နေရာအတော်များများတွင် တွေ့နေရပြီဟုဆိုနိုင်သည်။

ဒီမိုကရေစီကို လူမျိုးနွယ်စု (tribe) များစတင်ဖွဲ့စဉ်းမိစဉ်ကတည်းက စတင်ခဲ့သည်။ ရှေးဦးဒီမိုကရေစီ (primitive democracy) သို့မဟုတ် လူမျိုးစုနွယ်အလိုက်စုဖွဲ့မှု (tribalism) သည် ကျေးရွာလူနေမှုအဆင့်မှစတင်ခဲ့သည်။ ကျေးရွာသူ ရွာသားတို့သည် ကျေးရွာအတွင်း ရင်ဆိုင်ကြုံတွေ့ရသည့် ပြဿနာမှန်သမျှကို ရွာခေါင်းဆောင်၏ရှေ့မှောက်တွင် မျက်နှာချင်းဆိုင်ဖြေရှင်းခြင်းပြုကြသည်။ ထိုသို့စုဝေးဖြေရှင်းရာတွင် ကျေးရွာအုပ်စုအတွင်းမှ သက်ကြီးရွယ်အိုများက ဝင်ရောက်အကြံပြုကြခြင်းဖြင့် စုပေါင်းခေါင်းဆောင်မှုသဘောတရားကို စတင်ခဲ့ကြသည်။ လူ့အဖွဲ့အစည်းကကြီးလာပြီး ကျေးရွာမှသည် မြို့ပြအသွင်ဆောင်လာသည်။ မြို့ပြအစိုးရများ အလျှိုလျှိုပေါ်လာသည့်အခါတွင် ဘုရင်အုပ်ချုပ်ရေးစနစ် (monarchy) ၊ သက်ဦးဆံပိုင်အုပ်ချုပ်ရေးစနစ် (tyranny) နှင့် အထက်တန်းလွှာမှူးမတ်မျိုးနွယ်များအုပ်ချုပ်ရေးစနစ် (aristocracy) တို့ပေါ်လာကြသည်။

ဒီမိုကရေစီအစ ဂရိတို့ကဟုဆိုနိုင်သည်။ ဂရိတို့သည် အီဂျစ်နှင့် အရှေ့ပိုင်းအုပ်ချုပ်မှုတို့ကို အတုယူပြီး အကောင်းဆုံး အုပ်ချုပ်မှုစနစ်ကို စတင်နိုင်ခဲ့သည်ဟုဆိုရမည်။ ဘေဘီလိုးနီးယားမတိုင်မီ မက်ဆိုပိုတေးမီးယားခေတ်နှင့် ဆူမားရီးယန်းခေတ်ကဗျာရှည်ကြီးများတွင် ရှေးဦး ဒီမိုကရေစီသဘောတရားများကိုတွေ့ရှိရကြောင်း Thorkild Jacobsen ကဖော်ထုတ်ခဲ့ဖူးသည်။ သူက ထိုရှေးဟောင်း ကဗျာများတွင် အဆုံးစွန်ဆုံးကျင့်သုံးနိုင်သည့်အာဏာမျိုးသည် နိုင်ငံသား ယောက်ျားများ အပေါ်တွင်ရှိခဲ့သည်ဟုဆိုသည်။ အစိုးရသည် အာဏာရှိသော်လည်း ထိုအာဏာကို အပြည့်အဝကျင့်သုံးနိုင်သည်အထိ မဖြစ်သေးဘဲ ခပ်လျှော့လျှော့ အနေအထားတွင်သာရှိသေးသည်။ ဆူမာရီးယန်းဘုရင် Gilgamesh တို့လက်ထက်လောက်အထိ သက်ဦးဆံပိုင် အာဏာမျိုးကို မကျင့်သုံးသေးကြောင်းတွေ့ရသည်။ အကြွင်းမဲ့အာဏာကို ချုပ်ကိုင်သူများမှာ မက်ဆိုပိုတေးမီးယားမင်း များလက်ထက်လောက်မှစတင်ခဲ့သည်။ အဓိကမြို့ပြနိုင်ငံကြီးများ ပေါ်လာသည့်အခါတွင် မြို့တော်ကောင်စီတွင် လူကြီးများ သာမက လူငယ်အဖွဲ့များလည်း ပါဝင်လာရသည်။ ထိုလူငယ်များသည် လွတ်လပ်သူများ (ကျေးကျွန် မဟုတ်သူများ) နှင့် လက်နက်ကိုင်ဆောင်ခွင့်ရှိသူများဖြစ်ရသည်။ မြို့တော်ကောင်စီဝင်များသည် အဓိကကျသည့် ဆုံးဖြတ်ချက်များတွင် ပါဝင်အကြံပြုဆုံးဖြတ်ခြင်းများပြုကြရသည်။ အထူးသဖြင့် စစ်ရေးဆိုင်ရာကိစ္စများတွင်ဖြစ်သည်။

အိန္ဒိယလူ့ဘောင်အဖွဲ့အစည်း
အစောဆုံး ဒီမိုကရေစီနည်းကျ အုပ်ချုပ်ပုံစနစ်ကို အိန္ဒိယနိုင်ငံတွင်တွေ့ရသည်။ သံဃာ(sanghas) နှင့် ဂန(ganas) ခေါ်အဖွဲ့အစည်းများတွင် စတင်တွေ့ရှိရသည်။ ခရစ်မတိုင်မီ ၆ ရာစုလောက်ကတည်းက စတင်ထွန်းကားနေပြီး အချို့နေရာများ တွင် ၄ ရာစုလောက်ကတည်းက စတင်ခဲ့သည်ဟုဆိုသည်။ အိန္ဒိယသို့ အလက်ဇန္ဒားဘုရင်ကျူးကျော် ဝင်ရောက်ခဲ့စဉ်က ဂရိသမိုင်းပညာရှင် ဒိုင်အိုဒိုးရပ်စ်သည် အိန္ဒိယတွင် လွတ်လပ်သော ဒီမိုကရေစီအစိုးရစနစ်များ ပေါ်ထွန်းနေပြီဖြစ်ကြောင်း မှတ်တမ်းတင်ထားခဲ့သည်ကိုတွေ့ရသည်။ ခေတ်သစ်ပညာရှင်များက ဒီမိုကရေစီဆိုသည့် စကားလုံးသည် ခရစ်မပေါ်မီ ၃ ရာစုလောက်ကတည်းကပေါ်ထွန်းခဲ့ပြီး လူနည်းစုအုပ်ချုပ်ရေးစနစ်များတွင် ရှေ့တန်း မတင်သောကြောင့် ကွယ်ပျောက်ခဲ့ရခြင်းဖြစ်သည်ဟုလည်းဆိုကြသည်။

ဂနအဖွဲ့အစည်းများတွင် ဘုရင်စနစ်ကိုကျင့်သုံးကြသည်။ ရာဂျာ(raja) ဟုခေါ်သည့် ဘုရင်များက ညီလာခံတွင် စဉ်းစားဆုံးဖြတ်ပေးရသည်။ ညီလာခံကို ပုံမှန်ကျင်းပလေ့ရှိပြီး အနည်းဆုံး ပြည်နယ်တစ်ခုမှတစ်ဦးတက်ရောက်ရ သည်။ ညီလာခံတက်ခွင့်ရှိသူများမှာ လွတ်လပ်သောသူများ (ကျေးကျွန်မဟုတ်သူများ) ဖြစ်ကြရသည်။ ပြည်နယ်တို့ အရေးကို ဆွေးနွေးဆုံးဖြတ်လေ့ရှိသည်။ ထိုညီလာခံတွင် ဘဏ္ဍာရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကိုလည်း အပြည့်အဝ စီမံခွင့်ရကြသည်။ မည်သည့်အရာရှိမဆို အပြစ်ကို ထုတ်ဖော်ပြောဆိုလာလျှင် ညီလာခံ၏ဆုံးဖြတ်ချက်ကို လိုက်နာကြရသည်။ ဘုရင်(ရာဂျာ) ကို ဂနဟုခေါ်သည့် ပြည်နယ်ကိုယ်စားပြုကိုယ်စားလှယ်များမှ ရွေးချယ်ကြရပြီး၊ ထိုရွေးချယ်ခံရာဂျာများသည် များသောအားဖြင့် မြင့်မြတ်သည့်မျိုးနွယ်များမှဖြစ်လေ့ရှိသည်။ ဘုရင်သည် ညီလာခံ တက်ရပြီး ဆွေးနွေးဆုံးဖြတ်ခြင်းများအပြင်၊ အခြားပြည်နယ်များမှတက်ရောက်လာကြသည့် ကောင်စီဝင်များကို လက်ခံတွေ့ဆုံကာ ပြောဆိုဆွေးနွေးချက်များကို ကြားနာရသည်။

ရှေးဟောင်းဂရိနိုင်ငံ
ဂရိမြို့ပြနိုင်ငံများ၏ ပထမဦဆုံးဖွဲ့စည်းခဲ့သည့် နိုင်ငံရေးအဆောက်အအုံသည် လူမျိုးစုနွယ်အလိုက် အကြီးအကဲ လုပ်သူက အရာရာကို စီမံကွပ်ကဲအုပ်ချုပ်ရခြင်းဖြစ်သည်။ နောင်အခါတွင် ထိုလူမျိုးစုအကြီးအကဲကိုပင် အများသဘောတူ ဘုရင်အဖြစ်ရွေးကောက်တင်မြှောက်လာခဲ့သည်။ ထိုအချိန်မှစပြီး မြို့ပြနိုင်ငံလေးတိုင်းတွင် သမ္မတအုပ်ချုပ် သည့်ပုံစံမျိုးဖြင့် ဘုရင်စနစ်ပေါ်ပေါက်လာခဲ့သည်။

ဘုရင်များသည် နောက်ပိုင်းတွင် ပြည်သူတင်မြှောက်ခြင်းကြောင့်မဟုတ်ဘဲ သားစဉ်မြေးဆက်အုပ်ချုပ်လာကြ သဖြင့် သက်ဦးဆံပိုင်ဘုရင်သဘောမျိုးဆောင်လာကြသည်။ တင်းကျပ်သည့် သက်ဦးဆံပိုင်ဘုရင်စနစ်ကို မကျေနပ် ကြသဖြင့် မှူးမတ်များစုပေါင်းကာ ဘုရင်စနစ်ကို တိုက်ဖျက်ခဲ့ကြသည်။ ဘုရင်စနစ်မှ မှူးမတ်တို့အုပ်စိုးသည့်ခေတ်သို့ ရောက်ရှိခဲ့ရသည်။

မှူးမတ်များသည် ကြံရည်ဖန်ရည်ကောင်းကြသဖြင့် ဘုရင်ထက် ပြည်သူများက နှစ်သက်သဘောကျခဲ့ကြသည်။ ဘီစီ ၇ ရာစုခန့်အထိ ဂရိနိုင်ငံတွင် မှူးမတ်အုပ်စိုးမှုများ ခေတ်စားနေသေးကြောင်းတွေ့ရသည်။ မှူးမတ်များသည် နောက်ပိုင်းတွင် ဖောက်ပြန်လာကြပြီး အချင်းချင်းအပြိုင်အဆိုင်များမှု၊ မသမာမှုများ၊ အာဏာလုမှုများကြောင့် ပြည်သူတို့ သည် ဘုရင်စနစ်ကိုသာမက မှူးမတ်များအုပ်စိုးသည့်စနစ်ကိုပါ မုန်းတီးရွံ့ရှာလာကြသည်။ မှူးမတ်များ၏ဖိနှိပ်မှုကို ပြည်သူတို့မခံရပ်နိုင်သည့်အဆုံးတွင် တော်လှန်တိုက်ခိုက်မှုများပြုလာသဖြင့် အချိန်ကြမြင့်စွာ ဂရိနိုင်ငံတော်အတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ရသည်။

မှူးမတ်တို့လက်မှ သာမန်အရပ်သား နန်းလုဘုရင်များ (Tyrants) အလျှိုလျှိုပေါ်လာကြသည်။ မှူးမတ်တို့လက်မှ အာဏာကို အကြမ်းဖက်လုယူပြီး ထီးနန်းသိမ်းပိုက်မှုကို ပြည်သူများက သူရဲကောင်းများသဖွယ်အားပေးချီးမြှောက်ပြီး ယုံကြည်လက်ခံခဲ့ကြသည်မှာ ဘီစီ ၇၀၀ မှ ၅၀၀ အတွင်း နှစ်ပေါင်း ၂၀၀ ခန့်အထိကြခဲ့သည်။

နန်းလုမင်းများသည် ဘုရင်မျိုးနွယ်လည်းမဟုတ်၊ မှူးမတ်တို့နှင့်လည်းမဆိုင်၊ သာမန်အရပ်သားများထဲမှ ပေါ်လာ ခြင်းကြောင့် အုပ်ချုပ်ရေးတွင် အားနည်းချက်များရှိနေသည်ကတော့ အမှန်ဖြစ်သည်။ အချို့သောနန်းလုမင်းများသည် အလွန်ရက်စက်ကြမ်းကြုတ်ကြသဖြင့် ဘုရင်စနစ်နှင့် မှူးမတ်အုပ်ချုပ်မှုစနစ်များထက်ပင် ဆိုးရွားမှုများကို ပြည်သူတို့ ခံစားလာကြရပြန်သည်။ ဆိုးသွမ်းသည့် နန်းလုမင်းများဒဏ်ကို ပြည်သူတို့မခံရပ်နိုင်သည့်အဆုံးတွင် အချင်းချင်း စည်းလုံးညီညွတ်မှုဖြင့် နန်းလုမင်းများ၏အာဏာကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြည်သူ့အာဏာကို စတင်ထူထောင်ခဲ့ကြ ရုံမျှမက ထိုသို့ ပြည်သူအပေါ်ရက်စက်သောအုပ်ချုပ်သူများကို နန်းလုသတ်ဖြတ်ရခြင်းသည်ပင် မွန်မြတ်သောအလုပ်ဟူ၍ ယူဆလာကြသည်။

နန်းလုမင်းများကို တော်လှန်ခဲ့သည့် ဘီစီ ၆၀၀ နောက်ပိုင်းတွင် ဂရိနိုင်ငံ၌ မြို့ပြအုပ်ချုပ်ရေးပုံစံများ ပြောင်းလဲ သွားသည်။ ဂရိအုပ်ချုပ်ရေးစနစ်သစ်တွင် အုပ်စိုးသူမင်းလည်းမရှိ၊ မှူးမတ်လည်းမရှိဘဲ ပြည်သူတို့အချင်းချင်းစုပေါင်း ကာ မြို့ပြအုပ်ချုပ်ရေးကို စီမံဆောင်ရွက်ပိုင်ခွင့်ရရှိလာကြသဖြင့် ထိုအချိန်မှစတင်ပြီး ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် စတင်ခဲ့သည်ဟုဆိုနိုင်သည်။

ဂရိမြို့ပြနိုင်ငံအများအပြားရှိသဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံများလည်း တစ်ခုနှင့်တစ်ခု မတူညီကြပေ။ ဂရိမြို့ပြနိုင်ငံ များထဲတွင် ဒီမိုကရေစီအကျဆုံးအုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်နိုင်သည့် စပါတာနှင့် အေသင်မြို့ပြနိုင်ငံ များအကြာင်းကို လေ့လာထားရန်လိုပေသည်။

စပါတာမြို့ပြနိုင်ငံ ဒီမိုကရေစီ
ရှေးဟောင်းဂရိနိုင်ငံ၏ အစောပိုင်းကာလတွင် မြို့ပြနိုင်ငံငယ်လေးများသည် နိုင်ငံရေး လွတ်လပ်မှုအားနည်းသေးသည်ဟုဆိုရမည်။ မြို့ပြနိုင်ငံအုပ်ချုပ်သူများကို Poleis ဟုခေါ်ကြပြီး လူနည်းစုကိုယ်စားပြုသည့် အုပ်ချုပ်သူများ လည်းဖြစ်ကြသည်။ ဂရိခေတ်အုပ်ချုပ်ရေးအဆင့်အတန်းတွင် ဒီမိုကရေစီသဘောတရား အထွန်းကားဆုံး မြို့ပြနိုင်ငံ နှစ်ခုမှာ အေသင် (Athens) နှင့် စပါတာ(Sparta) မြို့ပြနိုင်ငံများဖြစ်သည်။ စပါတာတို့သည် ပုဂ္ဂလိကပိုင်ဆိုင်မှုကို ငြင်းပယ်ကြသည့်အပြင် လူတန်းစားလည်းခွဲခြားကြသဖြင့် ထူဆန်းသည့် လူ့ဘောင်အဖွဲ့အစည်းတစ်ခုဟုဆိုနိုင်သည်။ စပါတန်အစိုးရသည် နိုင်ငံရေးအာဏာပိုင်အဖွဲ့ကို လေးမျိုးခွဲခြားထားသည်။

ပထမ အမျိုးအစားမှာ ဘုရင်အဖွဲ့ဖြစ်သည်။ ဘုရင်အဖွဲ့တွင် ဘုရင်နှစ်ပါး ပါဝင်ရသည်။ စပါတာဘုရင်နှင့် ဂျီရွန်တီ (Gerontes) ဟုခေါ်သည့် အသက်အရွယ်ကြီးသူများကို ကိုယ်စားပြုရသည့်ဘုရင် (Gerousia) တိုဖြစ်သည်။ တတိယတစ်မျိုးမှာ ဘုရင်ကိုကြီးကြပ်ရသည့် (Ephors) ဖြစ်ပြီး၊ စတုတ္ထတစ်မျိုးမှာ စပါတန်ညီလာခံတက်ရောက်ခွင့်ရသူ များ (Apella) တို့ဖြစ်သည်။

ဘုရင်နှစ်ပါးသည် အစိုးရအဖွဲ့ကို ဦးဆောင်ရသူများဖြစ်ပြီး၊ ကိုယ့်နေရာနှင့်ကိုယ် သီးခြားရပ်တည်ကာ အုပ်စိုးမှုကို ညီညွတ်စွာပြုလုပ်ကြရသည်။ သို့သော် ဘုရင်နှစ်ပါးဖြစ်နေသဖြင့် အုပ်ချုပ်ရေးတွင် ထိရောက်မှုမရှိဘဲ အားနည်းမှု ကတော့ ရှိနေသည်။ ဘုရင်တို့က တရားစီရင်ရေးကို Gerousia တို့ပါမှ စီရင်ပိုင်ခွင့်ရှိသည်။ Gerousia အဖွဲ့ဝင်များသည် အသက် ၆၀ ကျော် အရွယ်မှရွေးကောက်ခံပိုင်ခွင့်ရှိကြသည်။ သို့သော်လက်တွေ့တွင်မူ ချမ်းသာသူများ၊ သူကောင်း မျိုးနွယ်ဝင်များ ထဲမှသာ ရွေးချယ်တင်မြှောက်ကြသည်ကများသည်။ Gerousia တို့သည် အမှုများတွင် ရှေးဦး ကြားနာမှုများကိုပြုကြရသည်။

Apella များသည် ဒီမိုကရေစီနည်းအကျဆုံး ရွေးကောက်တင်မြှောက်ခံရသူများဖြစ်သည်။ အသက် ၃၀ ကျော်မှ ညီလာခံတက်ရောက်ခွင့်အတွက် ရွေးချယ်ခံရပြီး Apella သို့မဟုတ် Ephors များဖြစ်ခွင့်ရှိသည်။ သူတို့သည် ညီလာခံ တွင် Gerousia တို့၏ ဆုံးဖြတ်ချက်များကို ငြင်းပယ်ပိုင်ခွင့်ရှိသူများဖြစ်သည်။ Ephors တို့ကို စပါတန်ညီလာခံမှ ဘုရင့်ကို ကြီးကြပ်အကြံဉာဏ်ပေးနိုင်စွမ်းရှိမည့် Apella တို့ထဲမှ ၅ ဦးကို ရွေးကောက်တင်မြှောက်ကြခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် အောက်ခြေလူတန်းစားသည်လည်း ဘုရင့်အကြံပေးဖြစ်နိုင်ခွင့်ကို စပါတန်လူ့ဘောင်တွင် တွေ့ရှိရ သည်။ မျိုးနွယ်ကြောင့်မဟုတ်ဘဲ အောက်ခြေမှတက်လာသည့် နိုင်ငံသားများက ဘုရင့်ကို အကြံပေးနိုင်ရုံမျှမက ဘုရင်ကို မကြိုက်လျှင် ဖြုတ်ချခွင့်ရှိခြင်းသည် စပါတန်ခေတ်အုပ်ချုပ်ရေး၏ ထူးခြားချက်ဟုဆိုနိုင်သည်။

စပါတန်အုပ်ချုပ်ရေးစနစ်ကို တီထွင်သူမှာ ထင်ရှားသည့် ဥပဒေပြုသူ Lycurgus ဖြစ်သည်။ ဘီစီ ၇ ရာစုအလယ် လောက်တွင် စပါတာ၌ ကျေးကျွန်တို့၏ တော်လှန်ရေးတစ်ရပ်ဖြစ်ပွားခဲ့သည်။ သူက ကျေးကျွန်များနှင့်ပူးပေါင်းပြီး စပါတာပြန်လည်ပြုပြင်ရေးစနစ်များကို ရေးဆွဲချမှတ်အကောင်အထည်ဖော်ခဲ့သည်။ နောက်ထပ် ကျေးကျွန်တို့၏ တော်လှန်ရေးတစ်ရပ် ထပ်မံမပေါ်ပေါက်စေရန်အတွက် Lycurgus သည် အဆင့်မြင့် စစ်တပ်နှင့် စစ်မှုထမ်းအဖွဲ့အစည်း တစ်ခုကို ထူထောင်ကာ ဂရိ မြို့ပြနိုင်ငံများတွင် စပါတာကို အင်အားအတောင့်တင်းဆုံးနိုင်ငံကြီးတစ်နိုင်ငံဖြစ်စေရန် ပြုပြင်ပြောင်းလဲခဲ့သည်။ Lycurgus ၏ ပြုပြင်ပြောင်းလဲမှုသည် စပါတာကို အားသာချက် သုံးချက်ဖြစ်ပေါ်စေခဲ့သည်။

ပြည်သူများကြားတွင် တန်းတူညီမျှမှုကိုဖြစ်စေခြင်း
စစ်တပ်ကို ဖွဲ့စည်းထူထောင်နိုင်ခဲ့ခြင်းနှင့်
စည်းကမ်းရှိရှိ တာဝန်သိသိနေထိုင်တတ်သည့်လူ့ဘောင်တစ်ခုကိုဖြစ်ထွန်းလာစေခြင်း တို့ဖြစ်သည်။ ထို့ပြင် Lycurgus သည် စပါတန်အစိုးရ၏ အဓိကယန္တရားသည် Gerousia နှင့် စေနူa တို့ဖြစ်ပြီး၊ ဘုရင်၏အခန်းကဏ္ဍကို နည်းနိုင်သမျှနည်းအောင် လျှော့ချထားခဲ့သည်။
Lycurgus ၏ ပြုပြင်ပြောင်းလဲမှုများကို ဥပဒေအဖြစ် ရေးသားမှတ်တမ်းတင်ခဲ့သည်။ ထိုဥပဒေကို Great Rhetra ဟုခေါ်သည်။ ကမ္ဘာ့ပထမဦးဆုံး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟူ၍လည်းဆိုနိုင်သည်။ နောက်ပိုင်းတွင် စပါတာတို့သည် စစ်ရေးတွင် စူပါပါဝါအနေအထားသို့ရောက်လာခဲ့သည်။ ဂရိနိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုတို့အတွက် စံပြုလောက်သည့် ဥပဒေနှင့် ခိုင်မာတောင့်တင်းသည့် စစ်တပ်အင်အားကို စပါတာတို့ ပိုင်ဆိုင်သွားနိုင်ခဲ့ခြင်း ကြောင့်ဖြစ်သည်။ စပါတန်တို့က သူတို့ကိုသူတို့ သာတူညီမျှ လူနေမှုဘဝကိုစတင်ထူထောင် နိုင်ခဲ့သူများအဖြစ် ဂုဏ်ယူဝံ့ကြွားခဲ့ကြသည်။ စပါတာတို့ လူနေမှုမြင့်မားရခြင်းသည် ပညာရေးကြောင့်လည်းဖြစ်သည်။ စပါတာပညာရေးစနစ် (agoge) သည်စပါနိုင်ငံအတွင်းရှိ ဆင်းရဲ ချမ်းသာ မည်သည့်အဆင့်အတန်းရှိသည်ဖြစ်စေ တန်းတူညီမျှ ပညာသင်ကြားခွင့်ရကြခြင်းကြောင့် စိတ်ဓာတ်ရေးရာအရလည်း အတော်လေးမြင့်မားသူများဖြစ်ကြောင်း ဆိုနိုင်သည်။

စပါတန်တို့သည် ခေတ်ပြိုင် သမိုင်းပညာရှင်များဖြစ်ကြသည့် ဟီရိုဒိုးတပ်စ်နှင့် ဇီနိုဖုန်းမှသည် အတွေးအခေါ်ပညာ ရှင်များဖြစ်သည့် ပလေတိုနှင့် အရစ္စတိုတယ်တို့အထိ လေးစားကြည်ညိုတန်ဖိုးထားခဲ့ကြသည်။ စပါတန်အမျိုးသမီးများသည် အခြားအမျိုးသမီးများနှင့်မတူ အမွေဆက်ခံပိုင်ခွင့်ရှိခြင်း၊ မိမိကြိုက်နှစ်သက်သူနှင့် လက်ထပ်ခွင့်ရှိခြင်း၊ လွတ်လပ်စွာ ပညာသင်ကြားပိုင်ခွင့်ရှိခြင်းတို့သည် ထိုခေတ်အမျိုးသမီးတို့၏ဘဝတွင် ထူးခြားချက်တစ်ခုဖြစ်သည်။ စပါတန် လူ့ဘောင်အဖွဲ့အစည်းသည် ပြည်သူကို ဘုရင်၏စိုးမိုးချုပ်ကိုင်မှုကြောင့် ကြောက်ရွံ့ထိတ်လန့်အားငယ်နေရမည့် စိတ်တွေကိုပယ်စေပြီး ဘုရင်ကိုမကြိုက်လျှင် ဖြုတ်ချခွင့်၊ ပြည်နှင်ခွင့်များရထားသည့် လွတ်လပ်သောပြည်သူများဟု ဆိုနိုင်သည်။

စပါတန်ဖွဲ့စည်းအုပ်ချုပ်ပုံတွင် အထက်ပါဒီမိုကရေစီနည်းကျကျစနစ်များ ရှိခဲ့သော်လည်း လူနည်းစုအသိုင်းအဝိုင်းကို ကိုယ်စားပြုသည့်အုပ်ချုပ်ရေးအဖွဲ့က အားနည်းချက်လိုဖြစ်နေသည်။ ပထမဦးဆုံးအားနည်းချက်မှာ လွတ်လပ်သည် ဆိုသော်လည်း တစ်ဦးချင်းဆိုင်ရာ လွတ်လပ်မှုကိုချုပ်ကိုင်ထားမှုများ ရှိနေကြောင်းတွေ့ရသည်။ Plutarch ဆိုသူက ထိုစဉ်ကတည်းက စပါတာအုပ်ချုပ်ရေးနှင့်ပတ်သက်ပြီး ဤသို့ဝေဖန်ခဲ့သည်။ "လူတိုင်း မိမိဆန္ဒရှိသည့်အတိုင်း နေထိုင်ခွင့်မရှိ။ စစ်မှုထမ်းချင်သည်ဖြစ်စေ မထမ်းချင်သည်ဖြစ်စေ နိုင်ငံရေးအရ စစ်တပ်သို့သွားကြရသည်"။ ဒုတိယအားနည်းချက်မှာ Gerousia များသည် မိမိတို့အာဏာတည်မြဲရေးနှင့် ဩဇာသက်ရောက်ရေးတို့အတွက် အာဏာကို ချုပ်ကိုင်ကာ အစိုးရအဖွဲ့နေရာအတော်များများတွင် ဖြန့်ကျက်နေရာဝင်ယူနေကြခြင်းဖြစ်သည်။

စပါတန်အုပ်ချုပ်ပုံစနစ်တွင် စနစ်အမျိုးမျိုးရောပြွမ်းနေသည်။ ဘုရင်နှစ်ဦးဖြင့်အုပ်စိုးခြင်းကပင် ပဒေသရာဇ်စနစ်ကို မစွန့်လွှတ်နိုင်သေးပဲ၊ ဥပဒေပြုကောင်စီကလည်း မှူးမတ်အုပ်ချုပ်ရေးစနစ်နှင့်တူနေသည်။ စပါတန်တို့တွင် ယောက်ျား တိုင်းအုပ်ချုပ်ရေးတွင်ပါဝင်ခွင့် တန်းတူညီမျှရှိသည်ဆိုခြင်းကလည်း အမျိုးသမီးများပါဝင်ခွင့်မရသေးသောကြောင့် စစ်မှန်သည့် ဒီမိုကရေစီဟူ၍ မပြောနိုင်သေးပေ။

စပါတန်တို့သည် ပြည်သူ့လွှတ်တော်တွင် ပါဝင်ခွင့်ရသည်ဆိုစေ ထိုအချိန်က စပါတန်လူမျိုးစစ်စစ်မှာ တိုင်းပြည် လူဦးရေ၏ ၅ ရာခိုင်နှုန်းသာရှိသဖြင့် လူနည်းစု မိမိတို့အဝန်းအဝိုင်းအတွင်း၌သာ အုပ်ချုပ်ရေးစနစ်ကိုထူထောင်ခြင်း ဖြစ်သည်ဟူ၍လည်းဆိုနိုင်သည်။ အုပ်ချုပ်ရေးတွင် ကျန်လူတန်းစားများဖြစ်သော တိုင်းရင်းသားကုန်သည်များ၊ လက်မှုပညာရှင်များ၊ ကျေးကျွန်များသည် အုပ်ချုပ်ရေးတွင် လုံး၀ပါဝင်ခွင့်မရှိသည့်အပြင် နိုင်ငံခြားသားများဆိုပါက ပို၍ အခွင့်အရေးမရရှိကြပေ။

အေသင်မြို့ပြနိုင်ငံဒီမိုကရေစီ
ဂရိစစ်သူကြီး ပရီးကလီးစ် (Pericles) ခေတ် (ဘီစီ ၄၆၁ မှ ၄၃၁) အေသင်မြို့ပြနိုင်ငံသည် လူဦးရေ ၃ သိန်း ခန့်ရှိသည်။ အေသင်မြို့ပြနိုင်ငံသားစစ်စစ် ၁၂၀၀၀၀ မှ ၁၆၀၀၀၀ ကြား၊ အေသင်သို့လာရောက် စီးပွားရှာ နေကြသည့် နိုင်ငံခြားသား ၄၅၀၀၀ ခန့်နှင့် ကျေးကျွန် ၈၀၀၀၀ ခန့်တို့ဖြစ်သည်။ လူတန်းစားကိုလည်း အထက်ပါ အတိုင်း သုံးမျိုးခွဲခြားထားသည်။ ကျေးကျွန်လူတန်းစားသည် အေသင်အုပ်ချုပ်ရေးတွင် လုံး၀ပါဝင်ဆောင်ရွက်ခွင့် မရှိသူများအဖြစ် သတ်မှတ်ထားခြင်း ခံရသည်။ ကျေးကျွန်တို့သည် မြေယာလည်းပိုင်ဆိုင်ခွင့်မရှိကြပေ။

အေသင်နိုင်ငံသားစစ်စစ်များသည် အသက် ၂၀ ပြည့်လျှင် ဆင်းရဲချမ်းသာမရွေး နိုင်ငံအရေးအရာများတွင် ပါဝင်ဆောင်ရွက်ခွင့်ရှိကြသည်။ အေသင်မြို့တွင် အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်းပါဝင်သည့် မြို့ပြအားလုံး၏ လူထုအစည်းအဝေးကြီး (Assembly) ကို တစ်နှစ်လျှင် ၁၀ ကြိမ်ကျင်းပလေ့ရှိသည်။ ထိုလူထုအစည်းအဝေးကြီး သာလျှင် နိုင်ငံ၏ အာဏာပိုင်အဖွဲ့ဟုဆိုနိုင်သည်။ ထိုအစည်းအဝေးကိုကျင်းပချိန်တွင် အဖွဲ့ဝင်နိုင်ငံသား ၆၀၀၀ တက်ရောက်ပါက အစည်းအဝေး ဖြစ်မြောက်သည်။

Assembly ကို ဂရိဘာသာစကားဖြင့် Ecclesia ဟုခေါ်သည်။ ဒီမိုကရေစီနည်းအရ လူတိုင်းပါဝင်နိုင်မည့် အခွင့်အရေးကို ဘီစီ ၅၀၇ လောက်မှစတင်ခဲ့ခြင်းဖြစ်သည်။ ထိုလူထုအစည်းအဝေးကြီးသည် အချုပ်အခြာအာဏာကို ဖော်ဆောင်သည့် အသွင်ဆောင်ပြီး တိုက်ရိုက်ဒီမိုကရေစီကို စတင်ခင်းကျင်းခဲ့သည့် နိုင်ငံရေးအဆင်အယင်လည်းဖြစ်သည်။

လူထုအစည်းအဝေးကြီးသည် ဒီမိုကရေစီ၏ပြယုဂ်သာဖြစ်ပြီး နိုင်ငံအုပ်ချုပ်ရေးကို လက်တွေ့တာဝန်ထမ်းဆောင်ရသည့် လူထုကောင်စီကို သီးခြားဖွဲ့စည်းထားသည်။ လူထုကောင်စီတွင် လူမျိုးနွယ်စု ၁၀ စုမှ၊ တစ်စုလျှင် လူဦး ရေ ၅၀ ကျဖြင့် ရွေးချယ်ထားသည့် စုစုပေါင်း ကိုယ်စားလှယ် ၅၀၀ ကသာ အခရာဖြစ်သည်။ ထိုကော်မတီဝင် ၅၀၀ သည် အေသင်မြို့၏ အချုပ်အခြာအာဏာပိုင်အဖွဲ့ဟုဆိုနိုင်သလို လူထုအစည်းအဝေးကြီးကို ထိန်းချုပ်ရသူများ လည်းဖြစ်ကြသည်။

ကောင်စီဝင်များကို လူမျိုးစုများအတွင်းမှ တိုက်ရိုက်ရွေးကောက် တင်မြှောက်ခဲ့ကြရသည်။ ထိုပြည်သူ့ကိုယ်စား လှယ်များကို သက်တမ်း တစ်နှစ်သာ သတ်မှတ်ပြီး နှစ်စဉ်ပြန်လည်ရွေးကောက်ကြသည်။ ရွေးကောက်ရာတွင် မဲဆန္ဒဖြင့်သာရွေးကောက်ကြသည်။

လူထုကောင်စီ၏တာဝန်မှာ နိုင်ငံသားများအားလုံးပါဝင်လာသည့် လူထုအစည်းအဝေးကြီးတွင် ဆွေးနွေးရန် ကိစ္စအရပ်ရပ်ကို ဦးဆောင်ရသည်။ လူထုကောင်စီ၏တာဝန်ယူရမှုအပိုင်းသည် များပြားလှသည်။ ကောင်စီဥက္ကဋ္ဌကိုလည်း ကောင်စီဝင်များထဲမှ တစ်နေ့တစ်ဦးကျဖြင့် နေ့စဉ်ရွေးကောက်ပြီး လူထုအစည်းအဝေးကြီးကို ဦးဆောင်ဦးရွက် ပြုရသည်။

လူထုကောင်စီ၏ အဓိကတာဝန်မှာ အေသင်မြို့ပြနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေများနှင့် တရားဥပဒေများကို အမြဲဆန်းစစ်ပြီး ဥပဒေအဟောင်းများကို ရုပ်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲချမှတ်ခြင်းများကို ပြုလုပ်ကြရ သည်။ လူထုကောင်စီသည် ဗဟိုအစိုးရ၏တာဝန်များကိုပါ ဆောင်ရွက်ပေးကြရသဖြင့် အရေးကြီးသည့်အဖွဲ့အစည်းဟု ဆိုနိုင်သည်။ ထို့ပြင် မြို့ပြနိုင်ငံများ၏ တရားရေးကိစ္စများကိုပါ ကြီးကြပ်ပေးရပြီး အပြစ်ရှိသူများကို ထောင်သွင်းအကျဉ်းချခြင်း၊ သေဒဏ်ပေးခြင်းတို့ကိုပါပြုလုပ်ရသည်။ မြို့ပြနိုင်ငံ၏ ဘဏ္ဍာရေး၊ အခွန်ကောက်ခံရေး၊ ပြည်သူ့ ပစ္စည်းများစီမံထိန်းသိမ်းရေးတို့အပြင် ကြည်းတပ်၊ ရေတပ်စစ်တပ်နှင့် အစိုးရအမှုထမ်းများကို ထိန်းသိမ်းကွပ်ကဲရသည့် တာဝန်များကို ထမ်းဆောင်ရသဖြင့် အရေးအပါဆုံး အဖွဲ့အစည်းဟုဆိုနိုင်သည်။

အေသင်မြို့ပြနိုင်ငံဒီမိုကရေစီစနစ်သည် ပြည်သူတို့က တိုက်ရိုက်အုပ်ချုပ်ခွင့်ရသည့် တိုက်ရိုက်ဒီမိုကရေစီစနစ် ဖြစ်သည်ဟုဆိုနိုင်သည်။ ပြည်သူတိုင်း နိုင်ငံအတွက် တာဝန်ရှိစွာဖြင့် နိုင်ငံရေးတွင် ပါဝင်ခွင့်ရှိခြင်းကို ကမ္ဘာ့သမိုင်းတွင် ပထမဦးဆုံးဖြစ်ပေါ်စေခဲ့သည်။

အေသင်နိုင်ငံသားစစ်စစ်တို့သည် လူဦးရေ ၁၂၀၀၀၀ မှ ၁၆၀၀၀၀ အတွင်းသာရှိပြီး၊ အမျိုးသမီးများနှင့် အရွယ်မရောက်သေးသူဦးရေကို ပယ်လိုက်လျှင် နိုင်ငံသားဦးရေ ၄၀၀၀၀ ခန့်ကသာ နိုင်ငံတွင်း၌ တန်းတူညီမျှ အခွင့်အရေးကို ခံစားခွင့်ရှိသူများဟုဆိုနိုင်သည်။ လူဦးရေ ၃ သိန်းတွင် ၄၀၀၀၀ ဖြစ်သည်။ ထိုလူဦးရေထဲမှ မှူးမတ်အနွယ်ဝင် ငွေရှင်ကြေးရှင်များက လူဦးရေ ၂၅၀၀ ခန့်ရှိသည်။ ထိုအထက်တန်းစားများသည် ကျေးကျွန်များကို တရားဝင်ပိုင်ဆိုင်ထားကြပြီး ကျေးကျွန်စနစ်ကို ပယ်ဖျက်နိုင်ခြင်းမရှိခဲ့ကြပေ။ နောက်ပိုင်းတွင် မှူးမျိုးမတ်နွယ်များ နှင့် ငွေကြေးချမ်းသာသူများသည် ဆင်းရဲသားများအပေါ် ငွေကြေးအရချုပ်ကိုင်ပြီး နိုင်ငံရေးအာဏာကို သိမ်းပိုက်မှု များ၊ မရ ရအောင်ကြံဆောင်မှုများ ပြုလုပ်လာကြသည်။

အေသင်မြို့ပြဒီမိုကရေစီသည် မည်မျှပင်ကောင်းမွန်စနစ်ကျသည်ဆိုစေ နောက်ပိုင်းတွင် အကျင့်ပျက်ဖောက်ပြန်မှု များ၊ ယုတ်မာမှုများ၊ တရားမဲ့မှုများနှင့် နိုင်လိုမင်းထက်ကျင့်သုံးမှုများကြောင့် ဒီမိုကရေစီဆိတ်သုဉ်းလာခဲ့ရသည်။ ပရီးကလီးစ် ကွယ်လွန်သည့်အခါတွင်လည်း နိုင်ငံရေးအာဏာလုမှုများပိုမိုများပြားလာခဲ့ပြီး အေသင်မြို့ပြနိုင်ငံလည်း ခေတ်မှိန်လာခဲ့ရတော့သည်။
-Wikipedia -myanmar
#ShareByအဓိပတိကမ်မ


Monday, 21 October 2019

Memo on 2016July





၂၀၁၆ ကဖြစ်သော ကျနော် ပြဿနာ



နံနက်ခင်းစောစောကော်ဖီခါးခါး


နံနက်ခင်းစောစော ကော်ဖီခါးခါး


ကျွန်တော်အဓိပတိ ကော်ဖီတစ်ခွက်
သောက်တယ်၊ 
ပထမ တော့ အရမ်းပူလောင်တယ်၊
အရမ်းလည်း ခါးသက်တယ်၊
ဒါပေမယ့် ကျွန်တော်သောက်လက်စ
ကော်ဖီလေးကို ဆက်လက်သောက်နေတယ်၊

အပူရှိန်လေး မပြောပသလောက် 
လျော့ကျသွားပါပြီ၊
ဒါပေမယ့် ပိုမို ခါးသက်လာတယ်၊

ခါးသက်မှုအပြည့် အပြည့်ရှိနေလည်း 
ယခု ခါးလည်း ခားသက်နေပါစေ၊

တစ်ချိန်ကြ ချိုမိန်လာလောက်ပါတယ်ဆိုတဲ့ 
အတွေးလေးတစ်ခုနဲ့ ဆက်ပြီး ကော်ဖီကို သောက်နေသော်လည်း  

ကော်ဖီခါးခါး တစ်ခွက်ကတော့ ကုန်ဆုံးကာ နီးလာပါပြီ၊

ငါနားလည်ပါပြီကွာ  

  ဒါဟာ
ကျွန်တော်အတွက် နံနက်ခင်း
ကော်ဖီခါးခါး တစ်ခွက်ရဲ့ 

အမှတ်တမဲ့ အမှတ်တရ လေးပါ၊

ကော်ဖီခါးခါး ကို ကော်ဖီလိုပဲ တွေးကြည့်ပါ...........!!!!!!
အခြားဟာတွေကို တွေးတောခြင်း စိတ်ကူးယဉ် ကြည့်ခြင်း မလုပ်လိုက်ပါနဲ့ 

အခြားသော အချက်တွေက 
ယခု ကျွန်တော်သောက်နေတဲ့ 

ကော်ဖီ ခါးခါးထက် အရသာ ပိုမို ခါးသက်သက်သက် ဖြစ်သွားလိမ့်မယ်   
______________________
 Credit __အဓိပတိကမ္မ
              16NOV2016
..........................................

တခိန်က ပဲွညစျေးတန်းကုိလည်း လွမ်းမိတယ် ။


တခိန်က ပဲွညစျေးတန်းကုိလည်း လွမ်းမိတယ် ။ 
တချိန်က ဇာတ်ပွဲရှေ့ဆုံးက လူငယ်တစ်စုကုိလည်း တမ်းတမိတယ် ။
တချိန်က ဇာတ်ပွဲတွေထဲက ဟာသဉာဏ်တွေ သရော်သံတွေ လှမ်းပြီး လွမ်းမိပြန်တယ် ။
တချိန်က လက်လှမ်းမမီခဲ့တဲ့ အတွေးတွေကုိ ပြောခဲ့သော စကားလုံး မရှိသော စကားများကုိလည်း လွမ်းတမ်းတခြင်း တွေရှိခဲ့ဖူးတယ် ။
လူငယ်ဆန်ဆန် ရူးခဲ့တဲ့ရန်ပွဲများ ဇာတ်ထုပ် တွေကုိလှောင်ပြောင်ရင်း ပြေးခုန်ကစားပွဲ တွေကလည်း ဘဝရဲ့တစ်စိတ်တစ်ပုိင်း အဖြစ်ပါဝင်လုိ့ကောင်းနေဆဲ ။
အလွမ်းကုိ အလွမ်းနဲ့ဖြေသိပ့်တာအကောင်းဆုံးပါ ။
သတိရစေသော အတွေးကုိလည်း ကျေးဇူးတင်မိသလုိ ကျေးလက်တောရွာ က လူငယ်ငပေါလေးတွေ ဌာတိပွဲတွေမှာ မတွေ့တော့သလုိ လူစုံလူစုအောင် အရင်လုိ လှမ်းခေါ်ရင်လည်း မကြားနူိင်တော့ဘူး ။
တချိန်က အတွေ့အကြုံ တွေက အခုတော့ အတွေးတွေ အဆွေးတွေ အလွမ်းတွေအဖြစ်နဲ့ ဘဝရဲ့ အမှတ်တရ အလွမ်းသီချင်း တစ်ခုပါပဲ ။

         အဓိပတိကမ္မ 
       22OCT2019

၂၀၁၆ ဇူလိုင်လ က မိမိပုံ



Sunday, 20 October 2019

#ဆွေး•••



ရှင်နွေ 
ငါနင့်ကို ခိုးခိုးပြီး လွမ်းနေရတဲ့ နေ့ရက်တွေ ရှိနေတယ် ။
ငါတို့နှစ်ယောက်အဖြစ်ကလည်း နာကျင်မှုတွေကိုတောင် 
စိတ်ကူးနဲ့ ရူးနေရတဲ့ အဖြစ်အပျက်တွေက 
ဆိုးရွားလွန်းတဲ့ အလွမ်းတွေပါ ရှင်နွေရယ် ။

ခိုးခိုးပြီး လွမ်းရတဲ့ ခံစားမှုအချစ်တွေက အောက်သက်သက်နဲ့ ရသမကောင်းတဲ့ ရင်ခုန်မှုမျိုးပါပဲ ။
နီးနီးလေးနဲ့ဝေးခဲ့ရတဲ့ အချစ်တွေကလည်း 
ဆယ်ပြားစေ့အဖြစ်လို ခေါင်းနဲ့ပန်းလိုပဲ ဘယ်သောအခါမှ မျက်နှာချင်းဆိုင်တဲ့ အကြောင်းကံတွေ ပါဝက်မလာခဲ့ဘူး ။

အမှတ်တရ တွေပဲ များပြားတာလား အမှတ်မရှိပဲ ခံစားတာလား ဒါပေမယ့် အမှတ်တမဲ့ အဖြစ်အပျက်တွေကပဲ အမှတ်မရှိလွမ်းတတ်လာအောင် ခံစားတတ်လာအောင် ဒီနှလုံးသားကို သင်ပြပေးခဲ့တာပဲလေ ၊ နာကျင်မှုတွေလည်း ပါဝင်တာပေါ့ ရှင်နွေ ။

ရှင်နွေရေ ငါတို့အချစ်ရေးမှာ အကြင်နာမှာ အချစ်မစစ်ခဲ့တာ တစ်ခုကြောင့် အကြွင်းမဲ့  နာကျင်စရာတွေ များလွန်းတာ အထူးအဆန်းတော့ မဟုတ်ပါဘူး ။
ဒီလို ခံစားမှုမျိုးနဲ့ ရက်တွေကြာကြာ ငါခံစားခဲ့ပြီးပြီ ။

ရှင်နွေ့ နင့်အချစ်ကို ငါရဖို့ အစွမ်းကုန်ငါ ကြိုးစားခဲ့ဖူးပါတယ် ။ ငါပိုင်ဆိုင်ခွင့် မရှိတဲ့ နင့်အချစ်တွေကို ရရှိဖို့ထက် ငါနင့်ကို ဆက်ချစ်နေဖို့ပဲ ငါကြိုးသားနေတယ် မိရှင်နွေ ။

ရင်ခုန်သံ တွေအသစ်ဖြစ်ဖို့လည်း မလွယ်ဘူး။
ရင်မှာလည်း နင့်အတွက် အချစ်သစ်တွေ ဖြစ်ဖို့ကလည်း လွယ်ကူမှု မရှိဘူး ။
နောက်ဆုံးတော့လည်း အရာရာ ပြီးဆုံးသွားခဲ့ပြီ ။
နှုတ်ဆက်ပါတယ် ရှင်နွေ ။

နှုတ်ဆက်လမ်းခွဲချိန်တွေမှာ တစ်ယောက်နဲ့တစ်ယောက် ရင်ထဲကမပါတဲ့ စကားလုံးတွေနဲ့ မပါပဲ နှုတ်ဆက်ကြတာမျိုးကို ငါသဘောမကျဘူး ။
•စိတ်မကောင်းပါဘူး•ဆိုတဲ့စကားလုံးတွေက ငါရဲ့နာကျင်မှုတွေကို နိူးထစေခဲ့တယ် ။
ရှင်နွေရယ် နင့်ရင်ထဲက ခံစားမှုတွေကို စကားလုံးလှလှလေးတွေနဲ့ မဖုံးလွှမ်းလိုက်ပါနဲ့ ။

ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ နင့်ရဲ့ ခံစားမှုပါတဲ့ စကားလုံးတွေကပဲ ငါအတွက် ရသတစ်ခုပေးစွမ်းစေမှာပါ မိရှင်နွေ ။

ရှင်နွေ နင်ရဲ့ ဖြစ်တည်မှုအတွက်လည်း ကျေးဇူးတင်တယ် ၊ 
အချစ်ရဲ့ ဖြစ်တည်မှုအတွက်လည်း ကျေးဇူးတင်ပါတယ် ။
ရူးသွပ်မှုတစ်ခုအတွက်လည်း ကျေးဇူးတင်ပါတယ် ။
ချစ်တတ်လာအောင် သင်ပေးခဲ့တဲ့ အပြုံးတွေလည်း ကျေးဇူးတင်တယ် ။
အရာအားလုံးအတွက်လည်း ကျေးဇူးတင်တယ် ။

ကြင်နာမှုတွေ ပေးတတ်ကြတဲ့ လက်တွေ ကို
လောက က နာကျင်မှုတွေပဲ ပေးတတ်ကြတယ်ဆိုတာ တစ်ခုကိုတော့ ငါကောင်းကောင်းကြီး သဘောပေါက်ခဲ့ရတယ် ။

            #အဓိပတိကမ္မ
              19.0CT2018


Saturday, 19 October 2019


အစိုးရအရာရှိကြီးမင်း များခင်မျာ

အခွန်ကောက်ပြီး တုိင်းပြည်တုိးတက်အောင်လုပ်နေတာထက်
တုိင်းပြည်ကုိ တုိးတက်အောင်လုပ်ပြီးမှ အခွန်ကောက်ရင် ပုိပြီးအစဉ်မပြေနူိင်ဘူးလား။

စီးပွားရေး အရအလွန်နိမ့်ကျသော ပြည်သူတွေ အခွန်အတုတ် ကြောင့် ပုိပြီး နိမ့်လျှော နေသော ပြည်သူဘဝတွေကုိ အစုိးရမင်းများ နားလည်ပေးစေချင်ပါတယ် ။

     အဓိပတိကမ္မ 
     19OCT2019

မြန်မာပြည်မှာ ဒီမိုကရေစီအရေခြုံ နိုင်ငံရေးသမား တွေများစွာရှိနေတယ် ။

ဒီမိုကရေစီရဲ့ အနှစ်သာရကို နားမလည်ကြပဲ ဒီမိုကရေစီ အသံကောင်းဟစ် နေကြသော နိုင်ငံ့ခေါင်းဆောင်တွေလည်း များစွာရှိနေတယ် ။

လက်ရှိအချိန်မှာ ပရမ်းပတာ ဒီမိုကရေစီ ဖြစ်နေတာကို ပြည်သူတွေအားလုံးသတိထားရမည့် အချိန်ကာလ ပင်ဖြစ်သည် ။

      အဓိပတိကမ္မ 
      19OCT2019