Tuesday, 15 December 2020

 ချင်းပြည်နယ်က မြို့ပြ တစ်နေရာ

____________________


လွမ်းစရာ တောင်ဇလပ် ရနံ့ တွေနဲ့


ကျွန်တော် အတွေးတွေကို နယ်ချဲ့ခဲ့တယ် ။


တောတောင် ရေမြေသဘာဝ ဆိုတဲ့ လောကအနှစ်သာရတွေကို ခုံမင်တတ်လာခဲ့တယ် ။


ကျေးငှက် တေးသံသာတွေကို ချစ်မြတ်နိူးတတ်လာတယ် ။


ဆေးမင်ရည်တွေနဲ့ ပြည့်နက်နေတဲ့ မျက်နှာတွေရဲ့ စိုစွပ်နေတဲ့ အပြုံးတွေနဲ့လည်း ရင်ဆိုင်ခဲ့သေးတယ် ။


တောင်ကျ ချောင်းရေသံတွေကို တန်ဖိုးထားတတ်လာတယ် ။


ရိုးရာ အစဉ်အလာဆိုတာ မျိုးရိုးအဆက်ဆက် မျိုးစေ့ ချခဲ့မှ ကျန်ရစ်ခဲ့တာကို သိလာခဲ့တယ် ။


ထင်းရှူးဆီနံ့ တွေ မွေးပျံ့လာသလောက် ပျောက်ဆုံးလုဖြစ်လာခဲ့တဲ့ အောက်ချင်းငှက်

ရိုးရာအစဉ်အလာတွေကို  မြင်တွေ့လာခဲ့တယ် ။


ချယ်ရီပန်း တွေ မွေးပျံ့ထုံသင်းခြင်းတွေက သစ်ခွပင်တွေရဲ့ ရနံ့တွေက ရင်ကို ပိုပြီး လွှမ်းခြုံထားသွားခဲ့တယ် ။


ပြုပြင်ပြောင်းလဲ မှုများစွာက လွန်ခဲ့သော ၅နှစ်သက်တမ်းနဲ့က အတော်လေး ပြောင်းလဲနေကြတယ် ၊

မပြောင်းမလဲပဲ ကျန်ရစ်နေတဲ့ မိတ်ဆွေ သင်္ဂဟတွေရဲ့ အပြုံးတွေကတော့ အမြဲ လန်းဆန်းနေကြသေးတယ် ။


ကြမ်းတမ်းကွေ့ကောက်တဲ့ လမ်းမတွေမှာ ဖုံတွေ ထုနေပေမယ် ၊ သာယာချမ်းမြေ့လှတဲ့ တောတောင်တွေရဲ့ အလှက ရင်ကို ပိုပြီး အေးချမ်းစေခဲ့တယ် ။


ကောင်းကင်က တိမ်တွေ ထုပြောနေပေမယ့် ရိုးရှင်းဖြုစင်လှတဲ့ သူတို့စကားတွေ ဝဲဝဲလေးတွေနဲ့ နှုတ်ခွန်းဆက်မှုဟာလည်း ၊


ကျွန်တော်တို့ရဲ့ သွေးသားညီအစ်ကို တွေရဲ့ ရင်းနှီးမှုတစ်ခုထဲက တစ်ခုဖြစ်ပါလိမ့်မယ် ။


တောင်တန်းတွေရဲ့ အလှတွေထဲက ကျေးငှက် အသံတွေနဲ့ တောင်ကျချောင်းရေသံတွေဟာ မြို့ပြရဲ့ အင်ဂျင်စက် သံတွေ အီလက်ထရွန် အသံတွေသီချင်းသံ ဆူညံမှုတွေထက်တော့ အတော်လေး ရင်ကို အေးချမ်းစေခဲ့တယ် ၊ 


စိမ်းဖန့်ဖန့် သစ်ပင်ပန်းပင် တွေကလည်း မိတ်ကပ်လိမ်းမထားပဲနဲ့လည်း အရမ်းကြီးလှပနေခဲ့တယ် ။


စိမ်းလန်းစိုပြည် လှတဲ့ လောကအလှကို သဘာဝအလှတရားကို ကြိုးစားပြီး ရှာနေတာ တောင်တန်းတွေပေါ်မှာ ကျွန်တော် အတွေးတွေ နယ်ချဲ့နေခဲ့မိတယ် ။


နေဝင်ချိန်အလှတွေက ကာလာအဆုံနဲ့ ကျွန်တော်တစ်ယောက် အချိန်တွေ ကုန်မှန်းမသိ ကုန်ခဲ့ရပြီးပြီ ။

             အဓိပတိကမ္မ













Sunday, 13 December 2020

Photo

 


Human vice people

 လူကိုလူလို့ မမြင်နိူင်တဲ့လူ‌တွေက လူ့အခွင့်အလူ့အခွင့်အရေးအသံကာင်းဟစ်နကြတယ် ။

မတူကွဲပြားမှုကို လက်မခံနိူင်တဲ့လူတွက လူနည်းစုအခွင့်အရး အသံကာင်းဟစ်နကြတယ် ။

အနီအစိမ်းခွဲခြားတတ်တဲ့လူတွက ဘာသာပါင်းစုံညီညွှတ်ရးနှင့် လူ့အခွင့်အရေးကြောင်း ပြောနေကြတယ် ။

လူကိုလူလိုမဆက်ဆံတတ်သူတွေက  လူသားဆန်မှုနဲ့ လူသားအခွင့်အရးတာင်းနကြခြင်းတွ မြင်တွေ့နေရတယ် ။


တကယ်ပဲလောကကြီးက ဘာတွဖြသ်လို့ ဘယ်လိုသုံးသပ်ရပါမလဲ ။


အဓိပတိကမ္မ

Human politics

 လူ့အခွင့်အရေးဆိုတာ လူအများစုအတွက် ဆုတ်ယုတ်စေရင် အလူ့အခွင့်အရေးကို ပြန်လည်မေးခွန်းထုတ်ဖို့လိုပါတယ် ။


မြန်မာပြည်မှာလူ့အခွင့်အရးမပြာပါလာက်ပါဘူး ။

Digitalလွတ်လပ်ခွင့် လုံးဝမရှိသလို လွတ်လပ်စွာပြာဆိုခွင့် ဆိုတာကလည်း အစိုးရဲ့အရေးယူ ထောင်ချမှုတွေ တိုးသထက်တိုးလာတာကလည်း ဝမ်းနည်းစရာပါပဲ ။


ဆက်သွယ်ရေး ဥပေဒတွေ ရေးစွဲပြီး ဒီဥပဒကို လက်နက်သဖွယ် အသုံးပြုပြီး ပြည်သူကို မှိပ်ကွပ်နပါတယ်လို့ လက်ရှိအစိူးရကို သုံးသပ်ချင်ပါတယ်။


ဥပေဒပြင်ဆင်ရးနှင့် လွှတ်တာ်အခန်းကဏ္ဌကို ကြည့်ပြန်တော့လည်း ပြည်သူအတွက် ဥပေဒပြင်ဆင်တာထက် အစိုးရရဲ့အခန်းကဏ္ဌကိုသာ ပြင်ဆင်တာမျိုးတွ့ရပြီး ဖက်ဒရယ်အရေး ဒီမိုကရစီအရး တိုင်းရင်းသား လူနည်းစာအခွင့်အရး နှင့် သတင်းအချက်အလက် ရပိုင်ခွင့် အခွင့်အရေးတွေအတွက် တိကျသော ဥပေဒတွေ ပြဌာဉ်းတာမျိုးတွကလည်း အစုိးရသည် ပြည်သူအတွက် မဟုတ်ပဲ ပါတီအာဏာမြဲရးကိုသာ လက်ရှိသက်တမ်းမှာ ဆောင်ရွက်ခဲ့ခြင်းသာ ြဖစ်ပါတယ်။

ပြုပြင်ပြာင်းလဲရး က လက်ညိုးထိုးပြစရာ ဘာမှမရှိတာကလည်း တိုင်းပြည်ရဲ့လိုအပ်ချက်တွပဲလား အစိုးရရဲ့လိုအပ်ချက်တွေလား ဆိုတာကတော့ မေးခွန်းထုတ်စရာပါပဲ ။


အဓိပတိကမ္မ


အဓိပတိကမ္မ ၄

ဒီနေ့ နဲ့ မနက်ဖြန်
ငါတို့လုပ်နေတာတွေဟာ
နောင်ဘဝအတွက် ဘယ်လောက်ပါသလဲ
သံသရာ အတွက် ဘယ်လောက်ပါသလဲ
လောကကောင်းကျိူး ဘယ်လောက်ပါသလဲ

အားလုံးလုပ်နေသော မကောင်းမှု ပဲ ဖြစ်ဖြစ်
ကောင်းမှုပဲ ဖြစ်ဖြစ်သံသရာအတွက် အထောက်အကူ ဖြစ်မဲ့ အကြောင်းအရာ တွေပါပဲ
လောက လူသားတွေ စဉ်းစားသင့်တယ်
လောဘ ဒေါသ မောဟတွေဟာ
နောင်ဘဝထိ ပါလာမယ် ဆိုတာတွေကို အားလုံး
နားလည်သင့်တယ် သဘောပေါက်သင့်တယ်။

အကျွန်ုပ်တို့ အားလုံးရဲ့ ရှေ့မှာ သေချင်းတရားရှိနေတယ်၊
ကျွန်တော်အား ရှေ့ကို ပဲ လျှောက်နေတယ်
ဒါပေမယ့် ရှေ့ကို လျှောက်သော ခြေလှမ်းတွေ မှာ
မကောင်းမှုတွေ များနေမယ် ဆိုရင် လူဘဝထက် နှိမ့်ကျသော ဘဝမျိူးတွေကို ရောက်မယ်။

ရှင်းရှင်းလေးလောကကြီးကို မရှင်းမလင်းလုပ်ချင်သော
လူတွေက လောကမှာ အများရှိနေခြင်းက လူ့လောကကြီးကို နောက်သို့ ပို့ဆောင်ခြင်းပဲ ဖြစ်ပါတယ်။

 

Tuesday, 8 December 2020

အဓိပတိကမ္မ ၃

 မင်းကြည့်‌ေနသော ချစ်သူက ငါမဟုတ်ဘူး 

ငါကြည့်‌ေန‌ေသာ  ကောင်းကင်ကြီးမှာ လည်း နင်မရှိခဲ့ဘူး ။

ကဗျာတွေ စာ‌ေတွ  သိပ်မ‌ေရးတတ်ပေမယ့် မင်းအနားမှာ အရှိချင်ဆုံးသော လူက ငါပဲ ။

ငါရှင်သန်တော မင်းအတွက်မိရှင်‌ေနွ 

ငါ့ရှင်သန်မှုတွေ အဆုံးသတ်ရတာလည်း မင်းကြောင့်ပဲ မိရှင်နွေ ။


ငါ့ရင်ခွင်က မင်းအသုံးပြု အသုံးချဖို့ပဲလေ 

မင်းစွန့်ပစ်ဖို့ မင်း ဥပေက္ခာပြုဖို့အတွက် မဟုတ်ဘူး မိရှင်နွေ ။

အဓိပတိကမ္မ



အဓိပတိကမ္မ ၂

 အဆိုးမြင်ခြင်းတွေ‌ထဲမှာ လောကကြီးလည်းပါသလို မွေးဖွားခြင်းတွေကလည်း အပါအဝင်ပါပဲ ။

အဲ့ဒိအသိရတဲ့နေ့ကတည်းက စလို့ မွေ့နေတွေမှာ မပျော်နိူင်သလို ရာသီအကူးအ‌ေပြာင် နယူယီးယားတွေမှာလည်း မပျော်တတ်တောဘူး ။

ကြာရင် သေမှာပဲလို့ တွေးတောရင်း အဆုံးမရှိ အစမရှိတဲ့ လူဖြစ်စဉ်ကြီးအကြာက်‌ေးတွး ဦးနှောက်ပျက်ယွင်‌ေးနခဲ့တယ် ။


အဓိပတိကမ္မ

အဓိပတိကမ္မ

 ကျနော်တွေးထားတယ် 

သူမအချစ်တွနဲ့ အသက်ဆက်မယ့်လူလို့‌ေပါ့။

သူမအချစ်တွကြာင့်ပဲ သေဆုံးခဲ့ရခြင်းကို ဘယ်သူမှ မသိလိုက်ဘူး ။

သူနဲ့ဝေးရင် မပျော်နိူင်သလို သူနဲ့နီးရင်လည်း မပျော်ရပြန်ဘူး ။

သူမအနားမှာပဲ ရှင်သန်ချင်တဲ့ လူတစ်ယာက်ကု ိိသူမအနားမှာပဲ သတ်ဖြတ်ပစ်သလို က်စက်စွာ ထားခဲ့ခြင်း ခံခဲ့ရတယ် ။

အဓိပတိကမ္မ 

မုန်းချင်တဲ့လူတွေ မုန်းချင်သ‌ေ လာက်သာ မုန်းပါ မ

 အားငယ်မှုတွေမျးစွာနဲ့  လူကိုမှ လှောင်ရယ်ခြင်းတွေနဲ့ တုန်ပြန်တတ်သူကိုမှ အ‌မှောင်ထဲက မအိပ်စက်နိူင်ပဲ ချစ်နေသူ က ကျ‌ေနာ်။


အလင်းမ‌ေပးတဲ့ ညနက်တွေထဲမှာအလွမ်းတွနဲ့ အသေအချာ သတိ‌ေတွရခြင်း‌ေတွ နဲ့ အလင်းကို တောင်းတနသူကလည်း ကျ‌ေ နာ် ။

ချစ်တယ်ဆိုတာထက် ပိုချစ်တယ် ဆောင်းရယ် ။

အပြင်မှာ အရမ်း အေးချမ်းခြင်းတွေပြည့်နှက်နသာ်လည်း အချစ်စိတ်တွ ပူလောင်လွန်းတယ် မိရှင်နွေ ။


အမုန်းတရားတွေနဲ့ ရက်စက်တတ်တဲ့ လူတွေကြားထဲရှင်ရ‌ေသာ  ငါ့ကို ထပ်မုန်းတဲ့လူတစ်ယာက် ထပ်တိုးလာတာပဲလို့ပဲ ငါသတ်မတ်ပါတယ် ။


မုန်းချင်တဲ့လူတွေ မုန်းချင်သ‌ေ လာက်သာ မုန်းပါ ။

မမုန်းချင်ပဲနဲ့တော့ ရွှေကြောင့် ငွေကြောင့် အဖေကြာင့် အမေကြာင့် မုန်းချင်ယောင်ဆောင်နေခြင်းတွကို တော့ ငါ့မုန်းတယ် မိရှင်နွေ ။


အဓိပတိကမ္မ ။











 ဘဝက တစ်ခါတစ်လေ ခါးတယ်

တခါတရံ ဘဝက မလှပဘူး

တကယ်ဆို လူဖြစ်ဖို့ မထိုက်တန်တဲ့ လူတွေကို ရှင်သန်ခွင့်မပေးသင့်ဘူး

ကျနော်ချစ်တဲ့သူတွေကို‌ရော

ကျနော်မချစ်တဲ့လူတွေကိုရော ပေါ့

လောကကြီးမှာ အသက်ရှိလို့သာ ရှင်သန်နေတာ ရှင်သန်မှုတွေမှာ မပျော်နိူင်််ကြဘူးး

တစ်ယောက်ထဲ တစ်ခါတလေ သေမိန့်ကျနေတာ အခါခါပဲ

လုံးဝမေ့မရတဲ့ အပြစ်တွေ

လုံးဝ မေ့လို့မရတဲ့ အမှားတွေ

ခွင့်မလွတ်နိူင်တဲ့ မွေးဖွားခြင်းတွေကို ကျနော် ရာသက်ပန် မုန်းမိ‌ေတာ့မယ်် ။


 ၁၀-၂-၂၀၂၀

အဓိပတိကမ္မ