Thursday, 1 August 2024
Monday, 22 July 2024
ချစ်ပါတယ် ဆိုတာထက် ပိုခဲ့ပါတယ်
နင်ရောငါရောပေါ့
ဖွင့်ပြောစရာစကားတွေကို နှုတ်ဆိတ်ကြရင်း
စိတ်ခံစားချက်တွေနဲ့ ဆန့်ကျင့်ဘက် စကားတွေကို
ရွေးရွေးပြီး ပြောဖြစ်ခဲ့ကြတယ် ၊
ငါရဲ့ညံ့ဖျင်းမှုတွေကြောင့်ပဲလား
ငါ့ရဲ့ သိပ်ငယ်မှုတွေကြောင့်ပဲလား
ငါ့ရဲ့ မရဲရင့်မှုတွေကြောင့်ပဲလား အခုချိန်ေတွထိ အတွေးတွေနဲ့ တွေဝေနေဆဲ ပါပဲ ။
သတ္တိဒီလောက်နည်းတဲ့ကောင်က နင်နဲ့မထိုက်တန်ဘူးလို့ ပြောရင်လည်း ကျေနပ်ပါတယ် ။
ငါ့အပြစ် ငါ့အတ္တနဲ့ငါပဲလေ
စိတ်ထင်ရာပဲ ဘဝတစ်လျှောက်လုံး လုပ်ခဲ့တဲ့ငါက စိတ်ရဲ့မလုံခြုံရာကို မလုပ်ခဲ့ဖူးဘူး မိရှင်နွေရေ ...
အခုလည်း အရင်အတိုင်းပါပဲ
ပြုလွယ်ပြောင်းလွတ်ဆိုတဲ့ စကားက ငါ့အတွက်မပါဝင်ခဲ့သလိုပဲ ၊ အဟောင်းတွေထဲမှာပဲ ဖြစ်သလို ကြုံသလိုရှင်သန်တတ်တာ ငါ့ရဲ့ ဖျောက်ဖျက်ဖို့ခက်တဲ့ အကျင့်ဆိုးပါပဲ ...
.
အဓိပတိကမ္မ
Thursday, 18 July 2024
ချစ်သူရေ
တိုက်စစ်ဆင်ဖို့ ပြင်နေတဲ့ စစ်ပွဲတွေလို နင့်အချစ်ကိုရဖို့
ရည်းစားစကားပြောရတာ ငါရဲ့ မရှိမဲ့ရှိမဲ့သတ္တိတွေကို ဖြစ်ညစ်ပြီး ထုတ်ခဲ့ရတာကို မင်းမှမသိသေးပဲကိုး ...
ချစ်ခြင်းမေတ္တာဆိုတာ
တစိမ့်စိမ့်ရွာတဲ့မိုးတဲ့ ငါမျှော်လင့်ထားတဲ့မိုးက ပါးစပ်သေနတ်ပစ်သလို မနားတမ်းပြောတဲ့ စိတ်ဆိုးစကားတွေက ကတို့ကင်းထဲကနေ ပုန်းအောင်းရင်း ခေါင်းမဖော်နိူင်ခဲ့တာတွေကို မင်းမှ မသိသေးပဲကိုး ....
တော်လှန်ပုန်ကန်သူေယာက်တစ်လို စစ်ကို အငမ်းမရခုံမင်ရင်း သတ်လိုစိတ် သေလိုစိတ်တွေ ပြင်းပြသူနှလုံးသားက မာကျောခတ်ထန်နေတာ မင်းမှ မသိသေးပဲကိုး.....
မိုးရာသီထဲမှာ ပွင့်တဲ့ စိန်ပန်းပွင့်နီနီတွေက ပြာနှမ်းနှမ်းကောင်းကင်ပြာကြီးကို အံ့တုပြီး အဝေးတနေရာကနေ ငေးမောနေတဲ့ လူတစ်ယောက်က အိမ်မက်တွေနဲ့ မျှော်လင့်နေတာ မင်းမှ မသိသေးပဲကိုး ....
ပန်းတွေနဲ့လည်းစစ်ခင်းသူတစ်ယောက်
နှခမ်းတွေနဲ့လည်း စစ်ခင်းနေသူတစ်ယောက်
တခြမ်းမဲ့ပြီး ပြုံးပြတဲ့အပြုံးတစ်ပွင့်ရယ်
ပုခုံးတွန့်ပြီး တခစ်ခစ်ရယ်သူတစ်ယောက်ကို
မျက်ရည်ကျလောက်အောင် ချစ်မိနေတာတွေကို မင်စမှမသိသေးပဲကိုး.....
အဓိပတိကမ္မ
Wednesday, 17 July 2024
ချစ်ခြင်းမေတ္တာကို ဒီမှာပဲ ထားခဲ့လိုက်တယ်
သေမင်းနဲ့ စစ်ထိုးချင်သူတစ်ယောက်က အချစ်မှာ မရှုမလှ ကျဆုံးခဲ့တာကို အချစ်ဆုံးသူက လှလှပပကြီး ထိုင်ကြည့်နေတာလောင် ကြေကွဲစရာရှိမနေပါဘူး ။
ချစ်သူကို အချစ်ကဗျာတွေ ရွတ်ဆိုပြရင်း
သစ္စာတရားနဲ့ ချစ်ပြခဲ့တဲ့လူသားတစ်ယောက်ပဲ
အချစ်အတွက် လက်တွဲဖြုတ်ပြီး လမ်းခွဲရဲတယ်ဆိုတာ သာမာန်သတ္တိမျိုးနဲ့တော့ မဆုံးဖြတ်နိူင်ဘူး မရှင်နွေ ...
ငါရွတ်ပြတဲ့ ကဗျာအတိုအစကို လှောင်ပြုံးပြုံးနားထောင်ပေးမယ့် ကောင်မလေးက တစ်နေ့နေ့မှာ ငါနဲ့ဝေးရာကို
ထွက်ပြေးပုန်းကွယ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ ?
ဒီအသက်အရွယ်မှာပဲရပ်တန့်လိုက်တဲ့
ချစ်ခြင်းမေတ္တာက သံသရာအဆက်ဆက်ထိ အသက်ဆက်နေမယ်လို့ ကြွေးကြော်ခဲ့ခြင်းတွေ တိတ်ဆိတ်သွားတာပဲလေ
ဘယ်တုန်းကများ ချစ်ခြင်းမေတ္တာက ဝေးကွာခြင်း ထွက်ခွါခြင်းကို အနိူင်မရခဲ့ပါဘူး ..
.
အဓိပတိကမ္မ
ငါတို့တတွေ တစ်ယောက်နဲ့တစ်ယောက် အနေဝေးနေကြတယ် ဆိုရုံလောက်ပါပဲ
တစ်ယောက်စိတ်အတွေးတွေထဲမှာ တစ်ယောက်ကိုတစ်ယောက် ရှိနေရင် ငါတို့တတွေ စိတ်ခြင်းနီးကပ်နေတာပဲ မဟုတ်လား ...။
တစ်ယောက်ရဲ့စိတ်အတွေးတွေထဲမှာ
တစ်ယောက်ကအကျွမ်းတဝင်မရှိတော့တာကမှ
ဝေးကွာခြင်းလို့ခေါ်တယ်။
လက်ချင်းချိတ်ပြီး လျှောက်ခဲ့တဲ့ လမ်းတွေ
လက်ကိုင်ဖုန်းချင်းချိတ် နမ်းခဲ့တဲ့ အနမ်းတွေ
စစ်လက်နက်တွေ ဘေးချိတ်ပြီး ငြင်းခုံခဲ့တဲ့ ငြိမ်းချမ်းရေးစကားတွေ ရှိခဲ့တာပဲ
ဘာကြောင့် တစ်ယောက်အားနည်းချက်ကို နာကျည်းအောင် အတားအဆီးမရှိ ပြောခဲ့တဲ့ အပြစ်တင်စကားတွေနဲ့ တစ်ယောက်ကိုတစ်ယောက် မုန်းကြရအောင် ပြောနေမှာလဲ ...
မင်းနဲ့ငါဝေးရတာလေ
ကံကြမ္မာဆိုတာ
ကိုယ့်နှုတ်ခမ်းကိုယ်ကိုက်ထားရတဲ့နာကျင်စရာနေ့စွဲတွေပါ
အဓိပတိကမ္မ
Monday, 15 July 2024
ချစ်သောကောင်မလေးရေ
မျက်နှာချင်းဆိုင် ရင်းနှီးမှုကနေ မျက်လုံးချင်း မဆုံနိူင်အောင် ဝေးကွာခဲ့တဲ့
လနယုန်ကို နာနာကျင်ကျင် ငေးမောရင်း
ငါ့ဆီကို ကျကျနနရွာေနတဲ့ မိုးရာသီနဲ့အတူ အလွမ်းတွေက တစိုက်မတ်မတ် ရောက်လာခဲ့ပြန်ပြီ ....
အလွမ်းသီချင်းသံတွေ ထွက်နေတဲ့ ရေဒီယိုအစုတ်ကြီးကို ဘေးမှာချ နှလုံးအိမ်က ပျံ့လွင့်လာတဲ့
အေဆွးဓာတ်ခံ ခံစားချက် အသေေတွနဲ့ ဆေးပေါ့လိပ်ကို ကျကျနန ဖွာရှိုက်ရင်း မက်မက်မောမောနားထောင်ခဲ့ဖူးတဲ့ မင်းရဲ့ရယ်သဲ့သဲ့လေးကို မေ့မေ့မောမောလွမ်းမိတယ် မိရှင်နွေရယ်... ။
ရေဒီယိုသီချင်းသံက သဲ့သဲ့ တံစက်မြိတ်က မိုးစက် မိုးပေါက်သံတေဖျာက်ေဖျာက် နဲ့
ငါ့နားထဲ ကြားယောင်နေတာက ငါ့ဘဝမှာ နောက်ထပ် ပြန်မရနိူင်တော့တဲ့ မင်းရဲ့ ရယ်သံသဲ့သဲ့လေးဟာ ငါကို လှောင်ပြောင်ခဲ့နေသလားပါပဲ ....
မေတ္တာမကုန် ချစ်တာမကုန် လို့ ငါတို့ အတူပြန်ဆုံကြရင်ဖြင့်
မိုးရေတွေထဲမှာနှစ်ယောက်အတူ ဆိုင်ကယ်လျှောက်စီးကြမယ်
မိုးသံလေသံတွေကြားမှာ 'ငါ့ကိုချစ်လား'လို့ အော်ပြီး မေးမယ်
မင်းက မကြားတကြား "အရမ်းချစ်ပါတယ်"လို့ တုန်ရီနေတဲ့ နှခမ်းဖြားေလးနဲ့ ပြန်ဖြေပေးပေါ့ ....
ငါတမ်းတမ်းတတမျှော်လင့်တဲ့ မျှော်လင့်ချက်ခြင်းတွေ မိုးနဲ့အတူစီးမျောရင်း မင်းကောက်နေကျ စိတ်လေးကို ငါပြန်ချော့ချင်သေးတယ် ရှင်နွေရယ် ....
၀ဿန်အခါမိုးနဲ့အတူ သတိရလိုက်တာ စိတ်ကောက်နိူင်လွန်းသူရယ်
....
အဓိပတိကမ္မ
